MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မင်္ဂလာပါ လို့ မိတ်ဆက်ရင်းစတင်မေးမြန်းပါရစေခင်ဗျ :)

edited December 2014 in မိတ်ဆက်

အားလံုးမင်္ဂလာပါခင်ဗျ...
ကျွန်တော် မနေ့ကမှဝင်ရောက်လာတဲ့အဖွဲ့ဝင်အသစ်ြဖစ်ပါတယ်ခင်ဗျ။ဖိုရမ်ရဲ့စည်းကမ်းကိုသေချာမသိသေးတဲ့အတွက် တစ်စံုတစ်ခုမှားယွင်းခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်။အကူအညီတစ်ခုလောက်လဲတောင်းချင်ပါတယ်။ ကျွန်တော် android နဲ့ ios development ကိုစိတ်ဝင်စားလို့ လက်ရှိ java ကို self study လုပ်နေပါတယ်။ ios အတွက်တော့လံုးဝမစတင်ရသေးပါဘူး။ English ကျွမ်းကျင်မှုမရှိတဲ့အတွက် မြန်မာပြည်ကစာအုပ်များမှာချင်လို့ မြန်မာလို java စာအုပ်နာမည်နှင့်စာရေးသူနာမည် သိတဲ့သူများကျေးဇူးပြုပြီးဖြေပေးပါ့လားခင်ဗျ။ ios အတွက်က Objective C ကိုလေ့လာရင်ရတယ်ဆိုတာဟုတ်ပါသလားခင်ဗျ။မြန်မာလို စာအုပ်ရှိပါသလားခင်ဗျ။ တစ်ဆက်တည်း programming ဘာသာရပ်တွေကို self study လုပ်မယ်ဆိုတဲ့ ကျွန်တော့်ဆံုးဖြတ်ချက်က စိတ်ကူးယဉ်သလိုများဖြစ်သွားနိုင်လား(သို့မဟုတ်)တကယ်တတ်မြောက်နိုင်ပါသလားခင်ဗျ။
အားလံုးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ........

မှတ်ချက်များ

  • Administrators

    ကိုယ်တိုင်ကြိုးစားရင် မတတ်မရှိပါဘူး တတ်ပါတယ်။ ဗမာလိုမဖတ်ပါနဲ့ အင်္ဂလိပ်လိုပဲ ကြိုးစားဖတ်ပါ ဗမာလိုလိုက်ရှာရင် ပထမအချက် အချိန်ကုန်ပါတယ် နောက်တချက်က မြင်ဖူးသမျှဗမာလို ရေးထားတဲ့စာအုပ်တွေမှာ ကျွန်တော့်အမြင်နဲ့ ကောင်းပါတယ်လို့ ယူဆမိတာမမြင်ဖူးလို့ရယ် နောက်ဆုံးအချက်က ဗမာလိုပဲဖတ်ပြီး ရည်ရှည်ဆက်လို့မရပါဘူး အင်္ဂလိပ်လိုက နောင်လည်းဖတ်ကိုဖတ်ရမှာပါ အဲဒီတော့ တခါထဲပဲ အင်္ဂလိပ်လိုပဲဖတ်ပါ။

    Thanked by 2 Aungchar Alexander
  • Registered Users

    ဟုတ်ကဲ့ပါခင်ဗျ လမ်းညွှန်ပေးတာကိုကျေးဇူးအထူးတင်ပါတယ်။အကို့ရဲ့မှတ်ချက် ကျွန်တော့်ကိုအားတက်စေပါတယ်။
    အင်္ဂလိပ်လိုပဲကြိုးစားလေ့လာကြည့်ပါ့မယ် ။ :)

  • Administrators

    မြန်မာလို ရေးထားတဲ့ စာအုပ် အချို့တော့ ရှိတယ်။ သို့ပေမယ့် English လို ဖတ်နိုင်အောင် ကြိုးစားစေချင်ပါတယ်။ English လိုဖတ်ရတာ အဆင်ပြေလာရင် tutorial တွေ ကို လွယ်လွယ်လေ့လာနိုင်ပါတယ်။

    http://code.tutsplus.com/categories/android-sdk

    မှာ android tutorial တွေ ရှိပါတယ်။ တခြား website တွေလည်း ရှိပါတယ်။

    လိုအပ်တာတွေ ရှိရင် မေးမြန်းနိုင်ပါတယ်။

    Thanked by 2 Aungchar Alexander
  • Registered Users

    ကျေးဇူးတင်ပါတယ် အကိုSaturngod

Sign In or Register to comment.