MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Game ကစားခြင်း၏ ကောင်းကျိုး ၊ ဆိုးကျိုး များ

edited December 2014 in Other

သူများတွေ နည်းပညာအကြောင်းတွေ အားရပါးရ ပြောဆိုဆွေးနွေးနေချိန်မှာ ကျွန်တော်က ဂိမ်းကစားခြင်းနဲ. ပါတ်သတ်လို.ဆွေးနွေးချင် သဗျ။

ဘာကြောင့်လဲ ဆိုတော့ အခုဆိုရင် လူတိုင်းနီးပါးမှာ Android phone လေးတစ်လုံးစီလောက်တော့ ကိုင်နိုင်လာတဲ့ခေတ်ကိုးဗျ ။ အဲ လူတိုင်းရဲ. ဖုန်းတိုင်းမှာလဲ အနည်းဆုံး Candy Crashလောက်တော့ရှိကြမယ်ထင်တယ်ဗျ။ ဆိုတော့ အခုခေတ်မှာ ဆိုရင် Game ဆိုတဲ့ အရာက လူတိုင်းနဲ. မစိမ်းတော့ဘူး။ အားလုံးလဲ ယဉ်ပါး ကျွမ်းဝင်နေကြပြီ။ အခြေခံလူတန်းစားတွေမှ အစ ကွမ်းယာရောင်းရင်း ၊ ဆိုက်ကားဂိတ်မှာထိုင်နေရင်း ၊ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ရောင်းရင်း အားတဲ့အချိန်လေးတွေမှာ ရသေ့စိတ်ဖြေပဲ ဆိုဆို၊ ကြိုက်လို.ပဲ ဆိုဆို ၊ အပြင်းပြေပဲပြောပြော ဂိမ်းလေးတွေ ဆော့နေကြတာကို နေရာအနှံ.မှာ တွေ.နေကြရတယ်ဗျ။

ကျွန်တော်တို. ဟိုတုန်းကဆို ဂိမ်းဆော့ချင်ရင် တစ်နာရီနှစ်ရာပေးပြီး ဆော့ဖို. P2 ဆိုင်ကိုပြေးရတာအမော။ အိမ်က လိုက်လိုက်ရိုက်တာလဲ အကြိမ်ကြိမ်။ ဟိုတုန်းက မိဘတွေဆို Game ဆော့တာကို တူးတူးခါးခါးမုန်းတီးကြတယ်ထင်တယ်။ ကျောင်းစာပျက်မယ် ၊ မျက်စိပျက်မယ် ၊ စိတ်လေမယ် စသည်.အကြောင်းအမျိုးမျိုးတွေပြပြီးတော့ပေါ့ဗျာ ။ ဒီတော့ အရာတိုင်းမှာ အကောင်းအဆိုးတော့ ရှိကြစမြဲဗျ။ သူ.ဟာနဲ.သူ ကောင်းတာလေးတွေတော့ ရှိကြစမြဲပေါ့ဗျာ ။ ဒီနေရာမှာ မိန်းကလေး ဦးရေနဲ. ယောကျာ်းလေးဦးရေနဲ. Game ကစားတာကို အချိုးချကြည်.ရင်ဖြင့် ဘယ်သူပိုများမလဲ အချိုးချကြည်.စရာမလိုဘူးထင်ပါတယ်။ ဆယ်တန်းတုန်းက သင်ရတဲ့ Computers and Girls ဆိုတဲ့ Lesson ကိုသွားသတိရသေးဗျာ ။ အင်း ... ဂိမ်းဆိုင်မှာ မိန်းကလေးတွေ ထိုင်ဆော့နေပြန်တော့လည်း ကိုယ့်နှမသာဆိုရင် ဘယ်လိုနေမလဲ လို. ဟဲ ... ဟဲ ။ မိန်းကလေးတွေချည်းဆော့ကြတဲ့ ဆိုင်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ ။ အဲ့တော့ ကျွန်တော်ထင်တယ် IT လောကမှာ အောင်မြင်ကျော်ကြား နေတဲ့ ၊ နည်းပညာအသစ်အသစ်တွေကို တီထွင်နေတဲ့သူတွေ ၊ Programmer တွေ ကြားထဲမှာလည်း ယောကျာ်းလေး ဦးရေက ပိုများမယ်ထင်တယ်နော် ။ ဟဲ ... ဟဲ ရန်တိုက်တာပါ။

