MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဘယ်သူမှမစကြသေးလို့ပါ။

edited February 2009 in Project
စကြပါတော့ခင်ဗျား။:d:d
ကိုစေတန်ရေ
ဘယ်လိုလုပ်မှာလည်းဆိုတာနည်းနည်းလောက်ပြောပေးပါလား။
ကျွန်တော်တို့လည်း၀င်ကူရေးပေးပါ့မယ်။(မတက်တတက်ပညာနဲ့ပေါ့)
ကိုညမီးအိမ် မနိုင်မှာဆိုးလို့ပါ။
«134

မှတ်ချက်များ

  • edited August 2008 Administrators
    ဟုတ်ကဲ့... အဲဒါကို ညမီးအိမ်ရဲ့ အပေါ်မူတည်ပါတယ်... dictionary ကို သူ့ကို တာဝန်ပြည့်ပေးထားတယ်... လူလိုရင် သူပြောလိမ့်မယ်.... အခုထက်ထိ သူ့ဆီက report ပြည့်ပြည့်စုံစုံမရသေးလို့ ကျွန်တော်လည်း သေသေချာချာ မသိဘူး.. သူတော်တော်လေးကို လုပ်ထားတယ်ဆိုတာပဲ သိပါတယ်ခင်ဗျာ
  • edited August 2008 Registered Users, Moderators
    ကိုစေတန်ရေကျွန်တော်ကတော့ကျွန်တော့်ကိုပေးထာတဲ့အပိုင်းကိုတော့ကျွန်တော်လုပ်နေပါတယ်။ ကိုစေတန်ကောင်းမယ်ထင်သလိုသာလုပ်ပါ။ ကူညီချင်တဲ့သူရှိတော့လဲကောင်းတာပေါ့။ ကျွန်တော်တို့တာဝန်နည်းနည်းပေါ့သွားတာပေါ့။ ကို စေတန် ခင်ဗျကျွန်တော့်ကိုမေးတာထက်စည်သူ့ကိုဆုံးဖြတ်ခိုင်းရင်ပိုသင့်တော်မလားမသိဘူး။ စည်သူရေဘယ်လိုလုပ်ချင်လဲဗျ။ ကူညီချင်တဲ့သူတစ်ယောက်တော့တိုးလာပြီ။
  • edited August 2008 Registered Users, Moderators
    ကို Gipsy ရေ အစ်ကိုကူညီချင်တယ်ဆိုရင် ဒီစာလုံးတွေဖြည့်ပေးပါနော်။ A To N အထိဗျ ဒါပေမဲ့ C မပါဘူးဗျ။ C ကကျွန်တော်လုပ်ပြီးပါပြီး။ ဒါပေမဲ့ကျွန်တော်ရေးပြီးသားတွေတင်ထားတာမရှိသေးဘူးဗျ။

    ဒါက http://mmdictionary.net/ Myanmar Dictionary ဆိုဒ်ပါ။ excel ဖိုင်ကိုအဲဒီကနေဒေါင်းလုပ်ချလိုက်ပါဗျာ။

    အစ်ကိုရေပြီးသမျှဖိုင်တွေကိုဒီမှာတင်ချင်လဲတင်ပါ ဒီမှာမတင်ချင်ရင်တော့ အက်ဒမင် စည်သူ့ဆီကိုမေးလ်လှမ်းပို့လိုက်ပါ။

