MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Myanmar Calendar Holiday and Full moon Day Calculate

Myanmar Calender လပြည့်၊လကွယ် ပိတ်တဲ့ရက် လေးတွေတွက်ချင်လို့ပါ။ဘယ်ကနေ ဘယ်လိုစတွက်ရမှန်းမသိဘူးဖြစ်နေလို့ပါ ။ပြီးရင် Calender ထဲထည့်ပြီး ဘယ်နေ့ဟာ ဘာကြောင့်ပိတ်တယ် ဆိုပြီးပြချင်တာပါ။ဘယ်ကနေ ဘယ်လိုစတွက်ရမှန်းမသိဘူးဖြစ်နေလို့ပါ ကူညီပေးကျပါအုန်း

မှတ်ချက်များ

  • edited December 2014 Administrators

    ပြက္ခဒိန်မှာပါတဲ့ လပြည့်လကွယ်ဆိုတာက ဝေါဟာရလို့ခေါ်တယ် မိုးပေါ်မှာရှိတဲ့ လပြည့်တယ် မပြည့်ဘူးဆိုတာက ပကတိ လပြည့်လကွယ်လို့ ခေါ်ပါတယ်။ အဲဒါတွေက တကယ်ကတော့ လွယ်လွယ် တွက်လို့မရဘူး အသေအချာ နားလည်ဖို့လိုလိမ့်မယ်။

    ပကတိလပြည့် လကွယ်တွေအတွက်ဆိုရင် အောက်မှာ ပြထားတဲ့ Link မှာ ကျွန်တော်ရေးထားတဲ့ ဂြိုဟ်သွား ပြက္ခဒိန်ကိုကြည့်ပါ နေ့စဉ်သုံးပြက္ခဒိန် မဟုတ်တဲ့အတွက် ဖတ်ရတာတော့ ခက်ပါတယ် လိုအပ်တာပဲ ရှင်းပြရမယ်ဆိုရင် Tihti ဆိုတဲ့ တန်ဖိုးကိုကြည့်လို့ 15 ပြည့်တဲ့ရက်ဟာ လပြည့်နဲ့ လကွယ်ပါ တကယ့် လပြည့်လကွယ် ဖြစ်တဲ့အတွက် တချို့လတွေမှာ ပြက္ခဒိန်နဲ့ ၁ ရက်လောက် လွဲတဲ့လတွေရှိတယ်။

    http://myancalendar.appspot.com/
    

    ဝေါဟာရ ပြက္ခဒိန်အတွက် ဆိုရင်တော့ အောက်မှာ ပြထားတဲ့ Link မှာဖတ်ပါ အဲဒါ ကျွန်တော့်ရဲ့ မိတ်ဆွေ တယောက် ရေးထားတာပါ Gregorian ပြက္ခဒိန်ကနေ မြန်မာပြက္ခဒိန်ရဲ့ ရက်တွေကို ပြောင်းတာတွေက ကျွန်တော်ရေးထားတဲ့ ဂြိုဟ်သွားပြက္ခဒိန်ကို အခြေခံပါတယ်။ ဝေါဟာရပြက္ခဒိန်နဲ့ ပါတ်သက်ပြီးတော့ သူသေသေချာချာ ရေးထားပါတယ် အသေအချာ ဖတ်ကြည့်ပါ။

    http://aye-hlaing.blogspot.sg/2013/06/algorithm-program-and-calculation-of.html
    http://mmcal.blogspot.sg/
    
  • Registered Users

    ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်။

Sign In or Register to comment.