MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

C#

edited August 2009 in C#
C# နဲ့ပတ်သက်ပြီး သိထားတဲ့သူများ နည်းနည်းဆွေးနွေးကြပါဦးလား။
ကျွန်တော်လည်း ကျွန်တော်သိထားသလောက် ၀င်ရောက်ဆွေးနွေးကြည့်ချင်လို့ပါ။
ဖိတ်ခေါ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် C# ကတော့ Web နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာ တော်တော်လေးလူကြိုက်များပြီး အသုံး၀င်တဲ့ Programming Language တစ်ခုဖြစ်နေပါပြီ။ ဒီတော့ သိထားသလောက်လေး ၀င်ရောက်ဆွေးနွေးပေးကြပါခင်များ။

ကျေးဇူးတင်ပါသည်။


မင်းနန္ဒာ

မှတ်ချက်များ

  • edited July 2007
    ဟုတ်ကဲ့ ၀င်ဆွေးနွေးပါ့မယ်ခင်ဗျား။ ကျွန်တော်အခုတစ်လော အလုပ်တွေအရမ်းရှုပ်နေလို့ပါခင်ဗျာ ...
    အကို့ကို စပြီးဆွေးနွေးပေးဖို့တောင်းဆိုပါရစေ ...

    ခင်မင်လျှက်
    ပီဇီ
  • edited July 2007 Administrators
    ကျွန်တော်ကတော့ C# ဆိုတာနဲ့ ဘာမှကို မသိဘူး။ သင်ပေးကြပါ။
  • edited September 2007 Registered Users
    ကျွန်တော် နည်းနည်း၀င်ပြောကြည့်မယ်နော်။

    C# ဟာ .NET Framework နဲ့ အကိုက်ညီဆုံး language တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ .NET Framework ရဲ့ အစိတ်အပိုင်း အတော်များများကိုတောင် C# နဲ့ရေးထားတာလို့ ကြားဖူးပါတယ်။

    Syntax ပိုင်းကို ပြောရရင် C# ဟာ C++ တို့ Java တို့နဲ့ အတူတူ(နီးပါး) ပါပဲ။ သူ့မှာ အပိုပါလာတဲ့ keyword တွေ (ဥပမာ။ ။using, interface စသည်) နဲ့ feature တွေ (ဥပမာ။ ။Property, Generic စသည်) တို့ဟာ တကယ်တမ်းတော့ .NET Framework ရဲ့ Built-in feature တွေပါပဲ။ ဒါကြောင့် .NET Framework ပေါ်ရောက်သွားယင် C# ဖြစ်စေ VB.NET ဖြစ်စေ အခြေခံ အလုပ်လုပ်ပုံကတော့ အတူတူဖြစ်သွားပြီး Language ရဲ့ Syntax သာလျှင် ကွာခြားသွားမှာ ဖြစ်ပါတယ်။

    အဲဒီလိုအတူတူဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ ဘယ် language နဲ့ ရေးထားရေးထား .NET Framework မှာ MSIL လို့ခေါ်တဲ့ Microsoft Intermediate Language အဖြစ် အသွင်ပြောင်းပြီး အလုပ်လုပ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြောရရင် C# အကြောင်းပြောတယ်၊ လေ့လာတယ်ဆိုတာ တကယ်တော့ .NET framework အကြောင်း ပြောခြင်း၊ လေ့လာခြင်းသာ ဖြစ်ပါလိမ့်မယ်။ C# ဟာ .NET specific language ဖြစ်နေလို့ပါပဲ။

