MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

800 MHz ရဲ့ အင်တာနက် အသုံးပြုခ

edited May 2011 in Other
အခု 800 MHz ဖုန်းတွေမှာ အင်တာနက် အသုံးပြုခက လက်ရှိ တမိနစ် ၄ကျပ်။
ပေးထားတဲ့ လိုင်းအမြန်နှုံးက 64 KBps

(ဒီ Speed က အမြဲ လဲ အပြည့် မရပါဘူး ၊ တခါတလေ မှ ရတာ ။ လိုင်းက မငြိမ်ပါ ၊ တက်လိုက်ကျလိုက်နဲ့ ၊ )

အဲဒီ Speed နဲ့ကတော့ mail တောင် ကောင်းကောင်းဖွင့်လို့ မရ ၊ gtalk နဲ့ ပြောလို့မရပါဘူး။ စာရိုက်ပြောမှ ရတယ်လေ ။
လိုင်းကမှ မငြိမ်တာလေ (နှေးတာကတော့ မွေးခါစ လိပ်ကလေး တောင် သူ့ထက်ပိုမြန်မယ် ထင်တယ်ဗျ ။)
ကျန်တဲ့ site တွေ မွှေဖို့ ၊ download တွေ ဆွဲဖို့ကတော့ ဝေးရောပေါ့ဗျာ ။

အဲဒီတော့ ဒီလို စဉ်းစားကြရအောင်-
64 KBps = ၄ ကျပ်
128 KBps = ၆ ကျပ်
256 KBps = ၈ ကျပ်
512 KBps = ၁၂ ကျပ်

အဲဒီလို ဆိုရင် ပိုပြီး ကောင်းလာမလား လို့။

ဘာပဲပြောပြော ယူထားတဲ့ Speed Plan အပေါ်မှာ မူတည်ပြီးတော့ ငွေ ပေးချေရမယ် ဆိုရင်
ပိုများ ကောင်းလေမလားလို့လေ။

အမြန်နှုံးကတော့ ရင်လောက်တင်မှ ဒူးလောက် ကြမှာပါ။

အရင်ထက် စာရင်တော့ ပိုကောင်းလာမယ်လို့ ထင်မိပါတယ်။

MZ ရဲ့ Admin များ ၊800 နဲ့ အင်တာနက် အသုံးပြုနေသူများ ၊ ဝင်ရောက်လေ့လာ ကြည့်ရှုနေသူများ ရဲ့
သဘောထားကရော ဘယ်လိုရှိကြပါသလဲ ခင်ဗျာ ။

ဆွေးနွေးပေးကြပါအုံး ။


မှတ်ချက်များ

  • Registered Users
    I don't think so. Can we really get the high speed connection after paying 12kyats per minute for 512kbs. Who will promise it? Like phone connection, half of our bill amount is for saying "HELLO and Can you Hear".
    Please consider that we never got as the amount we gave.
    Thank for discussion.
  • Registered Users
    800MHz ဖုန်းတွေ internet စစ၇ချင်းက မြန်တယ်ဆို ပြီး ကောင်းသတင်း ထွက်ခဲ့ပါတယ်။ နောက်ပိုင်း သုံးတဲ့ သူတွေများ ၊ လိုင်းအားက အ၇င်က လောက်မကောင်းတာ တွေဖြစ်ခဲ့ပါတယ်။ ေ၇ရှည်ကို စဉ်းစားမယ်ဆိုရင် တော်တော်တော့ ပြောင်းလဲ၇အုံးမှာပါ။ အခု တစ်မိနစ် ၄ ကျပ် ပေး၇တယ်။ speed က 64kBps ။ ကိုမင်းမင်း ပြောသလို speed တွေကို ထပ်တိုးခိုင်း မယ်ဆို၇င် ၊ သူတို့အတွက် စားပေါက် ထပ်ပွင့်သွားမှာ သေချာတယ်။ ဘာပဲပြောပြော အမှန် တကယ် မြန်မယ်ဆို၇င်တော့ ကောင်းတာပေါ့။ [-O<
  • Moderators
    i also don't wanna pay like Ko Min Min Plan . As Erase said , that may be their chance for earning illegal money. I think they must be give again original speed and i am pretty sure to said "they can do it " . join our group in face book here
    https://www.facebook.com/home.php?sk=group_129261390472344&ap=1
  • edited May 2011 Registered Users
    I can use gtalk voice chat with 800mhz and I agree with what kominmin said.
  • Registered Users
  • iMziMz
    Registered Users
    အဲဒီလိုမျိုး plan ပြောင်းသွားရင်တော့ 64 KBps ယူတဲ့သူတွေအတွက်တော့ ဂူဂဲ တောင် ပေါ်လာတော့မှာမဟုတ်ဘူး။
  • edited May 2011 Registered Users
    CDMA 800 MHz ရဲ့ EvDO မှာ အခုရရှိနေတဲ့ Bandwidth က 64kb/s (64 kilobit per second) ပါ။
    64KB/s (64 kilobytes per secoond)မဟုတ်ပါ။
    Byte နဲ့တွက်မယ်ဆိုရင် 8 KB/s ပဲရတာပါ။ {1 byte=8 bit }

