MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

mmeyes was hacked

edited December 2008 in Tech News
မြန်မာ့မျက်လုံးအဖွဲ့ www.ireborn.net ကြီး hack ခံရပါတယ် ၀င်လိုက်ပါကအောက်ပါအတိုင်းမြင်ရပါတယ် ... ၀င်၀င်မိခြင်း .. သိသိခြင်းသတင်းပေးလိုက်တာပါ
HaCKeDBYSPY_TURK|||||MASKELI5LER|||||
HAZKED
sssss

HacKEd By SPY_TURK |||||MASKELI5LER||||| turkiyeeeeeeemz1hw2.gif <h2>

|||||MASKELI5LER|||||

HAckED By SPY_TURK

အံမယ် သီချင်းလေးတောင်ပါသေးသဗျ...

မှတ်ချက်များ

  • edited December 2008 Registered Users
    မထူးဆန်းတော့ပါဘူး။ မြန်မာဆိုက်ဘာလဲ အဟက်ခံရပြီးပါပြီ။ ဘယ်နေ့ mz အလှည့်ရောက်လာမလဲစိုးရိမ်နေတာ။ ဖိုရမ်တွေ အဟက်ခံရပြီးရင် ကျနော်တို့ ip တွေပါ သူခိုးလက်ထဲ ရောက်သွားမှာ အကြောက်ဆုံးပဲ။
  • edited December 2008 Registered Users
    i think we should think abt counter
  • edited December 2008 Registered Users
    ကိုတွတ်တီ ပြောသလိုပဲ မကောင်းတဲ့ဘက်က အားသာလာပြီ။ အင်း ဒါလောကရဲ့ ဓမ္မတာ ပဲလေ။ အကောင်း ရှိရင် အဆု်ိးလဲ ရှိရမယ်။ အကောင်းချည်းပဲနဲ့ ပြီးပြည့်စုံနေရင်လဲ အကုန်လုံး God တွေဖြစ်ကုန် မှာပေါ့။
  • edited December 2008 Registered Users
    တို့ mz ကြီး အဟက်မခံရအောင် ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ကြရမှာပေါ့။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်မှရမှာ။ ဖြစ်ပြီးမှတော့ ဘယ်သူဟက်သွားတာလဲလိုက်ရှာရင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ ဘန်းကျော်မှာ ဆိုက်ဘာလောမှ မရှိတာပဲ။ ဘန်းကျော်မှာ ဆိုက်ဘာလော မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းရမှာပဲ။:D အခုတော့ mz ကြီး ဘေးအန္တရာယ်က လွတ်အောင်၊ ဟက်ကာတွေ mz ကို ဒုက္ခမပေးပဲ ချစ်လာအောင် ကဲ mz အဖွဲ့ဝင်အပေါင်းတို့ ညတိုင်း မေတ္တာသုတ်ရွတ်ကြပါလေ။:D:D:D
  • edited December 2008 Registered Users
    ကြားရတဲ့ သတင်းကတော့ စိတ်မကောင်းစရာပဲဗျို့ ဟုတ်ပါတယ် အမ်ဇက် မဖြစ်အောင်လို့တော့ဆုတောင်းရမယ်ဗျို့.
  • edited December 2008 Administrators
    ဟိုတစ်လောက သတိပေးထားသားပဲ ဇော်လေးက upgrade မှမလုပ်တာ..။
    အဲဒီလိုလုပ်တာခေတ်စားနေပါတယ်လို့ကြိုပြောထားသားပဲ။ myanmaritpros မှာတောင် အဲဒါလေးကိုသိတဲ့သူတွေ ကလိနေကြတယ်လို့ပြောသားပဲ။ ခုမှတော့ ဟိုတစ်ခါလိုပဲ အထဲ၀င်ပြီးပြင်ပေဦးတော့။ လွယ်ပါတယ်။ ခဏလေးပါ။
    ဂျွန်မလာသုံးတဲ့သူတွေ ကိုယ့်ဆိုက်ကိုယ် အမြန်ဆုံး အပ်ဂရိတ်လုပ်ကြပါ။
    လွယ်လွယ်လေးနဲ့ လုပ်လို့ရနေကြတယ်။ သတိထားကြပါ။ ကျွန်တော်လဲ ဒီလောက်ပဲပြောနိုင်မယ်။
    ဂျွန်မလာဆိုက်တွေကို ယိုပေါက် ဟာပေါက် ရှိမရှိ စကင်နာတွေလဲ ပေါ်နေတယ်နော်။
  • edited December 2008 Registered Users
    MZ ကြီး Hacker များရန်မှကင်းေ၀းကြပါစေ
  • edited December 2008 Administrators
    Found: index.php?option=com_facileforms: Use Shell: components/com_facileforms/facileforms.frame.php?ff_compath=shell

