MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

How To Protect From Virus

edited October 2008 in Antivirus & Virus
ဗိုင်းရပ်စ်
ဗိုင်းရပ်စ်ဆိုတဲ့ အသံကို ခဏတိုင်းကြားနေရသည်။ ကိုယ့်ရဲ့ကွန်ပျူတာမှာ ဗိုင်းရပ်စ်၀င်ရင် ဘယ်လိုဖြေရှင်းမလဲ၊ ကွန်ပျူတာကိုဘယ်လို ကာကွယ်ထားမလဲ၊ များသောအားဖြင့် တွေ့ရတာကတော့ start- run - cmd လုပ်မရတာ၊ regedit လုပ်မရတာ ၊ folder option ပျောက်သွားတာ၊ Task Manager ခေါ်မရတာ ၊ အခုနောက်ပိုင်းဆို ဓာတ်ပုံဖိုင်တွေမမြင်ရဘဲ အဲဒီအစား အရမ်းချစ်တယ် ဆိုတဲ့ စကားလုံးတွေပါ တွေ့ရပြီး ၊ ဓာတ်ပုံကို ဖွင့်ကြည့်လို့မရဘူး။ ဟုတ်ပြီ အဲဒီမှာ ဘယ်လိုဖြေရှင်းမလဲဆိုတာ စပြီ ၊ ကျွန်တော်ကတော့ ဗိုင်းရပ်စ်မ၀င်ခင်ကတည်းက ကာကွယ်ထားရင် ကောင်းတယ်လို့ထင် တယ် ။
Antivirus မှာဆိုရင်
ုkasper ကိုအကြိုက်ဆုံးဘဲ တစ်ခြား Antivirus တွေလည်းအများကြီးရှိပါသေးတယ်။ တစ်ခြားဟာတွေသုံးကြည့်တယ် ၊ နောက်ဆုံးတော့ kasper ဘဲ ပြန်သုံးဖြစ်တယ်။norton , avast , avg , bitdefender,Spy Emergency ....
Spyware အတွက်ဆိုရင်
ှSpyware doctor , Spybot Search & Destroy ,Spyware Terminator, SuperAntiSpyware ... ဒီထဲက တစ်ခုလောက်ဆိုအဆင်ပြေပါပြီ။
Trojan အတွက်ကတော့ သီးတန့် မတင်ဖြစ်ဘူး သုံးချင်တယ်ဆိုရင်တော့
Trojan Remover 6.7
ပြီးတော့ ဗိုင်းရပ်စ်အများစုက Memory Stick , MP3, MP4 ... အဲဒီကနေအများဆုံး ကူးစက်တာ တွေ့ရတယ် အဲဒီအတွက် ဒီဆော့၀ဲလ်လေးတွေ ကာကွယ်ထားရင် ကောင်းမယ်လို့ထင်တယ်
USB Disk Security 5.1.0.0
USB Virus Scan v2.3
USB Virus Remover v2.3
CPE17 Autorun Killer
Autoruns 9.31
USB ကနေလာတဲ့ ဗိုင်းရပ်တွေအတွက် အဲဒီတွေအကုန်တင်ထားနိုင်ရင် တော်ရုံတန်ရုံ စိတ်ချရပါတယ်။ ဗိုင်းရပ်စ် အ၀င်နည်းသွားလိမ့်မယ်။
ပြီးတော့ Utilities
ဒါကလည်း ရှိသင့်ပါတယ်။ ဗိုင်းရပ်စ်မ၀င်ခင်မှာ ကြိုတင် ထည့်ထားသင့်တယ်။ ကွန်ပျူတာမှာ Utilities တစ်ခုလောက်တော့ သွင်းထားသင့်တယ်.
ညွှန်းချင်တာကတော့ Ace Utilities v4.2.0 ,
PC Tools ကထုတ်တဲ့ Registry Mechanic v8.0.0.900
Uniblue ကထုတ်တဲ့ RegistryBooster v2.0.1061.3222 , Speed up my pc
Tuneup Utilities 2008
super utilities pro 2008 8.0.1989
Registy clean expert v4.61
Registry Fix v.6.4
ကာကွယ်ထားတာတွေကတော့ ဟုတ်ပါပြီ ၊ သုံးတတ်ဖို့နဲ့ စနစ်တကျ ကာကွယ်ထားဖို့လိုပါတယ် ။Antivirusကတော့ တင်ထားပါရဲ့ scan မစစ်၊ update မလုပ် ၊ stick တွေတတ်ရင် scan မလုပ်ဘဲသုံးရင်တော့ မရပါဘူး အဲဒါလေးတွေတော့ သေချာ လုပ်ပေးဖို့လိုပါတယ်။ scan စစ်ရမယ် ၊ update လုပ်ရမယ် ၊ setting ကိုလည်း ချတတ်ရပါမယ်။ အထက်ကရေးထားတဲ့ utilities software တွေကိုလည်း ဗိုင်းရပ်စ်တွေမ၀င်ခင်ကတည်းက ကြိုတင်တင်ထားသင့်ပါတယ်။ ဒါမှ ဗိုင်းရပ်စ် မ၀င်ခင်က အခြေအနေကို အကောင်းအတိုင်း ပြန်လည်ရရှိနိုင်မှာပါ။
နောက်ဆုံးအနေနဲ့ကတော့ ပြောချင်တာကတော့ တစ်ချို့ Antivirusက သိတာသိတယ် ၊ မသတ်နိုင်တာတွေရှိပါတယ် ၊ အဲဒီအတွက် Google လို search engine တွေသုံးပြီး virus removal tools တွေကိုလည်း ရှာလို့ရပါတယ်လို့ ပြောရင်း ...... ကျန်တဲ့ အပိုင်းလေးများ ၊ မှားတဲ့ အပိုင်းလေးများရှိရင် ေ၀ဖန်ပေးကြပါလို့ပြောရင်းနဲ့ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်၊ တွေ့ရှိချက်တွေကို တင်ပြလိုက်ပါတယ်။