    ကဲစလိုက်ကြတော့မယ်ဗျို့။ A to N နော်။ C မလိုတော့ဘူးဗျ။ ကျွန်တော်က O to Zဗျ။

    များတယ်ဆိုရင်တော့အကြောင်းပြန်ပါ။ ကျွန်တော်ယူပေးပါ့မယ်။
  • edited August 2008 Registered Users
    အစ်ကိုပြောတဲ့အတိုင်း DownLoad ချပြီးကြည့်ပြီးပါပြီ။ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲဆိုတာနည်းလမ်း လေးတစ်ဆိတ်လောက်:((:((:((
    မေးနဲ့ပို့လိုက်နော်။
  • edited August 2008 Registered Users
    Gipsy wrote: »
    အစ်ကိုပြောတဲ့အတိုင်း DownLoad ချပြီးကြည့်ပြီးပါပြီ။ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲဆိုတာနည်းလမ်း လေးတစ်ဆိတ်လောက်:((:((:((
    မေးနဲ့ပို့လိုက်နော်။
    ဒီလိုလုပ်ဗျာ မြန်မြန်ပြီးသွားအောင်... အနော်လဲ ၀ိုင်းရေးပေးပါ့မယ်။ K.L.M.N.O.P.Q.R ၈လုံးရေးပေးမယ်ဗျာ။ တစ်ခုတော့မေးချင်တယ်။ ဘယ် Dictionary ကိုပဲဖြစ်ဖြစ် အခြေခံပြီးရေးလို့ရလား။ ဒါလေးသိချင်လို့ပါ။ အခု အနော်A-Z.xls file ဆွဲပြီးသွားပြီ။မြန်မြန်လေးပြန်ဖြေပေးပါ။
  • edited August 2008 Administrators
    ကိုစေတန်ရေကျွန်တော်ကတော့ကျွန်တော့်ကိုပေးထာတဲ့အပိုင်းကိုတော့ကျွန်တော်လုပ်နေပါတယ်။ ကိုစေတန်ကောင်းမယ်ထင်သလိုသာလုပ်ပါ။ ကူညီချင်တဲ့သူရှိတော့လဲကောင်းတာပေါ့။ ကျွန်တော်တို့တာဝန်နည်းနည်းပေါ့သွားတာပေါ့။ ကို စေတန် ခင်ဗျကျွန်တော့်ကိုမေးတာထက်စည်သူ့ကိုဆုံးဖြတ်ခိုင်းရင်ပိုသင့်တော်မလားမသိဘူး။ စည်သူရေဘယ်လိုလုပ်ချင်လဲဗျ။ ကူညီချင်တဲ့သူတစ်ယောက်တော့တိုးလာပြီ။
    ညမီးအိမ်ကို MZdict နဲ့ပတ်သက်ပြီး project admin ပေးထားပါတယ်။ ညမီးအိမ်မှာ powerful အပြည့်ပေးထားပါတယ်။ ညမီးအိမ်လိုအပ်သလို ဆောင်ရွက်ပါ။
  • edited August 2008 Registered Users, Moderators
    bhope wrote: »
    ဒီလိုလုပ်ဗျာ မြန်မြန်ပြီးသွားအောင်... အနော်လဲ ၀ိုင်းရေးပေးပါ့မယ်။ K.L.M.N.O.P.Q.R ၈လုံးရေးပေးမယ်ဗျာ။ တစ်ခုတော့မေးချင်တယ်။ ဘယ် Dictionary ကိုပဲဖြစ်ဖြစ် အခြေခံပြီးရေးလို့ရလား။ ဒါလေးသိချင်လို့ပါ။ အခု အနော်A-Z.xls file ဆွဲပြီးသွားပြီ။မြန်မြန်လေးပြန်ဖြေပေးပါ။
    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကို bhope ရေ K to R ပေါ့။ ဒါဆိုကျွန်တော်က S to Z ၊ ကို Gipsy က A to J ပေါ့ C မပါဘူးနော်။ ဘယ် Dictionary ကိုအခြေခံရေးရေးရပါတယ်ဗျာ။

    ကျွန်တော်တစ်ခုမေတ္တာရပ်ခံချင်တာက စာလုံးတွေကိုအစဉ်လိုက်ရေးပေးပါ။ နောက်ပြီး အင်္ဂစာ စာလုံးပေါင်းသေချာစစ်ပေးပါ။ နောက်တစ်ခုက မြန်မာစာလုံးပေါင်းလုံးဝမမှားစေပါနဲ့ခင်ဗျ။ ဒါလေးတော့ကူညီပါနော်။
    saturngod wrote: »
    ညမီးအိမ်ကို MZdict နဲ့ပတ်သက်ပြီး project admin ပေးထားပါတယ်။ ညမီးအိမ်မှာ powerful အပြည့်ပေးထားပါတယ်။ ညမီးအိမ်လိုအပ်သလို ဆောင်ရွက်ပါ။

    ဟုတ်ကဲ့ပါ ကိုစေတန်။
  • edited August 2008 Administrators
    ဟုတ်ကဲ့ပါ ကိုစေတန်။
    ဟုတ်ကဲ့ ဆိုရင် ပဒုန်မာထက်တော့ ကောင်းအောင်လုပ်ဗျ၊ ပြိုင်တဲ့သဘောတော့ မဟုတ်ပါဘူး နောက်မှလုပ်ရင် ရှေ့က လူထက်တော့ သာအောင်လုပ်သင့်တယ် မဟုတ်လားဗျာ။ :d

    ခုလက်ရှိ ပဒုန်မာ ကတော့ မဆိုးပါဘူး လက်ရှိ ထွက်ထားတဲ့ Mz ထက် အများကြီးစုံတယ်။ :2:
  • edited August 2008 Registered Users
    MrDBA wrote: »

    ကျနော်တစ်ခုလောက်ပြောချင်ပါတယ်။ ကျနော့အနေနဲ့ ဗမာအဓိပ္ပါယ်ကို ၂ မျိုး ၃ မျိုးလောက် ထည့်စေချင်တယ်ဗျာ။ ကျနော်ရေးသမျှတော့ ရှိရင် အနည်းဆုံး ၂ မျိုးတော့ပါစေရမယ်။ ဒါမှ တကယ် အသုံး၀င်မှာပေါ့။ ဟုတ်တယ်ဟုတ် :)
  • edited August 2008 Registered Users, Moderators
    ဟုတ်ကဲ့ ကိုကြီး Dba ကျွန်တော်တို့ကြိုးစားပါမယ်။
    ကိုဘီဟုတ်ပြောတာကောင်းပါတယ်။ လုပ်ပါ။ ကျွန်တော်လဲဒီနေ့ကစပြီး သေချာလုပ်တော့မယ်ဗျို့။ မြန်မြန်အကောင်အထည်ဖော်ကြတာပေါ့ဗျာ။ ဟုတ်ဘူးလား မြန်မြန်နဲ့ကောင်းကောင်းလေးပေါ့။ မြန်လဲမြန် မှန်လဲမှန် တိတိကျကျလုပ်ကြတာပေါ့။
  • edited August 2008 Registered Users
    onsaw လည်းကူပါမယ်
    ဘယ်စာလုံးမရသေးဘူးလည်း
    ပြည့်သွားပြီလား
  • edited August 2008 Registered Users, Moderators
    အစ်မ onsaw ကလောလောဆယ် J နဲ့ S လေးယူလိုက်ပေါ့။

