MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အိုင်ဒီယာအသစ် လေးတွေ

edited December 2008 in Tech News
မြန်မာအင်တာနက် ဝက်ဆိုက်တွေ မနည်းတော့ဘူး၊ ဘယ်လို အမျိုးအစားတွေလဲဆိုရင် Blog, Forum, Social Network, Information Page, Directory, News စတာတွေ များတယ်။ ကျန်တာတွေတော့ ဘာတွေရှိသေးလဲ သိရင်ပြေကြပါ။ ခုပြောချင်တာက ခုလိုမျိုး ကိုယ့်အိတ်ဆိုက်ပြီး လုပ်ကြမယ့် ကျွန်တော်တို့လိုလူတွေအတွက် အိုင်ဒီယာအသစ် အမျိုးအစားအသစ်လေးတွေ တွေ့လို့ သတင်းပေးချင်ပါတယ်။ (အဲဒီလို အမျိုးအစားတွေရှိတယ်ဆိုရင်တော့ ပြောပေါ့နော်) ကြီးတော်နွားကို ကျောင်းချင်သပဆိုရင်၊ အလုပ်မရှိကြောင်ရေချိုးချင်ရင်၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ ပေါင်းမိုက်ချင်ရင် မိုက်လို့ရအောင်ပါ။ :D

  1. ပထမဦးဆုံးက မေးချင်ရာမေး ဖြေချင်ရာဖြေလို့ ဆိုလို့ရမလားမသိဘူး။
    AnswerBag
    ဆိုတာ သူတို့ကတော့ အင်္ဂလိပ်လို အင်္ဂလိပ်လို ဖြေကြတာနော်၊ ကျွန်တော်တို့က ဇော်ဂျီလိုမေး ဇော်ဂျီလိုဖြေရင် ဘယ်လိုနေမလဲ
  2. နောက်တစ်ခုက နည်းပညာ ပစ္စည်းတွေ ပျက်လို့ ပြင်ချင်တဲ့အခါ ဘာပျက်လဲ သိချင်တဲ့ အခါမျိုးမှာ မေးလို့ရတဲ့ဆိုက် FixYa ဆိုတာ၊ ဒီနေရာမှာလည်း မြန်မာမှုပြုကြရင်ကောဗျာ
ဖြစ်နိုင်၏ မဖြစ်နိုင်၏ကတော့ ချင့်ချိန်ကြပါကုန် ... သတင်းပေးခြင်း သက်သက်ပါဗျာ ... :D

အကျယ်ကိုဖတ်ချင်ရင်တော့ www.nytimes.com မှာ သွားဖတ်ကြပါကုန် ....

မှတ်ချက်များ

  • edited December 2008 Registered Users
    Fixya ကို မြန်မာမှုပြုမယ်ဆိုရင် အတော် အကျိုးပြုနိုင်မှာဗျ။ တစ်ခုတော့ ရှိတယ်။ အဲဒီ Free Knowledge Bank ကြီး ရပ်တည်နိုင်အောင်ကတော့ commercial plan တွေပါ ရှိမှဖြစ်မယ်၊ ဒါကတော့ မင်မင်ကြီးများလည်း စဉ်းစားမိမယ်ထင်ပါတယ်။ သူက နည်းပညာဆိုင်ရာ ဘက်ပေါင်းစုံ၊ လိုင်းပေါင်းစုံ ပါတာဆိုတော့ Mechanical, Electrical, Gadget ဆိုင်ရာ အတော်ကို လူပေါင်းလည်း စုံသွားမယ်။ :39: ကောင်းမှကောင်း။ (အခု MZ forum ထဲမှာပါ၀င်ဆွေးနွေးနေကျ member တွေလည်း ကျွန်တော့််လိုပဲ စိတ်၀င်စားမယ်ထင်ပါတယ်။ :D)
  • edited December 2008 Registered Users
    ကျွန်တော် ကြိုက်တဲ့ site တစ်ခုကတော့ www.instructables.com ပါ။
    အပ်ကနေ ဒုံးပျံအထိ ကိုယ့်ဖာသာ ဘယ်လိုလုပ်လို့ရသလဲကို step by step ပြထားပါတယ်။

    ဥပမာ T-Shirt တစ်ထည်ကို စက္ကန့်ပိုင်းအတွင်း ပုံစံကျအောင် ဘယ်လိုခေါက်မလဲ ဆိုတာမျိုးပေါ့။
    http://www.instructables.com/id/How-to-perfectly-fold-T-shirts-in-seconds/

