MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Printer Share လုပ်ထားတဲ့စက်ကို ခေါ်လို့မရလို့...

edited March 2010 in Networking
ဆိုင်မှာ..ကွန်ပျူတာ၁၅လုံးရှိတယ်..Printer ကိုစက်တစ်လုံးမှာ Share လုပ်ထားတယ်.
Window XP တင်ထားတယ်..တစ်ခါတစ်ခါ..
Client ကနေခေါ်တာ ခေါ်လို့မရဘူး..ပရင်တာလည်းအင်စထောလုပ်လို့မရဘူးဖြစ်နေတယ်..
အဲဒါနက်ေ၀ါ့မှာ ဘာ Error ရှိလို့လဲဗျာ..
Client အချင်းချင်းခေါ်တော့ အဆင်ပြေတယ်..
Printer ထားတဲ့စက်ကိုခေါ်ရင်မရတော့ဘူး အဲဒါနဲ့နောက်တစ်လုံးပြောင်းထိုင်လိုက်တယ်..
နောက်တစ်လုံးကျတော့အခုထိအဆင်ပြေနေတယ်...ဒါပေမယ့်ကြာလာရင်အဲဒီအတိုင်းပြန်ဖြစ်လာတယ်..
ကူညီကြပါအုံးဗျာ..

မှတ်ချက်များ

  • edited September 2008 Registered Users
    Inlaythar wrote: »

    ဘာ error message box မှ မကျဘူးလား.. ဥပမာ- print spooler error!
    printer တပ်စင်ထားတဲ့ စက်ကကော printer ကောင်းကောင်းထုတ်လို ့ရရဲ့လား
    printer တပ်စင်ထားတဲ့ computer ကို လှမ်းချိတ်လိုက်ရင် ဟမ်းသွားလား
    ကိုယ့်စက်ကနေ လှမ်းပြီး network print လုပ်လိုက်ရင် ဟမ်းသွားလား:101::101::101:
  • edited September 2008 Registered Users
    အဓိကတော့ Print ထို်င်ထားတဲ့စက်ကိုခေါ်လို့မရဘူးပေါ့ဗျာ...
    Error.jpg
    အဲဒီ Error ပေါ်နေတယ်.
    Google မှာရှာတော့ network ရဲ့ bandwith ကိုချဲ့ခိုင်းတယ်.ချဲ့လည်းမရဘူး အဲဒီအတိုင်းပေါ်နေတယ်..
    ကူညီပေးကြအုံးနော်..
  • edited September 2008 Moderators
    Inlaythar wrote: »
    ဆိုင်မှာ..ကွန်ပျူတာ၁၅လုံးရှိတယ်
    ပရင်တာလည်းအင်စထောလုပ်လို့မရဘူးဖြစ်နေတယ်..
    print spooler ကိုပြန်စစ်ကြည့်ပါလား၊ XP အတွက် spool error ပြဿနာတွေ
    ရှင်ဖို့ services park တစ်ခုကို MS ကထုတ်ထားပါတယ်..
    Printer ထားတဲ့စက်ကိုခေါ်ရင်မရတော့ဘူး အဲဒါနဲ့နောက်တစ်လုံးပြောင်းထိုင်လိုက်တယ်..
    နောက်တစ်လုံးကျတော့အခုထိအဆင်ပြေနေတယ်...ဒါပေမယ့်ကြာလာရင်အဲဒီအတိုင်းပြန်ဖြစ်လာတယ်..

    ကျွန်တော်လည်းဖြစ်ဘူးပါတယ်.. ကိုဇူး ကိုဒီဘီတို့ထံက spy Emergency လေးတင်ထားပါလား
    print spooler တိုက်ခိုက်တဲ့ အကောင်တွေရှိနေလို့ဖြစ်နိုင်ပါတယ်..
  • edited September 2008 Registered Users
    Hay hay hay this is not error nor virus this is because of winxp. winxp Home can accept only 5 concurrent connections and XPPro can accept 10 concurrent connections that means if users concurrent connections over 10 then other users can not connect to share resoures of that winxp computer. OK?
    Understand?
  • edited September 2008 Registered Users
    Inlaythar wrote: »
    အဓိကတော့ Print ထို်င်ထားတဲ့စက်ကိုခေါ်လို့မရဘူးပေါ့ဗျာ...
    Error.jpg
    အဲဒီ Error ပေါ်နေတယ်.
    Google မှာရှာတော့ network ရဲ့ bandwith ကိုချဲ့ခိုင်းတယ်.ချဲ့လည်းမရဘူး အဲဒီအတိုင်းပေါ်နေတယ်..
    ကူညီပေးကြအုံးနော်..