    McWill ဖုန်းမှာ . . .
    128 kb/s = ၂ ကျပ်
    256 kb/s= ၄ ကျပ်
    512 kb/s = ၆ ကျပ်
    1 Mb/s = ၈ ကျပ် ဖြစ်ပါတယ်။
    {နှစ်စဉ်းကြေး ၆၀၀၀၀ကျပ်}
    ဒါ​ကြောင့် CDMA 800 MHz ဖုန်းဟာ McWill ဖုန်းနဲ့ ယှဉ်လျင် Internet သုံးစွဲခ စျေးကြီးလွန်းပါတယ်။

    စင်ကာပူနိုင်ငံတွင် 30 Mb/s ကို S$ 70 လောက်သာ လစဉ်ကြေးအဖြစ်ပေးသွင်းရပါတယ်။ အဲဒီနှုန်းအတိုင်းသာတွက်ရင် 512 kb/s အတွက် စင်ကာပူဒေါ်လာ ၁​ဒေါ်လာစွန်းစွန်းမျှသာကုန်လိမ့်မယ်။ မြန်မာကျပ်ငွေနဲ့တွက်ရင် ၁၀၀၀ မပြည့်ပါ။ 1 FEC ဝန်းကျင်သာ. . .။ စဉ်းစားကြည့်ပေါ့ဗျာ . . . Internet ဆိုတာ ငွေတစ်ထောင် (ခြင်္သေ့တစ်ကောင်) နဲ့ 512 ကို တစ်လလုံးလုံး သုံးလို့ရတဲ့အရာပါ။

    ကဲ . . ဒီတော့ အားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ရဲ့ CDMA 800 MHz နဲ့ Internet သုံးရတာ ​စျေးအကြီးဆုံးပဲဗျို့ . . . ။ ဒါကြောင့် စျေးနှုန်းထပ်မြှင့်မယ့် အကြံမျိုးကို ဝေးဝေးမှာထားပြီး . . . မူလက ရရှိခဲ့တဲ့ 2 to 3 Mb/s ကို တစ်မိနစ် ၄ကျပ်နဲ့ ပြန်လည်ရရှိရေးကိုသာ ကြိုးစားအားထုတ်သင့်တယ်လို့ မြင်မိပါတယ်။
    <br><hr width="100%" size="2"><center>
    www.winmyotun.co.cc
    
    </center><hr width="100%" size="2">
  • Registered Users
    Yes. I agree and support winmyotun discussion.
  • Registered Users
    ပါဝင် ဆွေးနွေးပေးကြလို့ ကျေးဇူးတင်ရှိပါတယ် ။

    ငွေလိုချင်လို့ သူတို့ က ဒီလိုလုပ်တာပဲလေ ။

    ပြောရမယ် ဆိုရင်တော့
    နှစ်စဉ်ကြေးတွေ လစဉ်ကြေးတွေ ပေးနေရတဲ့ လိုင်းတွေ့ကရော ကောင်းလို့လား
    မကောင်းပေမယ့် ပေးနေကြရတာပဲလေ---

    မြန်မာပြည်လိုနေရာ မျိုးမှာ ဒီလောက်သုံးနေရတာကိုပဲ ကျေနပ်နေရမှာပဲ---

    တခုလောက် ဆက်ပြောမယ်ဗျာ--- နဲနဲပေါ့

    GSM ဖုန်းတွေကို တရားဝင် ၁၅ သိန်း ၅ သောင်း ( အမြတ်မပါ ) နဲ့ ဝယ်ထားခဲ့ရတဲ့ သူတွေက ခုမှ ၅ သိန်း နဲ့ ချပေးတဲ့ ဖုန်းတွေကို ဘယ်လိုမြင်ကြလဲ ???

