MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

GPS စနစ်ဖြင့် မီးငြိှမ်းသတ်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း စတင်

edited April 2011 in Tech News
ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအရ မီးလောင်ရာတွင် လွယ်ကူထိရောက်မှု အရှိဆုံးနှင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် GPS စနစ်ဖြင့် မီးငြိှမ်းသတ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလအတွင်း လုပ်ဆောင်သွားရန် စီစဉ်သွားကြောင်း သိရသည်။
ပထမ အဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စတင်မှာ ဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ပါက မန္တလေးတိုင်း ဒေသကြီးကို ဒုတိယဦးစားပေး အဆင့်အနေဖြင့် ဆောင်ရွက်၍ မကွေးတိုင်းဒေသကြီးကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ “ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စခန်းတွေနဲ့ မီးသတ်ရေကန်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ မီးဘေးစိုးရိမ်ရတဲ့ နေရာတွေမှာ စတင်နေပြီ ရေရရှိဖို့အတွက် GPS စနစ်ကို ထည့်သွင်းအသုံးပြုမှာ ဖြစ်တဲ့အတွက် ရေရနိုင်မယ့် နေရာကို အလွယ်ကူဆုံး သိမြင်နိုင်တယ်။ ကျွန်တော်တို့ မီးသတ်ကားတွေက သုံးမိနစ်လောက်ပဲ မီးသတ်နိုင်တယ်။ သုံးမိနစ်ထက်ကျော်ရင် ရေပြတ်သွားတဲ့အတွက် GPS စနစ်ကို အသုံးပြုရင် ရေရရှိမယ့် နေရာကို သိမြင်နိုင်တဲ့အတွက် မီးငြိှမ်းသတ်ရာမှာ အထောက်အကူဖြစ်ပြီး အမြန်ဆုံးမီးငြိှမ်းသတ်နိုင်တဲ့အတွက် ဆုံးရှုံးမှုလည်း လျော့နည်းလာမယ်လို့ ထင်တယ်။ ဒါကြောင့် ရေမပြတ်အောင် မီးလောင်တယ်လို့ ကြားတာနဲ့ ပထမဦးဆုံးထွက်တဲ့ကားကို ကျန်မီးသတ်ကား အစီးနှစ်ဆယ်လောက်က ရေဝိုင်းပြီး ထည့်တဲ့စနစ်ကို အသုံးပြုတဲ့အတွက် အရင်ထက်စာရင်တော့ ထိခိုက်ဆုံးရှုံးမှု လျော့နည်းလာပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ GPS စနစ်အား ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး မီးသတ်ယာဉ်များပေါ်တွင် Laptop တစ်လုံးစီတပ်ဆင်၍ Internet ဖြင့် ချိတ်ဆက်ကာ မီးလောင်သည့် နေရာနှင့် အနီးဆုံး လမ်းကြောင်းများကို Online ပေါ်တွင် GPS စနစ်ဖြင့် ရှာဖွေ၍ မီးလောင်နေသည့် မြင်ကွင်း၊ သတင်းနှင့် မြေပုံများကို Screen ပေါ်တွင် ကြည့်ရှုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မီးလောင်သည့် နေရာနှင့် အနီးစပ်ဆုံး ရေရရှိနိုင်မည့်နေရာကိုပါ ရှာဖွေပေးပို့သွားမည်ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
Ref: Hot News

မှတ်ချက်များ

  • edited April 2011 Registered Users, Moderators
    အခုလို ဖွံ့ဖြိုးတိုးတက်မှုလေးတွေ တိုးတက်လာတာလေးတွေ ကြားရတာ တော်တော်လေးကို ၀မ်းသာပါတယ်။ ဒါပေမဲ့ ကောက်ရိုးမီးလို ဖြစ်ဖြစ်သွားတဲ့ မြန်မာပြည်ရဲ့ စီမံကိန်းတွေအတွက်တော့ အချိန်နဲ့ လူအင်အားတွေရင်းလိုက်ရပြီး လက်တွေ့နဲ့ ပြည်သူ့အတွက်ကို အကြိုးမရှိတာတွေ အများကြီးပါပဲ။