    Found: administrator/components/com_admin/admin.admin.html.php: Use Shell: admin.admin.html.php?mosConfig_absolute_path=shell

    Found: index.php?option=com_custompages: Use Shell: index.php?option=com_custompages&cpage=shell

    FTP ကနေ ၀င်ပြီး ဟိုတစ်ခါလိုပဲ passwrod reset လုပ်ပြီး၊ မြန်မြန်သာ upgrade လုပ်လိုက်ပါတော့။
  • edited December 2008 Registered Users
    ညကမှ အဲဒီဆိုဒ်ကို ၀င်ကြည့်နေတာ။ ခဏကြာလို့ home page လည်းပြန်သွားလိုက်ရော ဟက်ထားတယ်ဆိုတဲ့ စာတမ်းကြီးက ပေါ်လာရော။
    သူတပါး အချိန်ကုန် အပင်ပန်း ခံပြီးရေးထားတာကိုတော့ ဘာမဟုတ်တဲ့ နည်းလမ်းတွေနဲ့ လုပ်တာတော့ မဖြစ်သင့်ပါဘူး။ ကိုယ်ချင်းစာ တရားထားသင့်တယ်.....
  • edited December 2008 Registered Users
    ဒီတစ်ခေါက် တစ်ကယ်ဆိုးတယ်ဗျ... ကျွန်တော့်ရဲ့ ကိုယ်ပိုင် www.zmtin.net ပါထိတာ အားလုံးနည်းပါးလို့ပြောလို့ရတယ်။ မြိတ်အတွက် လုပ်ထားတဲ့ www.formyeik.com forum ပါ ပါပါတယ် ထိထားတာ။ ကျွန်တော်တတ်နိုင်သလောက် ပြန်လုပ်လိုက်တာ www.zmtin.net, www.mmeyes.net တို့ပြန်ရပြီး ကျန်တာတွေတော့ ကြိုးစားဆဲပါ။ အခုလို ကျွန်တော့်အတွက် ၀ိုင်းပြီး တိုင်ပင်ဖော် ရတာ အရမ်းကျေးဇူးတင်ပါတယ်။ :77: ကျွန်တော့် စိတ်ထင်တော့ host ကလားမသိဘူးဗျ ဘာလို့လဲဆိုတော့ wordpress နဲ့ရေးထားတာတွေရော webos ရော အားလုံးထိသွားတာ...။ ကျွန်တော်ဆက်မရေးတော့တဲ့ zawlay.mmeyes.net လဲပါတယ်။
  • edited December 2008 Registered Users
    ကိုကြီးရေ...
    ဒီတစ်ခေါက် ပထမတစ်ခေါက်ကလုပ်သလို လုပ်တာ Password reset မဖြစ်ဘူးဗျ...။ လုပ်ပါဦး...။
  • edited December 2008 Registered Users
    found: index.php?option=com_facileforms: use shell: components/com_facileforms/facileforms.frame.php?ff_compath=shell

    found: administrator/components/com_admin/admin.admin.html.php: use shell: admin.admin.html.php?mosconfig_absolute_path=shell

    found: index.php?option=com_custompages: use shell: index.php?option=com_custompages&cpage=shell

    ftp ကနေ ၀င်ပြီး ဟိုတစ်ခါလိုပဲ passwrod reset လုပ်ပြီး၊ မြန်မြန်သာ upgrade လုပ်လိုက်ပါတော့။