    ဆက်လက်ပြီး ဆွေးနွေးပေးကြပါဦး။
  • edited December 2007 Administrators
    အားပေးပါတယ်..ဆက်လုပ်ပါ၊ ကျွန်တော်လည်းပြန်ဖတ်နေတယ်... ဒါမျိုးက..အတည်အပေါက်ပြောနိုင်မှဆိုတော့.. ဟီးဟီး..
  • edited December 2007 Administrators
  • edited April 2008 Registered Users
    ကျွန်တော့် အစ်ကိုကြီး ဒီမှာ ၀င်လက်ဆော့ထားလို့ ကျွန်တော်လဲ ဒီနေရာကနေဘဲ ၀င်ပြီး ပါ၀င်ဆွေးနွေးသွားပါ့မယ်။
  • edited April 2008 Administrators
    ကျွန်တော့် အစ်ကိုကြီး ဒီမှာ ၀င်လက်ဆော့ထားလို့ ကျွန်တော်လဲ ဒီနေရာကနေဘဲ ၀င်ပြီး ပါ၀င်ဆွေးနွေးသွားပါ့မယ်။
    ဂယ်ပြောတာလား ... ကျွန်တော်လဲ ဆက်မစဖြစ်တော့ဘူး ... လုပ်ဗျာ ..
  • edited June 2008 Registered Users
    Hi all brother,

    Now I want to uninstall Visual Studio 2003. But I can't uninstall it bcos it expire already.
    Last time I don't use it bcos of leaning Java. Now I want to learn C#. I can't install Studio 2005 without uninstall it. So pls help me.
  • edited June 2008 Administrators
    wave wrote: »
    Hi all brother,

    Now I want to uninstall Visual Studio 2003. But I can't uninstall it bcos it expire already.
    Last time I don't use it bcos of leaning Java. Now I want to learn C#. I can't install Studio 2005 without uninstall it. So pls help me.

    ဘယ်လို ဘယ်လို ... ပြန်ဖြုတ်ချတာလွယ်ပါတယ် Window Add/Remove ကနေ ဖြုတ်ချလဲရပါတယ်။ VS 2005 ကိုသွင်းဖို့ဟာမှာ VS2003 ကိုဖြုတ်ချဖို့လိုသလား ကျွန်တော်မကြုံဖူးလို့ပါ။
    ကျွန်တော်ဆို ရုံးကစက်မှာ ရှိပြီးသားစနစ်တွေ maintenance လုပ်ဖို့ VS2003, VS2005 သွင်းထားရတယ်။ နောက်ပိုင်း လေ့လာဖို့ VS2008 သွင်းတာလဲရတာဘဲ သုံးခုတောင်ရှိတယ် (ကြွားတာ ဟိဟိ) ဘာမှဖြစ်ဘူး။
  • edited June 2008 Registered Users
    Yah you said right. But now I can't uninstall from control panel. When I uninstall it, it will appear what " Uninstall Fail". I don't know why. If I install 2005, it will more appear what "Install Fail". I think that Window recognized its expire. Thank
  • edited July 2008 Administrators
    ဒီတော့ပစ် ရှေ့ခရီးဆက်ဖို့ကောင်းနေပြီဗျို့ .. ကဲဘယ်သူပါမလဲ ရှေ့ဆက်ထွက်မယ် ရပ်နေတာကြာပြီ။
  • edited September 2008 Registered Users
    Dear Daw Bu Aung,

    Needless to say, I would like to participate.
  • edited October 2008 Registered Users
    ကျွန်တော်လည်းနည်းနည်းဝင်ပြောပါရစေ။အခုmember ဝင် အခုလျှာရှည်တယ်တော့မထင်ပါနဲ့။
    ကျွန်တော်က CT သမားပါ။အရင်က programming ကိုယောင်လို့တောင်ကြည့်တာမဟုတ်ဘူး။
    အခု C# နဲ့တွေ့တော့မှစိတ်ပါလာတာ။အခု C# သင်တန်းတတ်နေတာ။နောက်မှကိုယ်သိသလောက်
    ဝင်ရှည်တော့မယ်။ဟဲ...ဟဲ..:))
  • edited October 2008 Registered Users
    Note pad နဲ. ရော run လို. ၇ ပါသလား။
    PCအခက် အခဲ ရှိ ပါ တယ်။:14:command prompt ထဲ မှာ ၀င် လုပ် ရ တာမျိုး ကော ရှိ ပါသလား။
  • edited October 2008 Registered Users
    Note pad နဲ. ရော run လို. ၇ ပါသလား။
    PCအခက် အခဲ ရှိ ပါ တယ်။:14:command prompt ထဲ မှာ ၀င် လုပ် ရ တာမျိုး ကော ရှိ ပါသလား။

    command prompt ထဲမှာ လုပ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်စက်ထဲမှာတော့ framework တင်ထားဖို့လိုပါတယ်။
    ကျွန်တော် တော့ vb file တွေကိုတော့ စမ်းဖူးတယ်။ c# တော့မသိဘူး။ :D