    ကျွန်တော်ပြောဖို့မေ့သွားလို့ဗျ။ အရင်အစ်ကိုတွေအစ်မတွေဖြည့်ထားတဲ့စာတွေကိုမဖျက်ပါနဲ့နော်။ အဓိပ္ပာယ်ထပ်ဖြည့်ချင်တယ်ဆိုရင်တော့ထည့်ပေါ့ဗျာ။ အရင်ဟာတွေတော့မဖျက်ပါနဲ့လို့ပြောချင်ပါတယ်။
  • edited August 2008 Registered Users, Moderators
    အရင်ကလုပ်ခဲ့တဲ့အစ်ကိုအစ်မတွေရေးထားတာပါ။ သူတို့တွေသိပ်မအားတော့တဲ့အချိန်မှာကျွန်တော်တို့တွေဆက်လုပ်ပေးကြတာပေါ့ဗျာ။

    http://www.mysteryzillion.org/forums/showthread.php?t=356

    အခုကျွန်တော်တို့ခွဲယူထားတဲ့စာရင်းက ဒီအတိုင်းနော်

    A to I က ကိုGipsy C မပါ စုစုပေါင်း ၈လုံး
    J နဲ့ S က မonsaw စုစုပေါင်း ၂လုံး
    K to R က ကိုဘီဟုတ် စုစုပေါင်း ၈လုံး
    T to Z and C က ညမီးအိမ် စုစုပေါင်း ၈လုံး
  • edited August 2008 Registered Users
    ဘာမစကြသေးတာလဲ
    ရှင်းအောင်ပြောပါ
  • edited August 2008 Registered Users, Moderators
    တကယ်တော့မစသေးတာမဟုတ်ဘူးဗျ။ လုပ်ပြီးတာတော်တော်ကြာနေပြီဗျ။ English-Myanmar Dictionary လုပ်နေတာဗျ။ အရင်လုပ်ထားတာ စာလုံးသိပ်မစုံသေးလို့ထပ်လုပ်နေကြတာပါ။
  • edited August 2008 Registered Users
    ကိုညမီးအိမ် ......ခင်ဗျာ ..

    ကျွန်တော်လဲ ....ကူညီလို့ ရမလားဗျ ....ပညာဒါနလိုချင်တယ်ဗျာ ...ဖြစ်နိုင်မယ်ဆိုရင်တော့ ကူညီခွင့်ပြုပါ ......

    ခင်မင်စွာဖြင့် ( တာယာ )
  • edited August 2008 Registered Users, Moderators
    ဟုတ်ကဲ့ တစ်ရက်လောက်တော့စောင့်ပေးပါ။ ကျွန်တော်အရင်လူတွေကိုမေးကြည့်လိုက်ဦးမယ်ဗျ။ သူတို့ဘယ်စာလုံးတွေရိုက်နေပြီလဲဆိုတာ...သူတို့မရိုက်ရသေးတာတွေကိုခွဲပေးပါ့မယ်။
  • edited August 2008 Registered Users
    ဟုတ်ကဲ့ တစ်ရက်လောက်တော့စောင့်ပေးပါ။ ကျွန်တော်အရင်လူတွေကိုမေးကြည့်လိုက်ဦးမယ်ဗျ။ သူတို့ဘယ်စာလုံးတွေရိုက်နေပြီလဲဆိုတာ...သူတို့မရိုက်ရသေးတာတွေကိုခွဲပေးပါ့မယ်။

    ဟုတ်ကဲ့ပါ ကိုညမီးအိမ် ....စောင့်နေပါ့မယ်ဗျာ ....ကျေးဇူးပါ ...။

    MZ member တွေကတော့ လူတစ်ဖက်သားကို တကယ့်ကို ကူညီချင်တဲ့ စိတ်ထားရှိကြပါတယ်။ တကယ့်ကိုလေးစားစရာပါ။ ဒီ Dictionary ကိစ္စက ကိုညမီးအိမ်ပဲစဉ်းစား ဆုံးဖြတ်ရမှာလေ။ ဒီတော့ ကိုညမီးအိမ်ကို ကျနော်အကြံတစ်ခုပေးချင်ပါတယ်။ အခု Gispy က A to J က ကို ရေးနေပြီ။ ကျနော်လဲ K to R ရေးနေပြီ။ ကိုညမီးအိမ် ကလဲ T to Z ရေးနေပြီ။ ဒါပေမယ့် ဘယ်သူမှ အများကြီးပြီးအုံးမှာ မဟုတ်သေးဘူးလေ။ ဒီတော့ ရေးတဲ့အခါ ကိုယ်စရေးမယ့် နေရာရဲ့ အရှေ့ဆုံးစာလုံးကနေပဲစရေးရင် အဆင်ပြေတာပေါ့။ ကျနော်လဲ ဒီလိုပဲစရေးတယ်လေ။ ဒါမှ တခြားကူညီချင်တဲ့သူတွေ အတွက်လဲ အဆင်ပြေတာပေါ့။ အားလုံးကတော့ ရေးနိုင်ကြတာပါပဲ။ ဒါပေမယ့် လူများများနဲ့လုပ်တော့ မြန်မြန်ပြီးတာပေါ့။ တခါတလေကျတော့လဲ ကိုယ်က တာ၀န်ယူထားပေမယ့် နေမကောင်းတာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေပေါ်လာတာလဲ ဖြစ်နို်င်တယ်လေ။ ကောင်းပါတယ်။ ကိုညမီးအိမ် အဆင်ပြေသလို စီစဉ်လိုက်ပါ။ ကျနော်ကတော့ ဒီနေ့ K အပြီးသတ်ရေးမယ်။
  • edited August 2008 Registered Users, Moderators
    ကိုဘီဟုတ်ရေကျေးဇူးဗျ။ ဒါဆိုကျွန်တော်ကိုတာယာကိုခွဲပေးလို့ရပြီ။ ကိုတာယာရိုက်ပေးရမယ့်စာလုံးတွေက H,I,Q,R,Y and Z ရိုက်ပေးပါ။ ဒါဆိုအခုစာရင်းက

