MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

How to use Gtalk in Linux?

edited December 2010 in Linux/Unix
gtalk ကို Linux မှာ သုံးချင်ကြတယ်ဆိုသူများအတွက်ပါ။ How to use Gtalk in Linux?

Google Talk (GTalk) is a Windows and web-based application for voice over internet protocol (VOIP) and instant messaging, offered by Google လို့ Wikipedia က ဆိုပါတယ်။

gtalk က

1. Web-based
2. Windows-based ဖြစ်ပြီး VOIP + IM တို့ သုံးလို့ရပါတယ်ပေါ့။

VOIP ဆိုတာ အသံ ( Voice / Voice chat ) ဖြစ်ပြီး
IM ဆိုတာကတော့ ( chatting / Type Chat ) ဖြစ်ပါတယ်။

1. Gtalk ကို Web-based ၊ Web ပေါ်ကနေသုံးလို့ရပါတယ်။
- gmail ထဲကနေ IM သုံးလို့ရပါတယ်။
- google talk gadget ကနေလည်း IM သုံးလို့ရပါတယ်။
( Web-based gtalk ဆိုရင် IM တစ်ခုထဲပဲ ရပြီး VOIP မရပါ။ )

2. Windows-based သုံးမယ်ဆိုရင် gtalk software လေးကို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ကာ သုံးရပါတယ်။ Windows-based gtalk ( အခု ကျွန်တော်တို့ အများဆုံးသုံးနေတာပေါ့။ ) မှာဆိုရင် IM အပြင် VOIP ပါရပါတယ်။ နောက် File transfers ၊ Gmail notifications ဆိုတဲ့ ဖန်ရှင်နှစ်ခုပါ အဆစ်ရပါတယ်။

ဒါဆို Web-based သုံးမယ်ဆိုရင် IM ပဲရမယ်။ VOIP မရဘူး။

Windows-based သုံးမယ်ဆိုရင် IM ကော VOIP ပါရမယ်။

အခုထိတော့ ဟုတ်နေပါပြီ။ :)

မှတ်ချက်များ

  • edited November 2008 Registered Users
    gtalk ကို Linux မှာ သုံးကြပါမယ်။

    Web-based ကတော့ ပြဿနာမရှိပါ။ gmail ၊ gtalk gadget ထဲ သွားသုံးယုံပေါ့။

    Windows-based (software) နဲ့ သုံးမယ်ဆိုရင် ပြဿနာရှိလာပါပြီ။ google သည် အခုထိ Linux အတွက် gtalk Linux version ကို မထုတ်ပေးသေးပါ။ ( Picasa တောင် Linux version ထွက်ပေးသေးတာပဲ။ gtalk လည်း ပေးရင်ကောင်းမယ်။ )

    How to use IM
    IM ( type chat ) အတွက်သုံးမယ်ဆိုရင်တော့ Linux မှာ ရှိတဲ့ မည်သည့် IM software ( XMPP ကို support လုပ်သော ) နဲ့ မဆိုသုံးလို့ရပါတယ်။

    Gtalk chat ကတော့ အဆင်ပြေပါတယ်။ ဘယ် IM ပဲသုံးသုံး။ ကျွန်တော်ကတော့ Pidgin ပဲ သုံးတယ်။ သူနဲ့ type chat ကတော့ အေးဆေးပဲ။ နဂိုတုန်းကတော့ Gaim ပေါ့။ အခု pidgin ပါ။

    Pidgin နဲ့ gtalk ကို ဘယ်လိုသုံးကမလဲဆိုတာ ဒီမှာ ကြည့်ပါ။

    How to use VOIP
    အဲမှာ တွေ့တာဗျ။ ပြဿနာက အသံ။ Voice chat။

    Pidgin နဲ့ ကော တခြား IM တွေနဲ့ကော voice chat က မရဘူးဗျ။ အဆင်မပြေဘူး။ ဟိုရှာ၊ ဒီရှာ၊ ဟိုကလိ၊ ဒီကလိနဲ့ နောက်ဆုံး ဒါလေး သွားတွေ့ပါတယ်။ Empathy ပါ။ သူကလည်း IM client တစ်ခုပါပဲ။ ဒါပေမဲ့သူက type chat အပြင် Voice and Video call using SIP and Jingle လို့ဆိုထားပါတယ်။ ဆိုတော့ အသံ ဖန်ရှင်းပါရတာပေါ့။

