MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မဲမဲမြင်တိုင်းမကလစ်ပါနဲ ့။ (beware)

edited April 2011 in Internet Security
ပြဿနာရဲ ့အစက


အခုနောက်ပိုင်း URL shortener နဲ ့ attack လုပ်တဲ့ပုံစံမျိုးကတော်တော်များပါတယ်။ ပထမဆုံးစလာတဲ့ပုံစံမျိုးကတော့ chatbox မှာ ကိုယ့်သူငယ်ချင်းကပြောတဲ့ပုံစံမျိုးနဲ ့လာတာပါ။ အောက်ကပုံစံမျိုးတွေပါ။

ပုံစံ (၁)

OH WOW (yourfacebookusername) Their is a Facebook bug right now and There sending out free WALMART GIFTS @ http://apps.facebook.com/fbgiftshops/?rynyrgnr Received mine yesterday hurry before its to late!

ပုံစံ (၂)


hey, i just made a photoshop of you, check it out :P: bit.ly/hWGMek


ပုံစံ (၃)

hi, lol check out this girl,what she did.. i cant believe this video :): goo.gl/BnFMN


ပုံစံ (၄)


Yo, I am gunna look like a sharpie in 15 years! See what you will look like: bit.ly/gVKD13

့ပုံစံ (၅)

OMG: This girl killed herself after her FATHER posted this message on her wall: bit.ly/hiht3w


ပုံစံ (၆)

Hey, check out this girl, lol, she must be out of her mind for making that video!: bit.ly/erH085


နောက်ပုံစံတစ်မျိုးကတော့ အားလုံးစိတ်၀င်စားလောက်တဲ့ Video clip တွေကို facebook ပေါ်မှာ share တဲ့ပုံစံမျိုးနဲ ့ နှိပ်မိအောင် ဆွဲဆောင်နေတာပါ။ အသေးစိတ်ကို

https://www.facebook.com/note.php?note_id=10150120443537523
ရေးထားတာရှိပါတယ်။ နောက်တစ်မျိုးကတော့ wall ပေါ်မှာ share တဲ့ပုံစံမျိုးနဲ ့လာတာပါ။ ကျွန်တော်ဆီမှာတော့ ဒီနေ ့မှသတိထားမိပါတယ်။ လာတဲ့ပုံစံက အောက်ပါအတိုင်းပါ။

yourname Guess what? You know who just got a new Apple iPad2 to test out and keep without paying a cent. I don't think this will last long, they are only sending out a limited supply of promo ipad2's in each area so you should hurry. It did not come with any leather case or fancy accessories but who cares, it was free! This is where I got it from.

ဆိုပြီး url shortener နဲ ့ shorten လုပ်ထားတဲ့ short url ပဲတွေ ့ရမှာပါ။

နှိပ်မိရင်ဘာဖြစ်မှာလဲ ???

ကျွန်တော်ပြောတာနှိပ်မိရင် ဘာဖြစ်မလဲဆိုတာဆိုတဲ့အပိုင်းကိုမရောက်သေးဘူး။ နှိပ်မိရင် ကိုယ်က victim ဖြစ်ပြီး အခြားသူတွေကို အထက်ပါ message တွေကို သွားပို ့မိနေမှာပါ။ video clip ဆိုလည်းထိုနည်းလည်းကောင်းပါပဲ။ ကိုယ်က အဲဒီ video clip ကို like လုပ်လိုက်ပါတယ်လို ့ပေါ်နေပါလိမ့်မယ်။ တခြားသူက ဟိုကောင်တောင် ကြိုက်သေးတာပဲဆိုပြီး နှိပ်ကြည့် အဲဒီလိုနဲ ့သံသရာလည်နေမှာပါပဲ။ ကိုယ် wall မှာလာတင်တယ်ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။. ကိုယ် wall မှာတောင်တကူးတက လာတင်သေးတာပဲ ဆိုပြီးတော့ နှိပ်ကြည့်မိမှာပါပဲ။ ကိုယ်ကိုယ်တိုင်တော့ သတိထားမိမှာမဟုတ်ပါဘူး။ ပျံနှံပုံကတော့ zombie တွေလို တစ်ယောက် ကိုက်လိုက်တာနဲ ့အကိုက်ခံရတဲ့တစ်ယောက် zombie ဖြစ်သွားပြီး ပျံနှံသွားတဲ့ပုံစံမျိုးပါ။ ဒါအပြင်မိမိတို ့ရဲ ့ တန်ဖိုးရှိတဲ့အချက်အလက်တွေကိုခိုးယူတာလည်းဖြစ်နိုင်ပါတယ်။

ဒီလိုဆိုတော့ ကျွန်တော် တို ့ url shortener တွေမသုံးပဲနေလို ့ရမလား ???

