MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

စကရင် အဖြူချည်း တက်လာလို့

edited November 2008 in Other
မင်္ဂလာပါ
MZ ဆရာများ ကယ်ပါ
ကျနော်ဆီကို ပို့လာတဲ့ လက်တော့တလုံးဗျာ ... ဖွင့်လိုက်ရင် စကရင် အဖြူချည်းတက်လာတယ်။
အဲ အဖြူစတက်တက်ချင်းလေးမှာ Esc နှိပ်ပေးရင်တော့ ပုံမှန်ဝင်းဒိုးစ် တက်လာတယ်။
နှိပ်တာနောက်ကျသွားရင်တော့ မရတော့ဘူး။ အဖြူဘဲ။ ရီစတတ်လုပ်ပြီး Esc နှိပ်မှရတော့တယ်။
အဲဒါဘာပြင်ပေးဖို့ လိုသလဲခင်ဗျာ။
ဒရိုင်ဗာတွေ စစ်ကြည့်တော့ အားလုံးကောင်းနေပါတယ်။
ကူညီပါ ... လက်ဘက်ရည်တိုက်ပါမယ် (ကြုံရင် ... ဟီး)
ကျေးဇူး
ဇူးလူး

မှတ်ချက်များ

  • edited November 2008 Administrators
    ဒါလေးတွေသိချင်ပါသေးတယ်။

    ၁။ ဘယ်လိုအချိန်မှာ စကရင်ဖြူတက်တာလဲ(eg. POST အပြီးမှာတက်လာတာလား။ Windows စ တက်တဲ့အချိန်မှာတက်လာတား။ POST အစမှာတက်လာတာလား)

    ၂။ safe mode နဲ့ စမ်းကြည့်ပြီးပြီလား။

    ၃။ ဘာ လက်တော့(ပ်)လဲ။

    ပြောပြပါဦး ကိုကိုဇူးလူး ရယ် ....
  • edited November 2008 Registered Users
    မင်္ဂလာပါ
    ကိုတွိရေ

    ၁။ စဖွင့်တာနဲ့ အဖြူဘဲလာတယ်ဗျာ (POST စကရင်မဲမဲနဲ့ စာလုံးဖြူဖြူတွေ မပေါ်ပါ။)
    ၂။ ဆေ့မုဒ်နဲ့ ဝင်ပြီး KIS 7 run လိုက်တာ ဗိုင်း ၄ ကောင်တွေ့လို့ သတ်လိုက်တယ်။
    ၃။ Acer aspire အမျိုးအစားပါ။

    ခုလောလောဆယ်တော့ စဖွင့်တာနဲ့ Esc ကို ခေါက်ပြီး သုံးနေပါသည်။
    ကျေးဇူး
    ဇူးလူး
Sign In or Register to comment.