MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Wireless Problem

edited May 2012 in Networking
ကျွန်တော်လက်ရှိဖြစ်နေတဲ့ပြသနာကိုပြောပြချင်ပါတယ်...ကူညီလို့ရရင်ကူညီပေးကြပါအုံးခင်ဗျား.....
ဖိုင်ဘာ ၂ မက်လိုင်းပါ ...ကျွန်တော်ရဲ့ setting က
GPON ကလန်ကြိုးက Router ထဲကိုဝင်ပါတယ် Router ကနေ Porxy Server(Linux) ကိုသွားပါတယ်
Porxy Server(Linux) ကနေ (AP1 & AP2)(TP Link CPE2.4GHz) ၂ခုနဲ့ (Bridge Mode) နဲ့လွှတ်ပါတယ်
AP3 က AP1 လွှတ်တာကိုဖမ်းပြီး တဆင့်ပြန်လွှတ်ပါတယ်..(AP3 မှာUser ၆ယောက်လောက်ရှိပါတယ်)
AP4 က AP1 လွှတ်တာကိုဖမ်းပြီး တဆင့်ပြန်လွှတ်ပါတယ်..(AP4 မှာUser ၆ယောက်လောက်ရှိပါတယ်)
AP5 က AP2 လွှတ်တာကိုဖမ်းပြီး တဆင့်ပြန်လွှတ်ပါတယ်..(AP5 မှာUser ၆ယောက်လောက်ရှိပါတယ်)
ဖြစ်နေတဲ့ပြသနာကserver ကို ping လိုက်ရင် request time out အရမ်းဖြစ်ပါတယ်
သုံးတဲ့လူ၁၀ယောက်လောက်ဆိုစဖြစ်ပါတယ် ping ရင် 2000ms to 3000ms ကြားလောက်မှာရှိပြီး
request time out အရမ်းဖြစ်ပါတယ်
request time out ဖြစ်တော့ connection ကလဲမငြိမ်ပါဘူး တက်လိုက်ကျလိုက်ဖြစ်နေပါတယ် ...
signal တွေကလဲ 15db ကနေ 30db လောက်ရှိပါတယ်
AP တခုနဲ့တခုက မိုင်ဝက်လောက်တောင်မဝေးပါဘူး
ဘာကြောင့်ဖြစ်တာလဲဆိုတာပြောပြပေးပါအုံးခင်ဗျာ......

မှတ်ချက်များ

  • Registered Users
    အစ်ကို....ကျွန်တော်သိသလောက်တော့.....AP တွေ Face to Face မဖြစ်လို ့ထင်တယ်....direction ပေါ့ဗျာ....
    Route လုပ်တဲ့ကောင်နဲ ့ Received လုပ်တဲ့ကောင်....လမ်းကြောင်း....တည့် ပြီး....ကြားခံတွေရှင်းရင်ပိုကောင်းတယ်
    ထင်တယ်ဗျ....တိုင်မြင့်မြင့်လေးနဲ ့...face to face direction လေး ဖြစ်အောင်ပြန်စမ်းကြည်ပါလို ့အကြံပေးချင်ပါတယ်....
  • Registered Users
    သြော်...နောက်ပြီး....AP တွေ တစ်လုံးနဲ ့တစ်လုံး....DB တွေ တူရင် ပိုကောင်းတယ်ဗျ....အဲဒါလေးလည်စစ်ကြည့်ပါဦးဗျာ....
  • Registered Users
    ဟုတ်ကဲ့ပါ ... AP တွေကတော့ face to face ဖြစ်တယ်ခင်ဗျ
    ဖြစ်တာကလဲ လူသုံးများတဲ့အချိန်တွေမှာ ဖြစ်တာ ....ဘာကြောင့်ဖြစ်တာလဲဆိုတာသိရင်ပြောပြပေးပါအုံးခင်ဗျာ..
  • Registered Users
    I think linux server problem.
  • Registered Users
    ဟုတ်လားကိုပေါက်...
    ဘယ်လိုပြသနာမျိုးလဲ
    သိရင်နဲနဲလောက်ပြောပြပါလား...
  • Registered Users
    It may b channel problem . First u change malaysia and then Channel 13 b ok in myanmar.
  • Registered Users

    channel no တွေကို တစ်ခုနဲ့တစ်ခုမတူအောင်ပေးကြည့်ပါလားဗျ.

