MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Home Networking အကြောင်း ...

edited March 2010 in Networking
ကျွန်တော်မှာရှိတဲ့ Home Networking အကြောင်းစာအုပ်လေးပါ ...
ကျွန်တော်တော့ သေသေချာချာမသိပါဘူး ... တတ်သူများရှိရင် သင်ပေးပါလားဗျာ .. :6:

ဒီမှာ ဒေါင်းလို့ရပါတယ်ဗျာ ...

မှတ်ချက်များ

  • edited July 2007 Registered Users
    ္ဒ
    phpcrazy wrote: »
    ကျွန်တော်မှာရှိတဲ့ Home Networking အကြောင်းစာအုပ်လေးပါ ...
    ကျွန်တော်တော့ သေသေချာချာမသိပါဘူး ... တတ်သူများရှိရင် သင်ပေးပါလားဗျာ .. :6:

    ဒီမှာ ဒေါင်းလို့ရပါတယ်ဗျာ ...
    ဒေါင်းလုပ်က ဘယ်မှာလုပ်ရမှာလဲ။:5:

    လင့်လည်းမပေးထားဘူးနောက်ပြီး။ အော် သိပြီသိပြီ ပညာရှိသတိပျက်ခဲဖြစ်သွားတာဖြစ်မယ်။:D :P :P

    ကျေးဇူးတင်ပါသည်။

    မင်းနန္ဒာ
  • edited July 2007 Registered Users
    စာအုပ်ခေါင်းစီးက ဘာလဲဗျ။ စာအုပ်အကြောင်း info လေးတော့ ရေးပေးသင့်ပါတယ်ဗျာ။
  • edited August 2007
    Anyone who owns two or more PCs can use this book to learn how to connect them and get the most from the resulting network. If you want to work on your laptop while your young children run educational software on another computer, this book is for you. If you and your spouse have computer work and are always competing for the printer, this book is for you. If you’re a teenager trying to bring your parents into the twenty-first century, Home Networking Bible is for you.

    You might want to learn how to create Web pages so that you can start your own home business. Home Networking Bible shows you how to set up your own home Internet (called an intranet) that you can use for experimentation and learning. If you own a small business and you want to make it easier for your employees to print and share files, Home Networking Bible offers advice on how best to accomplish this goal and more. You might have both a PC running Windows and a Macintosh and wonder if you can network them. Home Networking Bible explains how to do it. Maybe you want to learn more about the Internet, but your spouse is always online. You can learn how to share an Internet connection, use chat programs over the Internet, and more, by reading Home Networking Bible. If you are a home user or a small business owner looking for information about setting up a small network, Home Networking Bible is for you.

    Preface ကြီး ကူးထည့်ပေးလိုက်တယ်ဗျာ .... :D

    စာအုပ်ခေါင်းစဉ်က တော့ Home Networking Bible ပါခင်ဗျာ ... အပေါ်က ဒီမှာ ဆိုတာလေးကို ကလစ်ပြီး ဒေါင်းလို့ရပါတယ်ခင်ဗျ ... သင်ချင်လို့ပါဗျို့ .....



  • edited August 2007 Registered Users
    အတော်ပဲ..ကြုံတုန်းမေးလိုက်အုံးမယ်ဗျာ...သူငယ်ချင်းတယောက်အခန်းပြောင်းသွားတာ....အဲအခန်းမှာအင်တာနက်ကို၄ဦးရှယ်ပြီးသုံးမယ်ဆိုပြီး router တခု၀ယ်ပြီး wireless နဲ့သုံးတာပေါ့ဗျာ..passward လဲပေးထားတယ်...ပြသနာကကျန်တဲ့သူတွေကချိတ်လို့ရပြီးသူ့စက်ကျမှ connection လုပ်နေပြီးခဏနေရင်အ၀ါရောင် i သင်္ကေတလေးနဲ့ connection limits or no connectivity.......ဆိုပြီးပေါ်ပေါ်လာတယ်...နောက်တခါပြန်လုပ်လဲအဲလိုပဲဖြစ်ဖြစ်နေတယ်ပြောတယ်...သူကဘာမှမလုပ်တတ်တော့ကျွန်တော့်အကူအညီတောင်းနေတော့ဒေါက်တာရမ်းကုသွားလုပ်မလို့ဗျာ..မလုပ်ခင်ဘယ်လိုနည်းလမ်းလေးတွေများရှိမလဲလို့မေးကြည့်တာပါ..:D ပြောပြပေးကြပါအုံး...
  • edited August 2007 Registered Users
    ဘာမှမလုပ်ဘဲ စာအုပ်တွေအရင်ဖတ်ဗျာ .. Network essential ကဲသို့သော စာအုပ်ပေါ့နော် ..မြန်မာ
    အင်္ဂလိပ် နှစ်မျိုးစလုံးရှိတယ်


