MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

စွန့်ဦးစီးပွားရေးလုပ်ငန်း (Entrepreneurship)

edited December 2008 in Tech News
မြန်မာရုပ်ရှင် အစည်းအရုံးနဲ့ စင်္ကာပူ အခြေစိုက် Inter Consulting Group တို့ပူပေါင်းပြီး မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်းတွေကို တရားဝင် မူပိုင်ခွင့် မှတ်ပုံတင်ပြီး ရောင်းတော့မှာပါ။ ခိုးကူးခွေတွေ ကိုလဲ စင်္ကပူ မူပိုင်ဥပဒေ အရကိုင်တွယ်သွားပါမယ်တဲ့။ အဲဒီ ဝက်ဘ်ဆိုက်ကို ဒီနှစ်အပြီးဆောက်နေ တယ်လို့တော့ပြောတယ်။ ကောင်းသွားတာပေါ့ဗျာ။ မြန်မာ့ အနုပညာ တွေကို ဝယ်ပြီးအားပေးကျနော့ သူတို့လဲ ဒီထက်တိုးတက် ကောင်းမွန်အောင်လုပ်လို့ ရတော့ပေါ့ဗျာ။
နောက်တစ်ခု ရှိသေးတယ်၊ သီချင်းကြတော့ ဘယ်သူမှ အဲဒီလို သဘောတူညီမှူ မလုပ်ကြသေးဘူးနော်။
သီချင်းလဲ အဲဒီလို လုပ်နိုင်ရင်ကောင်းမယ်။ သီချင်းက ရုပ်ရှင်ထက် စာရင် ထိုးဖောက်ရ ပိုလွယ်နေပါတယ်။
နော် Thread တစ်ခု မလုပ်ချင်တော့လို့၊ အကယ်လို့ နည်းပညာဆိုင်ရာ စွန့်ဦး စီပွားရေးလုပ်ငန်း နဲ့ပက်သတ်ပြီး အိုင်ဒီယာတွေရှိရင်၊ ဘယ်လိုနည်းနဲ့အကောင်ဖော်နိုင်ကြမလဲ။ ဘယ်လို ထပ်ပြီး မွန်းမံကြမလဲ ဆိုတာကို ဆွေးနွေးကြမယ်လေ။
အိပ်မက်ကနေပဲ အားလုံး အကောင်အထည်ဖြစ်လာကြတွေပဲလေ။ အိပ်မက်မက် ကြည့်ကြလေ၊ တွေးကြည့်ကြလေ။ အိုင်ဒီယာရလာ ရင်အောက်မှာ Reply အနေနဲ့ဆက်ရေးကြမယ်။ :6:

မှတ်ချက်များ

  • edited December 2008 Registered Users
    ကျနော်အိုင်ဒီယာ တစ်ခုရတာက အခု မြန်မာပြည်မှာ ဆော့ဖ်ဝဲလ် နဲ့ ပရိုဂရမ် လေ့လာနေတဲ့ကျောင်းသားတွေ အများကြီးပဲလေ။ သူ့တို့ အနေနဲ့ ကိုယ်တိုင်ဖန်တီး ထားတဲ့ ဟာတွေကို သူများတွေကို စမ်းသုံးလို့ ရအောင်၊ opensource ဆိုက်တစ်ခု လုပ်ပြီးတင်ပေးလိုက်မယ်။ ဆိုက်ကို လှည်ပတ်ဖို့ အတွက် ကြောငြာ လက်ခံတဲ့ ဝန်ဆောင်မှူထည့်ပေးလိုက်မယ်ဆိုရင်ကော။ ဖန်တီးမှူတွေကိုလဲ အားလုံး အသုံးပြုလို့ရ အောင် နိုင်ငံ တစ်ကာ စံညွှန်းနဲ့ ကိုက်အောင်လုပ်ရမယ်။ ဥပမာ၊ ဘာသာစကားက အစ အင်္ဂလိပ်ကို အဓိက ထားသုံးတာမျိုး တို့လိုပေါ့။
    ဆက်ပွားကြပါ။
  • edited December 2008 Registered Users
    ကျွန်တော့် မှာ Idea တော့မရှိပါဘူး။ ဒီသတင်းပေါ်ပြောချင်တာလေးတစ်ခုက၊
    ပြည်တွင်းမှာ ထိန်းချုပ်နိုင်မှုမရှိဘဲ.....ပြည်ပနိုင်ငံတစ်ခုမှာ ထိန်းချုပ်ဖို့ကြိုးစားပုံထောက်တော့
    ပြည်ပက VCD ကို ကို်ယ်တိုင်ပွားရောင်းနေတဲ့ ဆိုင်ကြီးတွေကိုဆော်ချင်ပုံရပါတယ်။
    အဲသလိုလုပ်ရင်တော့ ပြည်ပ က VCD ကြည့်တဲ့ ပရိတ်သတ် အရည်အတွက် ကျသွားပြီး
    လက်သိပ်ထိုးကိုယ့်ဖာသာ ကူး၍ သော်လည်းကောင်း၊ burmese classic လို siteမှာသော်လည်းကောင်း
    သွားကြည့်ကြပါလိမ့်မယ်။

    ကျွန်တော်ကိုယ်တိုင်တော့ IC ခွေကလွဲရင် ဘာကိုမှ မ၀ယ်ပါဘူး။
    IC ကိုတော့ လေးစားလို့ MP3 သူများဆီကမကူးဘဲ CD ကို၀ယ်တာပါ။
    အနုပညာကို ဝယ်ယူအားပေးဖို့က ဝယ်ယူခံရလောက်အောင်လည်းတန်ဖိုးရှိဦးမှ၊
    စားသုံးသူကလည်း (ရွေးချယ်စရာလမ်းမရှိလို့သော်လည်းကောင်း) ကျေကျေနပ်နပ်
    နဲ့တန်ဖိုးထား စျေးပေးချင်အောင် အနုပညာ အရည်အသေးရှိဦးမှကိုး။
  • edited December 2008 Registered Users
    ဒီမှာတခုဝင်ပြောချင်တာက ခိုးကူးခွေတွေကို ပြသနာရှာနေတဲ့ Music Production တွေကိုယ်တိုင်က pirate software တွေသုံးပြီး သီချင်းတွေ ထုတ်နေကြတာပါ။ သူများကိုယ့်ဟာ ခိုးတာ မကြိုက်ရင် ကိုယ်လဲသူများဟာ မခိုးဖို့ကြိုးစားရပါလိမ့်မယ်။ ဘန်းကျော်အဆိုတော် အများစုက နိုင်ငံခြားသံစဉ်တွေကို ပိုက်ပိုက်မပေးပဲခိုးနေကြပေမဲ့ သူတို့ရဲ့ ခွေတွေကို ခိုးကူးရင်တော့ ရင်နာမဆုံးပါ။ Myanmar Bloggers တွေလဲ ဒီအတိုင်းပါပဲ။ သူများရေးထားတာတွေ မြန်မာဘာသာပြန်ရေးသားပြီး source ကိုမဖော်ပြပေမဲ့ သူတို့ဟာကို တစုတဦးက credit မပေးပဲ ပြန်ဖော်ပြရင်တော့ ကန့်ကွက်ပါတယ်။ ဒါကြောင့် ကိုယ့်ဟာသူများခိုးတာ မကြိုက်ရင် ကိုယ်လဲ သူများဆီက မခိုးပါနဲ့။