    ၁၅ သိန်းတန် တွေက ဖုန်းကြိုတင်ငွေကို သွင်းဖို့ ရုံးမှာ တနေကုန် တန်းစီနေတုန်း
    ၅ သိန်းတန်တွေက လမ်းဘေးမှာတင် ငွေဖြည့်နေကြတယ်လေ---

    ဘာပဲပြောပြော မြန်မာပြည်မှာ လူတော်တော်များများတော့ ဖုန်းကိုင်လာနိုင်ကြတာပဲလေ -
    တဖက်ကကြည့်ရင် ဝမ်းသာစရာပါ ။ ဒါပေမယ့်

    အစိုးရ နဲ့ ဆက်စပ်နေသူတွေရဲ့ အိပ်ထဲ ငွေတွေ စီးဝင်သွားတာကိုကြတော့ မပြောကြတော့ဘူးလား -

    ဆက်ပြီးတော့ CDMA 800 မှာ အင်တာနက် ထပ်ပြီးတော့ ချပေးတော့ရော လူတွေ အုတ်အော်သောင်းနင်းနဲ့ လုပ်လိုက်ကြတာ

    လစဉ်ကြေး ၊ နှစ်စဉ်ကြေးတွေ ပေးပြီး အင်တာနက် သုံးနေကြသူတွေက ဘယ်လို မြင်ကြပါသလဲ----
    အဲဒီလိုင်းတွေကရော မြန်ကြရဲ့လား ဗျ ၊

    မြန်တယ် ဆိုရင်တော့ သူတို့လို ငွေ သွင်းကြပေါ့ ။

    ၃ သောင်းပဲ သွင်းရပြီး အင်တာနက် သုံးရတာ မတန်ကြဘူးလား ။

    ကိုယ် သုံးသလောက်ပဲ ကုန်မှာလေ-

    အားတာနဲ့ facebook တို့ gtalk တို့ ဘာတို့နဲ့ အချိန်ဖြုန်းနေရင်တော့ ကုန်မှာပဲလေ (မည်သူ့ ကိုမှ မရည်ရွယ်ပါ )

    မြန်မာပြည်မှာ ဘယ်ဟာမဆို အစ ကတော့ ကောင်းတာချည်းပဲ ၊

    နောက်မှ မကောင်းတော့တာကို သိကြမှာပါ ။

    ငါ့ ကို အရင်အတိုင်း အခွင့်အရေးတွေ ပြန်ပေးပါလို့ တောင်းဆိုနေတာတွေကရော ဘယ်တုန်းက ရခဲ့ဘူးလို့လဲ----

    ကတိ ကလဲ အခုတော့ ဘယ်သူမှ မပေးရဲပါဘူး ။
    ကတိပေးရဲသူတွေရဲ့ သွားရာလမ်းကို သိကြမှာပါ ။

    bit တို့ byte တို့ကိုလဲ ပါဝင်ပြီးတော့သာ ဆွေးနွေးနေတာ - ကျွန်တော်က ဘာမှ မတတ်တော့ ဘာမှ မသိပါဘူး -

    ကျွန်တော် အခုနေ နေတာက မြန်မာပြည်ပါ ။ Singapore ဆိုတာ ကြားဖူးရုံပဲ ရှိတာပါ ။
    Singapore ရဲ့ အခြေအနေက ဖတ်ဖူးမှတ်ဖူးတာတော့ မြန်မာပြည်ထက် အများကြီး ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာတော့ ကြားဖူးတယ် ။