    အခု Ubuntu/GNOME မှာ IM ဆိုရင် pidgin၊ voice ဆိုရင် Ekiga ပါ။ ဒီ Empathy ကတော့ replacement for Pidgin and Ekiga with one single SIP and multi-protocol IM application ပါတဲ့ဗျာ။ GNOME 2.24 ထွက်လာတော့ Emapthy လေးလည်းပါဝင်လာပါတယ်။ ဒီမှာလေးကြည့်ပါ

    ကဲ ဒီလောက်ဆိုရင် Empathy လေးကို စမ်းကြည့်ချင်နေပြီထင်တယ်။ ဘယ်လို အင်စတောရမလဲဆိုတာကတော့ ဒီမှာ ရှုစားပါ။ ဖြစ်တတ်တဲ့ error တွေအတွက်တော့ ဒါလေးလည်း ဖတ်ထားပါ။

    နောက် ဒါလေး လည်းကြည့်ပါအုံးဗျို့။

    ကျွန်တော့်ကိုယ်တွေ့ကတော့ အိုကေပါတယ်။
    အဲ နားတော့ နည်းနည်းဆူလိမ့်မယ်။ ကွီးကြီး လို့ တစ်ခါတစ်လေ ထထအော်လို့။ မိုက်တွေ echo မိပြီး အသံကြောင်သလိုမျိုးပါ။ အဲဒါဆို volume ကို တိုးလိုက်ပေါ့။
    နောက် ဖြစ်မှာက ကိုယ်ပြောသမျှ သူကကြားရပြီး သူပြောတာကို ကိုယ်က မကြားရတာပါ။ အဝင်မရဘူးပေါ့။ အဲလို error လေးတွေ တစ်ခါတစ်လေဖြစ်ခြင်းမှ လွဲ၍ ကျန်တာ အဆင်ပြေပါတယ်ဗျာ။ :)

    ( ကျန်တဲ့သူများကော ဘယ်လို သုံးကြလဲမသိဘူး။ Gtalk ကို Linux ပေါ်မှာ။ အတွေ့အကြုံလေးတွေ သိချင်ပါတယ်။ )

  • edited November 2008 Registered Users
    Gtalk ကို Empathy မှာ ပြောရတာ တော်တော် အဆင်ပြေပါတယ်။ အရင်တုန်းက Gtalk voice chat ရဖို့အရေး Wine ကို Install လုပ်ပြီး စမ်းကြည့်ပါသေးတယ်။ အဆင်မပြေခဲ့ပါဘူး။ ကျနော် Empathy နဲ့ ဟန်ကျနေတာ တစ်ပတ်တောင်မပြည့်သေးပါဘူး။ တော်တော်လေးကောင်းပါတယ်။
    ကျနော် Empathy ကို အောက်က Repo ကနေ ရတာပါ။ official ပေမယ့် unstable version ပါ။
    deb http://ftp.de.debian.org/debian sid main
    
    နောက်ပြီး Ekiga ကလဲ တော်တော်လေးကို ဟန်ကျပါတယ်။
  • edited November 2008 Registered Users
    gmail မှာ အခု Voice n Video Chatting ရပါပြီတဲ့ခင်ဗျာ။ သို့သော် ထုံးစံအတိုင်းပဲ Linux version မလာသေးပါတဲ့။ အဟင့်။ :(

    အကို၊ အမတို့ရေ . . . Empathy လေးနဲ့ပဲ ဆက် နှစ်ပါးသွားကြသေးတာပေါ့။
  • edited November 2008 Registered Users
    opengun wrote: »
    gmail မှာ အခု Voice n Video Chatting ရပါပြီတဲ့ခင်ဗျာ။ သို့သော် ထုံးစံအတိုင်းပဲ Linux version မလာသေးပါတဲ့။ အဟင့်။ :(

