MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

NAS connection နှေးလို့

ကျနော့်ရုံးမှာ D-Link ShareCenter DNS-320L ကို NAS အနေနဲ့သုံးပါတယ်။
Router ကတော့ Linksys E-1200 ပါ။
Internal Wireless LAN ကပဲသုံးတာပါ။
(၁)တစ်ခါတစ်လေမှာ Data Transfer ကအရမ်းနှေးပါတယ်။ အဲဒါကိုဘယ်လိုကောင်းအောင်လုပ်နိုင်မလဲ။ Router ကပဲ မကောင်းလို့လား။ DualBand အမျိုးအစားသုံးသင့်လား။
(၂)တစ်ချို့ဖိုင်တွေ ပျက်နေတတ်ပါတယ်။ ဘာကြောင့်လဲမသိဘူး။ connection speed မကောင်းလို့ ဖြစ်တတ်တာလားမသိဘူး။

အတွေ့အကြုံရှိသူများ ပြောပြပေးကြပါဦး။
^:)^ ;;) ^:)^

မှတ်ချက်များ

  • Administrators

    D-Link ShareCenter က သေးသေးလေးဗျ တကယ့် File Server ကြီးတွေလိုတော့ မမြန်ဘူး နည်းနည်းလဲနှေးတယ် အဲဒါနဲ့ Wifi နဲ့ပေါင်းလိုက်တော့ MPT နဲ့ နင်လားငါလား ဖြစ်ကုန်လိမ့်မယ်။ ရုံးမှာကတော့ Cable နဲ့သာသုံးပါ Wifi နဲ့က ဘယ်လို Router သုံးသုံး နှေးမှာပါပဲ 802.11ac Router နဲ့ အဲဒါကို Support လုပ်တဲ့ Devices တွေဆိုရင်တော့မသိဘူး။ Wifi က 802.11n ဆိုရင် ယေဘုယျက 300Mbps လောက်ရမယ် ဒါပေမယ့် အဲဒီဟာကို Support လုပ်တဲ့ Computer ဖြစ်ဦးမှပါ Laptop နည်းနည်း ဟောင်းတာတွေက မလုပ်တာများတယ်။ 300Mbps = 300/8 = 37 MBps ပဲရှိတယ် အဲဒီတော့ 300 MB လောက်ရှိတဲ့ဖိုင်ဟာ စက္ကန့် ၁၀ လောက် ကြာလိမ့်မယ် ဒါပေမယ့် အဖြစ်နိုင်ဆုံးက Laptop အဟောင်းတွေက 300Mbps နဲ့မလုပ်ပဲ 56Mbps နဲ့လုပ်နေဖို့များတယ် :D အဲဒါဆိုရင် 56/8 = 7 MBps ပဲရှိတယ် အဲဒါဆိုရင် စောင့်ပေတော့ပဲ ဒါတောင်မှ အပြည့်ရမှလို့စဉ်းစားတာ Wifi ကသိတဲ့အတိုင်း Signal Weak ဖြစ်နေရင် အပြည့်ကလည်း ရတာမှမဟုတ်တာ။

    Thanked by 1 saturngod
Sign In or Register to comment.