    လမင်း
  • T4mT4m
    edited August 2007 Registered Users
    akstar wrote: »
    အတော်ပဲ..ကြုံတုန်းမေးလိုက်အုံးမယ်ဗျာ...သူငယ်ချင်းတယောက်အခန်းပြောင်းသွားတာ....အဲအခန်းမှာအင်တာနက်ကို၄ဦးရှယ်ပြီးသုံးမယ်ဆိုပြီး router တခု၀ယ်ပြီး wireless နဲ့သုံးတာပေါ့ဗျာ..passward လဲပေးထားတယ်...ပြသနာကကျန်တဲ့သူတွေကချိတ်လို့ရပြီးသူ့စက်ကျမှ connection လုပ်နေပြီးခဏနေရင်အ၀ါရောင် i သင်္ကေတလေးနဲ့ connection limits or no connectivity.......ဆိုပြီးပေါ်ပေါ်လာတယ်...နောက်တခါပြန်လုပ်လဲအဲလိုပဲဖြစ်ဖြစ်နေတယ်ပြောတယ်...သူကဘာမှမလုပ်တတ်တော့ကျွန်တော့်အကူအညီတောင်းနေတော့ဒေါက်တာရမ်းကုသွားလုပ်မလို့ဗျာ..မလုပ်ခင်ဘယ်လိုနည်းလမ်းလေးတွေများရှိမလဲလို့မေးကြည့်တာပါ..:D ပြောပြပေးကြပါအုံး...

    အရင်ဆုံး သူသုံးတဲ့ PC က Laptop လား။ Desktop လား။ Laptop ဆိုရင် သူသုံးတဲ ့ Wirelessက Built In လား။ Card စိုက်ထားပြီးသုံးတာလား။ အဲဒါလေးတွေသိဖို ့လိုအပ်လိမ် ့မယ်။
  • edited August 2007 Registered Users
    အရင်ဆုံး သူသုံးတဲ့ PC က Laptop လား။ Desktop လား။ Laptop ဆိုရင် သူသုံးတဲ ့ Wirelessက Built In လား။ Card စိုက်ထားပြီးသုံးတာလား။ အဲဒါလေးတွေသိဖို ့လိုအပ်လိမ် ့မယ်။
    ရသွားပြီဗျာ...ကျွန်တော်သွားလုပ်ပေးလိုက်တာ...ဟဲဟဲ...ဘာပဲပြောပြောဆရာကြီးဖြစ်သွားတာပေါ့ဗျာ..:P ...သူတို့တွေ၂ရက်လောက်လုပ်နေတာကိုကိုယ်က၅မိနစ်လောက်နဲ့ရအောင်လုပ်ပေးလိုက်တာကိုး...ဘာမှခဲရာခဲဆစ်လဲဟုတ်ဘူး...သူက desktop ကို usb ကနေ linksys wirelsee adaptor နဲ့ချိတ်ထားတာ...သူတို့တွေ၂ရက်လုံးအဲ linksys ကနေချိတ်နေတာလုံး၀ကိုမရဘူး...အရင်ကတော့ရတယ်...ကျွန်တော်ကအဲဒါကို window wireless zero configuration ဆိုတဲ့ window built in software နဲ့ပြောင်းပြီးချိတ်ပေးလိုက်တာပါ...အဲတော့မှရသွားတယ်...ဒါပေမယ့် linksys adaptor မရှိရင်လဲမရဘူး...ဘာလို့linksys ကနေတိုက်ရိုက်ချိတ်မရတာလဲဆိုတာတော့စဉ်းစားလို့ကိုမရဘူးဗျာ..ခုတော့ရသလိုပဲလုပ်ပေးထားလိုက်တယ်...:106:
  • edited August 2007 Registered Users
    Networking Fundamentals ဆိုတဲ့ Powerpoint ဖိုင်လေးပါ ...
    1. Introduction to PC Networking
    2. Types of Networks
    3. Adding a Network Interface Card (NIC)
    4. Physical Components of a Network
    5. LAN Architectures
    6. Networking Protocols and the OSI Model
    7. TCP/IP Utilities
    ဆိုပြီး အပိုင်းလေးတွေခွဲပြီးရှင်းပြထားပါတယ် ... စာတွေအများကြီးဖတ်နေစရာမလိုဘဲ အချိန်တိုအတွင်းမှာ အနှစ်တွေအများကြီး တစ်ခါတည်းရသွားမှာပါ ... :1:

