MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Root မလုပ်ဘဲ မြန်မာစာကို ဘယ်လိုဖတ်မလဲ?

edited October 2011 in Android
ကျွန်တော် Android Device တစ်လုံးဝယ်ထားလိုက်တယ် ဗားရှင်းက 2.1
PDF စာအုပ်တွေတော့ မြန်မာလိုဖတ်ရတာ အဆင်ပြေပေမယ့် မြန်မာ Website တွေပေါ်က မြန်မာစာတွေကို ဖတ်ချင်လွန်းလို့ အကြိမ်ကြိမ် Root လုပ်တယ် မရဘူး။ Device နဲ့ ဆိုင်လိမ့်မယ် ထင်ပါတယ်။ font changer သုံးတော့လည်း System folder က Read Only ဖြစ်နေတဲ့အတွက် ဘယ်လိုမှမရဘူး NAND unlock လုပ်ပါလို့ပဲပြောတယ်။ :-((

ကျွန်တော် အလျှော့ပေးလိုက်တယ်။ Device ကို Root လုပ်လို့မရတော့ ဘလော့ဂါပီပီ ဘလော့ကို Root လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်တိုင်က JAVA လည်းနားမလည်၊ HTML ကို စရေးဆို <HTML> ကနေ မတက်သေးဘူး။ Google Web Font တွေကို ကြည့်ပြီး အဲဒီနေရာမှာ မြန်မာစာတစ်ခုလောက်ပါရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိပါတယ်။ :-W

ဒီလိုနဲ့ ဟိုရှာဒီရှာ တဝဲဝဲလည်ရင်း နောက်ဆုံးမှာတော့ တစ်ခုတွေ့သွားခဲ့ပြီ။ ဘယ်ကတွေ့ခဲတာလဲ ဘာကိုတွေ့ခဲ့တာလဲ???
http://lannthit07.blogspot.com/ ကိုသာ မြန်မာစာလုံးမရှိတဲ့ Android Device နဲ့ သွားကြည့်ပေတော့ Java Script အလုပ်လုပ်တဲ့ ဘယ် Web Browser နဲ့မဆို ရပါလိမ့်မယ်။ Java Script အလုပ်မလုပ်တဲ့ Sony Vivaz i5 လိုဖုန်းမျိုးတွေအတွက်တော့ အဆင်မပြေပြန်ဘူး။ :/

အဲဒီ JAVA Script လုပ်ဆောင်ချက်လေးက စာလုံးတွေကို အလိုလို ဓါတ်ပုံပြောင်းပစ်လိုက်တာဗျာ။ ဒါကြောင့် စစချင်းပေါ်လာတဲ့ လေးထောင့်တုံးလေးတွေကနေ မြန်မာစာ ပြောင်းသွားဖို့ ကွန်နက်ရှင်အပေါ်မူတည်ပြီး စက္ကန့်ပိုင်းလောက် စောင့်ရပါတယ်။ ~O)

ပညာရှင်တွေကို ကျွန်တော် တောင်းဆိုချင်တာက Google Web Font လိုမျိုး ဘာလို့ မလုပ်ကြရတာလဲ ဆိုတာပါပဲ။ ကျွန်တော့်အမြင်မှာတော့ Zawgyi ရယ် Unicode ရယ်လို့လည်း မရှိပါဘူး။ သူသန်ရာ သန်ရာကို စိတ်ကြိုက်သုံးနိုင်တာပဲလေ။ Google Web Font လိုဟာမျိုးနဲ့ဆို ထိန်းနိုင်မှာပေါ့ဗျာ။ ကျွန်တော့် တစ်ယောက်တည်း အမြင်ဖြစ်တဲ့အတွက် မှားရင်လည်း မှားနေပါလိမ့်မယ်။ မြန်မာစာကို အဲဒီ Google Web Font လိုဟာမျိုး ရှိခဲ့ပြီးပြီဆိုရင်လည်း ကျွန်တော့်ကို လမ်းညွှန်ပါဦးဗျာ။ ကျွန်တော် လိုအပ်နေပါတယ်။
Tagged:

မှတ်ချက်များ

Sign In or Register to comment.