MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အားလုံးပဲ မကာလာပင်ပါ

အားလုံးပဲ မကာလာပင်ပါ အဲ မင်္ဂလာပါ။ :D
သူငယ်ချင်းတစ်ယောက်နောက် ခြေရာခံ လိုက်လာရင်းနဲ့ ပထမဦးဆုံး အကြိမ် forum member အဖြစ် အသင်းဝင်ခြင်းပါ။
မသိတာလေးတွေ မေးချင်ပါသည် မတတ်တာလေးတွေ လမ်းညွှန်ပြစေချင်ပါသည်။
ကျေးဇူးတင်ပါ့တယ်ရှင် :5:

မှတ်ချက်များ

  • edited October 2008 Registered Users
    ကြိုဆိုပါတယ်ဗျာ ၊ မဆင်းနောင်းဖြူ ...။ ဟီဟီ ။ နာမည် လေးကလှတယ်နော် ၊
    နောက်နောင် တွေ့့ရင် ခေါ်ပေါ့ဗျာ ...။
    ဘိုင်ဘိုင်
  • edited October 2008 Moderators
    ခြေရာခံလိုက်တော့ နှင်းတွေမှာ ခြေရာမထင်ကျန်ခဲ့ဘူးလား...:D
    Mz ကထွက်မပြေးပါဘူးဗျာ............
    ဖြည်းဖြည်းလျှောက်နော်...နှင်းတွေနဲ့ဆိုတော့...:D
    welcome..welcome..warmly welcome
  • edited October 2008 Registered Users
  • edited October 2008
    အားလုံးပဲ မကာလာပင်ပါ အဲ မင်္ဂလာပါ။ :d
    သူငယ်ချင်းတစ်ယောက်နောက် ခြေရာခံ လိုက်လာရင်းနဲ့ ပထမဦးဆုံး အကြိမ် forum member အဖြစ် အသင်းဝင်ခြင်းပါ။
    မသိတာလေးတွေ မေးချင်ပါသည် မတတ်တာလေးတွေ လမ်းညွှန်ပြစေချင်ပါသည်။
    ကျေးဇူးတင်ပါ့တယ်ရှင် :5:

    မင်္ဂလာပါဗျာ
    ဆောင်းအ၀င်မှာ ဆောင်းနှင်းလေးတွေနဲ့အတူ ကြိုဆိုပါတယ် ဆောင်းနှင်းဖြူရေ
    ကျတော်သိဘူးတဲ့ဆောင်းနှင်းဖြူ တော့ရှိတယ်ဗျာ သူက အခု မြန်မာပြည်မှာတော့ဟုတ်ဘူး
  • edited October 2008 Registered Users
    နွေးထွေးစွာကြိုဆိုပါတယ်ခင်ညာ...:103:
    အနော်ဆီကိုလည်း လာလည်ပါအုံး...:77:
    နာမည်လေးကြားလိုက်တာနဲ့ကြောတောင်ချမ်းလာပြီ...:d.(နောက်တာနော်စိတ်ဆိုးရဘူးနော်...:68:)
  • ကြိုဆိုကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါသည်။ :103:
    ဖိုရမ်တွေကို တစ်ခါမှ မလာဘူးလို့ အမှားများ တင်မိခဲ့ရင် ခွင့်လွတ်ပါ။ :D

    ဖြေးဖြေးတော့လျှောက်လာတာပါပဲ ဒါပေမယ့် ၂ခါ ခလုတ်တိုက်လိုက်သေးတယ်။ :35:

    ကိုကုန်းစုလင်း ရေ ဆောင်းနှင်းဖြူကလဲ မြန်မာပြည်မှာ မဟုတ်ပါဘူး
    တစ်ခြားနိုင်ငံမှာ ကျောင်းလာတတ်နေတာပါ။ နာမည်တူနေတာဖြစ်မယ်။ :39:

    orbs.7 ရေ ကြောပဲချမ်းတာလား။ တစ်ကိုယ်လုံးချမ်းသွားအောင် အဲကွန်းခန်းထဲမှာ ရေခဲမုန့်ကျွေးပြီး ယပ်တောင်ခပ်ပေးမယ် :P

    ( နောက်တာနော် စိတ်ချိုးရဘူး :D )
  • edited October 2008
    ကြိုဆိုကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါသည်။ :103:
    ဖိုရမ်တွေကို တစ်ခါမှ မလာဘူးလို့ အမှားများ တင်မိခဲ့ရင် ခွင့်လွတ်ပါ။ :d

