MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Infrastructure Engineer Career Path

Hi bros,
Would you like to share knowledge about Infrastructure Engineer Career Path.I worked as a programmer for three years and then i changed to Infrastructure Career Path.I am now working as an Infrastructure Engineer(may be beginner :D ) .I am so happy if you participate to discuss about future requirements, challenges,which factors can make upset Infrastructure Career Path and so on.
Thanks.

မှတ်ချက်များ

  • Administrators

    အခုလုပ်နေတဲ့ Infrastructure ဆိုတာက ဘယ်လိုအလုပ်လဲ မသေချာတော့ ပြောရနည်းနည်းခက်တယ်။ Infrastructure ဆိုတာက လွန်ခဲ့သော် ၄−၅ နှစ်အထိက Hardware Server တွေနဲ့ အများအားဖြင့် တိုက်ရိုက်အလုပ်လုပ်တယ် အလွယ်တကူဆို Physical Infrastructure လို့ ကျွန်တော်ကတော့ သတ်မှတ်လိုက်တယ်။ အခုခေတ်မှာတော့ အလုပ်အမျိုးအစားအသစ်ရှိတယ် Software Based Infrastructure or Logical Infrastructure လို့ပြောလို့ရလိမ့်မယ် အဲဒါကတော့ Physical Resources တွေကို Software နဲ့ Manipulate လုပ်ပြီးတော့ လိုအပ်သလောက် Resource ကိုပဲသုံးပြီးတော့ အလုပ်လုပ်ကြတဲ့ Scalable Software Architecture အတွက် Design လုပ်တဲ့ Infrastructure လို့ပြောလို့ရတယ်။

    Physical Infrastructure ဆိုရင်တော့ အကြံမပေးတတ်ဘူး အဲဒါကတော့ System Administration ဖြစ်နေတော့ အကြံပေးမယ့်လူ များပါလိမ့်မယ်။ Software Based Infrastructure ဆိုရင်တော့ Software Development Skills + System Administration Skills ၂ မျိုးလုံး နားလည်ရလိမ့်မယ်။ Software Development Skill မှာဆိုရင် အဓိကအားဖြင့် Application Layering, Software Architecture, Data Modelling စတဲ့အပိုင်းတွေ အကောင်းဆုံးနားလည်ရမယ်။

    Development Skills + System Administration Skills ပြီးသွားရင်တော့ Implementation အတွက်ဆိုရင် လက်ရှိစျေးကွက်ထဲမှာ သုံးနေကြတဲ့ Infrastructure Service Provider တွေရဲ့ Service တွေကိုလည်း နားလည်ဖို့လိုတယ် ဥပမာဆိုရင် Amazon, Azure, Google App Engine စသည်ဖြင့်ပေါ့။ အဲဒီ့ Service Provider တွေပေးထားတဲ့ Service တွေနဲ့ ကိုယ်လိုအပ်တဲ့ Infrastructure ရအောင် ဘယ်လို တကယ်တမ်း တည်ဆောက်ရမလဲ နားလည်ရလိမ့်မယ်။

    ဒါမှမဟုတ် အဲဒီ့ Infrastructure Service ကအစ ကိုယ်တိုင် လုပ်ဖို့လိုအပ်လာရင်တော့ System Administration Skills ဘက်မှာ ပိုပြီးလိုအပ်ပြီးတော့ Physical Infrastructure အပေါ်ကနေ Software Layers တွေ အဆင့်ဆင့် တည်ဆောက်ဖို့ကို လိုအပ်နိုင်ပါတယ် ဥပမာဆိုရင် Open Stack လိုတခုလုံး Setup ကိုယ်တိုင်လုပ်ဖို့ လိုအပ်ချင်လိုအပ်နိုင်တယ်။

    အကျဉ်းချုပ်ပြန်ပြောရရင် Logical Infrastructure အတွက်ဆိုရင် Software Development Skills အများကြီးလိုပါတယ် အဓိကအားဖြင့် Development မဟုတ်ပဲ Architect Skills လို့ဆိုရင်ပိုမှန်တယ် System Implementation တွေအတွက် System Administration လည်း မဖြစ်မနေ နားလည်ရမယ်။ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ Logical Infrastructure အပြောင်းအလဲတွေ အမြဲတမ်းသိနေရမယ်။ Logical Infrastructure ဟာ Hybrid Skills ဖြစ်တဲ့အတွက် သာမန်ထက်ခက်ပါတယ် အခုအချိန်မှာတော့ အစပိုင်းဖြစ်တဲ့အတွက် လုပ်နိုင်ရင်တော့ အခွင့်အလမ်းအများကြီး ရှိလာနိုင်ပါတယ်။

    Thanked by 1 ahkar
Sign In or Register to comment.