MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Geo IP database

edited March 2009 in Web Base
မိမိ web site ကို access လာလုပ်တဲ့ IP တွေရဲ့ Location ကို သိချင်တယ်၊ ဖြစ်နိုင်ရင်တော့ သူများပေးတဲ့ Service ယူမသုံးချင်ဘူး၊ သိပ်ကောင်းနေရင်တော့ တမျိုးပေါ့ဗျာ၊ stastics တွေကို Services ပေးတဲ့ Site ဆီသွားကြည့်မနေချင်ဘူး၊ Admin Panel ထံမှာပဲ ထည့် ဆောက်ချင်တာ၊ IP နဲ့ location တွဲမှတ်ထားတဲ့ database ရနိုင်လား၊ အဲ့တာ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ သူများတွေ ဘယ်လိုလုပ်နေကြလဲ .. ကူညီဖြေကြားပေးကြပါခင်ဗျား..

မှတ်ချက်များ

  • edited September 2008 Registered Users
    လုပ်ကြပါဦး ဆရာသမားတို့ .. :(( ကိုယ့် web site ကို ဘယ်နေ့ ဘယ်ချိန်တွေမှာ ကမ္ဘာ့ ဘယ်နေရာတွေက လာ ကြည့်သွားတယ်ဆိုတာ .. log လုပ်ထားချင်လို့ပါ .. ကိုယ့်ဆီလာ လည်တဲ့ client ဟာ ဘယ်နိုင်ငံကလဲ သိချင်တယ် .. အစ်ကိုတို့ဘယ်လိုလုပ်ကြလဲ ..
  • edited October 2008 Registered Users
    ကိုယ်ရောက်နေတဲ့တည်နေရာကို..ဂျီတော့ကနေတဆင့် သိကုန်ကြပါ ပြီ
    ဘယ်လိုသိလဲတော့မသိဘူး ..
    မြေပုံနဲ့ပြတာပါ
    သိတဲ့အကိုနဲ့အမတွေကပြောပြပေးစေချင်ပါတယ်
    :2:
  • edited October 2008 Registered Users
    တချို့သူတွေက .ကိုယ်ကိုအကောင့်နှစ်ခုနဲ့ချက်တာကိုမသိပဲခံနေရပါတယ်
    ပြောတာကြားဘူးတာကတော့..အကောင်နှစ်ခုနဲ့ချက်လားမချက်လားဆိုတာကို..
    ဟက်လိုရတယ်လို့ပြောပါတယ်..
    ဒါပေမဲ့ဘယ်လိုဟက်ရမှန်းမသိပါဘူး
    သိတဲ့သူရှိရင်ပြောပြပေးပါနော်
    သိချင်လိုပါ ..:2::2::2:
  • edited March 2009 Registered Users
    ကဲကဲ လိုချင်တာမဟုတ်ပေမဲ့ ဖြစ်ချင်တာတော့ ရသွားပါဘီ :77: ပိုတောင် သက်သာပါသေးတယ် code လေးနဲနဲပဲလိုတယ် .. IP ပေးရင် မြို့နဲ့ နိုင်ငံ နဲ့ ရတယ်ပေါ့ဗျာ

    [php]
    <?php
    $ip = $_SERVER;
    $sturl = 'http://api.hostip.info/get_html.php?ip='.$ip;
    $ch = curl_init($sturl);
    curl_setopt($ch,CURLOPT_RETURNTRANSFER,true);
    curl_setopt($ch,CURLOPT_TIMEOUT,10);
    $res = curl_exec($ch);
    curl_close($ch);
    print_r($res);
    ?>
    [/php]မြေပုံနဲ့ပြတာ အထိလိုချင်ရင်တော့ ကောက်က link မှာသွားကြည့်ကြပါ

    http://www.leigeber.com/2008/04/map-your-users-using-the-google-maps-api-and-php/
  • edited March 2009 Administrators
    ဒီ Link လေး မှာလဲ သွားကြည့် ပါဦး။