    ရေးသားသူ....... Internet တွင် လှည့်လည်၍ pirate software, music etc ခိုးယူနေသူ သူခိုးအကြီးစား မောင်အိုင်စတိုင်း:71:
    သူများဆီက ကျနော်ခိုးမိတဲ့အတွက် ကျနော့ကို ပြန်ခိုးရင် စိတ်မဆိုးပါဘူးခင်ဗျာ။ လောလောဆယ် ခိုးစရာ လူပဲ ရနိုင်ပါသေးတယ်။:D
  • edited December 2008 Registered Users
    istein wrote: »
    ရေးသားသူ....... Internet တွင် လှည့်လည်၍ pirate software, music etc ခိုးယူနေသူ သူခိုးအကြီးစား မောင်အိုင်စတိုင်း:71:

    ကျုပ်လည်းပါတယ်ဗျို့။ :6:
    (ငါ့နှယ်...သူခိုးက သူခိုးပါလို့ ပြောတာ ကြားဖူးပေါင်):106:
  • edited December 2008
    ကျွန်တော်ကတော့ သီချင်းအပိုင်းတွေ၊ ဗွီဒီယိုကားတွေ အပိုင်း မပြောချင်ပါဘူး။ ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို အဓိကထား ပြောချင်ပါတယ်။ Freelance Project သဘောမျိုး Web Site တစ်ခုထောင်ပြီး ပိုက်ဆံရှာတဲ့ သဘောမျိုးအထိပါ မြေစမ်းခရမ်းပျိုးသွားလို့ရနိုင်ပါတယ်။ အနီးစပ်ဆုံးလုပ်နိုင်တဲ့ ကိစ္စကို ပြောရမယ်ဆိုရင် ... (မပြောတော့ဘူးဆိုပေမယ့် သီချင်းကိစ္စဖြစ်နေတော့ နည်းနည်းတော့ ပြောမယ်နော်၊ သူများဆီက အုအား ပြားချပ်ချပ် ခေတ်ထဲက ခိုးလာတာ သူတို့တွေ ခိုးကူးခံရတာ မဆန်းပါဘူးဗျာ)

    http://www.joomlancers.com/

    ပုံစံမျိုးတွေ လုပ်နိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့အနေနဲ့ အဲဒီလို Third Party တွေ ရေးနိုင်ဖို့နေနေသာသာ Joomla လို ဟာမျိုးက အလကားရတဲ့ဟာတွေကိုတောင် အကုန် မစမ်းသပ်နိုင်ကြသေးပါဘူး။
  • edited December 2008 Registered Users
    ဒီမှာတခုဝင်ပြောချင်တာက ခိုးကူးခွေတွေကို ပြသနာရှာနေတဲ့ Music Production တွေကိုယ်တိုင်က pirate software တွေသုံးပြီး သီချင်းတွေ ထုတ်နေကြတာပါ။ သူများကိုယ့်ဟာ ခိုးတာ မကြိုက်ရင် ကိုယ်လဲသူများဟာ မခိုးဖို့ကြိုးစားရပါလိမ့်မယ်။ ဘန်းကျော်အဆိုတော် အများစုက နိုင်ငံခြားသံစဉ်တွေကို ပိုက်ပိုက်မပေးပဲခိုးနေကြပေမဲ့ သူတို့ရဲ့ ခွေတွေကို ခိုးကူးရင်တော့ ရင်နာမဆုံးပါ။ Myanmar Bloggers တွေလဲ ဒီအတိုင်းပါပဲ။ သူများရေးထားတာတွေ မြန်မာဘာသာပြန်ရေးသားပြီး source ကိုမဖော်ပြပေမဲ့ သူတို့ဟာကို တစုတဦးက credit မပေးပဲ ပြန်ဖော်ပြရင်တော့ ကန့်ကွက်ပါတယ်။ ဒါကြောင့် ကိုယ့်ဟာသူများခိုးတာ မကြိုက်ရင် ကိုယ်လဲ သူများဆီက မခိုးပါနဲ့။
    ******************************************************

    Yes That's right. မအိအိလဲထောက်ခံပါတယ်၊ မအိအိလဲတတ်နှိုင်ရင် အစစ်သုံးချင်ပါတယ်၊ဗမာပြည်မှာ သူခိုးတွေက သူခိုး...သူခိုး...သူခိုး...လို့အော်နေတာကိုတော့မကြိုက်ပါဘူး၊၊
    ဆိုနေတဲ့အဆိုတော်ရဲ့သီချင်းကတောင် ခိုးထားတာကြီးမဟုတ်လား။

    ဗမာတွေမူပိုင်လုပ်ချင်ပုံက Unicode တောင်(သူများကအရင်လုပ်ထားတာ) ကိုမသိဘဲ တနေရာမှာမူပိုင်တိတ်တိတ်ရှောက်ပြီးမှ:103::103::103::103::)):)):)):)):)):))တရားထတောင်ဆွဲတဲ့အထိပါဘဲ။ အင်း...အင်း ကြည့်ကောင်းဦးမှာပါ။
  • edited December 2008 Registered Users
    မဖြစ်လောက်ပါဘူးဗျာ...
    ဆိုလိုတာက မူပိုင်ခွင့်တို့ ဘာတို့ညာတို့ ကြိုက်သလိုပြော .. မြန်မာကားကို မြန်မာပဲ အကြည့်များမှာလေ.. :D (ဒါပြီးရင်း ဒါတွေပဲဥစ္စာ...) အကြည့်များမယ့်မြန်မာမှန်သမျှကလည်း တကယ် ၀ယ်မယ့်သူ (ကျွန်တော့် အထင်တော့ တယောက်မှ မရှိ) သိပ်ရှိမယ်မထင်ပါဘူး.. ဘာလို့ဆိုတော့ အထက်မှာ သူများတကာဆွေးနွေးခဲ့သလို အရည်အသွေးရှိမှ တန်ဖိုးထားပေးမှာကိုး..
    အဲဒီစကားကိုတောင် ကျွန်တော်က သိပ်လက်မခံချင်ဘူး.. (Windows XP ,Vista , Office , Photoshop , Video Studio S/W မျိုးစုံ , Audio Studio S/W မျိုးစုံ ) အရည်အသွေး ကိုယ်စီ ရှိကြတာချည်းပဲ .. မြန်မာ ဘယ်နှယောက်က ၀ယ်သုံးလို့လဲ.. ခိုးတာပဲလေ...
    ကျွန်တော့်လောက် ရိုးသားအေးဆေးသူတောင် ခိုးတာပဲ.. \:D/ ခိုးသုံးခဲ့သမျှကိုတောင်မှ အဲဒါလေးတွေဘယ်လိုသုံးရတယ်ဆိုတာကို ပြန်ပြောပြဖို့ အလွယ်အခိုးခံရမှာ ကြောက်တာနဲ့ ပြန်မပြောတော့ဘူး လူ့သဘာ၀ကိုက ကိုယ်ကသာ ခိုးရင်ခိုးမယ်.. အခိုးခံရမှာကျတော့ ကြောက်တတ်ပါ့... :D

    ဗီဒီယိုလည်း ခိုးမယ်.. အော်ဒီယိုလည်းခိုးမယ်.. ဆော့ဖ်၀ဲလည်း ခိုးမယ်.. ခိုးလို့ရသမျှ အကုန်ခိုးမယ်.. မြန်မာပြည်က မောင်စေတန်တို့လို ဘယ်လိုမှ ခိုးလို့မကောင်းတဲ့ဟာတွေဆိုရင် အလကားတောင်းမယ်.. ပိုက်ပိုက်ကတော့ ပေးဘူး .. (အရမ်း ရိုးသားအေးဆေးတာပဲ..)

