MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Laravel Docs (Myanmar Version)

Laravel Myanmar အဖွဲ့ စုပေါင်းပြီး Laravel docs ကို ဘာသာပြန်ထားတာကို မနေ့က github မှာ တွေ့လိုက်တယ်။ အကုန်လုံးကို markdown နဲ့ ရေးထားတာ ဖြစ်ပြီး အတော်လေးကို ပြီးနေပါပြီ။ တကယ်လို့ laravel ကို စိတ်ဝင်စားတယ်။ လေ့လာနေတယ် ဆိုရင် သူတို့ အဖွဲ့ကို ကူပြီးတော့ ဘာသာပြန်ပေးစေချင်ပါတယ်။ Contributor တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ကျွန်တော် ဒီနေ့ သူတို့ ရေးထားတာ စာတွေကို Gitbook version ပြောင်းပြီးတော့ Gitbook တင်ထားပေးပါတယ်။ လူတိုင်း online ကနေ လွယ်လင့် တကူ ဖတ်နိုင်အောင်ပါ။ တကယ်လို့ epub အတွက် ဒီမှာ download ချနိုင်ပါတယ်။ iOS အတွက် iBook နဲ့ ဖတ်နိုင်သလို Android အတွက် Moon+ Reader ကို အသုံးပြုပြီးတော့ ဖတ်နိုင်ပါတယ်။ aldiko reader မှာ font embed အလုပ်မလုပ်တဲ့အတွက် မြန်မာစာ မြင်ရမှာ မဟုတ်ပါဘူး။

တကယ်လို့ Laravel Myanmar Docs မှာ မှားနေတာတွေ ဒါမှမဟုတ် ကူညီပေးစေချင်ရင်တော့ ဒီမှာ ဖတ်ကြည့်ပါ။

Tagged:
Sign In or Register to comment.