MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Make DEB package

edited December 2008 in Ubuntu
ကျွန်တော်တို့တွေ အခု .deb package တစ်ခုဖန်တီးကြည့်ပါမယ်။ သိပ်မခက်ပါဘူး အရမ်းကို လွယ်ပါတယ်။ အခုတည်ဆောက်မှာကတော့ Wininnwa font package ပါ။
ကဲ… ကျွန်တော်တို့တွေ desktop မှာ Wininnwa ဆိုတဲ့ Folder အရင်ဆောက်ပါမယ်။
ပြီးရင် ကျွန်တော်တို့တွေ font ထည့်ရမယ်။
ပုံမှန်အားဖြင့် font တွေကို
/usr/share/fonts/truetype/
အောက်မှာ ထည့်ကြတယ်။ Truetype font တွေအတွက်ပေါ့။
အခု အဲဒီအတိုင်း peကျွန်တော်တို့တွေ တည်ဆောက်ရမယ်။
ဒီတော့ desktop ပေါ်က Wininnwa ဆိုတဲ့ folder ထဲမှာ
usr ဆိုတဲ့ folder ဆောက်။ ပြီးရင် share ဆိုတာ ကို usr အောက်မှာ ထပ်ဆောက်ရပါမယ်။ ပြီးရင်တော့ fonts။ ပြီးရင် truetype ဆိုတာကို အဆင့်ဆင့်ဆောက်သွားမယ်။
ဒါဆိုရင်တော့
Wininnwa/usr/share/fonts/truetype
ဆိုပြီးရှိနေမယ်။
ကောင်းပြီ။ ကျွန်တော်တို့တွေ အဲဒီအထဲကို wininnwa font တွေအားလုံး ဖြည့်လိုက်မယ်။
အောက်မှာ ကျွန်တော် ပုံကြမ်းလေးပြထားတယ်။ ကျွန်တော် လုပ်ထားတာကတော့ /home/saturngod/project/ အောက်မှာ wininnwa ဆိုပြီး လုပ်ထားတာပါ။

wininnwapackage-300x97.jpg


ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ နောက်ဆုံးအဆင့်လုပ်ရမယ်။
Wininnwa ဆိုတဲ့ folder ကိုပြန်သွားလိုက်။
အဲဒီမှာ DEBIAN ဆိုပြီး folder တစ်ခုဆောက်။
ပြီးရင် DEBIAN folder ထဲဝင်။
right click နှိပ်။ Create Document > Empty File ကိုနှိပ်။ control လို့နာမည်ပေး။
အဲဒီအထဲမှာဆိုရင်တော့
Package: winnwa-font
Version: 1
Section: Base System
Priority: optional
Architecture: all
Essential: no
Depends:
Pre-Depends:
Recommends:
Suggests:
Installed-Size:1536
Maintainer: Saturngod ([email protected])
Conflicts:
Replaces: winnwa-font
Provides:
Description: This Package for Winnwa Font for Ubuntu
လို့ထည့်လိုက်ပါ။
package : package နာမည်ထည့်ရန်ဖြစ်သည်။
version : version နံပတ်ဖြစ်သည်။
Section : အမျိုးအစားဖြစ်သည်။
Depends : အခု package ကိုသွင်းဖို့ လိုအပ်တဲ့ package စာရင်းဖြစ်သည်။
Installed-Size : Install သွင်းလျှင် ယူသွားမယ့် ပမာဏ KB ဖြစ်သည်။
Replaces : အစားထိုးသွားမယ့် package name ဖြစ်သည်။
Description : ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာ ရေးရန်ဖြစ်သည်။
ပြီးရင်တော့ Terminal ကိုသွားပါ။ Wininnwa folder ရှိတဲ့အထိ ရောက်အောင်သွားပါ။ Wininnwa folder ကို Desktop ပေါ်မှာ ဆိုရင်တော့
$cd ~/Desktop/Winnwa
ပေါ့
ပြီးရင်
$dpkg -b ~/Desktop/Winnwa/ winnwa-font.deb
လို့ terminal မှာရိုက်လိုက်ပြီး enter ခေါက်လိုက်ပါ။ အနီနဲ့ ပြထားတာကတော့ ကိုယ် package လုပ်ထားတဲ့ လမ်းကြောင်းပေါ့။ အစိမ်းနဲ့ကတော့ ကိုယ်လုပ်ချင်တဲ့ package နာမည်ပေါ့။
dpkg-deb: building package `winnwa-font’ in `winnwa-font.deb’.
အဲဒီ message ပေါ်လာပြီဆိုရင်တတော့ ~/Destkop/Winna/winnwa-font.deb ဆိုတာ ရလာပါလိမ့်မယ်။
ပြီးရင် winnwa-font.deb ကို double click လုပ်ပြီး install လုပ်ရုံပါပဲဗျာ။