    အသေးစိတ်တော့ မေ့ကုန်ပြီ။ :D :D :D

    ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော့်ထက်တော်တဲ့လူတွေ ဒီမှာအများကြီးပါ။ :68: :68: :68:
  • edited December 2008 Registered Users
    C# အကြောင်းလည်းစိတ်၀င်စားတယ်ဗျာ ဒါပေမယ့်သူ့ကို လေ့လာတာကတော့ထားပါတော့ ဒါပေမယ့်
    ဘယ်လိုလေ့လာပြီး ဘာတွေလိုအပ်တယ်ဆိုတာလည်း အရေးကြီးတာပါဘဲ ဥပမာ ဘာ softwareတွေသုံးပြီးရေးမလဲပေါ့ ဗျာ သိရင်ဖြေပေးကြပါ
  • edited December 2008 Registered Users
    NHtun wrote: »
    C# အကြောင်းလည်းစိတ်၀င်စားတယ်ဗျာ ဒါပေမယ့်သူ့ကို လေ့လာတာကတော့ထားပါတော့ ဒါပေမယ့်
    ဘယ်လိုလေ့လာပြီး ဘာတွေလိုအပ်တယ်ဆိုတာလည်း အရေးကြီးတာပါဘဲ ဥပမာ ဘာ softwareတွေသုံးပြီးရေးမလဲပေါ့ ဗျာ သိရင်ဖြေပေးကြပါ

    Text Editor တွေနဲ့မရေးရအောင် IDE ကောင်းကောင်းလိုပါတယ်။
    Visual Studio Standard သို့မဟုတ် Pro ရှိရင် အကောင်းဆုံးပေါ့။
    Free လည်းရတဲ့ Light Weight လည်းဖြစ်တဲ့ Visual C# Express Edition
    ကိုဒီမှာ ယူပါ
    http://www.microsoft.com/express/download/

    ဒါမှမဟုတ် OpenSource မှဆိုရင်တော့ #Develop ကိုသုံးနိုင်ပါတယ်။
    http://www.icsharpcode.net/OpenSource/SD/
  • edited January 2009 Registered Users
    Note pad နဲ. ရော run လို. ၇ ပါသလား။
    PCအခက် အခဲ ရှိ ပါ တယ်။:14:command prompt ထဲ မှာ ၀င် လုပ် ရ တာမျိုး ကော ရှိ ပါသလား။[/QUOTE

    ရပါတယ် C# ကို အရင် ဆုံး Notepad နဲ. ရေးပြီး ရင် .cs နဲ မှတ် ပါ။
    နောက်ပြီး vs သွင်းထားခဲ့ ရင် ပါလာတဲ့ command tools ဆို တာကို ၀င်ပါ ။
    ပြီးတော့ csc နဲ. compile လုပ်ပြီး run ပါ
  • edited January 2009 Registered Users
    wave wrote: »
    Hi all brother,

    Now I want to uninstall Visual Studio 2003. But I can't uninstall it bcos it expire already.
    Last time I don't use it bcos of leaning Java. Now I want to learn C#. I can't install Studio 2005 without uninstall it. So pls help me.


    အင်း ဖြုတ်ချတာ က add/remove ကဖြုတ်ချလို.လည်းရတယ် ။ဒါပေမယ့် အလုပ်ရှုပ်တယ် အများကြီးပဲပြန်ဖြုတ်ချရမှာ
    ဒီတော့ VS အခွေကို ပြန်ထည့်ပြီး run လိုက် အဲဒီမှာ modify/ Repair / remove သုံးခုရှိတယ် ။
    လုပ်ချင်တာလုပ်ပေးတော့
  • edited July 2009 Registered Users
    neoLwin wrote: »
    ကျွန်တော် နည်းနည်း၀င်ပြောကြည့်မယ်နော်။