    တိုးတက်နေတဲ့ နိုင်ငံမှာ အဲဒီက လူတွေရဲ့ ဝင်ငွေကလဲ မြင့်ကြမှာပဲ ။ အစိုးရ ကလဲ ပြည်သူကို လုံလောက်အောင် ဖြည့်တင်းနိုင်ဖို့လဲ အရန်အင်အား တောင့်တင်းမှာပဲလေ။

    မြန်မာပြည်ရဲ့ Bandwide တခုလုံးက 8 GB ပဲ ရှိတယ်လိုု့ ကြားဖူးတယ် ။ ( ဟုတ် မဟုတ်တော့ မသိပါ )
    Singapore ရဲ့ Bandwide က ဘယ်လောက်ရှိပါသလဲ ။

    ကဲ အဲဒီတော့

    မူလ အမြန်နှုံးကို ပြန်ရအောင် ဘယ်သူ့ဆီမှာ တောင်းဆိုကြမလဲ -

    နှစ်စဉ်ကြေး ၊ လစဉ်ကြေး ပေးမယ် ၊ မြန်အောင်ပြန်လုပ်ပေးပါလို့ ဘယ်သူ့ကို ပြောကြမလဲ-

    အိပ်ချင်ယောင် ဆောင်နေတဲ့သူကို နှိုးရခက်ပါတယ် -

    ရိုင်းရိုင်းပဲ ပြောလိုက်ကြပါစို့

    ခွေးဟာ ထန်းလျက်ကျွေးရင် အမြီးနှံ့တယ် ။ သူကြိုက်တာကိုး ၊ ကိုက်လဲ မကိုက်တော့ဘူး ။

    အဲဒီလိုပဲ

    ပိုက်ဆံ လိုချင်နေတဲ့သူကို ပိုက်ဆံ ပိုပေးလိုက် သူလဲ အမြီးနှံ့လာမယ် အဲ ဟုတ်ပါဘူး
    သူကြိုက်လာမယ် လို့ ပြောတာ

    နဂိုထက် နဲနဲတော့ ပိုပြီး ကောင်းလာမယ် လို့ ထင်မိပါတော့တယ် ခင်ဗျား :p :p :p
  • Registered Users
    အခုလောက်လေးပေးထားတာကိုဘဲ ကျေးဇူးတင်ပါတင်ပါတယ်.. အရင်ကမရဘူး ဘူးလေ... အခုထက်ပိုဆိုး မသွားပါစေနဲ့သာ ဆုတောင်းပါ... ;-)
  • Registered Users
    wplay12 wrote:
    အခုလောက်လေးပေးထားတာကိုဘဲ ကျေးဇူးတင်ပါတင်ပါတယ်.. အရင်ကမရဘူး ဘူးလေ... အခုထက်ပိုဆိုး မသွားပါစေနဲ့သာ ဆုတောင်းပါ... ;-)

    ဟုတ်ပါတယ်။

    ခုထက် ပို မဆိုးအောင်သာ ဆုတောင်းနေရတော့ မှာပဲလေ

    ဘယ်သူ့မှလဲ တင်ပြနိုင်ခွင့် မရှိပါဘူး

    ရတာယူ ၊ကျွေးတာ စား ၊ ခိုင်းတာ လုပ်နေကြရမှာပါပဲ

    သူတို့ ပေးချင်သလောက်ပဲပေါ့ဗျာ [-X
  • Registered Users
    ကန့်ကွက်သူတွေ ထောက်ခံသူတွေ ပျောက်နေကြပါလား

    ဒီကိစ္စကို ဘယ်လို နည်းနဲ့ စဉ်းစားကြမလဲလို့

    ပါဝင် ဆွေးနွေးပေးကြပါအုံး :-? :/ :-?
  • Administrators
    ဒါ MPT ရဲ့ Help Desk မဟုတ်ပါဘူး ဖိုရမ်မှာ Technically အခက်အခဲရှိတာ ဆွေးနွေးလို့ရပါတယ် ဒါပေမယ့် မဆိုင်တာတွေ ခွင့်မပြုပါဘူး အဲဒါကြောင့်ပိတ်လိုက်ပါပြီ။
ဒီဆွေးနွေးချက် ကို ပိတ်ထား ပြီးပါပြီ။