MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Squid Proxy on Windows - Part 2 Transparent Proxy (almost) setup on Windows

edited December 2008 in Other
ဒါလေးကတော့ Linux သမားတွေအတွက်အသုံးတည့်မယ်ထင်ပါတယ်

MMITPros က ကိုကြည်သာရဲ့ thread ပါ

ဒီ post အတွက်ကိုကြည်သာကိုကျေးဇူးတင်ပါတယ်



direct link မှာမှကြည့်ချင်ရင်တော့အောက်က link ကိုသွားပါ
:67:

http://myanmaritpros.com/group/smenetworking/forum/topic/show?id=1445004%3ATopic%3A71862&page=1&commentId=1445004%3AComment%3A87813&x=1#1445004Comment87813


Squid Proxy on Windows - Part 2 Transparent Proxy (almost) setup on Windows

Squid ကို Linux မှာ သုံးရင် အဓိကအားသာချက်က transparent proxy သုံးလို့ရတဲ့ အချက်ပါပဲ။ transparent proxy ဆိုတာ web browser မှာ ဘာ proxy setting မှ ထည့်စရာ မလိုပဲ network gateway မှန်မှန်ကန်ကန် ထည့်ထားရုံနဲ့ web browsing သုံးလို့ရတာကို ပြောတာဖြစ်ပါတယ်။ Linux မှာ တော့ OS level ကနေ iptables နဲ့ port 80, 443 စတာတွေကို ကြားက intercept လုပ်ပြီး proxy server ကို ပို့ပေးလိုက်ပါတယ်။ Windows မှာ ဒီလိုမျိုး လုပ်နိုင်တဲ့ os level mechanism မရှိတဲ့ အတွက် ကြောင့် transparent proxy လုပ်လို့ မရတာပါ။

AD သုံးထားတဲ့ network မှာ တော့ group policy ကိုသုံး ပြီး client တွေရဲ့ browser setting ကိုပြင်ပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ ပြဿနာက ကိုယ့် network ကို ခဏ တစ်ဖြုတ်ပဲ လာချိတ်မဲ့ ကွန်ပြူတာ (ဥပမာ visitor) ကို domain join ပေးရမယ်ဆိုရင်လည်း လက်တွေ့မကျ သလို၊ proxy server manual ထဲ့ပေးနေရမယ် ဆိုလည်း အလုပ်ရှုပ်ပါတယ်။

browser အများစုဟာ proxy server ကို auto detect လုပ်ပါတယ်။ ဒီ auto detect function ဟာ wpad protocol ပေါ်မှာ အခြေခံထားတာပါ။ ဒါကြောင့် wpad ကို ကိုယ့် network ထဲမှာ setup လုပ်ထားမယ်ဆိုရင် proxy server setting ကို manually လိုက်ထဲ့ စရာမလိုပဲ linux transparent proxy ပုံစံမျိုးကို windows server မှာ ရနိုင်ပါမယ်။

ဒီလို setup လုပ်ထားမယ် ဆိုရင် network ကို ချိတ်လိုက်တာနဲ့ proxy setting ကို manual ထဲ့စရာမလိုပဲ auto သိသွားပါလိမ့်မယ်။

wpad setup လုပ်ဖို့အတွက် ဒါတွေလိုပါတယ်။

1) DHCP server
2) DNS server
3) Web Server

ဒီ ၃ခုလုံးကို proxy server လုပ်ထားတဲ့ စက်မှာပဲ တင်မယ်ဆိုလည်း ရပါတယ်။

ပထမဆုံး DHCP စပါမယ်။

1) Administrative tools - DHCP
2) server name ပေါ်မှာ right click လုပ်ပြီး set predefined option ကိုရွေးပါမယ်။
Clipboard1.jpg

3) Add ကိုနှိပ်ပါ။
Clipboard2.jpg
4) Name - wpad, Data Type - String, code - 252, Description - တစ်ခုခုထဲ့ပါ။

Clipboard3.jpg

5) OK နှိပ်ပြီးတာနဲ့ အောက်ကအတိုင်း ပေါ်လာရင် http://wpad/wpad.dat ကိုထည့်ပါ။

Clipboard4.jpg



OK နှိပ်ပြီးရင် DHCP အပိုင်းပြီးပါပြီ။ နောက် DNS ကို ဆက်ပါမယ်။


DNS စပါပြီ
1) Administrative tools - DNS
2) ကိုယ်ရဲ့ လက်ရှိ local မှာသုံးနေတဲ့ domain မှာ right click လုပ်ပါ။ New Alias (CNAME) ကိုရွေးပါ။

Clipboard5.jpg
3) Alias name နေရာမှာ wpad ကိုထဲ့ပါ။ full qualified domain name (fqdn) target host နေရာမှာ web server address ကိုထည့်ပါ။ (web server ဟာ proxy server နဲ့ တစ်ခုတည်းလည်း ဖြစ်နိုင်ပါတယ်။

Clipboard6.jpg

OK နှိပ်ပြီးရင် DNS အပိုင်း ပြီးပါပြီ။ Web server နဲ့ wpad.dat file အကြောင်း ဆက်ပါမယ်။