    ကိုကြီး ကျွန်တော်နားမလည် ဘူးဖြစ်နေတယ်....။
  • edited December 2008 Registered Users
    Mz ကို လာစမ်းလို့့တော့ မရဘူးထင်တယ်။
    ဆရာတွေမှ မများကြီး။ တို့တောင် ယောင်ပြီး ကျိန်းနေတယ် (သွားတွေ ပြောပါတယ်။)
  • edited December 2008 Registered Users
    ကျွန်တော် data base backup လုပ်ပြီး ပါပြီး။ joomla ကို ဖြုတ်ချပြီး အသစ်တင်ရမှာ ဒါမှမဟုတ် ဘယ်လို လုပ်ရမလဲ ဆက်လက် ပြောပြ ကြပေးပါ...။:D
  • edited December 2008 Registered Users
    ကျွန်တော်အခု ireborn.net ကို joomla အစား wordpress ကိုပြောင်းဖို့ စဉ်းစား ထားပါတယ်။ သင့်တော် မသင့်တော် အကြံဉာဏ်များ ပေးကြပါဦးခင်ဗျာ...။
  • edited December 2008 Registered Users
    ဟုတ်ကောင်းပါတယ် အစ်ကိုရေ ဒေတာတွေပြန်ရပြီလားဗျို့
  • edited December 2008 Registered Users
    zmtin ရေ လိုအပ်ရင် ပြောပါ။ ကျွန်တော်ကုူညီပေးပါ့မယ်။ ပုံမှန်ဆိုသူတို့က templete index မှာ ပါ ကုဒ့် ထည့် သွားတတ်ပါတယ်။ ကိုယ်က မသိလို့ ရှိရင် ဘယ်လိုဘဲ ပြောင်းပြောင်း သူတို့ ပြန်ပြီး ဝင်လို့၇ရောင် script တခုထည့်ပြီး လုပ်ထားတာတွေ့ရပါတယ်။ အဲတာကြောင့် မှုရင် တန်းပလတ် တခုလုံး ဖိုင်ကို ပြန်ထည့်လိုက်ကြည့် ပါ အဆင်ပြေ သွားနိုင်ပါတယ်။ လိုအပ်ရင်ပြောပါ။ wordpress က ပိုပြီး စိုးမယ် ထင်ပါတယ်။
    မင်းကျော်
  • edited December 2008 Registered Users
    minnkyaw wrote: »

    ဟုတ်ကဲ့ ပထမ တစ်ခေါက်က အကိုပြောတဲ့ နည်းနဲ့လုပ်သွားတာ အခုတစ်ခေါက်ကတော့ မဟုတ်ဘူးဗျ... ကျွန်တော်လဲ အတော် စိတ်ညစ်နေပြီ wordpress က joomla လောက်တောင် မကောင်းဘူးလား အကိုရေ အကြံတွေပေးကြပါဦး...
  • edited December 2008 Administrators
    Post တွေကိုဖတ်ရတာ စိတ်မကောင်းပါ။

    မွတ်စလင် အီးဒ်နေ့မှာ ... မွတ်စလင် ဖခင်နိုင်ငံ Turkey ( Ottoman Empire ဟောင်း) အလံ၊မြေပုံ နဲ့ သီချင်းပါ ထည်.သွားတာ ... ... ...

