MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MCPA မှ Logo Design ပြိုင်ပွဲ၀င်ရန် ဖိတ်ခေါ်ခြင်း

edited April 2011 in Tech News
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှူး၍ ပထမအကြိမ် Developer Conference (Dev Con 2011 –Yangon ) ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာ အင်ဖိုတက်ခ်တွင် ကျင်းပမည်ဖြစ်သည်။
Dev Con 2011 –Yangon တွင် အသုံးပြုမည့် Logo Design ကို စိတ်၀င်စားသူ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါရန် ဖိတ်ခေါ်အပ််ပါသည်။
- မိမိတို့၏ Logo Design များကို အောက်ဖော်ပြပါ သတ်မှတ်ချက်ဖြင့် ပြုလုပ်ရပါမည်။
Illustrator or Photoshop with layers preserved and PNG format, 300 DPI resolution
- မည်သူမဆို Design တစ်ခုထက်ပိုပြီး ပေးပို့ ယှဉ်ပြိုင်နိုင်ပါသည်။
-Design Logo များကို (E-mail :[email protected]) သို့ မေလ (၉) ရက်နေ့နောက်ဆုံးထားပြီး ပေပို့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Design လက်ခံရရှိကြောင်း E-mail ဖြင့်ပြန်လည်အကြောင်းပြန်ပါမည်။
- အရွေးချယ်ခံရသော Logo အသုံးပြုခွင့် ကို ကွန်ပျူတာပညာရှင်အသင်းသို့ ပေးအပ်ရမည် ဖြစ်ပါသည်။
- ရွေးချယ်ခံရသော Logo Designer အား မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းမှ ဂုဏ်ပြုလက်မှတ်နှင့် Logo ပုံစံတူ Trophy အား မှတ်တမ်းတင် ချီးမြှင့်မည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း အဆောင် (၄)၊ အခန်း (၄) ၊ မြန်မာအင််ဖိုတက်ခ်၊ ဖုန်း -၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Sign In or Register to comment.