မှတ်ချက်များ

  • edited November 2008 Registered Users
    ဇော်ဂျီအတွက်ရော လုပ်လို့ရမလား။ ကျွန်တော်လိုက်လုပ်ကြည့်တာ အဆင်မပြေဘူး။
    dpkg-deb: parse error, in file `/home/hacker/Desktop/winnwa//DEBIAN/control' near line 1:
    ဆိုပြီးပဲ ပေါ်တယ်။ မှားတော့ မမှားဘူးထင်တာပဲ။ သုံးလေးခေါက်လောက် စစ်ပြီး ပြန်လုပ်တာလဲ မရဘူး။ :106::106:
    နောက်ပြီး အဆင်ပြေမယ်ဆိုရင် Vbullentine အတွက် ဇော်ဂျီကီးဘုတ်လေး ရှယ်ပေးပါဦး။:5:
  • edited November 2008 Administrators
    yeman wrote: »
    ဇော်ဂျီအတွက်ရော လုပ်လို့ရမလား။ ကျွန်တော်လိုက်လုပ်ကြည့်တာ အဆင်မပြေဘူး။
    ဆိုပြီးပဲ ပေါ်တယ်။ မှားတော့ မမှားဘူးထင်တာပဲ။ သုံးလေးခေါက်လောက် စစ်ပြီး ပြန်လုပ်တာလဲ မရဘူး။ :106::106:
    နောက်ပြီး အဆင်ပြေမယ်ဆိုရင် Vbullentine အတွက် ဇော်ဂျီကီးဘုတ်လေး ရှယ်ပေးပါဦး။:5:
    အဲဒါက Control File ေ၇းတာ မှားနေတာ.. ကျွန်တော့်ကို ရေးထားတဲ့ file လေး ပြလို့ရမလား... တကယ်လို့အဆင်ပြေမယ်ဆိုရင် upload လေးတင်ပေးပါလား..
  • edited November 2008 Registered Users
    Package: winnwa-font
    Version: 1
    Section: Base System
    Priority: optional
    Architecture: all
    Essential: no
    Depends:
    Pre-Depends:
    Recommends:
    Suggests:
    Installed-Size:1536
    Maintainer: yeman ([email protected])
    Conflicts:
    Replaces: winnwa-font
    Provides:
    Description: This Package for Winnwa Font for Ubuntu
    ကျွန်တော် အရင်ဆုံး ဇော်ဂျီကိုလုပ်ကြည့်တယ်။ ဇော်ဂျီမရတော့ winnwa ကိုလုပ်တယ်။ နှစ်ခုလုံး မမှန်ဘူး။ ဘာဖြစ်လို့လဲ မသိဘူး။ ကိုစေတန်ရေးတဲ့ terminal လိုင်းအတိုင်းပဲ ရေးတာပဲ။ desktop ပေါ်တင်ပြီးလုပ်တာပါ။ ဘာမှားသွားလဲ မသိဘူး။ :D
  • edited November 2008 Registered Users
    http://www.2shared.com/file/4305360/3af18077/control.html

    အဲဒါ ကျွန်တော့ control file ပါ။
Sign In or Register to comment.