ဒီတော့ ကျွန်တော်သိသလောက် Game ကစားခြင်းရဲ. အကျိုးကျေးဇူးလေးတွေအရင်ပြောကြည်.မယ်ဗျာ။

၁ ။ အလွန်ကောင်းမွန်တဲ့ စိတ်ဖျော်ဖြေမှုတစ်ခုရရှိမယ်ဗျာ ။ ဗွီဒီယိုကြည်.တာ သီချင်းနားထောင်တာ စာအုပ်ဖတ်တာတွေနဲ. ယှဉ်ရင် ။ ဒါကတော့ကိုယ်ကြိုက်လို. ကိုယ်ပြောတယ်ပဲ ပြောမလားမသိဘူး။

၂ ။ Computer Game တွေဆော့မယ်ဆိုရင် ဥပမာ - DOTA ခုတ်တာတို.ဘာတို.ပေါ့ဗျာ ။ အဲ့တာဆိုရင် ကွန်ပျူတာနဲ.ပိုပြီး familliar ဖြစ်စေမယ်ဗျာ။

၃ ။ Game အများစုက English လိုတွေကများတော့ English skill ကိုတိုးတတ်စေမယ်ဗျ။

၄ ။ ဉာဏ်ရည် ဉာဏ်သွေးပိုပြီးထက်မြက်စေမယ်ဗျာ။

၅ ။ ကမ္ဘာမှာ ဂိမ်းကစားတဲ့သူတွေနဲ. ဂိမ်းမကစားတဲ့သူနဲ. ယှဉ်ရင် ဂိမ်းကစားတဲ့သူက ဆုံးဖြတ်ချက်ချတဲ့နေရာမှ တွေဝေမှု နည်းပါးတယ် ခင်ဗျာ။

၆ ။ အာရုံစူးစိုက်နိုင်မှု ပိုမြင့်မားလာမယ်ပေါ့ဗျာ ... Shooting Game သမားတွေဖို.။

၇ ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အင်အားတိုးတက်လာစေမယ်ဗျ ... Puzzle game တွေကို ဖြေရှင်းနိုင်တဲ့အခါ ငါဆရာကြီးကွ ပေါ့ ကိုယ့်ဘာသာကိုယ် ဘယ်သူမှ မရှိလည်း proud ဖြစ်နေတာ။

၈ ။ နည်းပညာနဲ.ပါတ်သတ်လို. အသိအမြင် ၊ အတွေးအမြင် ၊ ဗဟုသုတတွေ တိုးတက်လာစေမယ်ဗျ ။ Scient fiction Game တွေဆော့သူများဖို.။

၉ ။ စိတ်ကူး၊စိတ်သန်း(Imagination skill) တွေပိုကောင်းလာမယ်ဗျ ။ City Building Game တွေလိုမျိုး ၊ Farm Game တွေလိုမျိုးပေါ့။

၁၀ ။ လူမှုဆက်ဆံရေးပိုတွင်ကျယ်လာမယ်ဗျ ။ အခု social Android Game တွေဆော့သူများ သိကြပါလိမ့်မယ်။

၁၁ ။ သက်ဆိုင်ရာ ဝန်းကျင်အလိုက် ဗဟုသုတ တိုးလာမယ်ဗျာ ။ ဘောလုံးကစားတဲ့သူတွေက ဘောလုံးဂိမ်းဆော့သလိုမျိုး။ အတွက်အချက် ဝါသနာပါသူတွေက Puzzle Game တွေဆော့သလိုမျိုး။

၁၂ ။ ဦးဆောင်နိုင်စွမ်း ၊ ခေါင်းဆောင်စွမ်းရည် (leader skill) ကို ပိုပြီး မြင့်တတ်လာစေတယ်ဗျာ ။ DOTA သမားတွေ Clan ခေါင်းဆောင်လုပ်သလိုပေါ့။

၁၃ ။ ဒီဇိုင်နာသမားတွေ ၊ Animation သမားတွေအတွက် လေ့လာအတုယူစရာတွေ ရသဗျာ။

စသည်စသည်ဖြင့် ကျွန်တော်သိသလောက် ချရေးလိုက်တယ်ဗျာ။

မကောင်းတဲ့ အချက်တွေလည်း ရှိသေးတာပ ။ ဒါကတော့ ဂိမ်းမှ မဟုတ်ပါဘူး ဘယ်အရာမဆို အတိုင်းအထက်လွန်လာရင်တော့ ဘယ်ကောင်းမလဲ ။ ကျောင်း ၊ သင်တန်း တွေပြေးပြီး သွားဆော့ရင်တော့ ကျွန်တော့်ညီ ၊ ညီမ ဆိုလည်း လိုက်ရိုက်ရမှာပဲ ။ အိမ်မှာ ဆိုလည်း အလုပ်လုပ်ပေးစရာ ရှိတာမလုပ်ပေးပဲ ဂိမ်းထိုင်ဆော့နေလို.ကတော့ အဆူအဆဲတော့ ခံရမှာပဲ ။