    အကို၊ အမတို့ရေ . . . Empathy လေးနဲ့ပဲ ဆက် နှစ်ပါးသွားကြသေးတာပေါ့။

    အဲလို Google နဲ့ Microsoft က သူတို့ စီးပွားရေးအတွက် သူတို့ products ကို အသုံးပြုသူတွေကို ဘာမှခေါင်းမစားစေပဲ လွယ်လွယ်ကူကူလုပ်ပေးသွားပေမယ့် ..
    Linux Users တွေထဲမှာ Programmers, Developers, Testers တွေအများကြီးပါ။ သိပ်မကြာပါဘူး အဲဒီ feature ကရသွားမှာပါ။ ကျနော်ထင်တယ် Empathy မှာရလာမယ်ထင်တယ်။
  • edited November 2008 Registered Users
    ကျွန်တော်က Linux Ubuntu ကို USB ထဲမှာ Boot လုပ်ပြီးသုံးတာဗျ။ အားလုံးအဆင်ပြေပါတယ်။
    ဒါပေမဲ့ ပြသနာ က Gtalk သုံးလို့ မရဘူး။ အကို OpenGun ရဲ့ Thread ကလည်း Google ကဟာကို Direct Link ပေးထားတာဆိုတော့ သိပ်နားမလည်ဘူး။
    ကျွန်တော်လိုချင်တာက မြန်မာ Ubuntu User တွေထဲက Linux နဲ့ Gtalk သုံးဖူးတဲ့ အကို တွေဆီက ပြန်ပြီး Learning လုပ်ချင်တာ။
    ဆိုပါစို့..............., Pidgin ထဲမှာ Username တွေ Password တွေ ရိုက်တာကတော့သိတယ်ဗျ။
    ကျွန်တော်သိချင်တာက Advance Tab ထဲမှာပါတဲ့ Port Setting တွေ, SSL တွေ, Server Setting တွေ ရယ် နောက်ရှိသေးတယ်။
    နောက်ပြီး, Pidgin Preferences ထဲက Network Setting တွေ လည်းပါတယ်။ တချို့ဟာတွေကတော့ ကိုသုံးနေတဲ့ Connection ကိုကြည့် ပြီးထည့်လို့ရပါတယ်။
    တချို့ Setting တွေသာမသိတာ။ တကယ်လို့ တခြား Software တွေကို သုံးတယ်ဆိုလည်း အဲဒီ Software ရဲ့ Configuration လုပ်ပုံလေးကို Step by Step သိချင်ပါတယ်။
  • edited November 2008 Registered Users
    Western wrote: »

    Pidgin က gtalk voice chat တော့မရပါ။ အောက်မှာ သူ့ကို gtalk setting လုပ်ပုံအခြေခံပါ။ အရင်ဆုံး Pidgin ကိုစစချင်းဖွင့်တာနဲ့ အောက်ကပုံအတိုင်း account ကို သွင်းဖို့ပြောတဲ့ welcome dialog လေးပေါ်လာမယ်။ အဲဒီမှာ Add ကိုနှိပ်ပါ။
    screenshotbuddylistxz1.th.pngthpix.gif

    ဒီအောက်က account adding - basic tab ပါ။
    Protocol: မှာ Google Talk လို့ရွေးပေးပါ။
    user နေရာမှာ ခင်ဗျားရဲ့ gmail or gtalk name ပေးပါ။
    Domain နဲ့ Resource ကတော့ default setting မြင်ရတဲ့အတိုင်းပဲ ထားပါ။
    Password မှာ ကိုယ့်ရဲ့ လှို့၀ှက်စကားစုရိုက်ပါ။
    Local Alias မှာတော့ ကိုယ့်သူငယ်ချင်းတွေကို မြင်စေချင်တဲ့ nick name ရိုက်ပေးပါ။ မရိုက်လည်း ဘာမှမဖြစ်ဘူး။
    screenshotaddaccounttl4.th.pngthpix.gif

    ပြီးရင် Advance Tab သွားကြည့်မယ်။ မြင်ရတဲ့ default setting အတိုင်းထားပါ။ တချို့ကတော့ old SSL port 5223 နဲ့မှအဆင်ပြေပါတယ်။ setting တွေကို အပင်ပန်းခံပြီး အများကြီး ပြောင်းနေဖို့မလိုအပ်ပါဘူး။
    screenshotaddaccount1gc0.th.pngthpix.gif