    မှန်းကြည့်ရင် နှမ်းစိလောက်တော့ တွေ့သလိုပဲ .... :)) :)) :))
  • edited December 2008 Administrators
    ဆိုက်တစ်ခုလုံးကို တာ၀န်ယူနေသူတစ်ယောက်အတွက် ဘယ်လို upgrade လုပ်ရမယ်ဆိုတာကိုပြောနေဖို့လိုမယ်မထင်ပါဘူး။
    လာနောက်မနေပါနဲ့။ :):):)

    ဒါပေမယ့်.. အဲဒီလို open source web application တွေနဲ့ ဆိုက်တွေလုပ်ထားသူတွေအားလုံးအနေနဲ့ ကိုယ်သုံးထားတဲ့ version နဲ့တစ်ကွ
    အဲဒီ ဗားရှင်းရဲ့ ယိုပေါက် ဟာကွက်တွေကို ဘယ်သူတွေက ဘယ်လို ရှာတွေ့နေကြပြီဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့လိုပါတယ်။
    အဲဒါကလဲ သိပ်မခက်လှပါဘူး။ http://www.milw0rm.com/, http://www.securityfocus.com/, http://www.gnucitizen.org/, http://www.zone-h.org/ အစရှိတဲ့
    ဆိုက်တွေမှာ နေ့စဉ်၀င်ကြည့်ပြီး၊ ကိုယ်သုံးတဲ့ application ရဲ့ နာမည်နဲ့ search လုပ်ကြည့်ရင်တွေ့မှာပါ။ အဲဒီ ဆိုက်တွေမှာရှိတဲ့
    link ဆိုက်တွေကတစ်ဆင့် တစ်ခြား information security ဆိုင်ရာ ဆိုက်တွေဆီကိုလဲ သွားကြည့်နိုင်ပါတယ်။

    တစ်ကယ်တမ်းကတော့ ကိုယ့်ဆိုက်ကို ကိုယ့်ဖာသာကိုယ် လုံခြုံအောင်လုပ်တာအကောင်းဆုံးပါပဲ။
    တစ်ခြားတစ်ယောက်က လှမ်းလုပ်ပေးနေရတာဟာ စိတ်မချရပါဘူး။ အတိုင်းအတာ တစ်ခုအထိပဲလုပ်ပေးနိုင်ပြီး၊ ကိုယ်တိုင်လုပ်သလောက် ခရီးမရောက်တာသေချာပါတယ်။

    ဘယ် application မှ ၁၀၀% လုံခြုံတယ်ဆိုတာ မရှိပါဘူး။ ၁၀၀% မလုံခြုံလို့ကြောက်နေရင်လဲ မလုပ်ရုံပဲရှိပါတယ်။ ဒီလိုလဲမဖြစ်သင့်ပါဘူး။

    Information Warfare ဟာ ကနေ့ခေတ်မှာ အရေးပါတဲ့နေရာကိုရောက်နေပါပြီ။ ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့လဲ ဒါကို မျက်ခြေမပြတ်ဖို့လိုပါတယ်။
    တစ်လွဲဆံပင်မကောင်းကြပါနဲ့။ internet ပေါ်မှာ ဘာကိုပဲလုပ်လုပ် foot-print တွေအမြဲကျန်နေရစ်တယ်ဆိုတာကို သတိပြုကြစေချင်ပါတယ်။
  • edited December 2008 Registered Users
    အရမ်းကျေးဇူး တင်ပါတယ်ကိုကြီး...။ ကျွန်တော်လဲ တက်နိုင်သလောက် ကြိုးစားပါ့မယ်။ အမှန်တိုင်းပြောရရင်တော့ joomla ကို ကျွမ်းကျင်မှု မရှိသေးဘဲ အသုံးပြုမိတဲ့ ကျွန်တော့်အမှားပါ။ အခုတော့ joomla ကနေ wordpress ကိုပြောင်းလိုက်ပါပြီ။ ကိုကြီးပြောတဲ့ အတိုင်းလဲ ဆက်လေ့လာပါ့မယ်။ ကူညီပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။:77:
  • edited December 2008 Registered Users
    zmtin wrote: »

