MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Dreamweaver CS3

edited September 2008 in Dreamweaver
သုံးကြည့်ပြီးပြီလား...
အရမ်းကောင်းတယ်ဗျာ..
အကြိုက်ဆုံးကတော့ Spry ပဲဗျ... AJAX နည်းပညာလေ... အဲဒါသုံးလိုက်မှပဲ page က ပိုလန်ထွက်လာတယ်.. နောက်မှ သေသေချာချာရေးပေးတော့မယ်.. :D

မှတ်ချက်များ

  • edited February 2008 Registered Users
    hello saturn
    how can i improve my website to be better ????
    pls tell me about with ajax
  • edited February 2008 Administrators
    kophone wrote: »
    hello saturn
    how can i improve my website to be better ????
    pls tell me about with ajax
    မာ့ခ်က ပိုသိမယ်ထင်တယ်ဗျ... :D
    AJAX ကိုတော့ မာ့ခ်သုံးထားတာ လန်ထွက်နေတာပဲ..
    http://em1.mmdictionary.net/lookup.htm အဲဒီမှာ ကြည့်ဗျာ..
  • edited February 2008 Moderators
    saturngod wrote: »
    မာ့ခ်က ပိုသိမယ်ထင်တယ်ဗျ... :D
    AJAX ကိုတော့ မာ့ခ်သုံးထားတာ လန်ထွက်နေတာပဲ..
    http://em1.mmdictionary.net/lookup.htm အဲဒီမှာ ကြည့်ဗျာ..

    ဟီး ajax ကတော့ဟုတ်ပါပြီ။
    ဒါပေမယ့် ဒီဇိုင်းကတော့ မသိဘူးဗျ။ အနုပညာအခံ မရှိလို့လားတော့မသိဘူး။

    anyway , လိုတာရှိရင်ပြောပါဗျာ။ လုပ်ပေးမှာပေါ့။
    မာ့ခ်
  • edited March 2008 Registered Users
    Dreamweaver CS3 ထဲမှာ Spry သုံးနည်းကို နည်းနည်းလောက် ရှင်းပြကြပါလားခင်ဗျာ။
    ကျွန်တော်က ခုမှစတင် လေ့လာနေသူမို့ပါ။ အခြေခံလောက်လေးပဲ ဖြစ်ဖြစ်ပေါ့။

    Spry ကို ဘယ်နေရာတွေမှာ ဘာအတွက်အသုံးပြုတာလဲ။ ဘာတွေ အားသာချက်ရှိလဲ။
    လက်ရှိ ဘယ်ဆိုဒ်တွေမှာ အဲနည်းပညာကို အသုံးပြုထားကြပါသလဲ။ စသည်ဖြင့်ပေါ့ ။

    ကျေးဇူး
    ဖိုးချစ်
  • edited March 2008 Registered Users
    မင်္ဂလာပါ
    ကိုဖိုးချစ်ရေ ... ဟုတ်ပြီဗျာ ... များများမေးထား ... ဒါမှကျနော့်အတွက် မေးဖို့မလိုဘဲ များများသိရမှာ (ဟီး)
    ကျနော်က အခုထိ Dreamwaver 8 ဘဲသုံးနေတုန်း။ 8 ကိုတောင် သုံးတတ်ရုံလေးလောက်ဘဲ။ ဆိုတော့ကာ ရှေ့ရောက်နေတဲ့ CS3 user တွေ ဘာအသစ်အသစ်တွေ တွေ့လဲ ရှဲ လုပ်ပေးကြပါဗျာ။
    ရှဲ့ရှဲ့ (ကျေးဇူးတင်ပါသည်။)
    ဇူးလူး
  • edited March 2008 Registered Users
    Photoshop နဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ Button တွေ Menu ဘားတွေကို Dreamweaver မှာ ဘယ်လို
    ခေါ်သုံးရသလဲ သိချင်လို့ပါ။ နောက်ပြီးတော့ Page အရွယ်အစားကို ဘယ်လောက်စံထားပြီး သတ်မှတ်
    ကြပါသလဲခင်ဗျ။

    ကျေးဇူး
    ဖိုးချစ်
  • edited March 2008 Administrators
    Phoe Chit wrote: »
    Photoshop နဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ Button တွေ Menu ဘားတွေကို Dreamweaver မှာ ဘယ်လို
    ခေါ်သုံးရသလဲ သိချင်လို့ပါ။ နောက်ပြီးတော့ Page အရွယ်အစားကို ဘယ်လောက်စံထားပြီး သတ်မှတ်
    ကြပါသလဲခင်ဗျ။