    လိုချင်တာ ဟုတ်မဟုတ်တော့ မသိဘူး။ သိတာလေးကို Share ပေးလိုက်တာပါ။

    :)
  • edited March 2009 Registered Users
    Axiom wrote: »
    မိမိ web site ကို access လာလုပ်တဲ့ IP တွေရဲ့ Location ကို သိချင်တယ်၊ ဖြစ်နိုင်ရင်တော့ သူများပေးတဲ့ Service ယူမသုံးချင်ဘူး၊ သိပ်ကောင်းနေရင်တော့ တမျိုးပေါ့ဗျာ၊ stastics တွေကို Services ပေးတဲ့ Site ဆီသွားကြည့်မနေချင်ဘူး၊ Admin Panel ထံမှာပဲ ထည့် ဆောက်ချင်တာ၊ IP နဲ့ location တွဲမှတ်ထားတဲ့ database ရနိုင်လား၊ အဲ့တာ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ သူများတွေ ဘယ်လိုလုပ်နေကြလဲ .. ကူညီဖြေကြားပေးကြပါခင်ဗျား..
    င်္ကျွန်တော်သိသလောက်ပြောတာပါမှားရင်လည်းခွင့်လွှတ်ပါခင်ဗျာ ကျွန်တော့် blog မှာဆိုရင် wass up သုံးပါတယ်ခင်ဗျာ wass up က ဘယ် BROWSER ဘယ်နိုင်ငံ ဘယ် OS ဘယ်အချိန်ကလာသွားတယ်ဆိုတာကအစသိပါတယ်ခင်ဗျာ .....ဘယ်နိုင်ငံဘယ်မြို့နယ်ဘယ်လမ််းကဆိ်ုတာကတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ် :D
    ကျွန်တော်ပြောနေတာက blog ပါခင်ဗျာ မှန်ချင်မှလည်းမှန်မှာပါခင်ဗျာ မှားရင်ခွေးလွှတ်ကြပါခင်ဗျာ လိုက်ကိုက်အောင်လို့ :P(ကို exiter ပြောသလို) ။
  • edited March 2009 Administrators
    emoracket wrote: »