    စီခရေဇီ
  • edited December 2008 Registered Users
    ဘန်းကျော်သားတစ်ယောက်အနေနဲ့ အွန်လိုင်းကနေ ဘယ်လို စီးပွားရေးတွေလုပ်စားနိုင်တယ်ဆိုတာ ဆွေးနွေးကြဦးလေဟာ။ ခိုးတဲ့ အကြောင်းဖြောင့်ချက် ပေးခိုင်းတာမှ မဟုတ်တာ။ :d
    ပြန်ပြီးသာ ဘန်းကျော်က စလုံးရေ စ မယ်ဆိုရင်၊ လုပ်စရာတွေက အများကြီးပဲ။ အိုင်တီသမားတွေ လန်းသွားမယ်။ :39:
    ုလုပ်ကွက်တွေ ရလိုက်မယ့်ဖြစ်ခြင်း၊ မလုပ်နိုင်လို့ တားတောင်ယူရဦးမယ်။
  • edited December 2008 Registered Users
    mm_legend wrote: »
    ဘန်းကျော်သားတစ်ယောက်အနေနဲ့ အွန်လိုင်းကနေ ဘယ်လို စီးပွားရေးတွေလုပ်စားနိုင်တယ်ဆိုတာ ဆွေးနွေးကြဦးလေဟာ။ ခိုးတဲ့ အကြောင်းဖြောင့်ချက် ပေးခိုင်းတာမှ မဟုတ်တာ။ :d
    ပြန်ပြီးသာ ဘန်းကျော်က စလုံးရေ စ မယ်ဆိုရင်၊ လုပ်စရာတွေက အများကြီးပဲ။ အိုင်တီသမားတွေ လန်းသွားမယ်။ :39:
    ုလုပ်ကွက်တွေ ရလိုက်မယ့်ဖြစ်ခြင်း၊ မလုပ်နိုင်လို့ တားတောင်ယူရဦးမယ်။

    ဒီကိစ္စ ကျွန်တော်လည်း စိတ်၀င်စားပါတယ်။
    ကျွန်တော် အင်တာနက် သုံးလာတာ ၈ နှစ်ရှိပါပြီ။ Yahoo!, Google တို့ကြီးပွားသွားတာ
    YouTube ပေါ်လာပြီး Google က ၂ ဘီလျံလောက်နဲ့၀ယ်လိုက်ရတာ။
    Facebook ပေါ်လာတာ၊ Web 2.0 နဲ့ Collaboration Suites တွေ ပေါ်လာတာ၊
    File Sharing site တွေ၊ Porn Site တွေ၊ Online Storage and Sync Service တွေ
    ပေါ်လာတာတွေကို မျက်မြင်ခဲ့ရပါတယ်။ တစ်ခုပြီး တစ်ခုတွေ့တိုင်း (ဟယ်...ဘာ့ကြောင့်
    ငါဒီလိုမတွေးမိပါလိမ့်) တစ်ခါတစ်လေ (ငါအရင်တွေးမိပါတယ်...သူတို့ကဘာလို့ အရင်လုပ်
    စားသွားတာလဲ..) စသည်ဖြင့် ခံစားရပါတယ်။

    ကျွန်တော် လက်ရှိမြင်တဲ့ ပိုက်ဆံရှာနည်းပေါ့နော...
    ၁။ ။ Website တစ်ခုထောင် Content ကောင်းအောင်လုပ်။ လူများများလာကြည့်။
    Google Adsense လေးတင်ထား Hosting ဖိုးကျေလောက်အောင်တော့ရပါတယ်။
    ၂။ ။ ကောင်မလေးပုံလေးတွေ၊ မင်းသမီးပုံလေးတွေ၊ pornography ပုံတွေ၊
    video clips တွေကို Adult web forum တွေမှာ တစ်နေရာက
    တစ်နေရာကို ပို့ image hosting နဲ့ url တစ်ခါနှိပ်တိုင်း a few cent ရတဲ့
    ပုံစံမျိုးနဲ့လုပ်စားတာ။
    ၃။ ။ ဖိုင် (image, video clip, ebooks, files) တွေ ကို hosting site မှာတင်
    ဖိုင်ကို free service speed နဲ့ download လုပ်ရတာ စိတ်မရှည်တဲ့လူတွေက
    ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်း အတွက် singup လုပ်ရင် referal နဲ့ ပိုက်ဆံရတာမျိုး။
    ၄။ ။ Advertising email တွေကို အခုတစ်ရာကို a few cents နှုန်းနဲ့ မှန်မှန်
    ဖွင့်ဖတ်ပေးပြီး ပိုက်ဆံယူတဲ့နည်း။

    စသည်ဖြင့်...legal ဖြစ်တဲ့ နည်းတွေရှိပါတယ်။

    Google ဟာ သူ့ရဲ့ Google Map ကြီးကို Free ပေးနေတာကို တစ်ယောက်ကမေးတယ်...
    ဘာ့ကြောင့် ခုထိ Free ပေးထားတာလဲ၊ ပိုက်ဆံမရတာကို ဘာလို့လုပ်နေတာလဲလို့။
    Google ကဖြေတယ်...ခုထိ ဘယ်လိုပိုက်ဆံယူရမယ် ဆိုတဲ့ Business Model ကိုသူတို့
    မစဉ်းစားမိသေးလို့ပါ လို့ဖြေပါတယ်။

    ဆိုချင်တာကဗျာ တစ်ခါတစ်ခါကျတော့ လုပ်ငန်းတစ်ခုကို လက်ငင်း အကျိုးမျှော်ကိုးပြီး
    လုပ်လို့မရဘူး။ ရေရှည်လုပ်နေပြီး အချိန်အတိုင်းအတာ တစ်ခုလည်းရောက်ရော ကိုယ့်ကုန်ပစ္စည်းကို
    ၀ယ်မယ့်၊ ရောင်းလို့ရမယ့် ပုံစံ၀င်လာပါရော။ Market ပေါ်လာရောဆိုပါတော့။
    အဲဒီအခါမှာ ပေါ်ပင်လိုက်တတ်တဲ့ competitors တွေ ဘယ်နှစ်ယောက်ပေါ်လာပါစေ ကိုယ့်ကို
    လိုက်မမီတော့ဘူး။ ဘာကြောင့်ဆို ကိုယ်က ဒီလုပ်ငန်းမှာ လုပ်နေတာ သူတို့ထက် ပိုကြာနေလို့
    အရာရာမှာ သူတို့ ရှေ့ကရောက်နှင့်နေပြီကိုး။ Entrepreneur တစ်ယောက်ဟာ current နဲ့ future trend တွေကို လေ့လာခန် ့မှန်း ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

