MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အခြားအင်ဂျင်နီယာဘာသာရပ်တွေအကြောင်းေ&#410

edited November 2008 in Idea
MZ မှ ဆရာတို့ရေ
အခြားအင်ဂျင်နီယာဘာသာရပ်တွေအကြောင်း MZ မှဆွေးနွေးလို့မရဘူးလား....
သင့်တော်တဲ့ Topic ကလေးတွေတင်ပြီးဆွေးနွေး ရရင်ကောင်းမယ်ထင်ပါတယ်....
၀ိုင်း၀န်းဆွေးနွေးကြပါဦး...:39:

မှတ်ချက်များ

  • edited November 2008 Administrators
    ကျွန်တော်တို့အနေနဲ့ engineering ပိုင်းကို သီးသန့်လုပ်စေချင်ပါတယ်... တကယ်လို့ လုပ်ဆောင်နိုင်မယ်ဆိုရင် site တစ်ခုလုံး ကျွန်တော်တို့ တာဝန်ယူဆောက်ပေးပါ့မယ်.. mmenglish.net လိုမျိုးပေါ့.... တကယ်လို့ domain မရှိသေးဘူးဆိုလည်း

    တကယ်လုပ်မယ်ဆိုရင် domain ၁ နှစ်စာ ပါလှုပေးပါ့မယ်.... hosting အခက်အခဲအတွက်လည်း ကျွန်တော်တို့ host ထိုင်ပေးပါ့မယ်... MZ ကနေ တည်ဆောက်ပေးပါ့မယ်ဗျာ... ကျွန်တော်တို့ engineering ပိုင်းကို လုံးဝမသိတာကြောင့်လည်းပါပါတယ်... MZ ကတော့ ကွန်ပျူတာ နည်းပညာ သီးသန့်အနေနဲ့ သွားနေတာပါ...
  • edited November 2008 Registered Users
    အေးဗျာ- ဒီလိုသီးခြားဆိုဒ်မျိုးလုပ်ရရင်အဆင်ပြေမယ်။ ကျနော်ကိုုယ်တိုင်လည်း သိပ်မသိဘူး။ သူငယ်ချင်းတစ်ယောက်ဆို သူလုပ်ထားတဲ့ပုံစံတွေ လက်တွေ့တည်ဆောက်ထားတဲ့ဟာတွေ (မော်တော်ယာဉ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း ဆားကစ်ဒီဇိုင်း၊ အင်ဂျင်စက်ထိန်းချုပ်မှုအပိုင်း၊ အခုနောက်ဆုံး ၅ထပ်အတွက် ကုန်တင်ဓါတ်လှေခါးတစ်ခုဆင်ဖို့လုပ်နေတယ်၊ ကွန်ထရိုးအပိုင်းပုံစံငယ်ဆင်ပြီး) စသဖြင့် ရနိုင်တဲ့ပစ္စည်းသုံးပြီးလုပ်ထားတာတွေ အများကြီးရှိတယ်။ လောဂျစ်နဲ့ ကွန်ထရိုးစိတ်၀င်းစားတယ် ပါရမီရှင်လို့ပြောရမယ်။ နယ်မြို့မှာဆိုတော့ သိပ်မသိကြဘူး။ သူကိုယ်တိုင်လည်း အင်တာနက်နဲ့ နည်းနည်း ေ၀&#41
  • edited November 2008 Registered Users
    http://www.myanmarengineer.org ကို သွားကြည့်ပါဦး။ အဲဒီမှာတော့ မြန်မာအင်ဂျင်နီယာတွေ စုစုစည်းစည်းရှိကြတယ်။ YIT ဆင်းတွေလုပ်ထားတဲ့ ဖိုရမ်တစ်ခုလည်းရှိတယ်ဗျ။ ကျွန်တော်နာမည်မေ့နေလို့။ သူကတော့ YITအပတ်စဉ်အလိုက်ခွဲထားတာပါ။ MZ က အသစ်တစ်ခုထပ်လုပ်ပေးမယ်ပြောထားတာတွေ့တော့ ၀မ်းသာတယ်ဗျာ။ ဒါပေမယ့် အင်ဂျင်နီယာ ဘာသာရပ်တွေက လိုင်းခွဲတွေများတယ်။ အကြောင်းအရာတစ်ခုချင်းစီကို ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးပေးနိုင်မယ့် အမာခံလူတစ်ယောက်စီတော့ရှိရမယ်ဗျ။ ဆိုပါတော့ ကျွန်တော်က autocorrelation function အကြောင်းသိချင်တယ်ဆိုရင် သချင်္ာပုံသေနည်းကဘယ်လို၊ digital communication မှာဘယ်လိုအားလုံးကိုခြုံမိနေတဲ့ မေဂျာအလိုက် ဆရာတစ်ယောက်စီလိုပါတယ်။ မဟုတ်ရင် ကျွန်တော်က digital communication နဲ့ပတ်သက်ပြီးသိချင်တာ၊ သချင်္ာသမားက သချင်္ာလိုတွေပြောနေရင် သဘောတရားတူပေမယ့် လိုရင်းကိုမရောက်နိုင်တော့ဘူး။ ဖြစ်နိုင်ရင်တော့ လူငယ်အင်ဂျင်နီယာတွေက အဲဒီလို ဖိုရမ်မျိုးကိုတောင့်တနေတာအမှန်ပါဗျာ။
Sign In or Register to comment.