    Download [2349 KB]
  • edited November 2007 Registered Users
    ကွန်ပျူတာ နှစ်လုံးရှိတယ်...
    Network Card ကိုယ်စီ ပါကြတယ်
    အဲဒီကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်...
    (၁) ဘာပစ္စည်းလိုသေးလဲ...
    (၂) Configuration ဘယ်လိုလုပ်မလဲ ဆိုတာကို
    တဆင့်ချင်းရှင်းပြပေးကြပါ...:77:....

    ကျေးဂျူးအထူးတင်ပါသည်...
    စီခရေဇီ
  • edited November 2007 Registered Users
    ကွန်ပျူတာ နှစ်လုံးရှိတယ်...
    Network Card ကိုယ်စီ ပါကြတယ်
    အဲဒီကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်...
    (၁) ဘာပစ္စည်းလိုသေးလဲ...
    (၂) Configuration ဘယ်လိုလုပ်မလဲ ဆိုတာကို
    တဆင့်ချင်းရှင်းပြပေးကြပါ...:77:....

    ကျေးဂျူးအထူးတင်ပါသည်...
    စီခရေဇီ
    ကိုကိုကြီး စီခရေဇီ ကတော့ လုပ်ပြီ...ဘာလိုလဲတဲ့။
    (RJ45) Network Cable ပေါ့ဂျ။:77:
    ကွန်ပျူတာအချင်းချင်းပဲ...switch မသုံးတော့...Cross Cable သုံးလေ။
    သူ့ခေါင်းနှစ်ခေါင်းညှပ်ထားပုံက
    http://www.unbf.ca/rlcs/resnet/cable_cross.jpg မှာကြည့်နော်။
    တစ်ခေါင်းစီကို စက်တစ်လုံးပေါ့။ ဘယ်ဘက်က စတပ် တပ် ရတယ်။
    တပ်ပြီးရင် ချိတ်ပြီပဲလေ။
    စက်တွေကို ကိုယ်ပိုင် IP ပေးရမယ်။ DHCP Server ထိုင်ထားတာမှ မရှိတာ။
    ဆိုပါတာ့..
    ပတမကွန်ပျူတာကို 192.168.1.1 လို့ပေးထားရင်
    ဒုတိယကွန်ပျူတာကို 192.168.1.2 ပေါ့။
    စက်နှစ်ခုစလုံး အိုင်ပီ တူလို့ မရပါ။
  • edited November 2007 Administrators
    ကွန်ပျူတာ နှစ်လုံးရှိတယ်...
    Network Card ကိုယ်စီ ပါကြတယ်
    အဲဒီကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်...
    (၁) ဘာပစ္စည်းလိုသေးလဲ...
    (၂) Configuration ဘယ်လိုလုပ်မလဲ ဆိုတာကို
    တဆင့်ချင်းရှင်းပြပေးကြပါ...:77:....

