Layer 4 Load Balancer for Laravel(PHP) Application on Ubuntu 14.04
အားလုံးပဲ မင်္ဂလာပါ....
ကျွန်တော် Load Balancing Server နဲ့ ပတ်သက်ပြီး မေးချင်တာလေး ရှိလို့ပါ ခမျာ။ Laravel project တစ်ခုအတွက် ကျွန်တော် လက်ရှိ VPS Server ၅လုံးယူထားပါတယ်။
Load Balancer (1), App Server (2), DB(2)
အကုန်လုံး Nginx နဲ့ setup လုပ်ထားတာပါ။ တကယ်တန်း run ကြည့်တဲ့ အခါမှာ Login ၀င်လို့ မရဖြစ်နေတာပါ။ load balancer လည်း ကောင်းကောင်းလုပ်ပါတယ်။ အခုဖြစ်နေတာ laravel session error လား? ဘာလား? မသိဖြစ်နေတာပါ။ app server တစ်လုံးပိတ်ထားရင် login ၀င်လို့ရပြီး ၂လုံး ပြိုင် run တဲ့ အချိန်မှ login ၀င် မရဖြစ်နေတာပါ။ ကျန်တာ အကုန် အလုပ်လုပ်ပါတယ်။ Cache Driver ကတော့ Memcached ကို သုံးထားတာပါ။ session ကို database ထဲမှာထည့်ထားလည်း မရဖြစ်နေတာပါ။ ကျေးဇူးပြုပြီး ဆွေးနွေးပေးကြပါခမျာ။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်များ
Login ဝင်မရဖြစ်နေတယ် ? ဘာ error ပြလဲ မသိဘူး ?
App server ၂ လုံး ကိစ္စတော့ ကျွန်တော် မစမ်းဖူးတာတော့ အမှန်ပဲ။ ပုံမှန် အားဖြင့် ကျွန်တော်က app server ၁ လုံးကို nginx နဲ့ load balancing လုပ်တာလောက်ပဲ စမ်းခဲ့ဖူးပါတယ်။
error က login ၀င်လို့မရတာပါပဲ
။ app server 1 လုံးတည်းဆိုရင် အကောင်းပဲဗျ။ ၂ခု စလုံး on လိုက်မှ login ကမရတော့တာ။ ကျွန်တော် တစ်လုံးချင်း ပြောင်းကြည့်တယ် app server တွေကလည်း အကုန်လုံး OK ပါပဲ။
ကျွန်တော်က app server တစ်လုံးစီကို git repo တစ်ခုတည်း နဲ့ချိတ်ထားတာဆိုတော့ source code ကတော့ အတူတူပါပဲ။ ကျွန်တော် မရှင်းတာက ၂လုံးစလုံးကို အဲဒီလို ခွဲထားသင့်လား? မသင့်လား မသိတာပါ
။ gluster လုပ်ပြီးတော့ပဲ ခွဲသင့်လားခမျ။ gluster လုပ်လိုက်ရင်တော့ ရနိုင်လားခမျ။ gluster setup လုပ်ကြည့်တာလည်း setup က မအောင်မြင်ပဲဖြစ်နေတာဗျ။ လောလောဆယ်တော့ ၁လုံးတည်းနဲ့ပဲ run နေရတယ်ဗျာ။ ဆွေးနွေးပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။