FaceBook မှာ ဖတ်လိုက်ရသေးတယ် နေ.မှန်းမသိ ၊ ညမှန်းမသိ ဂိမ်းဆော့လွန်းလို. သေသွားတဲ့ ငတိ တစ်ယောက်အကြောင်း။ ကျွန်တော့်အနေနဲ. အကြံပေးချင်တာကတော့ အားတဲ့အချိန်လေး ပေါ့နော် ကိုယ်ကလည်း တစ်ခြားလုပ်စရာရယ်လို. ထူးထူးထွေထွေမရှိ ၊ အချိန်ကလည်းပေးနိုင် ၊ စားဖို.သောက်ဖို.လည်း မပူရ ၊ ဆူမယ့်သူလည်း မရှိ ၊ နောက်နေ.လည်း ရုံးမသွားရ ဆိုရင် ကိုယ်ကလည်း ဒါလေးကို ဝါသနာပါရင်တော့ ဆော့ပါလေ့။

ဒါပေမယ့် ဒါကြီးကို အလုပ်ကြီးတစ်ခုလို တရစေလုပ်နေလျှင်ဖြင့်ကျွန်တော်မှ မဟုတ်ပါဘူး ဘယ်သူမှ မကြိုက်ကြဘူး။ DOTA ခုတ်ကြတဲ့ ပရိုတွေဆိုရင် တစ်လဘယ်လောက်ရတာ ဟုတ်ကဲ့ ပြောကြမလား ? သူတို.လို တစ်သက်လုံးလုပ်သွားကြဖို. တစ်ကယ်ရည်ရွယ်ပြီလား ။ လုပ်နိုင်တဲ့အခြေအနေရှိပြီလား ?
အိုကေတယ်ဆိုရင်ဖြင့်ပြောစရာမရှိပါဘူး ။ ကျွန်တော်ကိုယ်တိုင်ဆို ကိုးတန်းစာမေးပွဲ final ဖြေတဲ့ ညတိုင်းကို ကျူ ရှင်ရှိတယ်ဆိုပြီး ဂိမ်းသွားဆော့တာ ညတိုင်း။
(အဖေတို. အမေတို. မမြင်ပါစေနဲ. ဒီပိုစ့်ကို) ။ နောက်တစ်ခု Second Life Game တွေကို ကိုယ့်မှာ စားဖို.သောက်ဖို.မပူရ ၊ ကျောင်းကလည်းပြီး ၊ ပိုက်ပိုက်ဝင်တဲ့ လုပ်ငန်းကလည်းရှိ ၊ အချိန်ကလည်း ပေးနိုင် ၊ မိဘ , ဇနီး မယားကလည်း ကြည်ဖြူ မှ အစလုပ်ဆော့ကြပါဗျာ ။ ဥပမာ -World of Warcraft လိုMMORPG second-life game မျိုး ။နို.မို. လူမှုရေး ပြဿနာတွေကြုံ ရမယ်ဗျ။ နောက်ပြီး ဒီလို ဂိမ်းမျိုးဟာ စွဲသွားရင် အပြင်ဘဝနဲ.ဂိမ်းထဲက ဘဝကို မကွဲတော့ဘူးဗျ ။ သတင်းတစ်ခုမှာ ဆို လူတစ်ယောက် ဂိမ်းထဲမှာ အရမ်းအောင်မြင်ကျော်ကြား ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိဘဝ မှာတော့ ဘာမှမဟုတ်တဲ့ အခါ စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ဘဝကိုယ်မကြေနပ်လို. သတ်သေတယ်လို. ဖတ်ရဖူးသေးသဗျာ ။

ရှဉ်.လဲ လျှောက်သာ ပျားလဲစွဲသာပေါ့ ဗျာ မယုတ်မလွန်လေး ဆော့ကြလျှင်ဖြင့် အားလုံးအတွက် အဆင်ပြေပါတယ်လို.။

မှတ်ချက် ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဂိမ်းအလွန်ဆော့သူတစ်ယောက်ဖြစ်ကြောင်း။

Sign In or Register to comment.