    ကျေးဂျူးအထူးတင်ပါသည်...
    စီခရေဇီ
    ကြိုးလိုပါတယ်..
    ကြိုးကို တပ်ပြီးတာနဲ့
    Start > Network > Add New Network ဆိုတာလုပ်လိုက်တာပါ..
    ပြီးတော့ Network connection လေးဆိုတဲ့ computer ပုံလေး ညာဘက်ထောင့်ဆုံးက taskbar မှာပေါ်လာပါတယ်.. အင်တာနက် ချိတ်ရင် ပေါ်လာသလိုလေး.. အဲဒါလေးကို right clikc နှိပ်.. Properties ကိုရွေး.. အဲမှာ TCP/IP v4 ဆိုတာကို select လုပ် Porperties ကို cilck.. အဲမှာ IP ထည့်.. ပြီးရင် နောက်ထပ် စက်တစ်လုံးကို အဲလိုမျိုးလုပ်...
    ထင်တာပဲ..:D
    network မချိတ်တာ နည်းနည်းကြာပြီ.. မှတ်မိသလောက်ရေးလိုက်တာ.
  • edited November 2007 Registered Users
    (1) Cross over ကြိုးတစ်ကြိုးလိုမယ်ဗျ ... အဟီး ... :D (switch မခံပဲ တိုက်ရိုက်ချိတ်ရန်။ ၂လုံးပဲဆိုလို့)
    (2) အိုင်ပီအက်ဒရက် တစ်ခုစီ ပေးလိုက်ရင် ရပီ... ။ ( ဥ- ၁၉၂.၁၆၈.၀.၁ နဲ့ ၁၉၂.၁၆၈.၀.၂ )
    ပီးပီ .... ချိတ်သွားပီ .. ပင်းကြည့်လိုက်တော့။ (ပင်းလိုက်လို့ reply ဆိုတာနဲ့ မိပီပဲ)။
  • edited November 2007 Registered Users
    ဟာ့ဒ်၀ဲ အနေနဲ့ ချိတ်မိသွားရင်.. Ping Request ကိုလည်း Reply လုပ်နေပြီဆိုရင် IP Network တစ်ခု ရပြီပေါ့.. ဖိုင်တွေ Share လုပ်နိုင်ဖို့ အတွက် ကိုယ် Share လုပ်ချင်တဲ့ Folder တွေကို Right Click -> Sharing & Security ကနေတစ်ဆင့် ဖြစ်စေ Windows Explorer ကနေတဆင့် ဖြစ်စေ လုပ်နိုင်တဲ့ နည်းလေးတွေရှိပါတယ် အဲဒါတွေက Windows XP Help မှာ ပါပြီးသားပါ.. အောက်မှာ ပေးထားတဲ့ လင့်ခ်လေးကို Run box မှာ ဖြစ်ဖြစ် ၊IE Address bar မှာပဲ ဖြစ်ဖြစ် ရိုက်ထည့်ပြီး လက်တွေ့ လုပ်ကြည့်နိုင်ပါတယ်... အောင်မြင်ပါစေ... ms-its:C:\WINDOWS\Help\file_srv.chm::/file_srv_create_share.htm ms-its:C:\WINDOWS\Help\filefold.chm::/windows_shared_documents.htm
  • edited November 2007 Registered Users
    Firewall ကြောင့် တစ်ခါတစ်လေ ping လုပ်လို့ မရတတ်ပါ။
    XP service pack2 မှာ ဆိုရင် bulid-in personal firewall က ပါပြီးသားမဟုတ်လား။
    အဲဒီ Firewall က ကာပြီးပိတ်ထားကို ဖွင့်ချင်ရင်
    အလွယ်နည်းက Firewall တစ်ခုလုံးကို disable လုပ်လိုက်ပေါ့။
    Control Panel ----> Windows Firewall မှာ Off လုပ်လိုက်ပေါ့။
    အဲဒီလို Firewall တစ်ခုလုံး မပိတ်ချင်ဘူး ဆိုရင်
    ွှWindows Firewall diabox---> Advanced tab --->ICMP (group) Settings မှာ ရှာ
    လိုတာကို click ပေးပြီးဖွင့်ပါ။

    ဒါမှမဟုတ် တစ်ခြား Firewall သုံးထားတယ်ဆိုရင် သူ့ဆိုင်ရာဆိုင်ရာ နေရာမှာ ရှာကြည့်ပါ။:39:
  • edited December 2007 Registered Users
    moon wrote: »
    ဘာမှမလုပ်ဘဲ စာအုပ်တွေအရင်ဖတ်ဗျာ .. Network essential ကဲသို့သော စာအုပ်ပေါ့နော် ..မြန်မာ
    အင်္ဂလိပ် နှစ်မျိုးစလုံးရှိတယ်
    ကိုလမင်းရေ အဲဒီစာအုပ်လေးရှိရင် တင်ပေးလို့ရမလားဗျာ.။စိတ်၀င်စားလို့ပါ ။ ပို့စ်စရေးတာနဲ့ တန်းတောင်းတော့တာပဲ လို့တော့ မထင်စေချင်ပါဘူး :D