    ကိုgipsyက A to G အထိ C မပါ။ (၆လုံး)
    မအွန်စောက J and S (၂လုံး)
    ကိုဘီဟုတ်က K to P အထိ (၆လုံး)
    ညမီးအိမ်က T to X နဲ့ C အထိ (၆လုံး)
    ကိုတာယာက H,I,Q,R,Y and Z (၆လုံး)
  • edited August 2008 Administrators
    အားပေးနေတယ်ဗျို့။
    :6:
  • edited August 2008 Registered Users
    ကိုတာယာက H,I,Q,R,Y and Z (၆လုံး)

    ........

    က ဲ ..စရေးနေပြီဗျို့ ......ကိုညမီးအိမ် ..ကျေးဇူးဗျာ ...ပညာဒါနပြုရတဲ့အတွက် ....

    MZ က လူသားအားလုံးကို လေးစားပါတယ် ......

    ခင်မင်စွာဖြင့် ( တာယာ )
  • edited August 2008 Registered Users
    ကိုတာယာက H,i,q,r,y And Z (၆လုံး)

    ........

    က ဲ ..စရေးနေပြီဗျို့ ......ကိုညမီးအိမ် ..ကျေးဇူးဗျာ ...ပညာဒါနပြုရတဲ့အတွက် ....

    Mz က လူသားအားလုံးကို လေးစားပါတယ် ......

    ခင်မင်စွာဖြင့် ( တာယာ )
    ကိုတာယာရေ...
    ဆရာလုပ်တယ်တော့မထင်နဲ့နော။ နဲနဲသေသေချာချာ မေးကြည့်ပါအုံး။ ကျနော်လဲ အစကနေ K အစအဆုံးရေးထားတာ အခုပဲပြီးတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ရေးပြီးသားကိုပြန်ပြင်ရုံ၊ ပြန်စစ်ရုံ၊ လိုတာတွေ ထပ်ဖြည့်ရုံပဲမဟုတ်လား။ အဲ့လိုပဲထင်တာပဲ။ ဘယ်လိုလဲကိုညမီးအိမ်ရေ.. နဲနဲပြောအုံး။ ကျနော်ဘယ်လိုဆက်လုပ်ရမလဲ။
  • edited August 2008 Registered Users, Moderators
    ကိုဘီဟုတ်ရေ ရေးပြီးသားတွေကိုပြန်မပြင်ပါနဲ့ဗျာ။ အဓိပ္ပာယ်ထပ်ဖြည့်ချင်ရင်တော့ဖြည့်ပါ။ လိုတာတွေထပ်ဖြည့်ပေးရုံနဲ့ရပါတယ်ဗျာ။ တခြားမလိုပါဘူး။ အခုစည်သူကပြောတယ်ဗျ။ ပြီးသွားတဲ့စာလုံးတွေသူ့ဆီမပို့နဲ့တဲ့။ ပြီးသွားတဲ့စာလုံးတွေကျွန်တော်ဆီကိုပဲပို့ပေးကြပါ။ ကျွန်တော့်မေးလ်က [email protected] ပါ။
  • edited August 2008 Registered Users
    အစ်ကို ညမီးအိမ်(Project Owner)ကြီးရေ စလုပ်နေကြောင်းသတင်းပို့ပါတယ် ခင်ဗျား။:D:D
  • edited August 2008 Registered Users
    onsaw လည်း စနေပြီနော်
    J စနေပြီ လိုတာတွေထပ်ထည့်တယ်
    အဲဒီဖိုင်ကိုဘဲ ကိုစည်သူကိုပို့ရမှာလား
    ဒီညတော့ပြီးအောင်လုပ်မယ်နော်
    အွန်စော
  • edited August 2008 Registered Users
    အစ်မရေကြိုးစားထားဗျ:67::67::67:
    ကျွန်တော်တော့ဒီကနေ့ a စနေပြီ။မပြီးသေဘူးဗျ။
    အားရင်အားသလို့တော့လုပ်နေတာပဲ
    ဆက်ပြီးလုပ်လိုက်ဦးမယ်။:103::103:
  • edited August 2008 Registered Users
    ကိုဘီဟုတ်ရေ ရေးပြီးသားတွေကိုပြန်မပြင်ပါနဲ့ဗျာ။ အဓိပ္ပာယ်ထပ်ဖြည့်ချင်ရင်တော့ဖြည့်ပါ။ လိုတာတွေထပ်ဖြည့်ပေးရုံနဲ့ရပါတယ်ဗျာ။ တခြားမလိုပါဘူး။ အခုစည်သူကပြောတယ်ဗျ။ ပြီးသွားတဲ့စာလုံးတွေသူ့ဆီမပို့နဲ့တဲ့။ ပြီးသွားတဲ့စာလုံးတွေကျွန်တော်ဆီကိုပဲပို့ပေးကြပါ။ ကျွန်တော့်မေးလ်က [email protected] ပါ။

