MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

gmail 2 steps verification Problem!!!

edited July 2012 in Internet Security
2 step verification ကို မိမိရဲ့ အီးမေးမှာ ထည့်ထားတာကို ပြန်ဖြုတ်ချင်ပါတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် ကိုယ့်ရဲ့ ဖုန်းအနားမှာ မရှိရင် အဲဒီအကောင့်ကို ဖွင့်လို့ မရပါဘူး။ လုံခြုံတာကတော့ မှန်ပေမဲ့ ဆင်းကဒ် တစ်ခုခု ဖြစ်လျှင် အဲဒီအကောင့်ကို ဖွင့်ဖို့ မလွယ်ကူတော့လို့ပါ။ ထည့်တာကတော့ လွယ်ပါတယ်။ ဖြုတ်တော့ ဘယ်လို ပြန်ဖြုတ်ရမယ်ဆိုတာကို မသိဘူး ဖြစ်နေပါတယ်။ ကျေးဇူးပြု၍...
Tagged:

မှတ်ချက်များ

  • Registered Users
    ၁။ Google Account Settings ကိုသွားပါ။
    ၂။ ဘယ်ဘက်မှာ Security ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ရင် 2 step verification ဆိုတာတွေ့ပါလိမ့်မယ်။
    ၃။ သူ့ဘေးက Edit ထဲ၀င်လိုက်ရင်စာတွေအများကြီးပါတဲ့ Page တစ်ခုပေါ်လာပါလိမ့်မယ်။
    ၄။ အပေါ်ဆုံးရဲ့ညာဘက်နားမှာ Turn off 2 step verification ဆိုတာရှိပါတယ်။ အဲဒါနှိပ်လိုက်ရင်ရပါပြီ။
    ၅။ တကယ်လို့ 2 step verification လုပ်တုန်းကကိုယ်ဖြည့်ထားတဲ့ဖုန်းနံပါတ် info: တွေဖျောက်ချင်ရင်အောက်ဆုံးမှာ clear settings ဆိုတာရှိပါတယ်။
    Google ကနေကိုယ့် gmail ကို 2 step verification ပိတ်လိုက်ကြောင်း email ပို့ပါလိမ့်မယ်။

    PS: ဒီဟာဖြေဖို့ကျွန်တော်ကိုယ်တိုင် 2 step verification အပိတ်အဖွင့်လုပ်ကြည့်ပြီးသွားပါပြီ။ အားလုံးအဆင်ပြေပါတယ်။
  • Registered Users
Sign In or Register to comment.