    ကျွန်တော်လည်း၀င်ဆွေးနွေးလိုက်ဦးမယ်ဗျာ။ wordpress အတွက်ရှိလားတော့မသိဘူး။ joomla အတွက်ကတော့ securityအတွက်JDefender နဲ့ jFirewall ဆိုတာရှိတယ်။ JDefneder ကတော့ Componentရော၊Plugin ပါရှိတယ်ဗျ။စမ်းကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာတာယူလိုက် ပါဗျာ။
    http://rapidshare.com/files/80437365/JDefender_1_6.zip
    
    http://rs84.rapidshare.com/files/77896907/Jfirewall.zip
    
  • edited December 2008 Registered Users
    joemin wrote: »

    ကျွန်တော်တော့ ဒါမျိုးတွေ ကြောက်သွားပြီဗျ JDefender ကရောင်းတာဗျ ခိုးကူးထားတဲ့ free ကလဲ စိတ်မချရပြန်ဘူး :D ရှင်းရှင်း ပြောရရင်တော့ joomla ကို စိတ်ကုန်သွားပြီ သူနဲ့ ဖြတ်လိုက်ပြီ ပြန်လာချော့လဲ စိတ်မလည်တော့ဘူး :P
  • edited December 2008 Registered Users
    Blue Sky wrote: »
    တို့ mz ကြီး အဟက်မခံရအောင် ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ကြရမှာပေါ့။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်မှရမှာ။ ဖြစ်ပြီးမှတော့ ဘယ်သူဟက်သွားတာလဲလိုက်ရှာရင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ ဘန်းကျော်မှာ ဆိုက်ဘာလောမှ မရှိတာပဲ။ ဘန်းကျော်မှာ ဆိုက်ဘာလော မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းရမှာပဲ။:D အခုတော့ mz ကြီး ဘေးအန္တရာယ်က လွတ်အောင်၊ ဟက်ကာတွေ mz ကို ဒုက္ခမပေးပဲ ချစ်လာအောင် ကဲ mz အဖွဲ့ဝင်အပေါင်းတို့ ညတိုင်း မေတ္တာသုတ်ရွတ်ကြပါလေ။:D:D:D

    ကြောက်ပါတယ်ဆိုနေတုန်းကြုံလာတော့တာပဲ။
    open-sourceခေတ်မှာMZရဲ.sourceတွေပါopen(ပွင့်ထွက်)မသွားစေရေးကြိုးပမ်းကြပါဗျာ။
    ITအကြောင်းမိခင်ဘာသာနဲ.ဖတ်လို.ရတဲ့အဖိုးတန်siteလေးမို.လို.ပါ။

    အားလုံးကိုကျေးဇူးတင်ပါတယ်။:103::103::103:
  • edited December 2008
    ကြောက်ပါတယ်ဆိုနေတုန်းကြုံလာတော့တာပဲ။
    open-sourceခေတ်မှာMZရဲ.sourceတွေပါopen(ပွင့်ထွက်)မသွားစေရေးကြိုးပမ်းကြပါဗျာ။
    ITအကြောင်းမိခင်ဘာသာနဲ.ဖတ်လို.ရတဲ့အဖိုးတန်siteလေးမို.လို.ပါ။

    အားလုံးကိုကျေးဇူးတင်ပါတယ်။:103::103::103:

    အဲဒီအတွက်တော့ စိတ်ချပါ MZ ရဲ့ Source Code တွေ အကုန် Warez Forum တွေမှာ အလွယ်တကူ ဒေါင်းနိုင်ပါတယ် ... :D အဓိကကတော့ Backup, Rebackup, Counter Backup ပေါ့ဗျာ ... ပျက်တော့လည်း ပြန်တင်ပေါ့ ...
Sign In or Register to comment.