    အာလုံးကိုဂါရ၀ပြုလျှက်....
  • edited December 2007 Registered Users
  • edited February 2008 Registered Users
    router ခံပြီး နက်၀က်သုံးချင်ရင် ဘယ်အဆင့်တွေလုပ်ရလဲး ခင်ဗျာ။
    ရှိပြီးသား နက်၀က်ကို ထပ်ချဲ့မှာဆိုရင် ပေါ့ဗျာ။ အသစ်စလုပ်တာလေးပါပြေားပြလဲး စိတ်မဆိုးပါဘူး။:D
    ပြီးတော့ router ဘယ်နှစ်မျိုးလောက်ရှိလဲး။
    wireless နဲ့ wire ဘယ်ဟာကပိုကောင်းမလဲး။ (ကျွန်တော်ထင်တာတော့ wire ပေါ့ ဒါပေမယ့် မျက်စိရှုပ် သက်သာတဲ့ wireless ကို စိတ်၀င်စားလို့):5:

    အဲးဒီအဆင့်တွေကို သာမန်ယူဇာ လုပ်လို့ရနိုင်မလားခင်ဗျာ။

    ကျေးဇူးပါပဲး။
  • edited February 2008
    Router တွေအနေနဲ့က ကျွန်တော်သိသလောက် ... Wireless Router ရိုးရိုး Router, ADSL Router, Broadband Router စသည်ဖြင့်ပေါ့ဗျာ
    Router တစ်ခုမှာ ယျေဘူယျအားဖြင့်
    DHCP
    Firewall
    Internet Connection
    စတာတွေပါတတ်ပါတယ်
    DHCP
    ဆိုတာကတော့ Router ရဲ့ အဓိက Function လို့ထင်ပါတယ်
    DHCP ကို Router မှာ Configure လုပ်ထားရင် .... ကွန်ပျူတာကို ချိတ်လိုက်တာနဲ့ တစ်ခါတည်း internet စသည်ဖြင့်တို့နဲ့ ချိတ်ပြီးသွားပါလိမ့်မယ်
  • edited February 2008 Registered Users
    Router က network အုပ်စု မတူတဲ့ သူတွေ အချင်းချင်း ချိတ်ဆက်လို့ ရအောင် သုံးတာပါ။
    သူငယ်ချင်း layong က ဘယ်နေရာမှာ ဘယ်လို သုံးမလဲ ဆိုတာကို လဲ သေသေချာချာ မပြောပြသေးဘူး နော်။

    The same network ပဲ ဆိုရင် switch ထပ်ခံပြီး ထပ်ချိတ်ပေါ့။
    wireless နဲ့ wire ဘယ်ဟာကပိုကောင်းမလဲဆိုတော့ကာ
    နှစ်မျိုးလုံးပါတဲ့ Wireless Access Point Router က ပိုကောင်းတယ်လို့ ထင်ပါတယ်။
    Cisco Router တွေက တော့ နာမည်အကြီးဆုံးနဲ့ စျေးအကြီးဆုံးလို့ ထင်တာပဲ။
    တစ်ခါမှ မသုံးဘူးပါ ခင်ဗျာ။

    ဒါမှ မဟုတ်ရင် ကွန်ပျူတာ တစ်လုံးလုံးကို Routing Server လုပ်လိုက်လေ။
    သူကနေ different network အချင်းချင်း Routing ပေးနိုင်အောင်ပေါ့ဗျာ။
    (Windows server တွေမှာ Routing and Remote Service ကနေ ဆက်တင်လုပ်ရတာလားမသိ။
    မလုပ်တာကြာလို့မေ့သွားပြီ။)