    အဲဒီ error က windows XP ရဲ့ sharing limit ပြည့်နေလို့ ပြတဲ့ error ထင်ပါတယ်.... windows xp
    မှာ sharing limit (၁၀)လုံးထိပဲ လက်ခံပါတယ် ။ ကျွန်တော်ထင်တာပြောတာပါ။ မှားချင်လဲ မှားပါလိမ့်
    မယ် ။
  • edited September 2008 Registered Users
    မင်္ဂလာပါ
    ကျနော့်ဆီမှာလည်း အဲလိုဖြစ်ဖူးသလားလို့ဘဲ။ အဲဒီတုန်းကတော့ ကြိုးချိတ်ထားတယ်။ router ရောဘာရော အားလုံးကောင်းတယ်။ ဆိုတော့ ကြိုးမှာများ တခုခုလိုနေလားလို့ ... အဲလိုစဉ်းစားပြီး ကြိုးခေါင်းအသစ်ပြန်လဲဘူးသေးတယ်။ မရခဲ့ဘူး။
    ခုတော့ ဒီလိုကိုး။ home က ငါးလုံး။ pro က ၁၀လုံး။ အဲသလိုကိုး။ ကျေးဇူးပါ မအိအိနဲ့ ကိုကျော်မင်း။
    ခုတောင်မှ ကျနော့်နက်၀ါဒ်တခုမှာ ၉လုံး ၁၀လုံး (wireless တွေပါ ပါလာတတ်လို့) လောက်သုံးနေတာ။ main စက်မှာ အားလုံး သိမ်းပြီး ပရင်တာလည်း main မှာဘဲလေ။ တခါတလေ အရမ်းနှေးနေလို့။ အဲဒါလေး တချက်ပြန်ကြည့်လိုက်ဦးမယ်။
    လိုတာရှိရင် မေးမယ်နော်။
    ခင်မင်စွာ
    ဇူးလူး
  • edited September 2008 Registered Users
    အဲဒီ Limit ကိုချဲ့လို့ရတယ်မဟုတ်လား...
    ကျွန်တော်ချဲ့လည်းမထူးဘူးဗျ..ဘာလိုနေလို့လဲမသိဘူး..
    ဖြေရှင်းတဲ့နည်းရှိရင်လည်းကူညီပေးပါအုံးနော်..
    ကျေးဇူးတင်လျက်....
  • edited September 2008 Registered Users
    No U can't, because if unlimited connections in winxp, how can microsoft sell win2003 server? unlimited concurrent connections only available in windows server series. That's the answer.
  • edited September 2008 Administrators
    15 လုံးကို ဘယ်လိုချိတ်ထားလဲဗျ။ နက်၀တ်ပ် တစ်ခုလုံးမှာ ဆာဗာလေး တစ်လုံးတောင် မပါဘူးလား :D
    မြန်မာပြည်မှာဘဲဟာ Windows Server 2003 စီဒီ၀ယ်သုံးလိုက် ပေါပါတယ်နော့။
  • edited March 2010 Registered Users
    Practical is more capable than Theory. ;-)
  • edited March 2010 Registered Users
    ဟုတ်ပါတယ်၊ win xp မို့လို့ပါ၊ 10 ယောက်ထက်ပိုသွားလို့ no more connection လို့ လာပြတာပါ၊အကောင်းဆုံးကတော့ win 2003 သုံးတာကောင်းပါတယ်၊ win 2003 မသုံးချင်ရင်တော့ run->compmgmt.msc->share folder->Sessions မှာ Right Click ထောက်ပြီးတော့ Disconnect All Sessions ဆိုပြီးတော့ ရွေးလိုက်ပါ၊။
    အဲလိုမှမဟုတ််ရင်လည်း computer တစ်လုံးချင်းစီကို Disconnect လုပ်လိုက်ပါ၊ပြီးရင်မရတဲ့ စက်ကပြန်ချိတ်လိုက်ပါ။ရသွားပါလိမ့်မယ်၊

    ှု IT လမ်းတလျှေက် ငါပြေးကြည့်လိုက်တော့
    ရှည်လျားထွေပြား တောနက်ကြီးထဲကို
    ငါရောက်သွားသလို
    မသိသူကျော်သွား သိသူမျှေ၀
    တို့ IT လောကသားတွေ၊
  • edited March 2010 Registered Users
    mz ကအစ်ကိုတို့ရေ ကျွန်တော်က အခုမှအသစ်ကလေးပါဗျာ လိုက်ရှာပေမယ့်မတွေ့လို့မေးပါရစေ
    ကျွန်တော်က print spooler services နဲ့ workstation services ကိုခဏခဏ ပြန် run ပေးနေရတယ်ခင်ဗျ ဘာကြောင့်ပါလဲ ။
    အဲ နောက်တစ်ခုက အဲဒီစက်ကို အခြားစက်တွေက ခေါ်လို့မရဘူးအစ်ကို pring လို့လဲမရဘူး တစ်ခါတစ်ရတော့ pring လို့ရပါတယ် ဒါပေမယ့်ခေါ်လို့မရဘူးခင်ဗျာ အဲဒါ restart ချလိုက်ရင်တော့ ခဏရပြန်ရော နောက်ပြီးမရတော့ဘူး အဲဒီစက်ကတော့ အခြားစက်တွေကို ခေါ်လို့လဲရတယ် pring လို့ရပါတယ် ခင်ဗျာ ကျွန်တော်ကြိုးတွေလဲစစ်ပြိးပြီ ဘာမှမဖြစ်ဘူးဗျာ နောက်ပြီး services တွေကိုလဲအားလုံး on ထားပါတယ် ။ window xp မှာပါ ဆွဲတဲ့စက်ကလဲ ၆ လုံးလောက်ပဲရှိမယ်ထင်တယ် worm တွေဘာတွေရှိလားလို့ removal tools တွေလဲသုံးပြိးပြီ bitdefender 2009, kaspersky 7.0 , avira, အဲဒါတွေနဲ့လဲ virus စစ်ပြီးပါပြီ မတွေ့ပါဘူးခင်ဗျာ bat file တော့ရေးထားပါတယ် ဒါပေမယ့် ခဏပဲကယ်နိုင်တာလေ အမြဲတမ်းအဲဒါကို မသုံးချင်ပါဘူး အဲဒါ internet မှာလိုက်ရှာတော့လဲ တိတိကျကျ မတွေ့ရပါဘူးခင်ဗျာ အစ်ကိုတို့ အစ်မတို့ ကူညီပါအုံးခင်ဗျာ
  • edited March 2010 Registered Users
    naynari wrote: »