    နောက်ပြီး Gtalk သုံးဖို့ Emapthy ရှိသေးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ setting up လဲ ခက်ခက်ခဲခဲ ၀က်သက်ကျွဲသက်သလို ဖြစ်မနေပါဘူး။ ရိုးရိုးလေးပဲ Account ကို add ပေးလိုက်ပါ။
    သူ့မှာ New Account ကို add မယ်ဆိုရင် Jabber account အသစ်ကို add မှာလား Google Talk account အသစ်ကို add မှာလားမေးပါတယ်။ Google ဆိုရင် Google Talk Account ရွေးပြီး add ပေးပါ။ အရေးကြီးတာက Account add တဲ့နေရာမှာ user id နေရာကို ကိုယ့်ရဲ့ google talk account ကိုပြည့်ပြည့်စုံစုံထည့်ပေးပါ။ ဥပမာ ([email protected]) အဲလို @gmail.com ပါ ပါအောင်ထည့်ပေးရမယ်။ နောက်ပြီး priority ကို 5 ထားပေးလိုက်ပါ။ ကျန်တဲ့ဟာတွေက ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ old SSL ကိုသုံးပါတယ်။
    screenshotaccounts1empapb9.th.pngthpix.gif
  • edited November 2008 Registered Users
    I gotta test ya man!
    Thanks you for sharing your knowledge. :67:
    I am new to test linux so plz help me work it out.

    um man!
    Thank ya very much.
  • edited November 2008 Registered Users
    box02 wrote: »
    Pidgin က gtalk voice chat တော့မရပါ။ အောက်မှာ သူ့ကို gtalk setting လုပ်ပုံအခြေခံပါ။ အရင်ဆုံး Pidgin ကိုစစချင်းဖွင့်တာနဲ့ အောက်ကပုံအတိုင်း account ကို သွင်းဖို့ပြောတဲ့ welcome dialog လေးပေါ်လာမယ်။ အဲဒီမှာ Add ကိုနှိပ်ပါ။
    screenshotbuddylistxz1.th.pngthpix.gif

    ဒီအောက်က account adding - basic tab ပါ။
    Protocol: မှာ Google Talk လို့ရွေးပေးပါ။
    user နေရာမှာ ခင်ဗျားရဲ့ gmail or gtalk name ပေးပါ။
    Domain နဲ့ Resource ကတော့ default setting မြင်ရတဲ့အတိုင်းပဲ ထားပါ။
    Password မှာ ကိုယ့်ရဲ့ လှို့၀ှက်စကားစုရိုက်ပါ။
    Local Alias မှာတော့ ကိုယ့်သူငယ်ချင်းတွေကို မြင်စေချင်တဲ့ nick name ရိုက်ပေးပါ။ မရိုက်လည်း ဘာမှမဖြစ်ဘူး။
    screenshotaddaccounttl4.th.pngthpix.gif

    ပြီးရင် Advance Tab သွားကြည့်မယ်။ မြင်ရတဲ့ default setting အတိုင်းထားပါ။ တချို့ကတော့ old SSL port 5223 နဲ့မှအဆင်ပြေပါတယ်။ setting တွေကို အပင်ပန်းခံပြီး အများကြီး ပြောင်းနေဖို့မလိုအပ်ပါဘူး။
    screenshotaddaccount1gc0.th.pngthpix.gif

    နောက်ပြီး Gtalk သုံးဖို့ Emapthy ရှိသေးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ setting up လဲ ခက်ခက်ခဲခဲ ၀က်သက်ကျွဲသက်သလို ဖြစ်မနေပါဘူး။ ရိုးရိုးလေးပဲ Account ကို add ပေးလိုက်ပါ။
    သူ့မှာ New Account ကို add မယ်ဆိုရင် Jabber account အသစ်ကို add မှာလား Google Talk account အသစ်ကို add မှာလားမေးပါတယ်။ Google ဆိုရင် Google Talk Account ရွေးပြီး add ပေးပါ။ အရေးကြီးတာက Account add တဲ့နေရာမှာ user id နေရာကို ကိုယ့်ရဲ့ google talk account ကိုပြည့်ပြည့်စုံစုံထည့်ပေးပါ။ ဥပမာ ([email protected]) အဲလို @gmail.com ပါ ပါအောင်ထည့်ပေးရမယ်။ နောက်ပြီး priority ကို 5 ထားပေးလိုက်ပါ။ ကျန်တဲ့ဟာတွေက ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ old SSL ကိုသုံးပါတယ်။
    screenshotaccounts1empapb9.th.pngthpix.gif

    ဘရားတားကြီး အဲဒါ ကို သုံးပင် မဲ့လည်း voice မရသေးဘူးလို think တဲနော်....

