MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဖိုင်ကို လက်နဲ့လှမ်းပေးလိုက် သလို

edited April 2011 in Internet & Email
သီချင်း၊ ဓာတ်ပုံ၊ စာရွက်စာတမ်း ဘယ်ဖိုင် ကိုမဆို တခြားသူဆီပို့ချင်ရင် အီးမေးလ်နဲ့ ပို့တာ၊ ဒါမှမဟုတ် ဖိုင်မျှဝေတဲ့ ဆိုက်သုံးတာ တွေ ရှိပါတယ်။ သည်အခါ ဖိုင်တွေကို အင်တာနက် ပေါ်တင်ရတယ်။

ယူမယ့်သူက ဖိုင်ကို အင်တာနက်ထဲက ပြန် ချရတယ်။ ဖိုင်တင်တဲ့အချိန်၊ ချတဲ့အချိန် နဲ့ မလိုအပ်ပဲ အချိန်တွေကုန်ပါတယ်။ သည်လို မကြာချင်ဘူးဆိုရင် အင်တာနက်ဆာဗာပေါ် မတင်ဘဲ ဟိုဘက်နဲ့သည်ဘက် ကွန်ပျူတာချင်း လှမ်းချိတ်ပြီး ပို့လို့ရပါတယ်။ သည်နည်းကို သုံးဖို့ အင်တာနက်တော့ လိုပါတယ်။

www.pipebytes.com; ကိုဖိုင်ပို့မယ့်စက်ရော၊ လက်ခံမယ့်စက်ရော တစ်ပြိုင်တည်းမှာ ဖွင့် ရမယ်။ ပို့မယ့်သူက ဖိုင်ရှိတဲ့ နေရာရွေးပေးပြီး URL နဲ့ ထုတ်မလား၊ ကုတ်ဒ်နဲ့ထုတ် မလား တစ်ခုရွေးချယ်ပေးပါ။ Send နှိပ်ပါ။ လက်ခံမယ့်သူက သည်ဖိုင်ရဲ့ URL ဒါမှမဟုတ် ကုတ်ဒ် ဖြည့်လိုက်တာနဲ့ ချက်ချင်း ဖိုင်ရရှိပါပြီ။ အချိန်လုံးဝမကုန်ဘဲ ဖိုင်ကို လက်နဲ့လှမ်းပေးလိုက် သလို မြန်ဆန်မယ့်နည်းပါပဲ။

Ref: The Modern Weekly

Thanked by 2 DeathWings khunteebwar
Tagged:

မှတ်ချက်များ

• KK
Moderators
Isn't Uploading and Downloading? Need to care about the Connection?

• Registered Users
ဒါက uploading and downloading မဟုတ်ဘူးလား ဆိုတော့ ၊ ဘယ်လို ဖြေရမလဲ။ ကျွန်တော်တို့ internet မှာ web page တစ်ခုကို ကြည့်ဖို့ အတွက် ဆိုရင်လဲ uploading and downloading လုပ်ရပါတယ်။ chat ဖို့ အတွက်ဆိုရင် လဲ uploading and downloading လုပ်ရပါတယ်။
ကျွန်တော် က ဒီ website ကို ဘာလို့ကြိုက်လဲ ဆိုတော့၊ကိုယ့်ဆီ မှာ ရှိတဲ့ file ကို မြန်မြန် send နိုင်တယ် ၊ sing in ၀င်ပြီးတော့ လဲ upload တင်ပေးနေ စရာ မလိုဘူး။ တစ်ခု တော့ ရှိတာပေါ့ file send နေချိန်မှာ နှစ်ယောက် စလုံး online ပေါ်မှာ ပြီးတဲ့ အထိရှိ ဖို့ လိုတယ်။ ကျွန်တော် စမ်းကြည့်တာ တော့ မြန်တယ်ဗျ။
ကိုယ် သုံး တဲ့ connection ပေါ်တော့ မူတည်တာ ပေါ့။
T.K >>>>>>>>>>>>>>K

• Administrators
@K , အဲဒါက P2P technology ကို အခြေခံထားတာပါ။ Torrent နဲ့ တော့ မတူဘူး။ ဒါပေမယ့်သူလည်း P2P ပဲ။ တနည်းပြောရင် file တွေကို သူ့ server မှာ seed တွေနဲ့ ခွဲပြီး temporary အနေနဲ့ပဲ သိမ်းတယ်။ ဘာနဲ့ တူလဲဆိုတော့ stick တစ်ခုကနေ တစ်ခု copy , paste လုပ်သလိုပေါ့။ os မှာကတော့ ခဏလောက် အပိုင်းလေတွေခွဲပြီး သိမ်းပြီး နောက် stick တစ်ခုကို ကူးပေးသလိုပေါ့။
Thanked by 1 khunteebwar
• edited February 2018 Registered Users
သဘောကျတယ်...
• Registered Users
မဆိုးဘူး ဗျ..
Sign In or Register to comment.