    DHCP ဆာဗာ ဆိုတာက ဆာဗာက နေ ကလိုင်းယန့်ကို အိုင်ပီ အော်တိုချပေးတာပါ။
    ကလိုင်းယန့် က အိုင်ပီ စက်တင် လုပ်စရာမလိုဘူးပေါ့။
    ဒါပေမယ့် ဆာဗာကနေ ကလိုင်းယန့်ကို ဆားဗစ်ပေးတာ (အချိန်)အကန့် အသတ် ရှိတယ်။
    ကွန်နက်ရှင် တစ်ကြိမ်နဲ့ တစ်ကြိမ်ချပေးတဲ့ ကလိုင်းယန့် အိုင်ပီက မတူဘူးလေ။

    နောလေ့ ရှဲတာပါ ခင်ဗျာ။
    ကျေးဇူးတင်ပါသည်။
  • edited February 2008 Registered Users
    ကျေးဇူးပါပဲး ဗျာ
    အားလုံးကို။

    ကျွန်တော်က internet ကိုပါ share လုပ်ထားချင်တာပါ။
    အဲးဒီလို လုပ်ချင်တာပါ။
    ပြီးတော့ အဲးဒီ အင်တာနက် ပါရှယ်လို့ရတဲ့ router တွေက PORT ဘယ်နှစ်ခုထိပါတတ်ပါသလဲး။
    ကျွန်တော် လှမ်းမေးကြည့်တော့။ wire and wireless ပူးပါတာ။ 4 port ပဲးရှိတယ်ပြေားလို့။
    ကျွန်တော်က 8port လောက်ရှိမယ်မှတ်တာ။

    အင်တာနက်ဆိုင်တွေကကျတော့ အဲးဒီလို စက်အများကြီး သုံးနိုင်ဖို့ router ပဲးသုံးတာလား တခြားနည်းသုံးတာလား။ router နဲ့ တခြား ပစည်းတွဲးပြီး သုံးကြတာလားခင်ဗျာ။

    ကျွန်တော်ခု သိသလောက်တော့ဗျာ။
    ဒီမှာက dsl လိုင်းကို D-link 4 port router နဲ့ သုံးနေတယ်လို့ထင်တာပဲး။
    အဲးဒါကို network ထပ်ချဲ့ချင်တယ်ပေါ့ဗျာ။(စက်ထပ်တိုးချင်တယ်)

    ကျေးဇူးပါပဲး။
    နောလေ့ရှယ်လို့။
  • edited February 2008 Moderators
    ကွန်ပျူတာတစ်လုံးအပိုရှိလား။ အဲဒါရှိရင် router အစားသုံးလို့ရတယ်။
    အဲဒီကွန်ပျူတာ ကို router အစားခံပြီးရင် hub တပ်ပြီးအများကြီးဆက်လို့ရတယ်။

    မာ့ခ်
  • edited February 2008 Registered Users
    ကွန်ပျူတာ အပိုမရှိပါဘူးခင်ဗျာ။
    အဲးဒီလို ကွန်ပျူတာ တစ်လုံးခံသုံးတာက ဆာဗာ Os တင်ပြီးသုံးရတာလား။
    အဲးဒီဆာဗာ တင်ထားရင် လိုသလိုထိန်းချုပ်လို့ရပါသလား။
  • edited February 2008 Moderators
    layong wrote: »
    ကွန်ပျူတာ အပိုမရှိပါဘူးခင်ဗျာ။
    အဲးဒီလို ကွန်ပျူတာ တစ်လုံးခံသုံးတာက ဆာဗာ Os တင်ပြီးသုံးရတာလား။
    အဲးဒီဆာဗာ တင်ထားရင် လိုသလိုထိန်းချုပ်လို့ရပါသလား။

    ဆာဗာ OS ဖြစ်စရာမလိုပါဘူး။ Windows ပဲနားလည်ရင် WinRoute ဆိုတဲ့ software ကောင်းပါတယ်။ xp မှာ လည်း run ပါတယ်။

    နောက်ပြီး linux / unix သိမယ်ဆိုရင် iptables မှာ port တွေကို forward လုပ်တဲ့ script လေး run ရုံနဲ့ရပါတယ်။

    နောက်ပြီး အဲဒီ ခံသုံးထားတဲ့ ကွန်ပျူတာကို လည်း ပုံမှန် နေ့စဉ်သုံး ကွန်ပျူတာအနေ နဲ့ အသုံးပြုလို့ရပါတယ်။ ပုံမှန်ကွန်ပျူတာဖြစ်လို့ လိုသလိုထိန်းချုပ်လို့ရပါတယ်။