    လုပ်ပါဦးဟ..စကားပြောချင်လို
  • edited November 2008 Registered Users
    kophone wrote: »
    ဘရားတားကြီး အဲဒါ ကို သုံးပင် မဲ့လည်း voice မရသေးဘူးလို think တဲနော်....

    လုပ်ပါဦးဟ..စကားပြောချင်လို

    Empathy 2.24.0 က voice chat ရပါပြီ .. တကယ်လို့ Empathy 2.22.0 ကို install လုပ်ထားရင် အဲဒီဟာကို အရင် remove လုပ်လိုက်ပါ။
    $ sudo apt-get autoremove empathy
    
    ခင်ဗျားက Ubuntu 8.04 ဆိုရင် အောက်ကအတိုင်း Empathy 2.24.0 ကို install လုပ်ဖို့အတွက် Third Party Repository ကို သွင်းပေးရမယ်။

    System > Administration > Synaptic Package Manager ကိုဖွင့်ပါ။

    Setting >> Repositories ကိုသွားပါ။ ပြီးရင် Third-Party Software Tab ကိုနှိပ်ပါ။
    အဲဒီမှာ Add ကိုဆက်နှိပ်ပေးပါ။ အဲဒီမှာ APT complete line ကိုတောင်းရင် အောက်က code ထဲကလိုင်းကို copy & paste လုပ်ပေးပါ။
    deb http://ppa.launchpad.net/telepathy/ubuntu hardy main
    
    ပြီးရင် Add Source ကိုနှိပ်ပေးပါ။ ပြီးရင် အဲဒီ Software Source ကို close ပြီး Reload လုပ်ပါ။
    ပြီးရင် အောက်က packages တွေကို ရှာပြီး install လုပ်ဖို့အတွက် mark လုပ်ပေးပါ။
    Empathy
    telepathy-gabble
    telepathy-mission-control
    telepathy-stream-engine
    
    ရှာဖို့အတွက် Ctrl + F နှိပ်ပြီးရှာနိုင်ပါတယ်။ ရှာပြီး mark လုပ်ပေးပြီးပြီးဆိုရင် install လုပ်ဖို့အတွက် Apply ကို နှိပ်ပေးပါ။ Installation ပြီးရင် ခင်ဗျား အဲဒီ Empathy 2.24.0 ကိုရပါပြီ။
    screenshotaboutempathyyl2.th.pngthpix.gif