    ကဲ Google တောင် သူ့ Map နဲ့ ဘယ်လိုပိုက်ဆံယူရမှန်းမသိသေးရင်
    Idea တွေ ခန်းနေတဲ့ ကျုပ်ဦးနှောက်ကတော့ ၁၉ ရာစုလောက်မှာ ကျန်နေခဲ့ပါပြီဗျာ။
  • edited June 2014
    ကိုသာသာ ပြောတာ သဘောကျတယ်ဗျာ ...
    အဲဒီလို ကိစ္စတွေနဲ့ ခေါင်းခြောက်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူးဗျာ ... ပိုက်ဆံရဖို့ ဝက်ပေါ်တက်တယ်ဆိုတာထက် ဝက်ပေါ်တက်ဖို့ ပိုက်ဆံစုဆိုတာကို ပိုလုပ်နေကြရတာများတယ်ဗျ။ freelance ဆိုတာကို အပျော်တမ်း စသွားနိုင်ရင် ကောင်းမယ်ထင်တယ်ဗျ။ MZ က Freelance အတွက် ရေခံမြေခံ အများကြီးကောင်းနိုင်မယ်ထင်တယ်ဗျာ ... ကျွန်တော်အမြင် ခုလုပ်လို့ရနိုင်တဲ့ Freelance တွေကတော့

    1. Wordpress Template တွေဆွဲတာ (မြန်မာဆန်သော မြန်မာများကိုယ်တိုင် ရေးဆွဲထားသော Template တွေထွက်လာစေဖို့)
    2. phpBB Template တွေဆွဲတာ
    3. Joomla Template ဆွဲတာတွေလောက်ကတော့ အပျော်တမ်းစလို့ရမယ်ထင်တယ်ဗျ။
    ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းစနစ်တွေက သေသေချာချာ လေ့လာရင် လွယ်တယ်ဗျ။ ဒီလောက်မခက်ဘူး။ အဲဒီလို အပျော်တမ်း Template လေးတွေဆွဲကြမယ်။ ဒီထက်အဆင့်မြင့်လာရင် Third Party တွေလုပ်ကြမယ်ဆိုရင် အလုပ်ဖြစ်နိုင်မယ် ထင်တယ်ဗျ။ :D
  • edited December 2008 Registered Users
    ကိုသာသာ က ပြောတော့သာမသိဘူး၊ အစ်ကို ရေးသွားတာတွေက အလန်းတွေချည်းပဲ။ ကျနော် တောင်အခုမှ အဲဒီ အကြောင်းအရာတွေကို အစ်ကို့ ပိုစ့် ဖတ်ပြီးတော့ သိတာ။
  • edited December 2008 Registered Users
    phpcrazy wrote: »
    ကိုသာသာ ပြောတာ သဘောကျတယ်ဗျာ ...
    အဲဒီလို ကိစ္စတွေနဲ့ ခေါင်းခြောက်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူးဗျာ ... ပိုက်ဆံရဖို့ ဝက်ပေါ်တက်တယ်ဆိုတာထက် ဝက်ပေါ်တက်ဖို့ ပိုက်ဆံစုဆိုတာကို ပိုလုပ်နေကြရတာများတယ်ဗျ။ freelance ဆိုတာကို အပျော်တမ်း စသွားနိုင်ရင် ကောင်းမယ်ထင်တယ်ဗျ။ mz က freelance အတွက် ရေခံမြေခံ အများကြီးကောင်းနိုင်မယ်ထင်တယ်ဗျာ ... ကျွန်တော်အမြင် ခုလုပ်လို့ရနိုင်တဲ့ freelance တွေကတော့

    1. wordpress template တွေဆွဲတာ (မြန်မာဆန်သော မြန်မာများကိုယ်တိုင် ရေးဆွဲထားသော template တွေထွက်လာစေဖို့)
    2. phpbb template တွေဆွဲတာ
    3. joomla template ဆွဲတာတွေလောက်ကတော့ အပျော်တမ်းစလို့ရမယ်ထင်တယ်ဗျ။
    ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းစနစ်တွေက သေသေချာချာ လေ့လာရင် လွယ်တယ်ဗျ။ ဒီလောက်မခက်ဘူး။ အဲဒီလို အပျော်တမ်း template လေးတွေဆွဲကြမယ်။ ဒီထက်အဆင့်မြင့်လာရင် third party တွေလုပ်ကြမယ်ဆိုရင် အလုပ်ဖြစ်နိုင်မယ် ထင်တယ်ဗျ။ :d
    ကိုကြီး ရေ သူများတွေလိုတန်းပလိတ်ရောင်းစားရအောင်မကောင်းဘူးလား
  • edited December 2008 Administrators
    နောင်ဆိုရင် အွန်လိုင်း edu ဆိုတာကြီးထွားလာနိုင်တယ်။ ဒီတော့ကာ စုလို့ရသလောက် ဆယ်တန်း မေးခွန်းဟောင်းတွေနဲ့ စံပြအဖြေများကို သေသေချာချာ Database ဆောက်ပြီး၊ Web Service လေးသုံးပြီး လိုချင်တဲ့နှစ်အလိုက် ရောင်း၍သော်လည်းကောင်း၊ အလကားပေးလို့သော်လည်းကောင်း လုပ်နိုင်တယ်ဗျ။ နောက် အဲဒီကနေဘဲ နှစ်အလိုက် ပြန်ပါတတ်သော မေးခွန်းများတို့၊ အခန်းစဉ်အလိုက် ဆရာများ ကြိုက်တတ်သော မေးခွန်းများ ဆိုတာလေးတွေ Analysis လုပ်လို့ရနိုင်တယ်။ ဟိဟိ။ စိတ်ကူးကြည့်တာ။
  • edited December 2008 Registered Users
    MrDBA wrote: »
    နောင်ဆိုရင် အွန်လိုင်း edu ဆိုတာကြီးထွားလာနိုင်တယ်။ ဒီတော့ကာ စုလို့ရသလောက် ဆယ်တန်း မေးခွန်းဟောင်းတွေနဲ့ စံပြအဖြေများကို သေသေချာချာ database ဆောက်ပြီး၊ web service လေးသုံးပြီး လိုချင်တဲ့နှစ်အလိုက် ရောင်း၍သော်လည်းကောင်း၊ အလကားပေးလို့သော်လည်းကောင်း လုပ်နိုင်တယ်ဗျ။ နောက် အဲဒီကနေဘဲ နှစ်အလိုက် ပြန်ပါတတ်သော မေးခွန်းများတို့၊ အခန်းစဉ်အလိုက် ဆရာများ ကြိုက်တတ်သော မေးခွန်းများ ဆိုတာလေးတွေ analysis လုပ်လို့ရနိုင်တယ်။ ဟိဟိ။ စိတ်ကူးကြည့်တာ။
    အဲဒါတွေက အပြင်မှာ 1000 လောက်နဲ့ ရတယ်ဗျ ကျွန်တော်တို့အချိန်ကုန်မှာပဲအဖတ်ထင်တယ်လို့ကျွန်တော်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ 10 တန်းစာကို အွန်လိုင်းမှာလာလုပ်ရင်တော့ အဲဒီကျောင်းသားတော့ အချိန်ပိုကုန်လိမ့်မယ်ထင်တယ် ကျွန်တော့်အမြင်ကိုပြောတာပါ
    စိတ်ကူးလေးကတော့ကောင်းပါတယ်ဗျား
  • edited December 2008 Administrators
    Gipsy wrote: »
    အဲဒါတွေက အပြင်မှာ 1000 လောက်နဲ့ ရတယ်ဗျ ကျွန်တော်တို့အချိန်ကုန်မှာပဲအဖတ်ထင်တယ်လို့ကျွန်တော်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ 10 တန်းစာကို အွန်လိုင်းမှာလာလုပ်ရင်တော့ အဲဒီကျောင်းသားတော့ အချိန်ပိုကုန်လိမ့်မယ်ထင်တယ် ကျွန်တော့်အမြင်ကိုပြောတာပါ
    စိတ်ကူးလေးကတော့ကောင်းပါတယ်ဗျား