    အရင်တုန်းက Taxi Meter ကားတွေ ထည့်တယ်ဆိုတာ ကျွန်တော် မြန်မာပြည် မပြန်ခင်က လုပ်တယ်လို့ ကြားတယ်.. အခု ကျွန်တော် မြန်မာပြည် ပြန်လာပြီး ၁ နှစ်လောက်ကြာတဲ့အထိ ဘယ်ကားမှ Meter နဲ့မောင်းတာမရှိပါဘူး။ လေဆိပ် အသွားအပြန်ကားတောင် မမောင်းမှတော့ ကျန်တဲ့ကားတွေလည်း ဘယ်နားမှာမှ မေမောင်းဘူး။ ထိန်းသိမ်းကွပ်ကဲမှု ညံ့တယ်လို့တော့ တဖက်သက်မပြောတော့ပါဘူး။

    နှိုင်းယှဉ်ပြီး စဉ်းစားမယ်ဆိုရင် ကားတွေအပေါ်မှာ GPS ထားတယ်ဆိုတာ မစမ်းပါဘူး။ ထားသင့်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားက မီးသတ်ကားတွေ GPS ထားလား မထားဘူးလားဆိုတာတော့ ကျွန်တော် သတိမထားမိလို့ မသိပါဘူး။

    * ကွန်ပျူတာနဲ့ အင်တာနက် ချိတ်ဆက်ထားမယ်ဆိုတာတော့ ကောင်းမကောင်း စဉ်းစားကြပါဦး။ *
    - ကားမောင်းရင် driver porn ကားတွေကြည့်နေရင်ဘယ်လိုလုပ်မလဲ - (ဒါကြောင့် မီးသတ်ကား လာရင် ေ၀းေ၀းမှာနေကြပါ ) - (Just for Joke)
    - ကားမောင်းရင် Gmail ရဲ့ Loading ဆိုတာကြီးနဲ့တွေ့နေဦးမယ်... :D
    - ကားမောင်းရင် ကွန်ပျူတာ Virus ရသွားရင် ခက်ပေသကော : ကွန်ပျူတာကို ရှင်းရတာနဲ့ မီးသတ်ဖို့မဟုတ်ပဲ Virus သတ်နေရမှာဆိုးလို့ပါ။
    - ကားမောင်းရင် Driver Help key ကိုရှာနေမိမှားဆိုးတယ်...
    - မီးသတ်နေတုန်း ကားထဲက ကွန်ပျူတာလေး လူမ, သွားရင် သို့မဟုတ် မြန်မာ့မီးရထားလမ်းက သံချောင်းလို ကြွက်ကိုက်သွားရင် နှမြောစရာ ...

    ( အိပ်ရာက နိုးချိန် ဒါလေးကိုတွေ့လို့ အတွေးအခေါ်လွဲလွဲလေးတွေနဲ့ ရေးလိုက်တယ်လို့ ထင်ချင်ထင်ကြစေကုန်)


  • edited April 2011 Registered Users
    ဟုတ်တယ်ဗျ။ မီးသတ်သမား တွေလည်း internet အသုံးပြုပုံ၊ computer အသုံးပြုပုံတွေလေ့လာမှ သည် gps စနစ်ကအောင်မြင်မှာ။ မြန်မာပြည် ဆိုတော့သိတယ်မဟုတ်လား။:tongue:
  • edited April 2011 Registered Users
    မီးသတ်သမားတွေ facebook မှာ status ကိ်ု up to date ရေးလို ့ရသွားတာပေါ့... ဟဲဟဲ... :D :P
  • edited April 2011 Registered Users
    မီးသတ်သမားတွေ facebook မှာ status ကိ်ု up to date ရေးလို ့ရသွားတာပေါ့... ဟဲဟဲ... :D :P

