MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

iPhone MoneyBook

edited April 2011 in iPhone
iPhone အသုံးပြုနေတဲ့သူများအတွက် Finance Application လေးတစ်ခုပါ။ Interface ကလည်း လန်းပါတယ်။ တစ်နေ့တာကိုယ်အသုံးပြုလိုက်တဲ့ ငွေပမာဏကို Categories အလိုက် မှတ်ထားလို့ရမယ်။ လ အလိုက်စာရင်းတွေ ပြန်ကြည့်လို့ရမယ်။ ပြင်လို့ရမယ်။ Categories တွေထပ်ထည့်ချင်ရင်လည်း ထည့်လို့ရတယ်။ ကိုယ်ဒီစာရင်းကို ဘယ်နေ့၊ ဘယ်လက စပြီး မှတ်သားသလဲဆိုတာလည်းပါတယ်။ အသုံးစရိတ်နဲ့လစာကိုလည်း မျှတသလား ကြည့်လို့ရဦးမယ်။ လစဉ်ပေးနေရတဲ့ ငွေကြေးကိုလည်း ထည့်တွက်ပေးလို့ရတယ်။ Recurring Monthly transactions ကတော့ တစ်ခါထည့်ပေးထားလိုက်ရင် လစဉ်အလိုအလျောက် ထည့်ပေါင်းပေးနေမှာပါ။ iPhone ကို လှဲလိုက်ရင် ၀င်ငွေ၊ ထွက်ငွေစာရင်းကို Animated Chart နဲ့ ပြတာကတော့ မိုက်ပါတယ်။ တစ်နေ့တာ ၀င်ငွေထွက်ငွေစာရင်းကိုလည်း CSV ဖိုင်အနေနဲ့ Export လုပ်ပြီး Email ကနေပို့လို့ရပါသေးတယ်။ ကိုယ့်အလုပ်အကိုင် လစာနဲ့ လစဉ်အသုံးစရိတ်မျှတသုံးချင်တဲ့ iPhone, iPod ကိုင်ထားသူများအတွက် တစ်ကယ်ကိုအသုံး၀င်တဲ့ Application တစ်ခုလို့ ကျွန်တော်မြင်မိပါတယ်။
သူ့ကိုအောက်ကလင့်လေးမှာဒေါင်းနိုင်ပါတယ်...
http://www.filedude.com/download/drkrzY4vjpb2fc73ff4b

http://www.myanmaritmen.org/section-blog/80-mobile/412-moneybook.html မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်
:biggrin::biggrin::biggrin:

မှတ်ချက်များ

Sign In or Register to comment.