    ဒီလိုလေဗျာ ... ၁၀ တန်းစာကိုဆိုင်မှာ လာလုပ်ခိုင်းမှာ မဟုတ်ဘူးလေ။ လေ့လာရေး အထောက်အကူပြု စာမေးပွဲနား နီးရင် ဘာတွေ မေးတတ်တယ်၊ လွန်ခဲ့သော ၁၀ နှစ်က ဘာတွေမေးခဲ့တယ် .. ကျောင်းသား များ အတွက်သာ မဟုတ်လေ ဆရာများ အတွက်ပါ သင်ထောက်ကူပေါ့ဗျာ။ နောင် ကျောင်းတွေမှာ database တွေသုံးလာမယ်ဆိုရင် ကျွန်တော်တို့က Question Bank လုပ်ပေးထားတဲ့ သဘောပေါ့။ ငှဲငှဲ။ (မကြိုက်လောက်သေးဘူးထင်တယ်။ :P)
  • edited December 2008 Registered Users
    MrDBA wrote: »
    ဒီလိုလေဗျာ ... ၁၀ တန်းစာကိုဆိုင်မှာ လာလုပ်ခိုင်းမှာ မဟုတ်ဘူးလေ။ လေ့လာရေး အထောက်အကူပြု စာမေးပွဲနား နီးရင် ဘာတွေ မေးတတ်တယ်၊ လွန်ခဲ့သော ၁၀ နှစ်က ဘာတွေမေးခဲ့တယ် .. ကျောင်းသား များ အတွက်သာ မဟုတ်လေ ဆရာများ အတွက်ပါ သင်ထောက်ကူပေါ့ဗျာ။ နောင် ကျောင်းတွေမှာ database တွေသုံးလာမယ်ဆိုရင် ကျွန်တော်တို့က question bank လုပ်ပေးထားတဲ့ သဘောပေါ့။ ငှဲငှဲ။ (မကြိုက်လောက်သေးဘူးထင်တယ်။ :p)
    ကို dbaရေ ၁၀တန်းကိုတော့ သွားလုပ်လို့ မရဘူးနဲ့တူတယ်ဗျ။ ဘာလို့လဲဆိုတော့ အင်း နှစ်တိုင်းမေးတဲ့မေးခွန်းတွေက အကုန်ရှိတယ်ဗျ။ ကျနော်တို့် တုန်းကပြောတာပါဗျာ။ ကျနော်က ၂၀၀၁အောင်ပါ။ အွန်လိုင်းသာအားကိုးရင် ဒီကွန်နက်ရှင်နဲ့ တော့.......။ပြောတော့ပါဘူးဗျာ။:d:d:d
  • edited December 2008 Registered Users
    @ကိုကြီးဒဘီအေ ရေ
    အစ်ကိုပြောတာမဖြစ်နိုင်တာတော့မဟုတ်ပါဘူး ဖြစ်နိုင်ပါတယ် 10 တန်းဆိုရင်တော့မရဘူးဗျ တခြားတက္ကသိုလ်တွေက ဟာတွေ ဥပမာ ကိုစေတန်လို ကန်တော်ကြီးထဲမှာ Thesis ပြုစုနေတဲ့လူတွေ အတွက် မေးခွန်းလိုချင်မှာပဲ ဒါပေမယ့် အဲဒီမေးခွန်းတွေကို ဘယ်မှာသွားရှာရမလဲပြော.....ကူပေးမယ့်လူကလိုသေးတယ်လေဗျ ကိုကြီးရ
  • edited December 2008 Administrators
    Gipsy wrote: »
    @ကိုကြီးဒဘီအေ ရေ
    အစ်ကိုပြောတာမဖြစ်နိုင်တာတော့မဟုတ်ပါဘူး ဖြစ်နိုင်ပါတယ် 10 တန်းဆိုရင်တော့မရဘူးဗျ တခြားတက္ကသိုလ်တွေက ဟာတွေ ဥပမာ ကိုစေတန်လို ကန်တော်ကြီးထဲမှာ thesis ပြုစုနေတဲ့လူတွေ အတွက် မေးခွန်းလိုချင်မှာပဲ ဒါပေမယ့် အဲဒီမေးခွန်းတွေကို ဘယ်မှာသွားရှာရမလဲပြော.....ကူပေးမယ့်လူကလိုသေးတယ်လေဗျ ကိုကြီးရ

    အဲဂလိုလား ... ဒါဆိုစဉ်းစားလိုက်ဦးမယ် :d
  • edited December 2008 Registered Users
    MrDBA wrote: »
    နောင်ဆိုရင် အွန်လိုင်း edu ဆိုတာကြီးထွားလာနိုင်တယ်။ ဒီတော့ကာ စုလို့ရသလောက် ဆယ်တန်း မေးခွန်းဟောင်းတွေနဲ့ စံပြအဖြေများကို သေသေချာချာ Database ဆောက်ပြီး၊ Web Service လေးသုံးပြီး လိုချင်တဲ့နှစ်အလိုက် ရောင်း၍သော်လည်းကောင်း၊ အလကားပေးလို့သော်လည်းကောင်း လုပ်နိုင်တယ်ဗျ။ နောက် အဲဒီကနေဘဲ နှစ်အလိုက် ပြန်ပါတတ်သော မေးခွန်းများတို့၊ အခန်းစဉ်အလိုက် ဆရာများ ကြိုက်တတ်သော မေးခွန်းများ ဆိုတာလေးတွေ Analysis လုပ်လို့ရနိုင်တယ်။ ဟိဟိ။ စိတ်ကူးကြည့်တာ။

    အစ်ကိုပြောတာ နောက်ကျနေပြီ။
    ၁၀ တန်းလောက်အတွက် လုပ်လို့စီးပွားမဖြစ်နိုင်ပါ။ စာအုပ်ထုတ်ရောင်းတာကမြတ်ပါတယ်။
    Education market ဟာ ဘယ်တော့မှ မသေပါ။ လူတွေ မွေးသ၍ စာသင်ရဦးမှာပါ။
    Global market ကိုစဉ်းစားရင် ဘာသာစကားမတူတဲ့ နိုင်ငံတွေအကြား၊ မတူညီတဲ့ စနစ်တွေအကြား
    အတူတူ သင်ရတာကတော့ သချင်္ာဖြစ်ပါတယ်။ Natural Language Processing ထက်
    Maths ရဲ့ formula တွေ patterns တွေက computer အတွက် ပိုလွယ်တဲ့အတွက်
    နည်းပညာပိုင်းဆိုင်ရာမှာလည်း လုပ်ကို်င်ရပိုအဆင်ပြေပါတယ်။

