MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Me and Ubuntu

KK
edited July 2011 in Ubuntu
Ubuntu နဲ့ပတ်သတ်ပြီး နည်းနည်းမေးချင်လို့ပါ။ ပြဿနာဖြစ်ပုံက ဒီလို။ ကျွန်တော် အရင်သုံးတာက 10.04၊ ဒါပေမယ့် ဟိုတစ်နေ့ကမှ 11.04 ပြောင်းသုံးမယ်ဆိုပြီး 10.04 ကိုဖျက်ပြီး 11.04 ပြန်သွင်းလိုက်တယ်။ အရင်ဆုံး Restricted Extras တွေသွင်းတယ်။ ( Sound and Movies တွေအတွက်အဆင်ပြေအောင်ပေါ့ )။ နောက်ပြီး 10.04 သုံးတုန်းက Compizconfig-settings manager အဆင်ပြေတော့ ဒီတစ်ခေါက်လည်း သွင်းမယ်ဆိုပြီး sudo apt-get install compizconfig-settings-manager ဆိုပြီးသွင်းတာပေါ့။ အဲ့ဒီအထိအကောင်း။ နောက် Compiz Manager ထဲဝင်ပြီး ကလိတော့မှ ပြဿနာကစတယ်။ အမှန်ပြောရရင် ဒီ Version မှာက နဂိုကတည်းက Built-in Compiz ကပါပြီးသား။ ( Desktop Wall ပေါ့ )။ အရင်တုန်းကလိုပဲ Cube ပုံစံမျိုးလုပ်မယ်ဆိုပြီး Desktop Cube ကိုလုပ်တာမှ Conflict တွေဖြစ်ပြီး Resolve တွေလုပ်ရော။ Default Settings ကဘာမှန်းမမှတ်ထားလိုက်မိဘူး။ အဲ့ဒီမှာ Menu Bar ကော 11.04 မှာပါတဲ့ Left-Sidebar လည်းမရှိတော့ဘူး။ Desktop မှာ ဗလာဟင်းလင်းကြီးပဲရှိတော့မယ်။ အဲ့ဒါနဲ့ Terminal တွေ ဘာတွေပြန်ခေါ်လို့မရတာနဲ့ Low Graphic Mode နဲ့ဝင်ပြီး CCSM ကို Remove လုပ်တယ်။ Boot ပြန်တက်တော့ Upper Menu Bar ကော Left-Sidebar ပါပြန်ပါတယ်။ ဒါပေမယ့် Windows တစ်ခုဖွင့်တဲ့အခါမှာ အပေါ်က Minimize, Maximize, Close ဆိုတဲ့ Button-Bar မပါတော့သလို Menu Bar ကို Double Click ပြီး Maximize, Restore လုပ်လို့မရတော့လို့ပါ။ အောက်က ပုံမှကြည့်ရင်တော့ နားလည်မယ်ထင်ပါတယ်။ အဲ့ဒါဘယ်လိုပြန်လုပ်ရင် အဆင်ပြေမယ်ဆိုတာ နည်းနည်းလောက်ကူညီပေးကြပါလို့။

<img src="http://s1.postimage.org/9u14j9noj/Screenshot.png"; alt="Ubuntu Error" style="width: 600px;"/>

p.s. Install လုပ်ထားတာက Restricted Extras ပဲရှိသေးတော့ အဲ့ဒီ File သွင်းပြီးသားကို .deb အနေနဲ့ပြန်ထုတ်လို့ရတယ်ဆိုရင် ပြောပြပေးပါ။ အဲ့ဒါဆိုရင် ပြန် Edit လုပ်လို့မရလည်း 11.04 ကို Re-install ပြန်လုပ်ပြီး OS ပြန်တက်လာရင် .deb ကို Offline Storage ပုံစံမျိုးပြန်သွင်းလို့ရအောင်ပါ။ Online Update ဆိုရင် ~160MB မို့လို့ မြန်မာနိုင်ငံ Connection နဲ့ဆိုရင်အကြာကြီးကြာမှမို့ပါ။

(ရှုပ်သွားပြီထင်တယ်) ^^
Tagged:

မှတ်ချက်များ

Sign In or Register to comment.