DHCP and DNS ပြီးသွားရင်တော့ နောက်တစ်ခုက web server တစ်ခုပေါ်မှာ wpad.dat file ကို တင်လိုက်ရုံပဲရှိပါတယ်။ ကျွန်တော်ကတော့ Abyss web server ကိုသုံးပါတယ်။ lightweight ဖြစ်လို့ပါ။ (IIS တင်ထားရင် တစ်ချိန်လုံး ထွက် သမျှ update လိုက်တင်ရမှာ အလုပ်ရှုပ်တာကြောင့် လည်းပါတယ် း-))။ ကိုယ်အဆင်ပြေတဲ့ web server သုံးနိုင်ပါတယ်။ web site ရဲ့ root folder မှာ wpad.dat file ထားလိုက်ရင် ရပါပြီ။
wpad.dat ဆိုတာ အမှန်က text file လေးပါ။ အခုအောက်မှာ ပါတဲ့ အတိုင်း notepad ထဲမှာ ရိုက်ပြီး wpad.dat နာမည်နဲ့ save လိုက်ရင်ရပါပြီ။
function FindProxyForURL(url, host)
{
if (shExpMatch( host, "10.*.*.*" )
|| shExpMatch( host, "172.*.*.*" )
|| shExpMatch( host, "192.168.*.*" )
|| shExpMatch( host, "127.*" )
|| shExpMatch( host, "localhost" )
|| shExpMatch( host, "*.1test.com" )
|| isPlainHostName( host )
|| dnsDomainIs( host, ".1test.com" )) {
return "DIRECT";
}

return "PROXY proxy.1test.com:8080";
}
ဒီဖိုင်မှာ အပေါ်ပိုင်း ကရေးထားတာတွေက private lan address တွေကို proxy exceptions ပေးထားတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ local network ထဲမှာ web server ရှိနေရင် proxy ဖြတ်သွားစရာ မလိုပဲ ဒါရိုက် သွားအောင်လို့ ဖြစ်ပါတယ်။ local domain ကိုလည်း အဲဒီ list ထဲ ထဲ့ရပါမယ်။ ကျွန်တော်က ဒီနေရာမှာ 1test.com ကို local domain အနေနဲ့ ဥပမာပေးထားပါတယ်။

အောက်ဆုံး တစ်လိုင်းက ကိုယ့်ရဲ proxy server address ဖြစ်ပါတယ်။ DNS ထဲမှာ ့host name setup လုပ်ထားရင် FQDN မလုပ်ထားရင်တော့ ip address ပေါ့.

ဒီဖိုင်လေးကို web server ပေါ်တင်ပြီးရင် client တစ်လုံးကနေ http://wpad/wpad.dat ကိုခေါ်ကြည့်ပါ အပေါ်မှာ ပြထားတဲ့ text အတိုင်း မြင်ရတယ်ဆိုရင် ရပါပြီ။

စက်အားလုံး restart လုပ်ပြီး စမ်းကြည့်လိုက်ပါ။ browser default setting အများစုဟာ automatically detect လုပ်ထားတဲ့ အတွက် ဘာမှ လုပ်စရာမလိုပဲ proxy ကတဆင့် သွားပါလိမ့်မယ်။

တစ်ခုပြောဖို့ ကျန်သွားတယ်။ wpad.dat file ကို IIS မှာ host လုပ်မယ်ဆိုရင် .dat file type သိအောင် MIME type ပြင်ပေးဖို့ လိုပါလိမ့်မယ်။ Abyss ကတော့ မလိုပါဘူး။

IIS မှာ MIME type ပြင်ဖို့
1) IIS Manager မှာ default website ကို right click လုပ်ပြီး Properties ကိုရွေးပါ။
2) HTTP Headers tab ကိုနှိပ်ပါ။
3) Mime Types ကိုနှိပ်ပါ။
4) New ကိုနှိပ်ပါ
5) Extension box ထဲမှာ dat ကိုထဲ့ပါ။
6) MIME type box ထဲမှာ application/x-javascript-config ထဲ့ပါ။
7) OK နှိပ်ပြီး IIS service restart လုပ်ပါ။

wpad.dat file ကို ပိုပြီး အသေးစိပ်ထပ် လုပ်ချင်သေးရင်တော့ ဒီလင့်မှာ လေ့လာလို့ရပါတယ်။ proxy.pac file ဟာ wpad.dat နဲ့ အတူတူပါပဲ။

http://nscsysop.hypermart.net/proxypac.html

တကယ်တမ်းက Transparent proxy အစစ်နဲ့ wpad setup မတူပါဘူး။
Transparent proxy မှာ client default gateway က proxy server address ဖြစ်ရပါမယ်။
ဥပမာ proxy server address 192.168.0.1 client address 192.168.0.100 ထားပါတော့။