    ကျနော်ပြင်တယ်ဆိုတာ စာလုံးပေါင်းမှားတဲ့ဟာတွေပါခင်ဗျာ။ တချို့စာလုံးတွေကဗမာလရိုက်တာ ကျန်ပြီး တချို့စာလုံး ကျတော့ English typing တွေမှားတာတွေရှိတယ်။ အဲ့ဒါလေးတွေ ပြန်ပြင်တာပါ ဗျာ။ တမျိုးမထင်ပါနဲ့။ အဲ့လိုပါ။
  • edited August 2008 Registered Users, Moderators
    onsaw လည်း စနေပြီနော်
    J စနေပြီ လိုတာတွေထပ်ထည့်တယ်
    အဲဒီဖိုင်ကိုဘဲ ကိုစည်သူကိုပို့ရမှာလား
    ဒီညတော့ပြီးအောင်လုပ်မယ်နော်
    အွန်စော
    ကိုစည်သူကတော့ ကျွန်တော်ကိုပဲလက်ခံခိုင်းတယ်ဗျ။ ဒါကြောင့်ပြီးသွားတဲ့စာလုံးတွေကို ကျွန်တော်ဆီပို့ပေးပါ။ mail လိပ်စာက [email protected] ပါ။
    အစ်မရေကြိုးစားထားဗျ:67::67::67:
    ကျွန်တော်တော့ဒီကနေ့ a စနေပြီ။မပြီးသေဘူးဗျ။
    အားရင်အားသလို့တော့လုပ်နေတာပဲ
    ဆက်ပြီးလုပ်လိုက်ဦးမယ်။:103::103:
    မအားတဲ့ကြားကကူညီပေးတဲ့ကိုပြည့်စုံကိုကျေးဇူးတင်ပါတယ်။
    ကျနော်ပြင်တယ်ဆိုတာ စာလုံးပေါင်းမှားတဲ့ဟာတွေပါခင်ဗျာ။ တချို့စာလုံးတွေကဗမာလရိုက်တာ ကျန်ပြီး တချို့စာလုံး ကျတော့ English typing တွေမှားတာတွေရှိတယ်။ အဲ့ဒါလေးတွေ ပြန်ပြင်တာပါ ဗျာ။ တမျိုးမထင်ပါနဲ့။ အဲ့လိုပါ။
    ဟုတ်ကဲ့ ကျွန်တော်မှားသွားတယ်ဗျ။ အတွေးနည်းနည်းချော်သွားတယ်။ အဲဒီအတွက်တောင်းပန်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ကိုဘီဟုတ်။ အစ်ကိုပြီးသွားရင်ကျွန်တော်ဆီပို့လိုက်နော်။
  • edited August 2008 Registered Users
    onsaw J ပြီးပြီ
    ပို့နေတာ ရမရ စာပြန်ပါ
    glite ကနေပို့တော့ 5 Mb ဘဲလက်ခံတယ်နော်
    စက်ကအိမ်ကနေဆိုတော့နှေးနေတယ်။
    ဘယ်မှာမြန်မလည်းမသိဘူး
  • edited August 2008 Registered Users
    a ပြီးသွားပါပြီ
    အခုလောလောဆယ်တော့ Blog ရေးခြင်း၊ MZ Blog ကလိခြင်း၊ 000webhost ကလိခြင်း၊
    MZ တွင်ရာထူးတိုးဖို့အတွက် ပိုစ့် ရေးခြင်း၊ ချက်တင်ထိုင်ခြင်း၊ forward ပို့ခြင်းများကိုရပ်နားပြီး ဆက်ရိုက်လိုက်ပါဦးမယ်၊
    နောက်လ လဆန်းပိုင်းတွင်ပြီးဖို့ဆုံးဖြတ်ထားပါသည်။(စိတ်ကူး) အခုတော့ G ကိုဆက်ရိုက်လိုက်ပါမည်
  • edited September 2008 Registered Users, Moderators
    MZ ဒေါင်းသွားတော့ MZ က Member တွေနဲ့အဆက်အသွယ်တော်တော်ပြတ်သွားတယ်ဗျာ။ အခုကျွန်တော်ပြောချင်တာကတော့ ရိုက်လို့ပြီးသွားတဲ့စာလုံးများကို ကျွန်တော် mail ဖြစ်တဲ့ [email protected] သို့ပို့ပေးကြပါဦးဗျာ။ မအွန်စောကလွှဲပြီးဘယ်သူမှကျွန်တော့်ကိုမပို့သေးဘူး။ စာလုံးတစ်လုံးပြီးရင် တစ်ခါပို့ပေးပါရန်မေတ္တာရပ်ခံပါတယ်။