    ကျေးဇူး
    ဖိုးချစ်
    ကိုဖိုးချစ်ရေ...
    Dreamweaver မှာ Insert Menu အောက်က Media -> Flash Button ဆိုတာရှိတယ်.. အဲဒါနဲ့ Button လှလှလေးတွေ ထည့်လို့ရတယ်..
  • edited April 2008 Registered Users
    Phoe Chit wrote: »
    Photoshop နဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ Button တွေ Menu ဘားတွေကို Dreamweaver မှာ ဘယ်လို
    ခေါ်သုံးရသလဲ သိချင်လို့ပါ။ နောက်ပြီးတော့ Page အရွယ်အစားကို ဘယ်လောက်စံထားပြီး သတ်မှတ်
    ကြပါသလဲခင်ဗျ။

    ကျေးဇူး
    ဖိုးချစ်

    page အရွယ်အစားကတော့ နောက်ပိုင်းမှာ 1024 X 768 ကို စံထားပြီးတော့ သုံးနေကြတယ်ဗျ။
  • edited April 2008
    Phoe Chit wrote: »
    Photoshop နဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ Button တွေ Menu ဘားတွေကို Dreamweaver မှာ ဘယ်လို
    ခေါ်သုံးရသလဲ သိချင်လို့ပါ။ နောက်ပြီးတော့ Page အရွယ်အစားကို ဘယ်လောက်စံထားပြီး သတ်မှတ်
    ကြပါသလဲခင်ဗျ။

    ကျေးဇူး
    ဖိုးချစ်

    ကိုဖိုးချစ်ရေ ...

    Photoshop မှာဆွဲထားတဲ့ Template တွေကို Slice Tool နဲ့ပိုင်း Save for Web -> Selected Slice ဆိုတာနဲ့ Save ပြီးရင် နေရာ အတိအကျမှတ်ပြီး div နဲ့ထည့်ပြီးသုံးရတယ်။
  • edited April 2008 Registered Users
    saturngod wrote: »
    သုံးကြည့်ပြီးပြီလား...
    အရမ်းကောင်းတယ်ဗျာ..
    အကြိုက်ဆုံးကတော့ Spry ပဲဗျ... AJAX နည်းပညာလေ... အဲဒါသုံးလိုက်မှပဲ page က ပိုလန်ထွက်လာတယ်.. နောက်မှ သေသေချာချာရေးပေးတော့မယ်.. :D

    ကို Saturngod ရေ
    မင်္ဂလာပါခင်ဗျာ...Blog တွေတော်တော်များများ မှာ အစ်ကို ့နာမည် ကိ ုကြားဖူးနေပေမယ်. မတွေ ့ဖြစ်ဘူး.. အခု ဒီနေ ့ online မှာ လျှောက်သွားရင်း ဒီမှာ တွေ ့တာ...
    အစ်ကို ့ရဲ့ "http://saturngod.mysteryzillion.com/"; က " Drupal" ကိုမြန်မာလို ဗျင်းထားတာ အရမ်းမိုက်တယ်ဗျာ...ကျွန်တော် Drupal ကို လေ့လာနေတုန်းပါ.. မြန်မာလို လုပ်ချင်တာ အသည်းကို
    ယားနေတာ..ဘယ်လိုလုပ်ရမှန်း မသိလို ့ အချိန်တွေ အများကြီး ၀ဲ ပစ်လိုက်ရတယ်...
    အဲဒီ မြန်မာလို Setting ကို ပြောပြပေးပါဗျာ.....အရမ်းကို လေးစားပါတယ်.....
  • edited April 2008 Administrators
    johnboylay wrote: »

    ဇော်ဂျီထည့်တယ်ဆိုတာကတော့ အဓိက CSS ပဲဗျ။ သူ့မူရင်း template က CSS မှာ font တွေကို ဇော်ဂျီအကုန်ပြောင်းလိုက်တာပဲ။ ကျွန်တော်တို့ CSS မှာ font: , font-family: တို့စတာတွေမှာ font name လေးတွေ တွေ့ရင် ရှေ့မှာ Zawgyi-one ထည့်လိုက်တာပဲ။

    ဥပမာဗျာ..

    font-family: Arial, Verdana;
    ဆိုရင်
    font-family: Zawgyi-one,Arial , Verdana;

    ဒါမှမဟုတ်
    font: normal normal 100% 'Lucida Grande','Trebuchet MS';
    ဆိုရင်
    font: normal normal 100% Zawgyi-one, 'Lucida Grande','Trebuchet MS';

    အဲလိုမျိုး ရှေ့မှာ Zawgyi-one ထည့်ပေးလိုက်တာပဲ....