    အကိုးအကား
    http://ubuntuforums.org/showpost.php?p=5118375&postcount=1
    
  • edited July 2009 Registered Users
    ကျနော်အင်စတောထားတာတော့ အဆင်ပြေပါတယ် ။
    နောက်ထွက်တဲ့ Ubuntu 9.04 မှာကျတော့ Add or Remove ကနေ Empathy လို့ type ပြီးရှာလိုက်တယ် ။ ပြီးရင်သူ့ကို တွေ့တော့ အင်စတောလိုက်တာ အိုကေပါတယ် ။ဒါပေမဲ့ ကျွန်တော်ဖြစ်တဲ့ အယ်ရာက Empathy ကနေ စကားပြောတာ တစ်ဘက်ကပြောတာက ကျွန်တော်ကကြားပြီးတော့ ကျွန်တော့်ဘက်က ပြောတာ ဟိုဘက်က မကြားရပါဘူး ။ ကျွန်တော့်ဘက် အသံကို မ၀င်တာဖြစ်နေပါတယ်ခင်ဗျာ ။ အဲဒါဘယ်လိုလုပ်ရမလဲဖြစ်နေလို သိရင်ကူညီပါအုံးခင်ဗျာ ။
  • edited July 2009 Registered Users
    zener wrote: »
    ကျနော်အင်စတောထားတာတော့ အဆင်ပြေပါတယ် ။
    နောက်ထွက်တဲ့ Ubuntu 9.04 မှာကျတော့ Add or Remove ကနေ Empathy လို့ type ပြီးရှာလိုက်တယ် ။ ပြီးရင်သူ့ကို တွေ့တော့ အင်စတောလိုက်တာ အိုကေပါတယ် ။ဒါပေမဲ့ ကျွန်တော်ဖြစ်တဲ့ အယ်ရာက Empathy ကနေ စကားပြောတာ တစ်ဘက်ကပြောတာက ကျွန်တော်ကကြားပြီးတော့ ကျွန်တော့်ဘက်က ပြောတာ ဟိုဘက်က မကြားရပါဘူး ။ ကျွန်တော့်ဘက် အသံကို မ၀င်တာဖြစ်နေပါတယ်ခင်ဗျာ ။ အဲဒါဘယ်လိုလုပ်ရမလဲဖြစ်နေလို သိရင်ကူညီပါအုံးခင်ဗျာ ။

    အင်း.. ဟုတ်ပါတယ်၊ ကျနော့်မှာလဲ ဒီ Ubuntu 9.04 မှာ Empathy talk ရတာ အဆင်မပြေပါဘူး၊ Ubuntu 8.04 မှာတော့ လုံး၀ကောင်းခဲ့ပါတယ်။ ခု 9.04 မှာ Skype နဲ့ပဲ Video ရော Voice ရော သုံးနေရတယ်..
  • edited August 2009 Registered Users
    Linux(ipcop) server ခံပြီး Gtalk ၀င်ရင် ဘာကြောင့်ခက်ခဲသလဲ ဖြေပေးပါဦး။
    ၀င်လို့တော့ရတယ် အမြဲတမ်းမကောင်းပါ။ လိုင်းမြန်နေရင်တောင် တစ်ခါတစ်လေလုံး၀မ၀င်ပါ။
    ip ကို ဘာတွေထားရင်ကောင်းမလဲမသိဘူး 10.1. . . .
  • edited August 2009 Administrators
    MPT လိုင်းလား bagan လိုင်းလား... MPT လိုင်းကတော့ gtalk မငြိမ်ဘူး... ပြည်တွင်းကဆိုရင်တော့ ipcop နဲ့ဆိုင်မယ်လို့ မထင်ဘူးဗျ..
  • edited August 2009 Registered Users
    ကျေးဇူးပဲကိုစေတန် mpt ပါ။ mpt ကပေးတဲ့ midas modem ကြောင့်များလားလို့
    isa server သုံးတဲ့သူငယ်ချင်းဆိုင်တွေက linux ကြောင့်လို့ပြောလို့ ဟုတ်နေသလားလို့ တစ်မြို့တည်းဖြစ်ပြီး သူတို့ ဆီမှာက gtalk ၀င်ရလွယ်နေလို့ ကျွန်တော့ဆီမှာမရရင်တောင်သူတို့ဆီမှာရနေတာ။
  • ကျွန်တောှ့ဆီမှာ Empathy သုံးတာ အဆင်မပြေဘူးဗျာ .. ဘာမှ သုံးလို့ မရဘူး။ Newwork Error ပဲ ပြနေတယ် ..9 . 10 မှာပာ ။ နောက်ပြီး Skype မှာ အသံကလဲ သူများပြောတာ ကြားတယ် ။ ကို ပြောတာကို သူများ မကြားဘူး ဖြစ်နေတယ် ..။ Synaptic Package Manager ကနေ သွားပြီး Soft တွေ သွင်းလို့ မရဘူး ..Error တွေကြီးပဲ ..အဲ ..Command Line ကနေ ဆိုရင်တော့ အိုကေပြန်ရော ..။ DEB နဲ့ သွင်းရင်လဲ အဆင်ပြေပြန်တယ် ..။ ဘယ်လို ဖြစ်တာလဲ သိတော့ဘူး ... :(
  • ackack
    edited December 2010 Registered Users
    ubuntu 10.10 မှာ empathy ပါလာပါတယ်။
    ဒါပေမယ့် အလုပ်မလုပ်ဘူးဖြစ်နေတယ်။
    proxy လည်းချိန်းလို့မရဘူး။
    MPT က Noproxy ကိုပိတ်လိုက်လို့လားမသိဘူး။
    can you help me?
    I want to use gtalk in ubuntu.
    thanks
  • KK
    edited December 2010 Moderators
    Wine ကိုသုံးပြီးတော့ .exe တွေ run လို့ရပါတယ်။ ကျွန်တော်ဆို Ubuntu မှာတင် World of Warcraft စမ်းဆော့ဖူးပါတယ်။ ရပါတယ်.. :)
  • edited December 2010 Administrators
    ack wrote: »
    ubuntu 10.10 မှာ empathy ပါလာပါတယ်။
    ဒါပေမယ့် အလုပ်မလုပ်ဘူးဖြစ်နေတယ်။
    proxy လည်းချိန်းလို့မရဘူး။
    MPT က Noproxy ကိုပိတ်လိုက်လို့လားမသိဘူး။
    can you help me?
    I want to use gtalk in ubuntu.
    thanks

