MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Google Map to AutoCAD ပြောင်းနည်းသိချင်လို့

edited July 2011 in AutoCAD
google map တစ်ခုကို AutoCAD ဖိုင်ဖြစ်အောင်လုပ်လို့ရတဲ့နည်းရှိရင် သိချင်လို့ပါ။ software သုံးပြီး တန်းပြောင်းတဲ့နည်းမဟုတ်တောင် ကြံဖန်ပြီးဖြစ်အောင်လုပ်နည်းလေးများသိရင် ပြူးပြ အဲ..ပြောပြပါအုံးနော်။

google map ကို coral draw ပေါ်တင်ပြီး လမ်းတွေ၊ အဆောက်အဦတွေကို ခဲကြောင်းလိုက်ဖူးပါတယ်။ မြေပုံတော့ဖြစ်သွားတာပါပဲ။ ဒါပေမယ့် ကွန်ပျူတာသုံးပြီး ဧရိယာတွက်လို့ရအောင် autocad ဖိုင်ပြောင်းချင်လို့ပါ။ ဥပမာ−google map ထဲက ရေကန်တစ်ခု ဒါမှမဟုတ် အင်းတစ်ခုကို ဧရိယာစတုရန်းပေ ဘယ်လောက်ဆိုပြီး တွက်ချင်တာပါ။ ကျွန်တော်က autocad သမားတော့ မဟုတ်ပေမယ့် ဒါမျိုးကို autocad မှာ လွယ်လွယ်လေးလုပ်လို့ရတယ်လို့ သိထားပါတယ်။ ကြိုပြီးကျေးဇူးတင်နေပါမယ်ခင်ဗျား။(ပြောပြချင်အောင်လို့ :-D )
Tagged:

မှတ်ချက်များ

  • Registered Users
    ကျေးဇူးတင်ပါတယ် ကိုစေတန်။ ကျွန်တော်စမ်းကြည့်လိုက်ပါအုံးမယ်။
  • Administrators
    Google Map ကနေက မြေပုံမရနိုင်ဘူး အဲဒီတော့ Openstreetmap ကနေ ကိုယ်လိုချင်တဲ့ မြေပုံကို ဒေါင်းလုပ်လုပ်ပါ သူကတော့ openstreetmap format ပဲရပါတယ် အဲဒါကို osm2shape ကိုသုံးပြီးတော့ Shapefile အဖြစ်ပြောင်းလိုက်ပါ အဲဒါဆိုရင် Map Data တွေကို Calculate လုပ်လို့ရပါတယ် Autocad လိုဟာတွေနဲ့ လိုက်ထပ်ဆွဲစရာမလိုပါဘူး။ Shapefile ရရင် ArcGIS လိုဟာနဲ့ Area တွေက လွယ်လွယ်လေး ကြည့်လို့ရပါတယ်။ အောက်မှာပြထားတဲ့ လင့်တွေကနေ လိုအပ်ထဲဟာတွေ ယူနိုင်ပါတယ်။

    http://www.openstreetmap.org/
    http://code.google.com/p/osm2shp/
    http://www.esri.com/products/index.html
  • Registered Users
    ကိုလူပျိုကြီး... ကျေးဇူးပါခင်ဗျာ။ ဒါပေမယ့် ကျွန်တော်လုပ်မယ့် လုပ်ကွက်က အရမ်းသေးနေတော့ openstreetmap မှာ တွေ့ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်လုပ်ချင်တဲ့ဟာကို ရှင်းရှင်းလင်းလင်းမပြောမိရင် ဆောရီးပါခင်ဗျာ။

    ဒီပုံပါ။
    77582597.jpg

    Uploaded with ImageShack.us

    ပုံမှာပါတဲ့ ရေကန်ကောက်ကြောင်းတွေ၊ လမ်း၊ အဆောက်အဦတွေကို Photoshop (သို့) CoralDraw နဲ့ ထပ်ဆွဲလိုက်ရင် မြေပုံတစ်ခုရပါမယ်။ ဒါပေမယ့် AautoCAD ဖိုင် ရချင်တာပါ။ အခြား architect ​တွေက AutoCAD သုံးပြီး ဆက်ဆွဲဖို့ရှိလို့ပါ။ နောက်ပြီး ရေကန်ရဲ့ ဧရိယာသိဖို့လည်း လိုသေးပါတယ်။ စကေးအတွက် distance သိပြီးသား point နှစ်ခုရှိပြီးဖြစ်ပါတယ်။

    ဖြစ်နိုင်/မဖြစ်နိုင်တော့မသိပါ။ အခုအနေအထားကို လက်တွေ့အရပ်ထဲမှာ လုပ်နေကြတာကတော့ Total Station လို မှန်ပြောင်းမျိုးနဲ့ တိုင်းထွာပြီး Land Development လို Software နဲ့ CAD ဖိုင် ထုတ်ကြတာပါ။ ကျွန်တော်ကတော့ အချိန်ရော ငွေကြေးပါ ကုန်ကျမှုမရှိတဲ့နည်းရချင်တာပါ။ ဟဲ..ဟဲ အကြံမပိုင်လား :-D
  • Administrators
    Raster Image ကနေ အချိုးနဲ့တွက်တော့ မရဘူးတော့မဟုတ်ဘူး ဒါပေမယ့် အမှားတွေ အများကြီးဖြစ်နေမှာပေါ့ အဲလိုထပ်ဆွဲချင်ရင် Google earth ပေါ်မှာ Polygon ဆွဲပါ ပြီးရင်တော့ KML/KMZ အဖြစ် သိမ်းလို့ရတယ် အဲဒါတွေကတော့ Coordinate နဲ့တိုင်းတာဖြစ်လို့ ပုံဆွဲတာသပ်ရပ်သလောက် အတိအကျရပါလိမ့်မယ်။ KML/KMZ ကို Shap ပြောင်းလို့ရတယ် အရင်တုံးက အဲဒီ့ Converter က AutoCAD Format လည်းပြောင်းလို့ရတယ် မရရင်လည်း ကိစ္စမရှိဘူး Shape ကို AutoCAD ပြောင်းလို့ရပါတယ် တကယ်တော့ Shape တွေဟာ Vector တွေပါ အဲဒါကြောင့် AutoCAD ပြောင်းတာ မခက်ခဲပါဘူး။

    http://www.zonums.com/kml2shp.html
    http://www.mass.gov/mgis/dxf.htm
  • Registered Users
    ဟုတ်တယ်ဗျို့။ ဒီနည်းက ကျွန်တော့်အတွက်တော့ အဆင်ပြေပြီဗျာ။ သပ်သပ်ရပ်ရပ်လိုက်ဆွဲနိုင်ရင် result တိတိကျကျရမယ်လို့ ယုံကြည်တယ်ဗျာ။ ကျေးဇူးပဲဗျို့။
Sign In or Register to comment.