    ဆိုပြီးပြောင်းလိုက်တာပေါ့...
  • edited April 2008 Registered Users
    ကျေးဇူးပဲ ကိုစေတန်ရေ....
    အခုပဲ ကြိုးစားကြည့်လိုက်ဦးမယ်..
    ဒီနေ ့လက်နာနေလို ့ အလုပ်မဆင်းနိုင်တာနဲ ့အတော်ပဲ..
    မရ ရင်ပြန်မေးပါ့မယ်...
    Thanks Brother!
  • edited April 2008 Registered Users
    အခုပဲ Drupal Site ကနေ Aurora (3 column Template) ကို ဒေါင်းလုတ်လုပ်ပြီး Theme ကို
    change လိုက်တယ် . ထူးဆန်တာက CSS ကလည်း 3 column အတွက် မှန်တာပဲ..ဒါပေမယ့်
    Web page မှာ 2 column ပဲ ပေါ်နေတယ်...
    Dreamwaver CS3 ကိုဒီ တစ်ရက်နှစ်ရက် ကမှ စသုံးကြည့်မိတယ်...
    အစက ဘာတွေမှန် မသိဘူး.. လျှောက်လုပ်ကြည့်ရင်းနဲ ့ မဆိုးပါဘူး Edit လုပ်ရတာ တော်တော်လေး
    အဆင်ပြေပါတယ်...
    အခု 2 column ပဲ ပေါ်နေတာကို ရှင်းပြပေးပါဦး....

    Thanks Brother!

    ကျွန်တော့်ရဲ ့ဆိုဒ် က http://johnboylay.key.or.kr ပါ.
  • edited April 2008 Administrators
    3 column ပေါ်ပါတယ်... ကျွန်တော့်မှာ ပေါ်နေတယ်ဗျ..
  • edited April 2008 Registered Users
    Dreamwaver နဲ ့ template.php ကို ဖတ်ကြည့်ပြီး configure ပြန်လုပ်လိုက်တာ 3 column
    ပေါ်လာပြီ...
  • edited April 2008 Registered Users
    ကိုစေတန်ရေ...
    Css ထဲမှာ အစ်ကိုပြောသလို font-family ကိုထည့်ပြီးပြီ
    ဒါပေမယ့် ကျွန်တော့ ရဲ ့ FCK Editor ထဲမှာ ဇော်ဂျီ ဖောင့် ကို ထည့်လို ့မရသေးဘူး..
    online ကနေ ရှာတော့ရှာနေတာပဲ...
    ကျေးဇူးပြုပြီး ကူညီပါဦး..
  • edited April 2008 Registered Users
    ၁ နာရီခွဲလောက် လိုက်ရှာလိုက်တာ FCK Editor ထဲတော့ မြန်မာဖောင့် ရိုက်လို ့ရသွားပြီ...
    ဒါပေမယ့် ဆိုဒ်မှာ မြန်မာဖောင့် မမြင်ရသေးဘူးဗျာ....
  • edited April 2008 Registered Users
    ကိုစေတန်ရေ ကျေးဇူးပါပဲ...
    အစ်ကိုပြောသလို Template ထဲ က CSS တွေ အားလုံးထဲကို ဇော်ဂျီ တွေပစ်ထည့်လိုက်တာ...
    ပြီးပါလေရော.. အကုန်တန်းစီ ထွက်လာတယ်.....

    Thanks Brother..
    See you
  • edited April 2008 Registered Users
    Dreamwaver CS3 နဲ ့မြန်မာ Web page တစ်ခုမှာ မြန်မာပြက္ခဒိန် RSS Feed ကိုဘယ်လို ထည့်ရပါသလဲ ခင်ဗျာ...ဒီ blog (http://kowunnako.blogspot.com/)တစ်ခုမှာ မြန်မာပြက္ခဒိန် ကို Blog နဲ ့တွဲ တာကို ရှင်ပြထားပေမယ့်
    html နဲ ့ဘယ်လိုလုပ်ရသလဲ နားမလည် ဘူး.....
    သိတဲ့သူများ နည်းနည်းလောက်ရှင်းပြပေးပါလား....
  • edited April 2008 Administrators
    HTML နဲ့ RSS ကိုဖတ်လို့မရဘူးထင်တာပဲ...
    PHP , ASP , JSP လိုမျိုး web programming တွေမှာပဲ RSS ကိုဖတ်လို့ရတာတွေ့ပါတယ်...
    HTML လိုမျိုး simple မှာဖတ်မရဘူးဗျ
  • edited April 2008 Registered Users
    ကိုစေတန်နဲ့ သူငယ်ချင်းများခင်ဂျာ
    ဖြစ်နိုင်မယ်ဆိုရင် Dreamweaver အခြေခံ စာအုပ်လေးရေးပေးနိုင်မလား။ ကျွန်တော်ကျောင်းမှာ သိပ်မသင်ခဲ့ရဘူး။ ကြားရုံပဲကြားလိုက်တယ်။ လုံး၀ကိုသုံးမတတ်ဘူးဖြစ်နေတယ်။ အခုကျွန်တော်က Webpage ကိုပဲ အာရုံစိုက်ပြီးလေ့လာနေတယ် Dreamweaver CS3 trail version တော့ ဒေါင်းလုဒ်ဆွဲချထားပြီးပြီ ဘာမှကို မလုပ်တတ်ဘူးဖြစ်နေတယ်။ အော်တို Template တွေလည်းယူ လို့မရဖြစ်နေတယ်။
    ကြောင့်ကြားနေပါတယ် ချရာဒို့ရယ်။
    နေကြီး
  • edited April 2008 Administrators
    ကျွန်တော် အခု CSS ရေးနေတာတောင် နားထားရတယ်ဗျာ... မအားဘူးဖြစ်နေလို့... ကျွန်တော်အားရင်တော့ ရေးပေးတာပေါ့... အခုက မအားလို့ပါ... ဒါပေမယ့် ebook ဖတ်ချင်

