MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ပြောနေကြတဲ့ E-government စနစ်

edited November 2013 in Project
ဒါကနိုင်ငံရေးတော့မဟုတ်ပါဘူး..............ဒီဖိုရမ်မှာဆိုရင် နည်းပညာသမားတွေများလို့ ခေါင်းစဉ်တစ်ခုအနေနဲ့အကူအညီတောင်းတာပါ..............ဒီစနစ်ကို လုပ်တော့မယ်ဆိုရင် ဖြေးဖြေးချင်းသွားရမယ်လို့ထင်တယ် ကျွန်တော့်အထင်နော်........နောက်လိုအပ်ချက်လေးတွေနဲ့ .ဒီစနစ်ကိုအုတ်မြစ်ချပြီးဆောင့်ရွက်သင့်တဲ့အရင်ဆုံး စသင့်တဲ့အချက်လေးတွေကို ဆွေးနွေးပေးစေချင်ပါတယ်......

မှတ်ချက်များ

  • Administrators
    E-government စနစ်ရဲ့ အခြေခံက internet နဲ့ မီး ပဲ။ အဲဒီ ၂ ခု မရရင် e-government လည်း အသက်ဝင်ဖို့ မလွယ်ဘူး။ မီး မလာလို့ queue နံပတ် ယူမရတာ ။ ဒါမှမဟုတ် internet connection ပျက်သွားလို့ form တင်မရတာ မျိုးတွေ ဖြစ်လာနိုင်တာပဲ။

    အရင်တုန်းက d-form လုပ်တုန်းက အင်တာနက် ပြဿနာ နဲ့ လျှပ်စစ် မီးက ပြဿနာ အပေးဆုံးပဲ။ d-form လျှောက် ဖို့ အရေး မီးပျက်သွားရင် ဘာမှ လုပ်မရ။ မီးလာတာ ထိုင်စောင့်။ ဒါမှ မဟုတ် internet မရတော့ရင် ဘာမှ လုပ်မရ။

    နောက်ပြီး online payment system မရှိသေးတော့ ငွေဆောင် ဖို့အတွက် ဘဏ် ကိုသွားပြီး ချလံ ထုတ် စတာတွေတော့ ကြုံခဲ့ရတယ်။

    အဲဒီ အပိုင်းတွင် မတိုင်ခင် information အချက်အလက် အားလုံးကို online မှာ ရဖို့က အရေးကြီးတယ်။ နိုင်ငံခြား တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကို visa လျှောက်မယ်ဆိုရင် ဘာတွေ လိုမလဲ။ ဘယ်လောက် ပေးရမလဲ။ ဘယ်လို payment နဲ့ ပေးရမှာလဲ။ ဒါတွေကို ချက်ခြင်း online မှာ တွေ့ဖို့လိုတယ်။

    အဲလိုပဲ အခွန်တွေကို ဘယ်လို ပေးရမှာလဲ။ အခွန်ကို ဘာလို့ ပေးရတာလဲ။ စသည့် စသည့် information အချက်အလက် တွေ ပြည့်စုံအောင် ဖန်တီးဖို့က ပထမဆုံး အခြေခံ အဆင့်လို့ မြင်တယ်။

    ကျွန်တော် e-government စနစ်ကို မလေ့လာဖူးဘူး။ စင်္ကာပူမှာတော့ online က နေ ရက် ချိန်းယူ။ ရတဲ့ ရက်ချိန်း နဲ့ အချိန် အတိအကျ သွားပြီး သွားတွေ့လိုက်ရုံပဲ။ မသွားခင်လည်း online မှာ အကုန် reqirement တွေ ပြည့်ပြည့်စုံစုံ ရေးထားတဲ့အတွက် အကုန် သေချာ စစ်ပြီး သွားရုံပဲ။ ၂ ခါ မော စရာ အကြောင်း သိပ်မရှိလှဘူး။
  • Registered Users
    E-government ဖွင့်ဖြိုးဖို့် internet connection ကောင်း
    ကောင်း၊လှျပ်စစ်မီးမပြတ် (ခုတော့ရန်ကုန်မှာ မီတာခတက်သည့်
    အပြင် မီးကလည်းပြတ်သေး တစ်ချို့နေရာမှာ မီးပြတ်ရင် ဖုန်း
    လိုင်းမမီတော့) ၊နည်းပညာလူသားအရင်းမြစ်၊banking
    တို့ကောင်းမှအဆင်ပြေမှာပေါ့နော် အစ်ကို။