    ကျောင်းသားတစ်ယောက်ကို ဒီပုစ္ဆာပေး၊ အဖြေပေးနိုင်ရုံနဲ့ ဒီ service ကိုမသုံးပါဘူး။
    Calculator တွေအဆင့်မြင့်လာလို့ Differentiation, Integration တွေကို ကောင်းကောင်း
    အဖြေရှာပေးနေနိုင်ပါတယ်။ အမှန်တကယ် ပေးသင့်တဲ့ Service က သူတို့ကို လေ့လာရာမှာ
    ကူညီပေးနိုင်ဖို့၊ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းတတ်လာအောင် Step By Step ဘယ်လိုတွေးတယ်၊
    ဘယ် law, ဘယ် theory နဲ့ ဆက်စပ်တွေးလိုက်တယ်၊ ဘယ်လိုရှင်းတယ် ဆိုတာကို သင်ပေးနိုင်ဖို့ပါ။

    နောက်တစ်ခုက knowledge base ထဲမှာ သူရှာချင်တဲ့ ပုစ္ဆာ၊ similar ဖြစ်တဲ့ ပုစ္ဆာတွေ ရှာပေးနိုင်ဖို့ပါ။ နောက်ပြီး automatic assessment နဲ့ ဘယ် topic တွေမှာ အားနည်းသလဲကို
    ထောက်ပြနိုင်တဲ့ online test မျိုး၊ အားနဲတဲ့ topic ကို အလေးထားတဲ့ test question
    တွေကို ထုတ်ပေးတာမျိုး။ topic တစ်ခုချင်းစီမှာလည်း difficulty level ခွဲထားပြီး ကျောင်းသားကို
    လေ့ကျင့်ပေးပြီး အမှန်တကယ် ဒီ topic ကိုနားလည် ဖြေရှင်းတတ်အောင် သင်ပေးနိုင်ခြင်းမျိုး။
    Old paper တွေကို စုပြီး statistical analysis နဲ့ ဘယ် topic က ဘယ်ပုစ္ဆာမျိုးလာမယ်
    ခန့်မှန်းမှုမျိုး။ ကျောင်းသားရဲ့ အားသာအားနည်းချက် နဲ့၊ old paper statistical analysis အရ
    ဘယ် topic တွေကို ပိုမိုလေ့ကျင့်သင့်ကြောင်း အကြံပေးတာမျိုး တွေရှိမှ
    service ကို ရေရှည်သုံးကြမှာပါ။

    သချင်္ာ domain ကကျယ်လွန်းပါတယ်။ Market ကိုကြည့်ရင်လည်း primary ကနေ....
    scientist တွေအထိ calculation လုပ်ကြရတာမို့ အားလုံးကို provide လုပ်နိုင်တဲ့
    service ပေးဖို့မလွယ်ပါဘူး။ အဲဒီတော့ niche ဖြစ်တဲ့ market ကိုကြည့်တော့
    Secondary, GCE level, မြန်ပြည်မှာတော့ အထက်တန်း အဆင့်ကို သွားတွေ့ပါတယ်။

    domain အရလည်း topic သိပ်မများဘူး။ ကျောင်းသားအရေအတွက် အရလည်းများတယ်။
    online ကိုလည်းသုံးတတ်တယ်၊ ပိုက်ဆံလည်း အကုန်ခံဖို့ ၀န်မလေးဘူး၊ ပြီးတော့
    American, Europe, UK, S'pore စသည်ဖြင့် GCE level အားလုံး ရဲ့ သင်ရိုးတွေကလည်း
    သိပ်မကွာဘူး။ အဲဒီတော့ market size ကလညး်ကောင်းတယ်။ service တစ်မျိုးဖန်တီးပြီးတာနဲ့
    တစ်ကမ္ဘာလုံးစာ ဖြန့်လို့ရတယ်။

    နောက်တစ်ခုက China နဲ့ India market ပါ။ China ကိ်ုကြည့်ပါ။ China ရဲ့ သချင်္ာသင်ရိုး
    ဂေါင်းကောင် ဟာ GCE အဆင့်ပါ။ ဒါပေမယ့် မေးခွန်းတွေက Chinese ဘာသာဖြစ်နေပါတယ်။
    ဒါ့ကြောင့် ကိုယ့် service ကို Chinese localization လုပ်နိုင်မှ အဲဒီ Market ကို ၀င်ရောက်
    နိုင်မှာပါ။

    ကဲ statistical analysis တွေ၊ pattern based mathematic search engine တွေ၊
    topic အလိုက် သင်ရိုးအလိုက် data management တွေ၊ step by step calculator တွေ၊
    mathematic handwritten recognition system တွေ၊ automatic assessment
    system တွေ ဟာ PHD topic တွေပါ။ တစ်ချို့လည်း တော်တော် ခရီးရောက်နေပါပြီ။
    တစ်ချို့လည်း research state မှာပဲရှိကြပါသေးတယ်။

    ကျွန်တော်ကတော့ education market ကိုတော်တော် မျှော်မှန်းပါတယ်။
    အဲဒီလို service ကို user တွေကို ရောင်းရာမှာ subscription base ပုံစံ၊
    တစ်လကို 1 USD နဲ့ သက်သက်သာသာရောင်းပေးမှာပါ။
    သိပ်များများမမှန်းပါဘူး တစ်ကမ္ဘာလုံး ရှိတဲ့ ကျောင်းသားတွေထဲက သန်းတစ်ထောင် (1 billion)
    လောက် subscribe လုပ်ထားရင်ပဲ တစ်လကို 1 billion ၀င်ငွေဆိုရင် တင်းတိမ်ပါပြီ။ :D
  • edited December 2008 Administrators
    သန်ရာသန်ရာပြောရရင်... penetration testing လုပ်တာကလဲ သူတို့ဆီမှာဆိုရင် အတော်ပေးရတယ်တဲ့ဗျ(ကိုယ့်ဆိုက်ကိုယ် ပိုက်ဆံများများပေးပြီး တရား၀င် ဖောက်ခိုင်းတဲ့ကောင်တွေ၊ ဆန်းတော့အဆန်းသား)။
    အဲသည် အလုပ်လဲ တစ်ချိန်ချိန်မှာ မတွင်ကျယ်လာနိုင်ဘူးလား။
    အဲ တစ်ခုတော့ရှိတယ်... ကိုယ်ကတော့ အမည်းစက်မရှိအောင်နေရမှာ...။
  • edited December 2008 Registered Users
    သန်ရာသန်ရာပြောရရင်... penetration testing လုပ်တာကလဲ သူတို့ဆီမှာဆိုရင် အတော်ပေးရတယ်တဲ့ဗျ(ကိုယ့်ဆိုက်ကိုယ် ပိုက်ဆံများများပေးပြီး တရား၀င် ဖောက်ခိုင်းတဲ့ကောင်တွေ၊ ဆန်းတော့အဆန်းသား)။
    အဲသည် အလုပ်လဲ တစ်ချိန်ချိန်မှာ မတွင်ကျယ်လာနိုင်ဘူးလား။
    အဲ တစ်ခုတော့ရှိတယ်... ကိုယ်ကတော့ အမည်းစက်မရှိအောင်နေရမှာ...။