    http://www.mmopenlibrary.com/?s=Dreamweaver

    အဲမှာ အများကြီးပါဗျာ...

    မြန်မာလိုကတော့ ကြာအုံးမယ်ဗျ... ဒီ April လမှာ dictionary အကြမ်းလေး ပြီးချင်လို့...

    ကျေးဇူးပဲ ကိုစေတန်
  • edited June 2008 Registered Users
    Dreamwaver စာအုပ်လေးတော့ တစ်ကယ်ဖတ်ချင်တယ်။ ဖြစ်နိုင်ရင်တော့ မြန်မြန်လေး ရေးပေးစေချင်တယ်။ ညီလေးလုပ်ငန်းတွေ အားမှဆိိုလို့ကတော့ ဘယ်တော့မှ အားလာမှာမဟုတ်ဘူးလေ။ ညီတို့က ဆက်တိုက်အားသွန်လုပ်နေတာဆိုတော့။ ဒါမှမဟုတ် တခြားတစ်ယောက်ကို ရေးခို်င်းတာမျိုးဖြစ်ဖြစ်ပေါ့။
    drkmyo
  • edited June 2008 Registered Users
    NayGyi wrote: »
    ကိုစေတန်နဲ့ သူငယ်ချင်းများခင်ဂျာ
    ဖြစ်နိုင်မယ်ဆိုရင် Dreamweaver အခြေခံ စာအုပ်လေးရေးပေးနိုင်မလား။ ကျွန်တော်ကျောင်းမှာ သိပ်မသင်ခဲ့ရဘူး။ ကြားရုံပဲကြားလိုက်တယ်။ လုံး၀ကိုသုံးမတတ်ဘူးဖြစ်နေတယ်။ အခုကျွန်တော်က Webpage ကိုပဲ အာရုံစိုက်ပြီးလေ့လာနေတယ် Dreamweaver CS3 trail version တော့ ဒေါင်းလုဒ်ဆွဲချထားပြီးပြီ ဘာမှကို မလုပ်တတ်ဘူးဖြစ်နေတယ်။ အော်တို Template တွေလည်းယူ လို့မရဖြစ်နေတယ်။
    ကြောင့်ကြားနေပါတယ် ချရာဒို့ရယ်။
    နေကြီး

    Dreamwaver CS3 trial version download ရတယ်ဆိုလို ့... ကျွန်တော်လိုက်ရှာတာတော့မရဘူးဖြစ်နေတယ်ဗျာ...rapidshare က download ဆွဲတာလဲမရဘူး...
    tril link လေးများရှိရင် ပေးကြပါလားဗျာ........
  • edited July 2008 Administrators
    လိုအပ်တဲ့ software ကို forum အောက်က file request ကနေ တောင်းခံနိုင်ပါတယ်..
  • edited September 2008 Registered Users
    phpcrazy wrote: »
    ကိုဖိုးချစ်ရေ ...

    Photoshop မှာဆွဲထားတဲ့ Template တွေကို Slice Tool နဲ့ပိုင်း Save for Web -> Selected Slice ဆိုတာနဲ့ Save ပြီးရင် နေရာ အတိအကျမှတ်ပြီး div နဲ့ထည့်ပြီးသုံးရတယ်။

    I think it maketh ur page into a large file size.
    As for me, I always use CSS stylesheet and use bg imgz.
    This one maketh ur page into a small file size.
    Moreover, i'd never used slice tool. as for me, i always crop in the formal way with marquee tool.
Sign In or Register to comment.