MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Router အသစ်တစ်လုံး ဝယ်ရင်ကောင်းမလား ၊ ISA Server ထိုင&#415

edited October 2008 in Networking
ကျွန်တော့် Cyber cafe မှာ ခုလောလောဆယ် SMC Router သုံးထားပါတယ်။ Bagan Net 512 Speed ယူထားတာတောင် နည်းနည်းလေးနေပါတယ်။ Modem လည်း မကြာခဏပိတ်နေရပါတယ်။ Modem Hang ဖြစ်တာလား။ Router Hang ဖြစ်တာလားတော့ မသိဘူး။ Default Gateway ကို Ping လုပ်လို့ လုံးဝ မရတော့ဘူး။ ဥပမာ - ping 10.x.x.x -t ပေါ့ဗျာ။ Request Timeout ပဲပြနေတယ်။ နှစ်ခုလုံးကိုပိတ်။ ပြန်ဖွင့်။ မိနစ်ဝက်စောင့်။ ဒါဆိုရင်တော့ ပြန်တက်သွားတယ်။ တစ်ခုတော့ရှိတယ်။ ဖုန်းလိုင်းကိုတော့ အိမ်ကဖုန်းကိုဘဲ ပွားသုံးထားတာ။ ဒါကြောင့်လားတော့ မသိဘူး။

Connection ပိုကောင်းပြီး ငြိမ်ဖို့ဆိုရင် SMC ထက်ပိုကောင်းတဲ့ router တစ်လုံး ဝယ်သင့်လား။ ဒါမှမဟုတ် ISA Server ပဲထိုင်သင့်လား။ Router ဝယ်ရင်ကော ဘာအမျိုးအစား ဝယ်ရင် ကောင်းမလဲ။ လူပြောများတာကတော့ Linksys. တစ်ချိုကျတော့ Netgear, TrendNet စသဖြင့်ပေါ့ဗျာ။

ဒါမှမဟုတ် ISA Server ထိုင်ရင်ရော Minimum Requirements တွေက ဘာလိုမလဲ။ ကွန်ပျူတာ နောက်တစ်လုံးထားရမှာလား။ Router နဲ့ server ဘာပိုကောင်းလဲ။ BaganNet ADSL အတွက်ဆိုရင် ဘာက အသင့်လျော်ဆုံးလဲ။

MZ မှ ညီအစ်ကို/မ များ ကူညီကြပါဦးဗျာ။

မှတ်ချက်များ

  • edited October 2008
    SMC Router က ကောင်းပါတယ်ဗျ ... ကျွန်တော့် အထင် ဖုန်းလိုင်း မကောင်းတာဖြစ်မယ်ဗျ ... ဖုန်းလိုင်းမကောင်းရင် အဲဒီလိုပဲဗျ
  • edited October 2008 Registered Users
    ဖုန်းလိုင်းမကောင်းရင် ဘယ်လိုလုပ်ရမလဲ။ လိုင်းရှင်းအောင် ဘယ်လိုလုပ်ရမလဲ။ နေအိမ်က ဖုန်းလိုင်းကို ဖြတ်ပစ်ပြီး ဆိုင်ကို တိုက်ရိုက် join ရမှာလား။ နောက်မှ အိမ်ကို ပြန်ခွဲရမှာလား အစ်ကို။
  • edited October 2008 Registered Users
    Yes true it is because of your line status, I have that problem too. But first check with Bagan technician for making sure of your line condition to need to fix.
  • edited October 2008 Registered Users
    ၁။ ဖုန်းလိုင်းကို စစ်ပါ.. ဖုန်းလိုင်း မှာ နွိုက်စ် ပါနေလား.. ပါနေတယ်ဆိုရင် ဖုန်းကြိုးလဲဖို့လိုနေပါပြီ
    ကိုယ့်အိမ်ကနေဖုန်းပွိုင့်အထိလဲပေးရပါလိမ့်မယ်... ရန်ကုန်ဆိုရင်တော့ ရုံးကိုစာတင်ဖို့လိုမယ်ထင်တယ်
    ၂။ ဖုန်းလိုင်းကောင်းတယ်ဆိုရင် မီးအားငြိမ်မငြိမ်စစ်ရပါမယ်.. မီးအားမငြိမ်ရင်လည်း မိုဒမ်/ ရောက်တာ မီးမှိတ်မှိတ်သွားတတ်ပါတယ်.. ဒါဆိုရင်တော့ မီးအားငြိမ်အောင် အင်ဗာတာ ဘက်ထရီကိုသုံးလိုက်ပါ..
    ဆိုင်ပိတ်ချိန် အားပြန်သွင်းပေးပေါ့ဗျာ

    အဲဒါတွေအရင်စစ်ဆေးစေလိုပါတယ်.. အဲဒါမှ မဟုတ်ရင်တော့ ရောက်တာ တစ်ခုခုချို့ယွင်းလို့ပဲဖြစ်ပါလိမ့်မယ်..

    အတွေ့အကြုံအရပါ..:)
  • edited October 2008
    tech.lover wrote: »
    ဖုန်းလိုင်းမကောင်းရင် ဘယ်လိုလုပ်ရမလဲ။ လိုင်းရှင်းအောင် ဘယ်လိုလုပ်ရမလဲ။ နေအိမ်က ဖုန်းလိုင်းကို ဖြတ်ပစ်ပြီး ဆိုင်ကို တိုက်ရိုက် join ရမှာလား။ နောက်မှ အိမ်ကို ပြန်ခွဲရမှာလား အစ်ကို။

    Noise ကို စစ်ကြည့်ပါ ... အဲဒါရှိနေတယ်ဆိုရင်တော့ ဖုန်းလိုင်းကို စစ်ဖို့ လိုပါမယ်။ ပြီး လိုအပ်သလို လဲသင့်ရင် လဲမှ ရပါမယ်။
Sign In or Register to comment.