    ကျွန်တော်ထင် ကိုယ်ပိုင် network ကောင်းကောင်းအရင်
    တည်ဆောက်ရမလားမသိဘူးနော်အစ်ကို။ NSA ထောက်
    လှန်းမှုလွတ်အောင်လို့။Security ပိုင်းတွေကိုကောပြည့်
    စုံမှရမယ်လို့တော့ထင်ပါတယ်။
  • KK
    Moderators
    ကိုစေတန်ပြောသလိုပဲ e-government လို့ပြောလာရင်တော့ အဓိက အရေးကြီးတာ internetနဲ့ လျှပ်စစ်မီးမီးပြဿနာကတော့ မိုးတွင်းဆို မိုးသဲကြီးမဲကြီး ရွာချိန်ကလွဲပြီး ပျက်တယ်လို့ သိပ်မရှိပါဘူး (ကျွန်တော့်ပတ်ဝန်းကျင်ပေါ့)။ ဒါပေမယ့် မိုးကုန်ရင် အမြဲလိုလို အလှည့်ကျ စနစ်ပုံစံတွေ ပြန်လာလေ့ရှိတယ်။ တစ်ချို့ လျှပ်စစ်မီး အဆင်မပြေလို့ အလုပ်အဆင်မပြေတာတွေလည်း မြင်ဖူးတယ်။

    Internet ကတော့ အစိုးမရတဲ့ အထဲမှာပါတယ်။ ကောင်းချင်ရင်လည်း ကောင်းလို့။ မကောင်းရင်လည်း မကောင်းပြန်။ အဆိုးဆုံးက ကိုယ်က ပင်ပင်ပန်းပန်း Form တွေဖြည့်ပြီးပို့နေမှ ပြတ်သွားတာမျိုးဆိုရင် အစအဆုံးပြန်လုပ်ရပြောရော။ Email တစ်စောင် မထွက်တာနဲ့ ကားငှားပြီး သွားပြော၊ ဖုန်းဆက်ပြောနေရတည်း ခဏခဏ။ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ မကုန်သင့်ပဲ အချိန်အလဟဿ ကုန်နေသလိုပဲ။

    နောက်တစ်ခုက online payment ၊ myanpay လိုမျိုးရှိလာပြီ ဆိုပေမယ့်လည်း ထိထိရောက်ရောက် အသုံးပြုနိုင်မှု မရှိသေးဘူးလို့ထင်တယ်။ သုံးလို့ရတဲ့နေရာအဆင်ပြေပေမယ့် သုံးလို့မရတဲ့နေရာဆိုရင် အဲ့ဒါက အလကားပဲ။ ထုံးစံအတိုင်း ဘဏ်သွား တန်းစီနေရတုန်းပဲ။ Visa card တောင် ရပြီဆိုပေမယ့် ရပြီဆိုရုံပဲ ရှိသေးတယ်။

    နောက်ဆုံးတစ်ခုက သတင်းအချက်အလက်။ ကိုယ်က တစ်ခုခုသိချင်၊ လိုချင်ပြီဆိုရင် ဘယ်မှာသွားရှာရ မလဲ မသိတော့ဘူး။ ရှိဆိုရင်လည်း တိတိကျကျမရှိ။ ဒီကလူတွေက online ထက်စာရင် offline သွားရတာကို ပိုအားသန်နေသေးတယ်။

    အပြစ်ပြောတယ်လို့တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တိုးတက်လာတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် E-government လို့ အမည်ပဲခံပြီး ဘာမှထူးထူးခြားခြား ပြောင်းလဲတာ မရှိသေးဘူးဆိုရင်လည်း အလုပ်မဟုတ်သေးပြန်ဘူး။
Sign In or Register to comment.