    a - complete ကိုgipsy(ပြည့်စုံ)
    b - ကိုgipsy(ပြည့်စုံ)
    c - complete ညမီးအိမ်
    d - ကိုgipsy(ပြည့်စုံ)
    e - ကိုgipsy(ပြည့်စုံ)
    f - ကိုgipsy(ပြည့်စုံ)
    g - complete ကိုgipsy(ပြည့်စုံ)
    h - ကိုတာယာ
    i - ကိုတာယာ
    j - complete မအွန်စော
    k - ကိုဘီဟုတ်
    l - ကိုဘီဟုတ်
    m - ကိုဘီဟုတ်
    n - ကိုဘီဟုတ်
    o - ကိုဘီဟုတ်
    p - ကိုဘီဟုတ်
    q - ကိုတာယာ
    r - ကိုတာယာ
    s - မအွန်စော
    t - ညမီးအိမ်
    u - ညမီးအိမ်
    v - ညမီးအိမ်
    w - ညမီးအိမ်
    x - ညမီးအိမ်
    y - ကိုတာယာ
    z - ကိုတာယာ
  • edited September 2008 Registered Users
    ပို့ပြီးသွားပြီနော်
    အေ
    ရောက်မရောက်ပြောဦး bro ရေ
  • edited September 2008 Registered Users, Moderators
    ပြည့်စုံဆီက a နဲ့ g ကိုလက်ခံရရှိကြောင်း ကြေငြာပါတယ်ဗျာ။
  • edited September 2008 Registered Users
    ပြည့်စုံဆီက a နဲ့ g ကိုလက်ခံရရှိကြောင်း ကြေငြာပါတယ်ဗျာ။
    မဆိုးဘူး တော်တယ် အဲဒီလို ကြေငြာပေးလို့
    ရှဲ ရှဲ
  • edited September 2008 Registered Users
    အဆက်အသွယ်ပြတ်နေလို့
    မအွန်စောလည်း
    ခုမှဆက်မယ်နော်.....တွေ့ ပုချီ....
    ပြီး မှအကြောင်းကြားမယ်။
  • edited September 2008 Registered Users
    တော်သေးတယ် ဘယ်သူမှသိပ်မပြီးသေးလို့
    ကျွန်တော်လည်း php နည်းနည်းလုပ်နေတာနဲ့ သိပ်မရိုက်ဖြစ်တော့ဘူး
    ကျွန်တော်ဖတ်းဖူးတာလေးပါ
    ပထမ english to myanmar dictionary ကိုမက္ခရာမင်းသားကြီး (1153-1200) က အင်းဝမြို့ နေပြည်တော်တွင် လာရောက်နေထိုင်သော Mr.Lane နဲ့ ပေါင်းလုပ်တာ 1830 ကနေ ပြီးတော့ 1835 ထိကြာတယ်တဲ့ အဲဒါကို 1841 ကြတော့ India နိုင်ငံ Calcutta မြို့ မှာရှိတဲ့ သာသနာပြုစာပုံနှိပ်တိုက်မှာ ပုံနှိပ်ခဲ့တယ်တဲ့ အဲဒီ အဘိဓာတ်ကို ဒီမိုင်း စက္ကူ ဆိုက်ကြီး နဲ့ပြုလုပ်ထားပြီး စာမျက်နှာ 460 ပါဝင်တယ်လို့သိရပါတယ် အဘိဓာန်လုပ်သူတွေ သိသင့်တယ်ထင်လို့ပါ
  • edited September 2008 Administrators
    Gipsy wrote: »
    တော်သေးတယ် ဘယ်သူမှသိပ်မပြီးသေးလို့
    ကျွန်တော်လည်း php နည်းနည်းလုပ်နေတာနဲ့ သိပ်မရိုက်ဖြစ်တော့ဘူး
    ကျွန်တော်ဖတ်းဖူးတာလေးပါ
    ပထမ english to myanmar dictionary ကိုမက္ခရာမင်းသားကြီး (1153-1200) က အင်းဝမြို့ နေပြည်တော်တွင် လာရောက်နေထိုင်သော mr.lane နဲ့ ပေါင်းလုပ်တာ 1830 ကနေ ပြီးတော့ 1835 ထိကြာတယ်တဲ့ အဲဒါကို 1841 ကြတော့ india နိုင်ငံ calcutta မြို့ မှာရှိတဲ့ သာသနာပြုစာပုံနှိပ်တိုက်မှာ ပုံနှိပ်ခဲ့တယ်တဲ့ အဲဒီ အဘိဓာတ်ကို ဒီမိုင်း စက္ကူ ဆိုက်ကြီး နဲ့ပြုလုပ်ထားပြီး စာမျက်နှာ 460 ပါဝင်တယ်လို့သိရပါတယ် အဘိဓာန်လုပ်သူတွေ သိသင့်တယ်ထင်လို့ပါ