    ကလေးကို ဆရာလုပ်လိုက်ဦးမယ် :D ဘလော့ကိုဝင်လာပြီဆိုရင် WASS UP ကဝင်လာတဲ့လူရဲ့ IP Address ကိုမှတ်ထားလိုက်တာ ညီလေးရဲ့။ နိုင်ငံတစ်ခုစီမှာ IP Address က Range သတ်မှတ်ထားတယ် ညီလေးရေ။ wass up ကဘယ်နိုင်ငံလို့သိတာက အဲ့ဒီ IP Adderss တွေကိုကြည့်ပြီးတော့မှ ဘယ်သူကဖြင့် ဘယ်နိုင်ငံကနေလာတယ်လို့ပြောတာပေါ့။ နောက်ပြီးတော့ နိုင်ငံတစ်ခုဆိုလည်း ISP တွေကကွဲနိုင်သေးတယ်။ အဲ့ဒီမှာလည်း ဘယ် ISP ကတော့ IP နံပါတ်ဘယ်လောက်ကနေ ဘယ်လောက်အထိယူဆိုပြီး နိုင်ငံတစ်ခုချင်းမှာလည်း ခွဲထားကြသေးတယ်။ ဒီတော့ IP Address ကိုသိရင် ISP ကိုသိတာပေါ့။ ISP ကိုသိတယ်ဆိုရင် သူတို့နိုင်ငံထဲက ဘယ်နေရာတွေမှာ Service ပေးတယ်ဆိုတာမှန်းလို့ရတာပေါ့ အတိအကျတော့မသိဘူး။ အဲ့ဒီနေရာမှာလည်း ISP တွေကသူတို့ Service ပေးတဲ့မြို့တွေ ခရိုင်တွေကိုလည်း IP Address တွေကိုပေးချင်သလို ပေးထားတာမဟုတ်ပြန်ဘူး။ ဘယ်မြို့ကဖြင့် IP ဘယ်လောက်ကနေ ဘယ်လောက်ပေါ့။ ဒါဆိုတော့ သူတို့သတ်မှတ်ပုံကိုသိရင် ဘယ် Area ဆိုတာလောက်ကတော့ မှန်းလို့ရတာပေါ့။ အီမိုပြောသလို လမ်းတော့အတိအကျဘယ်သိပါ့မလဲ။ ဒါပေမယ့် တစ်ချို့နေရာတွေက IP Address နဲ့နေရာနဲ့တွဲသိနိုင်တာပဲ ဥပမာကျောင်းကနေ သုံးနေတယ်ဆိုတာမျိုးပေါ့။ အီမိုစမး်ကြည်ချင်ရင် နမူနာတော့စမ်းလို့ရတယ် http://www.ipaddresslocation.org မှာစမ်းကြည့်လိုက်။ ဗမာပြည်တော့သွားမစမ်းနဲ့ မြစ်ကြီးနားက IP ကိုပေးလည်း သူကတော့ ရန်ကုန်လို့ပဲပြောလိမ့်မယ်။:D နိုင်ငံတော်တော်များများမှာ မြို့တော့မှန်အောင် သူပြောနိုင်ပါတယ်။ စမ်းကြည့်လိုက်တော့ ညီလေးအီမိုရေ။
  • edited March 2009 Moderators
    ခင်ဗျားကြီးနော်... သိတာတွေသိပ်များနေပြီး... ဟင်း ဟင်း.. :d :d
  • edited March 2009 Registered Users
    emoracket wrote: »
    င်္ကျွန်တော်သိသလောက်ပြောတာပါမှားရင်လည်းခွင့်လွှတ်ပါခင်ဗျာ ကျွန်တော့် blog မှာဆိုရင် wass up သုံးပါတယ်ခင်ဗျာ wass up က ဘယ် BROWSER ဘယ်နိုင်ငံ ဘယ် OS ဘယ်အချိန်ကလာသွားတယ်ဆိုတာကအစသိပါတယ်ခင်ဗျာ .....ဘယ်နိုင်ငံဘယ်မြို့နယ်ဘယ်လမ််းကဆိ်ုတာကတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ် :D
    ကျွန်တော်ပြောနေတာက blog ပါခင်ဗျာ မှန်ချင်မှလည်းမှန်မှာပါခင်ဗျာ မှားရင်ခွေးလွှတ်ကြပါခင်ဗျာ လိုက်ကိုက်အောင်လို့ :P(ကို exiter ပြောသလို) ။

    dun think that this way is always good
    i mean if the user surf from the proxies or something etc....

    the best way is to insert some clickjackings or something etc... in ur page and then, u can track what he/she is doing:P
  • edited March 2009 Registered Users
    ဘယ်လမ်းက၊ ဘယ်ရပ်ကွက်ကလဲဆိုတာအထိ စပ်စပ်စုစု သိချင်တဲ့ စိတ်မျိူး မရှိပါဘူးဗျာ :D . နိုင်ငံနဲ့ မြို့ကြီး လောက်ပဲ သိနိုင်မယ်ပေါ့ဗျာ :) ရည်ရွယ်ချက်က Log လုပ်ချင်တာ ဖြစ်လို့ plain text နဲ့ရမှ ဖြစ်မှာလေ .. အခုတင်ပြခဲ့တဲ့ code လေးတွေက Country: MYANMAR (MM) City: Yangon ဆိုတာမျိုး text result သက်သက်ပဲ ထုတ်ပေးတာကြောင့် မဆိုးလှဘူးပေါ့ .. regular expression သုံးပြီး နိုင်ငံနဲ့ မြို့ကို ခွဲထုတ်လုက်ရုံပဲပေါ့
Sign In or Register to comment.