    ဟုတ်ပါ့ penetration test လုပ်ရတာကျတော့ individual သိပ်မကောင်းပါ။
    အများအားဖြင့် security company သို့မဟုတ် company ကြီးကြီးရဲ့ security team
    မှာ ၀င်လုပ်ရတာများပါတယ်။

    ကိုယ်က ဖောက်တတ်နေပြီပဲ။ Organization ကြီးတွေရဲ့ site တွေကိုဖောက်မယ့်အစား
    စက်အသေးလေးတွေဖောက်ပြီး rootkit တွေတင်။ Zombie army တွေ၊ bot net တွေမွေးပြီး
    ပိုက်ဆံပေးတဲ့ လူအတွက် သူမကျေနပ်တဲ့ site တွေကို DDOS တိုက်။
    (MZ ခံလိုက်ရတာမျိုး)
    ခိုင်းတဲ့လူကလည်း ပိုက်ဆံ တတ်နိုင်ဆိုတော့ တော်တော် ထောမှာပဲ။
    အလုပ်ကတော့ နည်းနည်း အောက်တန်းကျတယ်။ ပိုက်ဆံ မျိုးမျိုးမြက်မြက်ရမယ်။
    ထောင် နခမး်နင်းရမယ်။
  • edited December 2008 Registered Users
    နောက်ပြီးတော့ ပတ်ဝန်းကျင်ကိုလဲ နားစွင့်ဖို့ လိုတယ်။ လူတွေကို ကိုယ့်ရဲ့ အိုင်ဒီယာကို ချပြတတ်ရမယ်။ ဒီအတိုင်း သင်တန်းတက်ပြီးသွားရင်၊ နိုင်ငံခြားထွက်ဖို့ပဲ စောင့်နေကြမယ့်အစား ကိုယ့်ဝန်းကျင်မှာလဲ ဘယ်လို ဟာတွေအကောင်အထည် ဖော်လို့ရလဲ ကြည့်ရမယ်။
    ဥပမာ။ ။ ပရိုဂရမ်းမင်းနဲ့ ဂရက်ဖစ်တက်တဲ့ လူတစ်ယောက်ဟာ၊ စာအုပ်ထုပ်ဝေရေး သို့မဟုတ် စာအုပ်လောက က လူတစ်ယောက်ကို myanmar-english အဘိဓါန် Software လုပ်ဖို့ မိမိမှာ ဘယ်လို အိုင်ဒီယာတွေ၊ ဒီဇိုင်းတွေ ရှိကြောင်း offer လုပ်။ ဖြစ်နိုင်ရင် sample ချပြ။
    ကျနော် နောက်ဆုံး သုံးနေတဲ့ ပညာရေး ဝန်ကြီးဌာက ထုတ်တဲ့ အဘိဓါန် CD ဆိုတော်တော် ညံ့တာဗျာ။ စာလုံးတွေက ကြီးတာကကြီး၊ သေးတာကသေး။ မပီသတဲ့စာလုံးတွေတောင်ပါသေး။
    Acrobat Reader နဲ့လုပ်ရင်တောင် စာလုံးတွေက ရှင်းသေးတယ်။
  • edited December 2008 Registered Users
    ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် နိုင်ငံခြားက paypal account တို့ repid share account တို့ $fees တွေပေးမှရတဲ့ ဟိုaccount ဒီaccount တွေကို
    ဒီမှာ(ဘန်းကျော်) လုပ်ပေး(ရောင်းစား) မယ်ဆိုရင်ကော ပိုက်ပိုက်ရှာလို့ရတာပဲ:D
  • edited December 2008 Administrators
    ကျွန်တော်လုပ်ချင်တာကတော့
    မြန်မာနိုင်ငံက လူငယ် လူတော်တွေကိုစု။ ပြီးရင် Wordpress , Joomla, phpbb3, etc စတဲ့ PHP opensource တွေအတွက် module တွေရေး template တွေရေးပြီးတော့ online market တစ်ခုလုပ်ချင်တယ်။ ပြသနာက ငွေလွှဲရေးကိစ္စပဲ။ ဒီမှာက resource ကောင်းကောင်းကို စျေးသက်သက်သာသာနဲ့ ရနိုင်တယ်လေ။ နိုင်ငံတကာ စျေးကွက်ကိုလည်း ယှဉ်နိုင်တဲ့ အရည်အချင်းတွေ မြန်မာလူငယ်တွေမှာ ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ခက်တာက နိုင်ငံတကာနဲ့ ငွေလွှဲကိစ္စတွေပဲ။ :14: မြန်မာနိုင်ငံမှာဆိုရင် ဘဏ်ကနေ ငွေ ၁၀၀၀ လောက်ဆို ဘယ်လို လွှဲမလဲ။ :106: စာတိုက်ကနေ လွှဲလို့ရပေမယ့် လက်ငင်းလောက် စိတ်ကျေနပ်မှု ရမှာမဟုတ်ဘူး။ :2:
  • edited December 2008 Administrators
    kotharthar wrote: »
    ကိုယ်က ဖောက်တတ်နေပြီပဲ။ Organization ကြီးတွေရဲ့ site တွေကိုဖောက်မယ့်အစား
    စက်အသေးလေးတွေဖောက်ပြီး rootkit တွေတင်။ Zombie army တွေ၊ bot net တွေမွေးပြီး
    ပိုက်ဆံပေးတဲ့ လူအတွက် သူမကျေနပ်တဲ့ site တွေကို DDOS တိုက်။
    (MZ ခံလိုက်ရတာမျိုး)
    ခိုင်းတဲ့လူကလည်း ပိုက်ဆံ တတ်နိုင်ဆိုတော့ တော်တော် ထောမှာပဲ။
    အလုပ်ကတော့ နည်းနည်း အောက်တန်းကျတယ်။ ပိုက်ဆံ မျိုးမျိုးမြက်မြက်ရမယ်။
    ထောင် နခမး်နင်းရမယ်။
    ဒါက သေးသိမ်တဲ့အလုပ်ပါဗျ။ ကျွန်တော်ဆိုလိုတာက trusted အဖွဲ့တစ်ခုဖွဲ့ပြီး ကူညီလဲကူညီ၊ သင်တန်းပေးသင့်လဲပေး၊ ပိုက်ပိုက်လဲရ၊ ခုနက ခင်ဗျားပြောတဲ့ကောင်မျိုးတွေကိုတွေ့တဲ့အခါ ဆုံးမသင့်လဲဆုံးမပေါ့။
    ကျွန်တော်တို့က မလုပ်နိုင်တော့ပါဘူး။ လူငယ်တွေကိုပြောတာပါ။ စိတ်ပဲရှိတော့တယ်။ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့အခါ စိတ်ကတော့ အင်မတန်သွားပဲဗျို့။ :)

