MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Transfer files from iphone to iphone (or) iphone to computer or vice versa (With Wifi)

edited May 2011 in iPhone
ဒီနည်းကတော့iphone တလုံးနဲ့တလုံး file တွေပို့ဖို့အဆင်မပြေဖြစ်နေသူများအတွက်ပါ။ wifi နဲ့ပို့တာဖြစ်လို့ bluetooth ထက်အများကြီးမြန်ပါတယ်။ 1Mb/s လောက်မြန်ပါတယ်။ file size ကြီးကြီး ဥပမာ game တို့ video တို့ပို့ဖို့အတွက်အရမ်းကိုအဆင်ပြေပါတယ်။ wifi နဲ့ဆိုတော့ usb cable လဲမလိုတော့ဘူးပေါ့။ laptop နဲ့ဖုန်းနဲ့ လဲအလွယ်တကူချိတ်ပီး data transfer ရတယ်။ no itunes needed.
ဒီနည်းကိုတော့ တော်တော်များများသိပြီးဖြစ်မယ်လို့ထင်ပါတယ်။ မသိသေးသူများအတွက်ဝေမျှလိုက်ပါတယ်။
လိုတာတွေကတော့
၁။ jailbroken idevice ( any ios)
၂။ ifile ( cydia app )
၃။ any wifi tethering application ( ကျနော်ကတော့ PDAnet သုံးပါတယ်။ cydia application ပါပဲ) အဓိက ကတော့ device ၂ခုwifi ချိတ်မိဖို့ပါပဲ။
၄။ any download manager ( e.g download pro or safari download manager )

အရင်ဆုံး settings> Wifi > on လိုက်ပါ။ iphone ၂ လုံး ကို ဥပမာ ထားပီး ပြောပါမယ်။ ( first iphone=A, second iphone=B )
- PDAnet က wifi hotspot ကို on လိုက်ပါ။(A)
- တခြား device ကနေ wifi on လိုက်ပြီး အဲဒီ hotspot ကို connect လုပ်ပါ။(B)
- device ၂ခု wifi ချိတ်မိသွားပြီဆိုရင် အပေါ်က status bar မှာwifi ပုံပေါ်လာမယ်။ (both A and B)
- status bar မှာwifi ပုံပေါ်လာမှ ifile ကိုဖွင့်ပါ။(A)
- အောက်နားက wifi ပုံလေးကိုနှိတ်လိုက်ပါ။ (A)
- စာတွေပေါ်လာမယ်။ အောက်ဆုံးက http:// .................:10000 ဆိုပြီးပေါ်လာမယ်။ (A)
- safari ဖွင့်လိုက်ပါ။ address bar မှာအဲဒီ http://.............:10000 ကိုရိုက်လိုက်ပါ။ (B)
- ဒါဆိုရင် B ရဲ့ safari မှာ A ကို explore လုပ်လို့ရပြီ။ diskaid သုံးဖူးတယ်မဟုတ်လား။ အဲဒီလိုပေါ့။
- laptop နဲ့ဆိုရင်လဲ wifi ချိတ်ပီး အလားတူ mozilla ကနေ ကြည့်လို့ရပါတယ်။ no proxy နဲ့လုပ်မှရတယ်။
- ဖုန်းထဲကို file ပို့ချင်ရင်တော့ အောက်နားမှာ upload ဆိုတာပါတယ်။ ဖုန်းထဲကfile ယူချင်ရင်တော့ internet ကနေ download ဆွဲသလိုမျိုး ဆွဲလို့ရပါတယ်။

- အော် ဝါကျအဆုံးက A တွေ B တွေက ဖုန်း၂လုံးရှုတ်နေမှာဆိုးလို့ ရှင်းအောင်ရေးထားတာ။

အဆင်ပြေကြမယ်လို့ထင်ပါတယ်။ :D ဖတ်ပီးလို့စမ်းပီးရင်လဲ ရတယ်မရဘူးပြန်ပြောပေးပါအုန်းခင်ဗျား။


Tagged:

မှတ်ချက်များ

Sign In or Register to comment.