    print spooler error ကို ရှင်းချင်ရင်တော့

    ၁။ start>>run, run box ထဲမှာ services.msc လို ့ရိုက်ထဲ့၊ Enter ခေါက်။

    ၂။ အဲဒီ services တွေထဲမှာ print spooler service ကို ရှာတွေ ့ရင် Right Click နှိပ်>> start လို ့ပြော။ ok နဲ ့ထွက်။ ဒါနဲ ့တင် မလုံလောက်သေးဘူး၊ မပြီးသေးဘူး....

    ၃။ စက်ကို Restart ချ။ ပြန်တက်တက်ချင်း ကီးဘုတ် ကနေ F8 ကိုနှိပ်ထား မလွတ်နဲ ့စာတွေအများကြီးကျလာလိမ့်မယ်။ အဲဒီစာတွေထဲမှာမှ Safe Mode ဆိုတာကို ရွေး။ Enter ခေါက်။ ( Windows ကို Normal မတက်ခိုင်းပဲ၊ Safe Mode နဲ ့တက်ခိုင်းခြင်းဖြစ်သည်။)

    ၄။ C:\WINDOWS\system32\spool\PRINTERS နှင့် C:\WINDOWS\system32\spool\drivers အခုပေးထားတဲ ့လမ်းကြောင်း ၂ ခုလုံးကို ရောက်အောင်သွားပြီးတော့ အဲဒီ Folder တွေထဲမှာရှိတဲ့ file တွေ၊ folder တွေ အားလုံးကို delet လုပ်လိုက်ပါ။

    ၅။ start>>run, run box ထဲမှာ regedit လို ့ရိုက် Enter ခေါက်။ registry ထဲမှာ ၀င်မွှေတော့မှာဆိုတော့ ကြိုပြီးတော့ registry ကို Backup လုပ်ထားဖို ့လိုလာပြီ။ Backup လုပ်ချင်ရင် File Menu>>Export ပြီးရင် save လုပ်။

    ၆။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Environments\Windows NT x86\Drivers အခုရေးထားတဲ ့လမ်း ကြောင်းအတိုင်းသွားပါ။ အဲဒီထဲမှာ Version- 2 or 3 ဆိုတဲ့ folder ရှိလိမ့်မယ်။ အဲဒါကို expand ဖျန် ့ချပါ။ ပေါ်လာတဲ့ printer folder တွေကို delete လုပ်ပြစ်ပါ။

    ၇။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Monitors အခုရေးထားတဲ ့လမ်း ကြောင်းအတိုင်းသွားပါ။ Monitors ကို expand ဖျန် ့ချပါ။ ပေါ်လာမဲ့ Folder List ထဲမှာ အခုရေးပြမဲ့ List ပဲ ရှိရပါမယ်။ ကျန်တာတွေရှိရင် delete လုပ်ပြစ်ပါ။

    * BJ Language Monitor
    * Local Port
    * PJL Language Monitor
    * Standard TCP/IP Port
    * USB Monitor

    ကဲ... ဒီအထိအားလုံးမှန်ပြီဆိုရင်တော့ ... စက်ကို Restart ချပြီး Windows ကို Normal အတိုင်းပြန်တက်လိုက်ပါ။

    workstation service ကို ရှင်းချင်ရင်တော့ winxp ဆို သူ့ရဲ့ security update ကို down ပြီး run လိုက်ပါ။
    အဆင်ပြေပါစေ။

    IT လမ်းတလျှေက် ငါပြေးကြည့်လိုက်တော့
    ရှည်လျားထွေပြား တောနက်ကြီးထဲကို
    ငါရောက်သွားသလို
    မသိသူကျော်သွား သိသူမျှေ၀
    တို့ IT လောကသားတွေ၊
Sign In or Register to comment.