    ကျနော်ကိုယ်တိုင် အဲလိုမျိုးပဲသုံးပါတယ်။

    အရင်ကျောင်းတက်တုန်းက ဆိုရင် internet share လုပ်ပြီး ဘေးအိမ်ကသူတွေကို ပြန်share လုပ်ပါတယ်။ ကျတဲ့စရိတ် မျှခံကြတယ်လေ။

    မာ့ခ်
  • edited February 2008 Registered Users
    ကျွန်တော်ကတော့ အိမ်မှာ Router ကို 5 port switch တစ်ခုနဲ့ ပြန်ဆက်လိုက်တယ်။ Router က switch နဲ့ ပေါင်းရင် ၈ လုံးလောက် သုံးလို့ရသွားတယ်။
  • edited June 2008 Registered Users
    ROUTER ကိုဘယ်လို Configure လုပ်ရသလည်းပြောပြပေးကြပါလားခင်ဗျာ......ဖြစ်နိုင်မယ်ဆိုရင်အစအဆုံးပေါ့...........:77:
  • edited June 2008 Moderators
    ROUTER ကိုဘယ်လို Configure လုပ်ရသလည်းပြောပြပေးကြပါလားခင်ဗျာ......ဖြစ်နိုင်မယ်ဆိုရင်အစအဆုံးပေါ့...........:77:
    hi

    cisco router?

    mark
  • edited June 2008 Registered Users
  • edited June 2008 Registered Users
    Networking Fundamentals ဆိုတဲ့ Powerpoint ဖိုင်လေးပါ ...
    1. Introduction to PC Networking
    2. Types of Networks
    3. Adding a Network Interface Card (NIC)
    4. Physical Components of a Network
    5. LAN Architectures
    6. Networking Protocols and the OSI Model
    7. TCP/IP Utilities
    ဆိုပြီး အပိုင်းလေးတွေခွဲပြီးရှင်းပြထားပါတယ် ... စာတွေအများကြီးဖတ်နေစရာမလိုဘဲ အချိန်တိုအတွင်းမှာ အနှစ်တွေအများကြီး တစ်ခါတည်းရသွားမှာပါ ... :1:

    Download [2349 KB]
    ကျေးဇူးကိုeverlearner ရေ၊:77:
    ကျွန်တော်တို့လို စာဖတ်ပျင်းပြီး ၊Networking ပတ်သတ်ပြီး သေချာတစ်ခုမှ မသိသေးတဲ့ လူတွေအတွက်ကတော့ တကယ်အသုံး၀င်ပါတယ်။
    ကျေးဇူးဗျို့ . . .:6:
  • edited June 2008 Registered Users
    :1:
    အဆင်ပြေတယ်ကြားရတာ ၀မ်းသာပါတယ်ဗျာ
    နောက်ထပ် အဲဒီလို ပါ၀ါပွိုင့်ဖိုင်တွေ ဘာသာရပ် အစုံအတွက် ရှိနေပါသေးတယ်
    အခြေအနေမပေးသေးလို့ မတင်နိုင်သေးတာဗျ...
    ...
    မကြာမှီ လာမည် .... မျှော်... :d
  • edited June 2008 Registered Users
    ၁။လိုတာကတော့ crossover ကြိုးတစ်ခုတည်းပါ။:103::67::71:
  • edited July 2008 Registered Users
    :1:
    အဆင်ပြေတယ်ကြားရတာ ၀မ်းသာပါတယ်ဗျာ
    နောက်ထပ် အဲဒီလို ပါ၀ါပွိုင့်ဖိုင်တွေ ဘာသာရပ် အစုံအတွက် ရှိနေပါသေးတယ်
    အခြေအနေမပေးသေးလို့ မတင်နိုင်သေးတာဗျ...
    ...
    မကြာမှီ လာမည် .... မျှော်... :d


    မျှော်နေပါတယ်ဗျ။ တကယ်လို့ သီးခြား ခေါင်းစဉ်ရှိရင်လည်း လက်တို့လိုက်ပါဦး။ :101:
  • edited July 2008 Moderators
    ROUTER ကိုဘယ်လို Configure လုပ်ရသလည်းပြောပြပေးကြပါလားခင်ဗျာ......ဖြစ်နိုင်မယ် ဆိုရင်အစအဆုံးပေါ့
    ..............
    ..............
    yeah...bro

    hi bro, very sorry for late reply, i miss your thread, how is going on? now ok?