  • Registered Users

    AP 1 working heavy loading. Ap 1 sholude be use 1 to 6 user. If u want more change brand UNQT or Engenius.

  • edited March 2014 Registered Users

    အစ်ကိုရေ တူတူပဲ 2.4GHz Outdoor CPE TL-WA5210G ပဲသုံးထားတာ အရင်က မဖြစ်ဖူးဘူး အခုမှ ကျွန်တော်လဲ တိုင်ပတ်နေတုန်း ဗူးတွေလဲ အသစ်လဲပြီးပြီ Router လဲ အသစ်လဲပြီးပြီ Skynet UT က နေ Router ၀င် Router ကနေ CPE AP ထဲဝင် Repeater Mode နဲ့ပြန်ဖမ်း Channel 11 ပေးထားတယ်.... Signal 30db ကျော် 40 ၀န်းကျင်ရတယ်
    Client က လှမ်းချိတ်ရင် တန်းမရဘူး တော်တော်ကြာမှ IP ကျတယ်..ရတော့လဲ timeout တွေများတယ်..CPE Power ပိတ်ပြီးပြန်ဖွင့်ရင်လဲ တော်တော်ကြာ နာရီ၀က် ၁ နာရီ လောက်ကြာမှ Connect ဖြစ်ချင်လဲဖြစ်တယ်...
    အခု Connect လုပ် အခု Connect တန်းရတဲ့ အလုံးတွေလဲရတယ်.. timeout တွေများတယ်
    ဘာလုပ်ရမှန်းမသိလို့ စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေတာ ၄ ရက်လောက်ရှိပြီ ဗျို့ ...
    ဘယ်သူ့အကူအညီတောင်းရ မှန်းလဲ မသိ၊ နယ်မှာဆိုတော့ ခက်သားဗျာ

    ဪ မေ့လို့ Engenius ပြောင်းသုံးမလားလို့ AP ကို Client က TPLink 2.4GHz Outdoor CPE TL-WA5210G နဲ့ပြန်ဖမ်းလို့ ရပါ့မလား စမ်းဖူးတဲ့ အစ်ကိုတွေ ပြောပြပါအုံး

  • Registered Users

    2.4GHz Outdoor CPE TL-WA5210G နဲ့ လွှင့်ပြီး အဲ့ကောင်နဲ့ပဲ ပြန်ဖမ်းတာ အဆင်ပြေသွားပါပြီ
    ဖြစ်တဲ့ ပြဿနာ က cat6 အပြာကြိုးဗျာ..
    ကျန်တာအကုန်ကောင်းတယ် အခုလဲ ကွန်ပျူတာ နဲ့ Switch နဲ့ချိတ်သုံးတာ အဆင်ပြေတယ်ဗျာ..
    တိုင်ပေါ်က CPE ဗူးနဲ့တွဲတော့မှ အဆင်မပြေတာ..
    ကျွန်တော်လဲ နောက်ဆုံးကြံရာ မရ cat6 ကြိုးတွေ လဲချပစ်လိုက်ရော.. (လဲစမ်းကြည့် စရာဆိုလို ဒါပဲရှိတော့တာလေ) အပေါ်ပို့မှာတုန်းကပြောခဲ့တာတွေ အကုန်အဆင်ပြေသွားတယ်.. ထင်ရဘူးနော်... အဲ့လိုဖြစ်လိမ့်မယ်လို့... ကောင်းကောင်းပညာရလိုက်တယ်ဗျာ...
    ကျွန်တော့်လို အဖြစ်မျိုးတခြားသူတွေ ကြုံကောင်းကြုံနိုင်တာမို့ အဆင်ပြေသွားကြောင်း ဒီပို့နဲ့ ပြန်မျှဝေလိုက်ပါတယ်..

Sign In or Register to comment.