    မိုက်သဗျ ... တွေ ့ရင် Like လုပ်ပေးလိုက်မယ် ......
  • edited April 2011 Moderators
    မီးသတ်ကားပေါ်မှာ အင်တာနက်ဆိုင်ဖွင့်လို ့ရပေသကိုး :P (portable cyber cafe)
    ဒါမှမဟုတ် ဒေါင်းစရာရှိရင် မီးသတ်အရာရှိသားနဲ ့ပေါင်းထားရမယ်။
  • edited April 2011 Registered Users
    ဒါတွေက လုပ်ကွက်တွေပါဗျာ။ တကယ်ဆိုရင်လည်း အဲဒါတွေမရှိလည်း စည်းစနစ်ကျကျနဲ့ စိတ်ဓာတ်ကောင်းကောင်းရှိတဲ့ ၀န်ထမ်းတွေက အဓိကပါ။ ဒါတွေက လူကြီးတွေရဲ့အမျိုးတွေနဲ့ သူတို့နဲ့ပတ်သက်နေသူတွေ လုပ်စားကြတာပါ။ လွန်ခဲ့တဲ့၃ နှစ်လောက်က ကြားလိုက်ကြမှာပါ။ khitlunge တို့ elibrary တို့ websites တွေတင်ပြီးကျောင်းတွေမှာ ipstart တွေတပ် online သုံးပြီး elibrary တက္ကသိုလ်ကျောင်းတွေ မရှိမနေရဆိုပြီးလုပ်လိုက်သေးတယ်လေ။ နောက်ဆုံးတော့ ipstar ဘန်းကြီးလည်း ဘယ်ရောက်မှန်းမသိ ကွန်ပျူတာတွေလည်း ဘယ်ရောက်မှန်းမသိနဲ့။ အဲဒီ sites လေး၂ခု နဲ့ တက္ကသိုလ်တွေ ipstar တပ်တာ သန်းပေါင်း ၂သောင်းကျော်တဲ့။ စဉ်းစားကြည့်ပါအုံး။ အခုလည်း yatanarpon web portal လည်းကြည့်ပါအုံး။ ဒေါ်လာဘယ်နှစ်သန်းဆိုလည်းမသိဘူး။ အခုလည်း ဒေါ်လာဘယ်နှစ်သန်းတန် project လည်းမသိ။

    အမြင်ကပ်လွန်းလို့၀င်ရေးမိတာ။ မှားတာရှိရင် ခွင့်လွှတ်။
  • edited April 2011 Registered Users
    shoetilay wrote: »
    ဒါတွေက လုပ်ကွက်တွေပါဗျာ။ တကယ်ဆိုရင်လည်း အဲဒါတွေမရှိလည်း စည်းစနစ်ကျကျနဲ့ စိတ်ဓာတ်ကောင်းကောင်းရှိတဲ့ ၀န်ထမ်းတွေက အဓိကပါ။ ဒါတွေက လူကြီးတွေရဲ့အမျိုးတွေနဲ့ သူတို့နဲ့ပတ်သက်နေသူတွေ လုပ်စားကြတာပါ။ လွန်ခဲ့တဲ့၃ နှစ်လောက်က ကြားလိုက်ကြမှာပါ။ khitlunge တို့ elibrary တို့ websites တွေတင်ပြီးကျောင်းတွေမှာ ipstart တွေတပ် online သုံးပြီး elibrary တက္ကသိုလ်ကျောင်းတွေ မရှိမနေရဆိုပြီးလုပ်လိုက်သေးတယ်လေ။ နောက်ဆုံးတော့ ipstar ဘန်းကြီးလည်း ဘယ်ရောက်မှန်းမသိ ကွန်ပျူတာတွေလည်း ဘယ်ရောက်မှန်းမသိနဲ့။ အဲဒီ sites လေး၂ခု နဲ့ တက္ကသိုလ်တွေ ipstar တပ်တာ သန်းပေါင်း ၂သောင်းကျော်တဲ့။ စဉ်းစားကြည့်ပါအုံး။ အခုလည်း yatanarpon web portal လည်းကြည့်ပါအုံး။ ဒေါ်လာဘယ်နှစ်သန်းဆိုလည်းမသိဘူး။ အခုလည်း ဒေါ်လာဘယ်နှစ်သန်းတန် project လည်းမသိ။

    အမြင်ကပ်လွန်းလို့၀င်ရေးမိတာ။ မှားတာရှိရင် ခွင့်လွှတ်။
    မှန်တယ်။ ကျွန်တော်တို့ လည်း နောက်ဆို မြန်မာနိုင်ငံမှာ တစ်ခုခု စလုပ် နေပြီးဆို၇င် ၇သ သီချင်းလို အ၇င် မေးထား၇မယ်။
    "သေးသေး လေးပဲလား၊ ကြီးကြီးလား "
    "ကြီးကြီး ၊ သေးသေးလား "
    ဆိုပြီးတော့။
  • edited April 2011 Registered Users
    Morris wrote: »
    မီးသတ်ကားပေါ်မှာ အင်တာနက်ဆိုင်ဖွင့်လို ့ရပေသကိုး :P (portable cyber cafe)
    ဒါမှမဟုတ် ဒေါင်းစရာရှိရင် မီးသတ်အရာရှိသားနဲ ့ပေါင်းထားရမယ်။

    ICS နဲ ့အင်တာနက်ကို ပြန်share ပြီး လွင့်ခိုင်းရမယ်... ဟီး.. :P
Sign In or Register to comment.