    empathy က proxy မပါဘူးဆိုရင် ubuntu က network proxy ကို ပြောင်းပြီး စမ်းကြည့်ပါ။ ကျွန်တော် သုံးတာရပါတယ်။ network proxy ပဲ ပြောင်းပြီး သုံးလိုက်တာပါ။ System->Preferences-> Network Proxy and applied "Apply System-wide" ဆိုပြီး လုပ်လိုက်ရင်ရပါတယ်။
  • ackack
    edited December 2010 Registered Users
    saturngod wrote: »

    ဒီမှာမရဘူးဖြစ်နေတယ်ဗျ။
    ubuntu 10.10 ပါ။
    network proxy က 203.81.67.18 / 8080 ပြောင်းပြီးသားပါ။
    restart လဲချပြီးသား။
    ဒီတိုင်းမရလို့...
    connect server ကို လည်း talk.google.com ပြောင်းတာလဲမရဘူး။
    loading လေးလည်မလို့ .. ရပ်နေတယ်။
    :(
    Software Center ကနေ ဂိမ်းတွေ၊ vlc player တွေဒေါင်းတော့ရနေတယ်။
  • edited December 2010 Administrators
    terminal မှာ

    $echo $http_proxy

    ဆိုပြီး ရိုက်ကြည့်လိုက်ပါ။

    အဲမှာ 203.81.67.18:8080 လို့ ပေါ်သလားမသိဘူး။

    မပေါ်ရင်တော့

    $http_proxy=203.81.67.18:8080

    လို့ရိုက်လိုက်ရင် ရသွားတတ်ပါတယ်။

    talk.google.com
    port: 443
    Force old (5223) SSL

    ဆိုတာသေချာလား တချက်စစ်ကြည့်လိုက်ပါ။
  • ackack
    edited December 2010 Registered Users
    saturngod wrote: »
    terminal မှာ

    $echo $http_proxy

    ဆိုပြီး ရိုက်ကြည့်လိုက်ပါ။

    အဲမှာ 203.81.67.18:8080 လို့ ပေါ်သလားမသိဘူး။

    မပေါ်ရင်တော့

    $http_proxy=203.81.67.18:8080

    လို့ရိုက်လိုက်ရင် ရသွားတတ်ပါတယ်။

    talk.google.com
    port: 443
    Force old (5223) SSL

    ဆိုတာသေချာလား တချက်စစ်ကြည့်လိုက်ပါ။

    သေချာပြန်စမ်းမလို့စက်လည်းဖွင့်လိုက်ရော.....
    အောက်က Taskbar (panel) မှာ folder တစ်ခုပွင့်လာသလိုများ ဆက်တိုက် ပွင့်ပြီး panel မှာ လေးထောင့်ကွက်တွေဆက်တိုက်ပြေးသွားပါတယ်။
    ပြီးတော့ စက်ဟန်းသွားပါတော့တယ်။
    ubuntu virus များလား။
    restart လုပ်လည်းမရပါ။
    system restore လုပ်လို့ရမလားမသိဘူး။
Sign In or Register to comment.