    သဘောက ငါးနှစ်လောက်တော့ လုပ်ပေါ့ အဲဂလိုလား :14:
    ကျော်ဟိန်းပြောသလို ၁၀ နှစ် ၁၀နှစ်လို့ အော်မှထင်တယ် :2:
  • edited September 2008 Registered Users
    MrDBA wrote: »
    သဘောက ငါးနှစ်လောက်တော့ လုပ်ပေါ့ အဲဂလိုလား :14:
    ကျော်ဟိန်းပြောသလို ၁၀ နှစ် ၁၀နှစ်လို့ အော်မှထင်တယ် :2:
    မဟုတ်ပါဘူးအစ်ကိုရလည်း ဒီအတိုင်း ဗဟုသုတအနေနဲ့ပါ
    သူတို့ က လူနှစ်ယောက်တည်း ကျွန်တော်တို့ က လူငါးယောက်လောက်ရှိတာ 1 နှစ်ဆိုတော်ပြီပေါ့
    မဟုတ်ဘူးလား
    ဟီး နောက်တာ
  • edited September 2008 Registered Users
    ကျနော်လဲ ကူညီချင်ပါတယ်..
    အမှန်တကယ် ကူညီချင်သူ..
  • edited September 2008 Registered Users, Moderators
    ကို user=CodeName ကူညီချင်တယ်ဆိုတာသိရလို့ဝမ်းသာပါတယ်ဗျာ။ အခုနောက်ပိုင်းကျွန်တော်သိပ်မအားလို့ ကျွန်တော် ရိုက်ရမယ့်အပိုင်းလေးကိုကူညီပေးပေါ့ဗျာ။ v,w,x ကိုတာဝန်ယူပေးပေါ့ဗျာ။ ဖြစ်တယ်မလားဗျ။ ကူညီနိုင်တယ်ဆိုရင်ဖြင့် အကြောင်းပြန်ပါဦးဗျာ။
  • edited September 2008 Registered Users
    ကိုညမီးအိမ်.
    ခရီးလွန်သွားလို့ စာပြန်တာ နောက်ကျသွားတယ် :D:D
    ရိုက်ရမဲ့ simple ပုံစံလေး ဘယ်မှာ ဒေါင်းရမလဲ..
    မေးနဲ့ဖြစ်ဖြစ် ပို့လိုက်ပါ..
    [email protected]
    စောင့်နေပါတယ်.
  • edited September 2008 Registered Users
    တာဝန်မှ နှုတ်ထွက်ခြင်း
    ကျွန်တော် ဂျစ်ပဆီလေး (သို့) ပြည့်စုံသည် နောက်လတွင် ကျင်းပမည့် အဝေးသင် စာမေးပွဲများ ကို တိုက်ခိုက်ဖြေ ဆိုရမည်ဖြစ်သောကြောင့် ကျွန်တော် တာဝန်မှယူထားသော MZ Dictionary ရိုက်ခြင်း များကို တာဝန်မကျေခြင်း များစွာဖြင့် နှုတ်ထွက် သွားပြီဖြစ်ကြောင်း Project Admin နှင့် Project Moderator များကိုအကြောင်းကြားအပ်ပါသည်
    သို့ဖြစ်သောကြောင့် ကျွန်တော် ရိုက်ရန်ကျန် သည့်စကားလုံးများကို MZ Member တစ်စုံတစ်ဦး သို့ အများ ကတာဝန်ယူပေးစေလိုပါသည်
    ကျွန်တော် ရိုက်ရန်ကျန်သည့် စကားလုံးများ မှာ b,d,e,f လေးလုံးဖြစ်ပါသည်
    ကျေးဇူးအထူးတင်စွာဖြင့်
    ဂျစ်ပဆီလေး(ပြည့်စုံ)
  • edited September 2008 Registered Users, Moderators
    အင်းးး မလုပ်နိုင်တော့ဘူးဆိုတော့လဲ ဘာတတ်နိုင်မှာလဲ...ကျွန်တော်ပဲအားရင်ဆက်လုပ်ရမှာပေါ့။
    ကိုညမီးအိမ်.
    ခရီးလွန်သွားလို့ စာပြန်တာ နောက်ကျသွားတယ် :d:d
    ရိုက်ရမဲ့ simple ပုံစံလေး ဘယ်မှာ ဒေါင်းရမလဲ..
    မေးနဲ့ဖြစ်ဖြစ် ပို့လိုက်ပါ..
    [email protected]
    စောင့်နေပါတယ်.

    ကို user=CodeName ရေ http://www.mysteryzillion.org/forums/showthread.php?t=356 အဲဒီမှာအစအဆုံးဖတ်ကြည့်ဗျ။ ဒီ project ကအရင်ကတည်းကလုပ်ကြတဲ့သူတွေဆွေးနွေးထားတာရှိတယ်။ အစ်ကိုကူညီမယ်ဆိုရင် အကြောင်းပြန်ပါဦးဗျာ။ အခုလေးတင်တစ်ယောက်ထွက်သွားပြီဆိုတော့ အကူအညီအရမ်းလိုနေတယ်ဗျာ။ ကျွန်တော်ကလဲအခုနောက်ပိုင်းသိပ်မအားဘူးဖြစ်နေလို့ပါ။ ဖြစ်နိုင်ရင်ကူညီကြပါ။
  • edited October 2008 Registered Users
    စမ်းရေလဲကူမယ်လေ။ဘယ်လိုလုပ်ရမယ်ဆိုတာလေးပြောပြပါ။
  • edited October 2008 Registered Users
    စမ်းရေလဲကူမယ်လေ။ဘယ်လိုလုပ်ရမယ်ဆိုတာလေးပြောပြပါ ။လိုအပ်သေးရင်ပေါ့။စမ်းရေကခုမှ member ၀င်တာဆိုတော ့။ပြီပြီးလားတောင်မသိ။
  • edited October 2008 Registered Users, Moderators
    အစ်မ စမ်းရေ ရေကူညီမယ်ဆိုလို့ဝမ်းသာမိပါတယ်။ မကူညီခင် ဘယ်လို ကူညီရမလဲဆိုတာ အပေါ်မှာပြောထားတဲ့ နေရာလေးမှာအရင်ဖတ်ကြည့်ပါဦးဗျာ။

