MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

DevCon 2011 – Yangon

edited August 2011 in Other
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Developer Conference ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့နဲ့ (၂၁) ရက်နေ့တို့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ကွန်ပျူတာပညာရှင်အသင်း (MCPA) က ဦးဆောင်စုစည်းပေးတဲ့ Conference ဖြစ်ပါတယ်။ Software Developer တွေနဲ့ MCPA EC တွေ ပူးပေါင်းပြီး DevCon 2011 - Yangon Working Group ကို လွန်ခဲ့တဲ့ (၃) လလောက်ကတည်းက ကြိုတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်

ဒီ Conference ရဲ့ ရည်ရွယ်ချက်ကတော့၊ လက်ရှိလုပ်ငန်းခွင်ထဲက Software Developer တွေ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေ၊ နည်းပညာတွေ အပြန်အလှန်ဝေမျှနိုင်ဖို့ အတွက် စုစည်းပေးခြင်းပဲဖြစ်ပါတယ်။ Conference ခေါင်းစဉ်ကို Better Developers for Better Software Development လို့ပေးထားပါတယ်။ နှစ်ရက်တာကျင်းပမယ့် ဒီပွဲမှာ စာတမ်းဖတ်ကြားတဲ့ပုံစံ၊ Presentation ပုံစံ၊ Workshop ပုံစံ စသဖြင့် ဆွေးနွေးပွဲတွေကို ပုံစံစုံနဲ့ ပြုလုပ်သွားကြမှာဖြစ်ပါတယ်။


ကိုအိမောင် ရေးတဲ့ notes ပါ။ notes မှာက လူခြောက်ဆယ်ပဲတပ်လို့ရတာတစ်ကြောင်းကြောင့် ပိုသိအောင် တခြားသူတွေမြင်အောင် ပြန်တင်လိုက်ပါတယ်။ ကျန်တဲ့သူတွေလည်း ဒီသတင်းကိုဖြန့်ဝေပေးပါ။ ကျေးဇူးတင်ပါတယ်။ အကုန်တင်ချင်ပေမယ့် စာလုံးရေကန့်သတ်ထားပါတယ်။အသေးစိတ်ကိုတော့ <a href="http://m0rris.com/2011/08/05/devcon-2011-yangon/">ဒီမှာ</a>ဖတ်နိုင်ပါတယ်။
Tagged:

မှတ်ချက်များ

Sign In or Register to comment.