Transparent proxy setup
client default gatway = 192.168.0.1
server ip = 192.168.0.1
client ကလာတဲ့ http, https အစရှိတဲ့ traffic တွေဟာ proxy server ကို ရောက်လာပါတယ်။ (သူရဲ့ default gateway ဖြစ်နေတာကိုး)။ proxy server က အဲဒီ traffic တွေကို capture လုပ်လိုက်ပြီး သူရဲ့ proxy server run နေတဲ့ port ကို forward လုပ်လိုက်ပါတယ်။ client browser ကတော့ သူဟာ သက်ဆိုင်ရာ web server နဲ့ direct contact လုပ်နေတယ်လို့ ထင်နေပါတယ်။ ကြားမှာ proxy ရှိနေတာကို မသိပါဘူး။ ဒီလို transparent setup မှာ DHCP, DNS စတာတွေမှာ wpad setting လုပ်စရာ မလိုပါဘူး။ client ရဲ့ default gateway ဟာ proxy server ဖြစ်နေဖို့ တစ်ခုပဲ လိုပါတယ်။

Wpad setup
Client default gateway 192.168.0.1 or can be anything and proxy server address can be anything (no need to be 192.168.0.1

wpad setup ဟာ တစ်ကယ်တမ်းက proxy server ကို IE - Tools - Internet Options - Connections - LAN setting မှာ manual ထည့်ထားတာမျိုး သဘောပါပဲ။ အဲဒီမှာ မမြင်ရတာပဲရှိပါတယ်။
သူ အလုပ်လုပ်တဲ့ ပုံစံက wpad script ကနေ browser ကို ဘယ် proxy သုံးရမယ် ဆိုတာကို on the fly setting ထည့်ပေးသွားတာပါ။ manual proxy setting နဲ့မတူတာက wpad setup က နောက် network တစ်ခုပြောင်းသွားရင် manual ဘာမှ ပြောင်းစရာ မလိုပဲ ပြောင်းသွားတဲ့ network wpad setting အတိုင်း ပြောင်းပြီး အလုပ်လုပ်ပါတယ်။ ဒီ wpad setup ဆိုရင် client မှာ gateway တောင်ရှိစရာ မလိုပါဘူး။ (web browsing တစ်ခုတည်း အတွက်ဆိုရင်ပေါ့)

ဆိုတော့ ကိုညီညီ ပြောသလို DHCP, DNS ဘာမှမလုပ်ပဲ proxy သုံးလို့ရပါတယ်။ Transparent setup မှာ အဲဒီလိုမျိုး ဖြစ်နိုင်ပါတယ်။

ဒါဖြင့် ဘာလို့ transparent မသုံးပဲ wpad လုပ်ကြသလဲ မေးစရာရှိပါတယ်။ transparent proxy မှာ authentication လုပ်ဖို့လိုရင် နဲနဲပြဿနာ ရှိပါတယ်။ ဥပမာ ရုံးတွင်းသုံး proxy မှာ transparent လုပ်ထားပြီး authentication enable လုပ်လိုက်မယ်ဆိုရင် browser ဟာ ကြားမှ proxy server ရှိတာကို သိမနေတဲ့ အတွက် username password ကို သက်ဆိုင်ရာ website ကလာတယ်လို့ပဲ ထင်နေပြီး အဲဒီကို ပဲ ပို့နေပါလိမ့်မယ်။

Squid ကို Linux မှာ သုံးရင် အဓိကအားသာချက်က transparent proxy သုံးလို့ရတဲ့ အချက်ပါပဲ။ transparent proxy ဆိုတာ web browser မှာ ဘာ proxy setting မှ ထည့်စရာ မလိုပဲ network gateway မှန်မှန်ကန်ကန် ထည့်ထားရုံနဲ့ web browsing သုံးလို့ရတာကို ပြောတာဖြစ်ပါတယ်။ Linux မှာ တော့ OS level ကနေ iptables နဲ့ port 80, 443 စတာတွေကို ကြားက intercept လုပ်ပြီး proxy server ကို ပို့ပေးလိုက်ပါတယ်။ Windows မှာ ဒီလိုမျိုး လုပ်နိုင်တဲ့ os level mechanism မရှိတဲ့ အတွက် ကြောင့် transparent proxy လုပ်လို့ မရတာပါ။

မှတ်ချက်များ

  • Registered Users
    အကိုတို့ပြောတာကတော့လွယ်တယ်..ကျနော်တို့ကဘာမှမသိလို့နားမလည်ဘူးဗျာ..ဒါပေမယ့် ကျနော်တို့သုံးတာက MPT - Proxy ကြီးနဲ့ဗျ..အဲဒါ ဘယ်လိုပြန်ပြီး Squid ထဲမှဘယ်လိုပြန်ပြီး Configure လုပ်ရမယ်ဆိုတာနဲ့ transparent proxy လုပ်တဲ့အခါ ဘယ်လိုပြန်ပြီ MPT - Proxy ကြီးကို ဘယ်လို Configure လုပ်ရမယ်ဆိုတာလေးအသေးစိတ်ပြောပြပေးစေလိုပါတယ်....

    အကိုတို့ဇာတ်လမ်းစပြီမှပြန်မပြောကြပဲမနေပါနဲ့အုန်နော်
    ကျနော့်အီးမေးက [email protected] ပါ..
    ကျေးဇူးတင်စွာဖြင့်
    မုန်းအောင်ချစ်....
Sign In or Register to comment.