    အပေါ်ကလင့်ခ် http://www.mysteryzillion.org/forums/showthread.php?t=356 ကူညီနိုင်မယ်ဆိုအကြောင်းပြန်ပါဦးနော်။
  • edited October 2008 Registered Users, Moderators
    လက်ရှိစာရင်း

    a - complete ကိုgipsy(ပြည့်စုံ)
    b - available
    c - complete ညမီးအိမ်
    d - available
    e -
    available
    f -
    available
    g - complete ကိုgipsy(ပြည့်စုံ)
    h - ကိုတာယာ
    i - ကိုတာယာ
    j - complete မအွန်စော
    k - ကိုဘီဟုတ်
    l - ကိုဘီဟုတ်
    m - ကိုဘီဟုတ်
    n - ကိုဘီဟုတ်
    o - ကိုဘီဟုတ်
    p - ကိုဘီဟုတ်
    q - ကိုတာယာ
    r - ကိုတာယာ
    s - မအွန်စော
    t - ညမီးအိမ် available
    u - ညမီးအိမ် available
    v - ညမီးအိမ် available
    w - ညမီးအိမ် available
    x - complete ညမီးအိမ်
    y - ကိုတာယာ
    z - ကိုတာယာ

    ကျွန်တော့်ကိုစာရင်းရှိလူများတစ်ယောက်မှလဲအကြောင်းမပြန်ကြဘူးဗျာ။ အဆင်မပြေဘူးဆိုလဲပြောကြပါ။ စာရင်းရှိလူများ ဘာမှအကြောင်းမပြန်တော့ ဘာဆက်လုပ်ရမလဲမသိဘူးဗျ။ စာရင်းရှိလူများလဲအကြောင်းပြန်ပါဦး။ (မေ့များမေ့နေလားမသိ) မအားတော့ရင်လဲပြောပါဗျာ။ ကျွန်တော်တမျိုးလို့စီစဉ်ရအောင်ပေါ့။
  • edited October 2008 Registered Users
    ကိုညမီးအိမ်ရေ
    အိယောင်ဝါးတော့ မလုပ်ပါဘူးနော်။ စာရိုက်ပေးရမယ်ဆို ဝင်ကူချင်လို့ဟာ လင့်ခ်ပေးထားတဲ့ တော့ပစ်ကို အကုန်ဖတ်ပြီးသော်လည်း ဘာလုပ်ရမည် မသိသေးပါ။ :106:
    အဲ့မှာပြောထားကြတာ ဖတ်ပြီး နားလည်သလောက်တော့ စစချင်း အဘိဓာန်ထဲကဟာကို ပြန်ရိုက်တာ အကုန်ပြီးနေပြီ။ ရိုက်ပြီးသားဖြစ်တဲ့ word ကနေ 3 columns excel ထဲပြောင်းတာလည်း အတော်များများပြီးနေပြီ။ ဟုတ်လား ?? information.zip လည်း ဒေါင်းလုပ်လုပ်ထားတယ်။ နမူနာ excel ဖိုင်လည်း ကြည့်ကြည့်ပြီးပြီ။ ဒါမဲ့ ဒီနားမယ် ဖတ်ရတာ ပြန်ရိုက်နေကြသလိုပဲ။ ခဏခဏရှင်းပြရတာ မောနေမယ်တော့ သိပါတယ်။ (ရေသောက်လိုက်အုံးနော် ဟိ) ဒါမဲ့ ခု ဘယ်လိုကူရမယ် မသိသေးလို့ ထပ်ပြောပြအုံးလို့ တောင်းဆိုချင်ပါတယ်။ :D
    ခု available ဖြစ်နေတဲ့စာလုံးတွေကို information.zip ထဲက သက်ဆိုင်ရာ word ဖိုိင်ကနေကူးပြီး excel ထဲ ပြန်ထည့်ပေးရမှာလား။ ပြောနော် ပြောနော်။ :67:
  • edited October 2008 Registered Users, Moderators
    ကိုအီးယောင်ဝါးရေ ဒီလိုဗျ အစ်ကို Excel ဖိုင်ကိုဒေါင်းလုပ်ချပြီးသွားပြီမလားဗျ။ အဲဒီထဲမှာ ကျွန်တော်တို့အရင် အစ်ကိုတွေအစ်မတွေရိုက်ပြီးသားရှိတယ်။ အဲဒါက စာလုံးတွေသိပ်မစုံသေးလို့ အခုထပ်မံ ဖြည့်နေတာပါ။ အစ်ကိုအခုဘယ်လိုကူညီရမလဲဆိုရင် အဲဒီ Excel ဖိုင်ထဲမှာ ရိုက်ပြီးသားစာလုံးတွေရှိတယ်ဗျ။ အစ်ကို့မှာရှိတဲ့ dictionary နဲ့လိုနေတဲ့စာလုံးတွေကိုရိုက်ထည့်ပြီးကူညီပေးရုံပါပဲ။ ကူညီမယ်ဆို အကြောင်းပြန်ပါဦးနော်။ မရှင်းသေးရင်ထပ်မေးနိုင်ပါတယ်ဗျာ။

    a-z.xls ဒေါင်းလုပ်လင့်ခ်လေးပါ။
ဒီဆွေးနွေးချက် ကို ပိတ်ထား ပြီးပါပြီ။