    ဖြေးဖြေးတော့လျှောက်လာတာပါပဲ ဒါပေမယ့် ၂ခါ ခလုတ်တိုက်လိုက်သေးတယ်။ :35:

    ကိုကုန်းစုလင်း ရေ ဆောင်းနှင်းဖြူကလဲ မြန်မာပြည်မှာ မဟုတ်ပါဘူး
    တစ်ခြားနိုင်ငံမှာ ကျောင်းလာတတ်နေတာပါ။ နာမည်တူနေတာဖြစ်မယ်။ :39:

    Orbs.7 ရေ ကြောပဲချမ်းတာလား။ တစ်ကိုယ်လုံးချမ်းသွားအောင် အဲကွန်းခန်းထဲမှာ ရေခဲမုန့်ကျွေးပြီး ယပ်တောင်ခပ်ပေးမယ် :p

    ( နောက်တာနော် စိတ်ချိုးရဘူး :d )

    အောင်မလေး အောင်မလေး
    ကောင်းစုလင်းပါဗျာ
    တရုတ်နာမည်ပါ
    မြန်မာလိုက ဆန်းအောင်ပါ
    ကုန်းစုလင်းဆိုတော့ .................
  • ဟဲ ဟဲ စိတ်ချိုးရဘူးလို့ ရေးထားတယ်လေ ....
    အစလွန်သွားရင်တော့ ခွင့်လွတ်ပါရှင်.... း)
  • edited October 2008 Registered Users
    မိန်းခလေး အသစ်ဝင်လာရင် ပြေးကြိုဖို့ ကျနော့်မှာတာဝန်ရှိပါတယ်။ :5:
    ဒီဖိုရမ်မှာကတော့ လူငယ်လူလွတ်တွေချည်းပါပဲ။ အိမ်းထောင်သည်ဆိုလို့ အိုင်းစတို်င်းတစ်ယောက်ပဲရှိသေးတယ်။ :))
    မဆောင်းကို မြင်လိုက်ရတာ ဟေမာန်ဆောင်းရဲ့ချစ်သံဇဉ်တွေကို ကြားနေရသလား အောက်မေ့မိတယ်။
    ခင်ချင်ပါတယ် ခင်ဗျ။ ကျနော်လူကောင်းတစ်ယောက်ပါခင်ဗျ။
  • edited October 2008 Registered Users
    kongsulin wrote: »
    မြန်မာလိုက ဆန်းအောင်ပါ
    ကုန်းစုလင်းဆိုတော့ .................
    ကုန်းစုလင်း ဆိုတော့ နည်းနည်းတောင် စိတ်၀င်စားသွားတယ်။ :O
    တစ်ခြားတော့ မဟုတ်ပါဘူး... :39:
    ကုန်းစုလင်း ကို မြန်မာလိုက ဆန်းအောင် ဆိုတာကိုပါ။ :D
    အဲ့ဒါနဲ့ ပတ်သက်ပြီး မင်္ဂလာပါ ညီမငှေး ဆောင်းနှင်းဖြူရေ။ :6:
    စကားမစပ် အရင်က မိန်းကလေး မန်ဘာ အသစ် တစ်ယောက်၀င်ရင် အရမ်းခြေလှမ်းသွက်တဲ့ ကိုအိုင်းစတိုင်း တစ်ယောက် အခုတလော ခြေလှမ်းတွေ ပြောင်းနေတယ်နော်။ အခု နောက်ဆုံးကားက ကျော်တက်သွားပြီ။ :w
    သြော်.. အိမ်ထောင်ကျသွားလို့နဲ့ တူတယ်။ :41::41:
  • edited October 2008 Administrators
    မဂ်လာပါ ဆောင်းနှင်းဖြူရေ mz ကကြိုဆိုပါတယ်ကွယ်။
    :6::6::6:
  • edited October 2008 Registered Users
    မဆောင်းရေ
    လှိုက်လှဲပျူဌာ နွေးထွေးပျော်ရွှင်စွာ ကြိုဆိုပါတယ်ခင်ဗျာ။
    အပေါ်က BBS mm_legend နဲ့ BBS computer စကားတွေ မယုံရဘူးနော်။ :D
  • edited October 2008 Administrators
    mm_legend wrote: »
    မိန်းခလေး အသစ်ဝင်လာရင် ပြေးကြိုဖို့ ကျနော့်မှာတာဝန်ရှိပါတယ်။ :5:
    ဒီဖိုရမ်မှာကတော့ လူငယ်လူလွတ်တွေချည်းပါပဲ။ အိမ်းထောင်သည်ဆိုလို့ အိုင်းစတို်င်းတစ်ယောက်ပဲရှိသေးတယ်။ :))
    မဆောင်းကို မြင်လိုက်ရတာ ဟေမာန်ဆောင်းရဲ့ချစ်သံဇဉ်တွေကို ကြားနေရသလား အောက်မေ့မိတယ်။
    ခင်ချင်ပါတယ် ခင်ဗျ။ ကျနော်လူကောင်းတစ်ယောက်ပါခင်ဗျ။