မှတ်ချက်များ

  • edited October 2008 Moderators
    ကိုကောင်လေး အကြံပေးတာကောင်းပါတယ်....ကာကွယ်တာတွေက
    Antivirus မှာဆိုရင်
    အနော်ကတော့ Nod32 version 3.0667.0 သုံးပါတယ်..ဒါကြောင့် spyware မသုံးတော့ဘူး။
    ပြီးတော့ ဗိုင်းရပ်စ်အများစုက Memory Stick , MP3, MP4 ... အဲဒီကနေအများဆုံး ကူးစက်တာ တွေ့ရတယ် အဲဒီအတွက် ဒီဆော့၀ဲလ်လေးတွေ ကာကွယ်ထားရင် ကောင်းမယ်လို့ထင်တယ်
    CPE17 Autorun Killer နှင့် Autoruns 9.31 တိုနဲ့ စစ်တယ်။
    Utilities ဒါကလည်း ရှိသင့်ပါတယ်။ ဗိုင်းရပ်စ်မ၀င်ခင်မှာ ကြိုတင် ထည့်ထားသင့်တယ်။ ကွန်ပျူတာမှာ Utilities တစ်ခုလောက်တော့ သွင်းထားသင့်တယ်.
    မှန်ပါတယ်...စက်မလေးအောင်လို့ ထည့်ထားသင့်တယ်။
    အနော်တော့ Tuneup Utilities 2008 ကိုသုံးတယ်။Ace Utilities v4.2.0 ကလဲတော်တော်ကောင်းတယ်...function ကလဲစုံတယ်....တခြားဟာတွေကတော့ (ဘယ်တခုလဲသိဘူး Driver တောင်ရှင်းသွားတယ်။)ဒါပေမဲ့ အခုတော့ အနော်ကတော့ glary ကထုတ်တဲ့ software ဘဲသုံးနေတယ်....မဆိုးပါဘူး။
    မှန်မှန်ကန်ကန် သုံးဖို့ကတော့ ကိုယ့်ပေါ်မှာမူတည်ပါတယ်......
  • edited October 2008 Registered Users
    MK杰 wrote: »
    အနော်ကတော့ Nod32 version 3.0667.0 သုံးပါတယ်..ဒါကြောင့် spyware မသုံးတော့ဘူး။

    anti-spyware မသုံးရင်မှားမယ် MK ရ... တစ်ခုခုဖြစ်ဖြစ်သုံးသင့်တယ်..။
Sign In or Register to comment.