    c# ဟာ .net framework နဲ့ အကိုက်ညီဆုံး language တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ .net framework ရဲ့ အစိတ်အပိုင်း အတော်များများကိုတောင် c# နဲ့ရေးထားတာလို့ ကြားဖူးပါတယ်။

    syntax ပိုင်းကို ပြောရရင် c# ဟာ c++ တို့ java တို့နဲ့ အတူတူ(နီးပါး) ပါပဲ။ သူ့မှာ အပိုပါလာတဲ့ keyword တွေ (ဥပမာ။ ။using, interface စသည်) နဲ့ feature တွေ (ဥပမာ။ ။property, generic စသည်) တို့ဟာ တကယ်တမ်းတော့ .net framework ရဲ့ built-in feature တွေပါပဲ။ ဒါကြောင့် .net framework ပေါ်ရောက်သွားယင် c# ဖြစ်စေ vb.net ဖြစ်စေ အခြေခံ အလုပ်လုပ်ပုံကတော့ အတူတူဖြစ်သွားပြီး language ရဲ့ syntax သာလျှင် ကွာခြားသွားမှာ ဖြစ်ပါတယ်။

    အဲဒီလိုအတူတူဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ ဘယ် language နဲ့ ရေးထားရေးထား .net framework မှာ msil လို့ခေါ်တဲ့ microsoft intermediate language အဖြစ် အသွင်ပြောင်းပြီး အလုပ်လုပ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ခြုံပြောရရင် c# အကြောင်းပြောတယ်၊ လေ့လာတယ်ဆိုတာ တကယ်တော့ .net framework အကြောင်း ပြောခြင်း၊ လေ့လာခြင်းသာ ဖြစ်ပါလိမ့်မယ်။ c# ဟာ .net specific language ဖြစ်နေလို့ပါပဲ။

    ဆက်လက်ပြီး ဆွေးနွေးပေးကြပါဦး။
    ကျေးဇူးတင်ပါတယ်...ဆက်လက်ပြိးတော့ သိတာရှိရင်မျှေ၀ပါအုံး
    ကျနော်လည်း ဖတ်နေပါတယ်...:103:
  • edited July 2009 Registered Users
    ko neolwin yay
    thi tar shi yin sat lat pe doe mya wai per own loh taung so per tel
  • edited July 2009 Administrators
    soe.ksa wrote: »
    ko neolwin yay
    thi tar shi yin sat lat pe doe mya wai per own loh taung so per tel
    Burglish is not allow. You can use ဇော်ဂျီ or English in here.
  • edited August 2009 Registered Users
    ကျေးဇူးပါ..saturngod..ကျမကခုမှ၀င်လာတဲ့ မင်ဘာသစ်ပါ..ဒါကြောင့်....
    အကိုပြောသလို မသေခင်လုပ်စရာရှိတာလုပ်လိုက်အုံးမယ်...
  • edited August 2009 Registered Users
    minnandar wrote: »
    C# နဲ့ပတ်သက်ပြီး သိထားတဲ့သူများ နည်းနည်းဆွေးနွေးကြပါဦးလား။
    ကျွန်တော်လည်း ကျွန်တော်သိထားသလောက် ၀င်ရောက်ဆွေးနွေးကြည့်ချင်လို့ပါ။
    ဖိတ်ခေါ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် C# ကတော့ Web နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာ တော်တော်လေးလူကြိုက်များပြီး အသုံး၀င်တဲ့ Programming Language တစ်ခုဖြစ်နေပါပြီ။ ဒီတော့ သိထားသလောက်လေး ၀င်ရောက်ဆွေးနွေးပေးကြပါခင်များ။

    ကျေးဇူးတင်ပါသည်။


    မင်းနန္ဒာ
    i'm also very interested about C# . But have no enough experience, so Can't join discussing ,only for learning and watching:):106:
    MaNandar
  • edited August 2009 Registered Users
    wave wrote: »
    Hi all brother,

    Now I want to uninstall Visual Studio 2003. But I can't uninstall it bcos it expire already.
    Last time I don't use it bcos of leaning Java. Now I want to learn C#. I can't install Studio 2005 without uninstall it. So pls help me.

    Try repairing instead of uninstalling. If that doesn't work, delete all the registry keys relate to yr prior VS.
Sign In or Register to comment.