MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
How to Filter in Excel 2007
in DTP
မင်္ဂလာပါပါ MZ
excel မှာ မြန်မာစာနဲ့ Filter လုပ်ရင် တချို့စက်တွေမှာ မြန်မာစာမပေါ်ပဲ လေးထောင့်ကွက်တွေပဲပေါ်နေတယ်.။
Cell အကွက်တေမှာ ရိုက်ရင် မြန်မာစာရပါတယ်။ Filter လုပ်လိုက်ပြီး Down Arrow နဲ့ကြည့်လိုက်မှ မြန်မာစာမပေါ်ပဲ လေးထောင့်ကွက်တွေမြင်နေ၇တာပါ။ မြန်မာစာအမှန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ။ ကူညီပါဦး။
Tagged:
မှတ်ချက်များ
Excel ရဲ့ Cell ထဲမှာ ရေးထားတာက ဇော်ဂျီ ဖြစ်ပြီးတော့ filter လုပ်ရင် မြင်နေရတာက unicode ဖြစ်ပါလိမ့်မယ်။
ဘယ် window လက်ရှိ သုံးနေလဲ မသိဘူး ?
ဟုတ်အကို .. ၀င်းဒိုး 7 -32bit ပါ. တချို့စက်တွေမှာ အဲလိုတောင်မပေါ်ဘူး။ လေးထောင့်တုံးတွေပဲပေါ်နေတယ်။ ဇော်ဂျီရော၊ Office ရောပြန်ဖြတ်ပြီး ပြန်တင်တာလည်း မရဘူး
မြန်မာ ၃ သွင်းထားရင် MS Office မှာ fall back font အနေနဲ့ အလုပ်လုပ်ပေးပါတယ်။ ဇော်ဂျီက fall back font အနေနဲ့ အလုပ်မလုပ်ပေးပါဘူး။ မဖြစ်မနေ မြင်ချင်တယ်ဆိုရင်တော့ windows ရဲ့ font တွေကို သွားပြောင်းပေးမှ ဖြစ်ပါလိမ့်မယ်။ http://www.sevenforums.com/tutorials/1175-fonts-change.html
ဟုတ်.. ကျေးဇူးပါ . အကိုပြောသလို myanmar3 font သွင်းလိုက်တော့ တခြားစက်တွေမှာ လေးထောင့်တုံးတွေပျောက်ပြီး မြန်မာလိုပေါ်လာပါတယ်။ ဒါပေမယ့် Down Arrow နှိပ်လိုက်ရင် Excel က unicode support မလုပ်လို့လား၊ myanmar3 font ကြောင့်ပဲလားမသိဘူး စာတွေက အပေါ်ပုံမှာမြင်ရတဲ့အတိုင်းပဲဖြစ်နေတုန်းပါ။ Window Font တွေကိုလည်း ဇော်ဂျီဖောင့်နဲ့ ချိန်းထားပြီးသားပါအကို။
အဆင်ပြေသွားပါပြီ။ ကိုစေတန်ပြောတာနဲ့ unicode ကိုသတိရပြီး ပုံထဲကအတိုင်း unicode install တစ်ခုသွင်းလိုက်တာ မြန်မာစာလုံးတွေပေါ်သွားပါတယ်။ ဖောင့်ကတော့ ဇော်ဂျီဖောင့်လောက် Strong မဖြစ်ပါဘူး။ တစ်ခုပဲ စာရိုက်တဲ့အခါမှာ အရင်က ဇော်ဂျီအတွက်ဖောင့်ပြောင်းရင် Ctrl+Shift သုံးနေပေမယ့် ခု ယူနီကုဒ်နဲ့ရိုက်တော့ Ctrl+Shift+Z ဖြစ်သွားတော့ ဖောင့်ပြောင်းရင် အနည်းငယ် ဒုက္ခရောက်ရတာပါ။ ကျေးဇူးတင်ပါတယ် ကိုစေတန်။