MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကူညီပြီး vote လုပ်ပေးကြပါဗျာ။

edited July 2012 in Other
ကျွန်တော် သိသလောက်မှတ်သလောက်လေးနဲ့ SLA ကလုပ်တဲ့ Mobile and Web App ပြိုင်ပွဲတစ်ခုဝင်ပြိုင်ထားပါတယ်။ Android App တစ်ခုရေးထားတာပါ။ ကျွန်တော် နဲ့အတူ သူငယ်ချင်း ၂ယောက်ပါ တူတူလုပ်ပါတယ်။ Android App တင်မဟုတ်ပါဘူး။ Web-Services, website ပါရအောင်လုပ်ထားပါတယ်။ ရည်ရွယ်ထားတာကတော့ စလုံးက ဆေးခန်းတွေရဲ့ system ကိုပိုကောင်းအောင် upgrade လုပ်ထားတာပါ။ GIS ကို အဓိကသုံးထားပြီး လုပ်ထားပါတယ်။ အဲ့ဒါ အခုအကူအညီတောင်းချင်တာကတော့ ကျွန်တော်တို့ကို Vote လုပ်ပေးပြီး ပြိုင်ပွဲမှာ နုင်အောင် ကူညီပေးဖို့ MZ အဖွဲ့ဝင်တွေကို အကူအညီတောင်းချင်လို့ပါ။ ကျွန်တော်တို့ အသင်းဟာ မြန်မာတွေဘဲဖွဲထားတာပါ။ မြန်မာကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ရှင်ပြီးပြိုင်ရတာ မလွယ်လှပါဘူး။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားထားပါတယ်။ Application ကို ရှယ်လို့မရသေးတာက သူတို့က ပေးမရှယ်သေးလို့ပါ။ ခွင့်ပြုချက်ရရင် အားလုံးသုံးလို့ရအောင် ရှယ်ပေးပါ့မယ်။

Vote လုပ်ဖို့အတွက် အောက်ပါအတိုင်း အစဉ်လိုက် လုပ်သွားပါ။

https://apps.facebook.com/my-polls/is8txqg8

ဒီလင့်ကို နှိပ်ပြီး OneMap ကို Like လုပ်ပါ။

ပြီးရင် အသင်းတွေ အများကြီး ပေါ်လာမယ်။ အဲ့ထဲက မှာ အောက်ဆုံး နံပါတ် ၃ (3. Tertiary GIS Application Category (in random order)) မှာ ပထမဆုံးအသင်းဖြစ်တဲ့ "Team A-Venture (Republic Polytechnic) - Ubiquitous Tracking and Scheduling Systems for Clinics Report" ကို Select ပေးပြီး submit လုပ်လိုက်ရင် ရပါပြီ။ login ဝင်ဖို့ပြောရင် login လုပ်လိုက်ပါ။ အားလုံးပြီးပါပြီ။
နောက်တစ်ခါ View Result ကိုကြည့်လိုက်ရင် သင်တို့ ပေးလိုက်တဲ့ vote ကြောင့် ကျွန်တော်တို့ ဘယ်လောက် အကျိုးများသွားလဲဆိုတာ သိရမှာပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။ Vote များနိုင်သမျှ များအောင် ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်။
Team A-Venture (Republic Polytechnic) မမှားအောင် ထက်ပြောလိုက်ပါတယ်။

မှတ်ချက်များ

  • KK
    edited July 2012 Moderators
    Vote လုပ်မပေးချင်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မသုံးဖူးသေးတဲ့ Application တစ်ခုကို မြန်မာအချင်းချင်းမို့ Vote လုပ်ပေးပြီး အနိုင်ရအောင် မလုပ်ပေးချင်ပါဘူး။ အမှန်တကယ် အသုံးဝင်ပြီး လုံးဝ အဆင်ပြေတယ့် Application ဆိုရင်တော့ ကျွန်တော့်အနေနဲ့ Vote လုပ်ပေးဖို့ ဝန်မလေးပါဘူး။
    IT_KOKO wrote:
    မြန်မာကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ရှင်ပြီးပြိုင်ရတာ မလွယ်လှပါဘူး။

    ပညာရပ်မှာ နိုင်ငံစွဲ ခွဲထားတာမရှိပါဘူး။ နိုင်ငံတကာမှာ မြန်မာကျောင်းသားတွေ ထိပ်မှာရောက်နေတာ အများကြီးပါ။
  • Registered Users
    ဟုတ်ပါတယ်။ တကယ် ကောင်းတာမှန်နေရင် ခုလိုလုပ်ပေးစရာတောင်မလိုဘူးထင်ပါတယ်
    အောင်ြမင်ပါစေ လို့ဆုတောင်းလိုက်ပါတယ် :)>-
  • Registered Users
    အခုဟာက popularity ကိုပဲ ကြည့်တာပါ။ ပြိုင်ပွဲတစ်ခုလုံးနဲ့ မဆိုင်ပါဘူး။ most like award အတွက်ပါ။ ပြိုင်ပွဲရဲ့ ရလဒ် က FB Likes နဲ့မဆိုင်ပါဘူး။ အခု လုပ်တဲ့ vote က ကျွန်တော်တို့ ဒီ app ကို ဘယ်လောက် လူသိများအောင်လုပ်နိုင်လဲဆိုတာကို အသိအမှတ်ပြုတဲ့ သဘောနဲ့လုပ်တာပါ။ ပြီးတော့ သူတို့ရဲ့ page ကိုပါ ကြေငြာတဲ့သဘောမျိုးလို့ထင်ပါတယ်။ ကျွန်တော်ဆိုလိုတာက ဒီ app ကို သုံးဖူးမှာ ပေးချင်တယ်ဆိုရင် app store review မှာပေးလို့ရပါတယ်။ အခု vote ကကျတော့ လူသိများအောင် လုပ်တဲ့သဘောဖြစ်လို့ ကြည့်ပြီးပြီ ဆိုရင်တော့ ကြည့်သွားတယ်ဆိုတာကို vote လေးလုပ်သွားပေးပါလို့။ App တစ်ခု market ထဲဝင်တော့မယ်ဆိုရင် ဒီအတိုင်းကြီးတန်းဝင်မယ့်အစား အခုလိုမျိုးလေးကြေငြာလုပ်ပြီး ဝင်တာ ပိုပြီး ရောင်းအားကောင်းမယ် ထင်လို သူတို့က လုပ်ခိုင်းတာလို့ ထင်ပါတယ်။ ကျွန်တော့ အမြင်ပါ။
Sign In or Register to comment.