ကျွန်တော်တို ့ url shortener တွေသုံးရတယ်ဆိုတာ တခါတရံမှာ လင့်အမှန်ကို publicly မသိစေချင်တာပဲဖြစ်စေ twitter လို microblogging platform တွေမှာရော facebook လို social networking platform တွေမှာပါ စာလုံးအရေအတွက်က limit ဖြစ်တဲ့အတွက် စာလုံး အရေအတွက် save ဖြစ်အောင်သုံးတာဖြစ်ပါတယ်။

ဒီတော့ ဘယ်လိုဖြေရှင်းသင့်သလဲ။ ????

ဘယ်လိုဖြေရှင်းသင့်သလဲဆိုတော့ ကျွန်တော်အမြင်ပြောရရင် ကိုယ်သုံးနေကြ url shortener service တစ်မျိုးပဲသုံးပါ။ ဥပမာ bit.ly ဆိုလည်း bit.ly ပေါ့။ ကိုယ်နဲ ့ familiar မဖြစ်တဲ့ url shortener service တွေကိုမသုံးပါနဲ ့ သို ့သော် မိမိအသုံးပြုတဲ့ url shortener service ကြီးကိုအသုံးပြုပြီးတိုက်ခိုက်မယ်ဆိုရင်တော့ အထက်ပါနည်းလမ်း ကမတက်နိုင်ပါဘူး။ နောက်တစ်ချက်အနေနဲ ့က မသင်္ကာတဲ့လင့်တွေကို ကလစ်နှိပ်မယ်ဆိုရင် javascript ကို disable လုပ်ထားပါ။ firefox မှာတော့ tools ထဲက option ထဲက content ထဲက enable javascript ကို uncheck လုပ်ဖို ့ပါပဲ။ ကိုယ်ကိစ္စပြီးရင်တော့ ပြန်ပြီး check လုပ်ဖို ့မမေ့ပါနဲ ့။ နောက်နည်းလမ်းတစ်ခုအနေနဲ ့ကတော့ ကျွန်တော်တို ့ ပြည်တွင်းကပြုလုပ်ထားတဲ့ url shortener ကိုအသုံးပြုခြင်းပါပဲ။ အခု malware တွေအနေနဲ ့ နိုင်ငံခြားကပြုလုပ်ထားတဲ့ url shortener ကိုအသုံးပြုထားတာများပြီး ပြည်တွင်းက url shortener ကို အသုံးပြုဖို ့အခွင့်အလမ်းအရမ်းနည်းပါးပါတယ်။ ဒါအပြင် ပြည်တွင်းဖြစ်ကို အားပေးတဲ့ (encourage ) သဘောလည်းဖြစ်ပါတယ်။ မိတ်ဆွေတို ့အနေနဲ ့ ပြည်တွင်းဖြစ် url shortener တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ygn.me လို ့ခေါ်ပါတယ်။ မှတ်သားရလည်းလွယ်ပြီးတော့ အသုံး၀င်မယ်မျှော်လင့်ပါတယ်။ ကိုဇော်မင်းတင်
(https://www.facebook.com/SkipSoft ) ရေးသားထားခြင်းဖြစ်ပါတယ်။ ဒါအပြင် ဟိုးအပေါ်ဘက်မှာရေးထားတဲ့ ပထမဆုံးလင့်ကလည်း အသုံး၀င်ပါတယ်။ နောက်ဒါအပြင် ဒီလိုမဖြစ်အောင် ကျွန်တော်တို ့တက်နိုင်သလောက် facebook.com ကိုအသိပေးတဲ့အနေနဲ ့ report လုပ်လို ့ရပါတယ်။ ကိုယ်ပေါ်လာတင်တဲ့ဟာတွေက malicous ဖြစ်နေတယ်ဆိုရင် post ရဲ ့ အပေါ် ညာဘက်ဒေါင့်လေးက အမှား button လေးကိုနှိပ်လိုက်ပါ။ report abuse ကိုနှိပ်ပြီး spam or scam ဆိုတာကိုရွွေးပေးလိုက်ပါ။ ပြီးရင် နောက်အခြားလူတွေမကလစ်အောင် အဲဒီ post ကိုဖျက်လိုက်ပါ။ နောက်ဆုံးအချက်အနေနဲ ့မှတ်ယူထားရမှာကတော့ အထက်ပါ ပုံစံအတိုင်း တသမတ်တည်းလာမယ်လို ့ လှေနံဓါးထစ်မှတ်ယူလို ့တော့မရပါဘူး။ ပုံစံအမျိုးမျိုးနဲ ့မကလစ် လစ်ချင်အောင် ဆွဲဆောင်ဖို ့ကြိုးစားနေတယ်လို ့မှတ်ယူရမယ်ဖြစ်ပါတယ်။

မှတ်ချက်များ

Sign In or Register to comment.