    လွန်တာပေါ့ ဆရာ :d

    ကျနော်တို့ဖို့ ထားဦးလေ .... :d

    :p
  • edited October 2008 Administrators
    မင်္ဂလာပါ။ :5:
    ကြိုဆိုပါတယ်။
    :6: :6: :6:


    Warmly Welcome from MZ.
    Have great times with MZ.
    :103:
  • edited October 2008 Registered Users
    ကျွန်တော်က နိုင်ငံခြားသွားတဲ့သူတွေကို အားကျတယ်။
    မိန်းကလေးတစ်ယောက်ဆိုတော့ ပိုပြီးလေးစားမိတယ်။
    ကျွန်တော်တို့ဘ၀တွေကို နိုင်ငံအနှံသွားခြင်းနဲ့ အသုံးချချင်တယ်ဗျာ။
    ကြိုးစားနော်။ မြန်မာနာမည်လေးနဲ့ အသက်ရှင်ရတာ ဂုဏ်ယူတယ်ဗျာ။


    မြန်မာနိုင်ငံသားအားလုံး ကမ္ဘာပတ်နိုင်ရင် သိပ်ကောင်းမှာပဲ။

    clear
  • edited October 2008 Registered Users, Moderators
    မဆောင်းနှင်းဖြူကိုကြိုဆိုပါတယ်ဗျာ။ ဆောင်း နဲ့ မီး(ညမီးအိမ်) နဲ့စတွေ့နေပြီနော်။
  • လာရောက်နှုတ်ဆက်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးနော်။
    ကျောင်းက ပြန်ဖွင့်ပြီဆိုတော့ အရှုပ်တွေလုပ် အဲ အလုပ်တွေရှုပ်နေလို့ပါ။
    ကို mm_legend ရေ ကျမကလဲ အားလုံးကို ခင်ပါတယ်။ :)

    မင်္ဂလာပါ ကိုcomputer နဲ့ ကို exiter......ကုန်းစုလင်းဆိုတာကတော့ မဖတ်တတ်တာရော ရမ်းဖြီးတာရော လွန်သွားလို့ပါ စချင်တာလဲ ပါပါတယ်။
    ကိုကောင်းစုလင်း စိတ်ဆိုးဘူးလို့ ထင်ပါတယ်။ :D

    ကို istein ရေ mz ဖိုရမ်ထဲရောက်မှ ဝေးကွာနေတဲ့ မြန်မာပြည်ကို တော်တော်သတိရမိပါတယ်။ :2:

    ကျန်းခန့်သာလို့ မာပါရဲ့လား ကို alexander...

    ဟုတ်ကဲ့ ကြိုးတွေတော့ စားနေတာပါပဲ အဲ ယောင်လို့ ကြိုးစာနေပါတယ် ကို clear ရေ
    ကို clear လဲ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ :)

    ကိုညမီးအိမ် ရဲ့ ဘလောဂ်ကို ကျမလာလည်သွားတယ် း)
    အကိုပြောမှ ငယ်ငယ်တုန်းက မန္တလေးမှာနေတဲ့ ဆောင်းတွင်းကို သတိရမိတယ်။
    ချမ်းချမ်းအေးအေး ညမှာ မီးပုံဖိုပြီး ထန်းမြစ်စားတာ..... မိသားစုနဲ့ပေါ့... ခုတော့ တစ်ကောင်ကြွက်ဖြစ်နေပြီ။ :2:
ဒီဆွေးနွေးချက် ကို ပိတ်ထား ပြီးပါပြီ။