    Regards,
    Mark
  • edited July 2008 Registered Users
    ကွန်ပျူတာ နှစ်လုံးရှိတယ်...
    Network Card ကိုယ်စီ ပါကြတယ်
    အဲဒီကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်...
    (၁) ဘာပစ္စည်းလိုသေးလဲ...
    (၂) Configuration ဘယ်လိုလုပ်မလဲ ဆိုတာကို
    တဆင့်ချင်းရှင်းပြပေးကြပါ...:77:....

    ကျေးဂျူးအထူးတင်ပါသည်...
    စီခရေဇီ

    ကိုစီခရေဇီရေ each computer တွေမှာ NIC တစ်ကဒ်စီဘဲရှိတယ်ဆိုရင်တော့ Local Network ဘဲရနိုင်လိမ့်လေ Wan ဘာလိုချင်ရင် Computer တစ်လုံးမှတော့ Seperate NIC အပိုတစ်ခုရှိရင် အဆင်ပြေနိုင်လောက်ပါတယ် လက်ရှိ NIC က Build in လား Seperate NIC လား မသိပါ ကိုစီခရေစီရေ
  • edited March 2010 Registered Users
    Sorry, the file you requested is not available.
    အဲ့ဒီလိုပြနေပါတယ်ခင်ဗျာ..
    လင့်လေးတစ်ချက်လောက်ပြန်စစ်ပေးပါအုံး..
  • edited March 2010 Registered Users
    network ကြိုး တစ်ခုနဲ့ချိတ်နိုင်ပါတယ် ကြိုးမညှပ်တတ်ရင် computer sales ဆိုင်မှာ computer 2လုံး အချင်းချင်းချိတ်ချင်လို့ပါဆိုရင် ညှပ်ပေးပါတယ်
    နာလည်အောင်ရှင်းရရင်တော့ network ခေါင်းညှပ်တာ type a, type bဆိုပြီးရှိတယ် computer နဲ့ switch နဲ့ မတူညီတဲ့ node ၂ခုချိတ်ချင်ရင် straight ညှပ်ပေးရတယ်
    များသောအားဖြင့် type b ကိုအသုံးများတယ် type a လဲ ရပါတယ် computer အချင်းချင်း switch အချင်းချင်း တူညီတဲ့ node ၂ခုချိတ်မယ်ဆိုရင် cross ညှပ်ပေးရတယ်
    type a ဆို တဖက်က type b ပေါ့ ဒါကလိုအပ်တဲ့ပစ္စည်း ပေါ့
    စက်၂လုံး ချိတ်မယ်ဆို၇င် CROSS ကြိုး၇ယ် ပြီးတော့ local area connection ထဲက right click properties > general tabs> internet protocol(TCP/IP) properties ထဲမှာ
    obtianကို ဖြုတ်ပေးပြီးကို်ယ့်ဘာသာကို class တစ်ခုပေးပြီး ဥပမာ ပထမတစ်လုံးက
    ip address: 192.168.0.1 subnetmask : 255.255.255.0 ဆိုရင်
    နောက်တစ်လုံးက က
    ip address : 192.168.0.2 subnetmask : 255.255.255.0 ပေါ့ ဒါဆိုချိတ်လို့ရပြီ
    network icon က cross အနီရောင်လေးပျောက်သွားမယ် ဒါဆို 192.168.0.1 စက်ကနေ
    run မှာ ping 192.168.0.2 -t ဆိုပြီး ရိုက်ရင် reply ပြန်လာတာ တွေ့ရမယ် ဒါဆို ကြိုက်သလို share လုပ်လို့ရတယ်
    အေ၇းကြီးတာကျန်ခဲ့တယ် workgroup name တူမှ အဆင်ပြေနိုင်မယ် နောက် antivirus firewall နဲ့လဲဆိုင်တယ်..........
Sign In or Register to comment.