    စကားမစပ် ခင်ဗျားရော စိတ်သွားတိုင်းကိုယ်ပါရဲ့လား... ??? :)
  • edited December 2008 Administrators
    saturngod wrote: »
    ကျွန်တော်လုပ်ချင်တာကတော့
    မြန်မာနိုင်ငံက လူငယ် လူတော်တွေကိုစု။ ပြီးရင် wordpress , joomla, phpbb3, etc စတဲ့ php opensource တွေအတွက် module တွေရေး template တွေရေးပြီးတော့ online market တစ်ခုလုပ်ချင်တယ်။ ပြသနာက ငွေလွှဲရေးကိစ္စပဲ။ ဒီမှာက resource ကောင်းကောင်းကို စျေးသက်သက်သာသာနဲ့ ရနိုင်တယ်လေ။ နိုင်ငံတကာ စျေးကွက်ကိုလည်း ယှဉ်နိုင်တဲ့ အရည်အချင်းတွေ မြန်မာလူငယ်တွေမှာ ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ခက်တာက နိုင်ငံတကာနဲ့ ငွေလွှဲကိစ္စတွေပဲ။ :14: မြန်မာနိုင်ငံမှာဆိုရင် ဘဏ်ကနေ ငွေ ၁၀၀၀ လောက်ဆို ဘယ်လို လွှဲမလဲ။ :106: စာတိုက်ကနေ လွှဲလို့ရပေမယ့် လက်ငင်းလောက် စိတ်ကျေနပ်မှု ရမှာမဟုတ်ဘူး။ :2:
    ဒါလဲမဆိုးလှဘူး... အဲဒီငွေလွှဲလို့မရတာလေးတစ်ခုက ပတ်ပြီးဒုက္ခပေးနေတာ အတော်ကြာပြီ။
  • edited December 2008 Registered Users
    နိုင်ငံခြားကုန်သွယ်ရေး ဘဏ်မှာ အကောင့်ဖွင့်ထားလိုက်လေ။ Company နာမည်နဲ့ဆို ဖွင့်လို့ ရတယ်။
    ပိုက်ဆံ ရ မရတော့မသိသေးဘူး၊ အခွန်တော့ အရင်ဆောင်ရမယ်။ :D:D:D
  • edited December 2008
    ဒါက သေးသိမ်တဲ့အလုပ်ပါဗျ။ ကျွန်တော်ဆိုလိုတာက trusted အဖွဲ့တစ်ခုဖွဲ့ပြီး ကူညီလဲကူညီ၊ သင်တန်းပေးသင့်လဲပေး၊ ပိုက်ပိုက်လဲရ၊ ခုနက ခင်ဗျားပြောတဲ့ကောင်မျိုးတွေကိုတွေ့တဲ့အခါ ဆုံးမသင့်လဲဆုံးမပေါ့။
    ကျွန်တော်တို့က မလုပ်နိုင်တော့ပါဘူး။ လူငယ်တွေကိုပြောတာပါ။ စိတ်ပဲရှိတော့တယ်။ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့အခါ စိတ်ကတော့ အင်မတန်သွားပဲဗျို့။ :)

    စကားမစပ် ခင်ဗျားရော စိတ်သွားတိုင်းကိုယ်ပါရဲ့လား... ??? :)

    စိတ်သွားတိုင်း ကိုယ်မပါတော့ပေမယ့် လိုရာဆန္ဒတစ်လုံးတစ်ဝတော့ ပြည့်မယ်ထင်ပါတယ် ... :p
  • edited December 2008 Registered Users
    စကားမစပ် အောက်က လင့်ထဲက ဆိုက်က အမ်ဇက် edu အဟောင်းနဲ့တူတယ်နော်။
    http://openlearn.open.ac.uk/course/filter.php?grouping=topic&detail=7&order=level
    စာသင်ရင်လဲ ကွန်ပြူတာ တစ်ခုတည်းနဲ့ မရတော့ဘူး။ လက်လှမ်းမှီ ရာဆရာ တွေခေါ်ပြီး၊ အရေးကြီးတဲ့ ဘာသာရပ်တွေ ပါထည့်သင် သင့်တယ်။
    ဒါမှမဟုတ်လဲ အွန်လိုင်း ပညာရေးဆိုက် တစ်ခုဆီက နေမှီ ညမး်ပြီး ပြန်တင်ရင်လဲ ရတယ်။
  • edited December 2008 Registered Users
    @ ကိုစေတန်
    သားသားလည်း အဲဒီလိုလုပ်ချင်လို်က်တာ ဗျ မြန်မာနိုင်ငံမှာက Credit Card အဆင်မပြေတော့ ဘဏ်စနစ်နဲ့ပဲလုပ်ရအောင် မကောင်းဘူးလား
  • edited December 2008 Registered Users
    စကားမစပ် ခင်ဗျားရော စိတ်သွားတိုင်းကိုယ်ပါရဲ့လား... ??? :)
    ဘယ်ပါ ပါ့မလဲခင်ဗျာ။ အရင်တုန်းက ဘွားဒွေးကြီး ကြိမ်လုံးကြောက်လို့ အိပ်ယာက စောစောထရတယ်။
    အခုတော့ ဒေါ်လာကြိမ်လုံး၊ အလုပ်ပြုတ်မှာကို ကြောက်လို့ စောစောထရတယ်။
    သူများ စိတ်သွားတဲ့အတိုင်းပဲ ကိုယ်ပါနေရလို့။ ကိုယ့်စိတ်သွားတိုင်း မပါနိုင်တော့ပါဘူး။
  • edited December 2008 Registered Users
    kotharthar wrote: »
    ဟုတ်ပါ့ penetration test လုပ်ရတာကျတော့ individual သိပ်မကောင်းပါ။
    အများအားဖြင့် security company သို့မဟုတ် company ကြီးကြီးရဲ့ security team
    မှာ ၀င်လုပ်ရတာများပါတယ်။

    ကိုယ်က ဖောက်တတ်နေပြီပဲ။ Organization ကြီးတွေရဲ့ site တွေကိုဖောက်မယ့်အစား
    စက်အသေးလေးတွေဖောက်ပြီး rootkit တွေတင်။ Zombie army တွေ၊ bot net တွေမွေးပြီး
    ပိုက်ဆံပေးတဲ့ လူအတွက် သူမကျေနပ်တဲ့ site တွေကို DDOS တိုက်။
    (MZ ခံလိုက်ရတာမျိုး)
    ခိုင်းတဲ့လူကလည်း ပိုက်ဆံ တတ်နိုင်ဆိုတော့ တော်တော် ထောမှာပဲ။
    အလုပ်ကတော့ နည်းနည်း အောက်တန်းကျတယ်။ ပိုက်ဆံ မျိုးမျိုးမြက်မြက်ရမယ်။
    ထောင် နခမး်နင်းရမယ်။

    ဒီလိုလုပ်ကြည့်ပါလား VPS တစ်ခုဝယ် Botnets, Malware တွေတင် ပြီးရင် $_$ တွေခိုး
    (VPS ကိုတော့သူငယ်ကချင်းတစ်ယောက် Account ရဲ့နဲ့ဝယ်ပေါ့:D)
    ဒါဆိုကိုယ်လဲပြသနာမတက်တော့ဘူးicon10.gif

    (မှတ်ချက် $ ဆိုတာ Dollar ကိုဆိုလိုပါသည် variable မဟုတ်ပါicon10.gif)
Sign In or Register to comment.