    အဲသလို knowledge base ကိုလည်း ဘာသာပြန်သင့်ပါတယ်။
  • edited December 2008 Registered Users
    အားလုံးထဲမှာ အရေးကြီးဆုံးကတော့ ရှာဖွေရေး အင်ဂျင်ပဲ၊ ဗမာလို ရေးထားတဲ့ ဆိုက်ဘယ်လောက် များများ ရှာပေးတဲ့ အင်ဂျင်မရှိရင် ယူဇာတွေဆီကို ရောက်မှာမဟုတ်ဘူး။
    ဇော်ဂျီကို based လုပ်ထား တဲ့ search engine တစ်ခုလုပ်သင့်တယ်။ အခုက နိုင်ငံ တော်တော်များများ မှာ သူတို့ ရုံးသုံးဘာသာ စကားနဲ့ search engine တွေရှိကြတယ်။
    ဥပမာ။ ။ တရုတ်က http://www.baidu.com ဆိုနာမည်ကြီးပဲ။ တရုတ်စာ ရိုက်တတ်တဲ့လူတိုင်း အဲဒီ search engine ကိုသိကြတယ်။
    ပြီးတော့ ကိုယ့်ရဲ့ Search Engine နာမည်ရလာရင်၊ google နဲ့ joint partner လုပ်ပြီး ကြော်ငြာကနေ ပိုက်ဆံရှာလို့ရတယ်။ တစ်ချို့ search engine တွေမှာ တွေ့ရလိမ့်မယ် 'powered by google' လို့ရေးထားတာတွေ။ အင်္ဂလိပ် လိုပါ ရှာလို့ ရသွားလိမ့်မယ်။
    လုပ်မယ်ဆိုရင်တော့ အများကြီးပဲ၊ တွေးလိုက်တိုင်း ကျနော်တို့ မလုပ်ရသေးတာတွေပဲ ထွက်လာလိမ့်မယ်။ :D
    ဘာလို့လဲ ဆိုတော့ ဘန်းကျော်က IT လောကမှာ မွေးကင်းစ အရွယ်ပဲရှိသေးတာကိုး။ :((
  • edited December 2008
    kotharthar wrote: »
    ကျွန်တော် ကြိုက်တဲ့ site တစ်ခုကတော့ www.instructables.com ပါ။
    အပ်ကနေ ဒုံးပျံအထိ ကိုယ့်ဖာသာ ဘယ်လိုလုပ်လို့ရသလဲကို step by step ပြထားပါတယ်။

    ဥပမာ t-shirt တစ်ထည်ကို စက္ကန့်ပိုင်းအတွင်း ပုံစံကျအောင် ဘယ်လိုခေါက်မလဲ ဆိုတာမျိုးပေါ့။
    http://www.instructables.com/id/how-to-perfectly-fold-t-shirts-in-seconds/

    အဲသလို knowledge base ကိုလည်း ဘာသာပြန်သင့်ပါတယ်။

    အားပါးတော်တော် လန်းတာပဲ ... လုပ်နိုင်တာ မလုပ်နိုင်တာ အပထား၊ မလုပ်ရသေးတာလေးတွေ ရေးထားနိုင်ရင် နောက်လူတွေ အိုင်ဒီယာရလာနိုင်တယ်ဗျ။ ရေးကြပါဗျို့ ....
  • edited December 2008 Registered Users
    mm_legend wrote: »
    အားလုံးထဲမှာ အရေးကြီးဆုံးကတော့ ရှာဖွေရေး အင်ဂျင်ပဲ၊ ဗမာလို ရေးထားတဲ့ ဆိုက်ဘယ်လောက် များများ ရှာပေးတဲ့ အင်ဂျင်မရှိရင် ယူဇာတွေဆီကို ရောက်မှာမဟုတ်ဘူး။
    ဇော်ဂျီကို based လုပ်ထား တဲ့ search engine တစ်ခုလုပ်သင့်တယ်။ အခုက နိုင်ငံ တော်တော်များများ မှာ သူတို့ ရုံးသုံးဘာသာ စကားနဲ့ search engine တွေရှိကြတယ်။
    ဥပမာ။ ။ တရုတ်က http://www.baidu.com ဆိုနာမည်ကြီးပဲ။ တရုတ်စာ ရိုက်တတ်တဲ့လူတိုင်း အဲဒီ search engine ကိုသိကြတယ်။
    ပြီးတော့ ကိုယ့်ရဲ့ Search Engine နာမည်ရလာရင်၊ google နဲ့ joint partner လုပ်ပြီး ကြော်ငြာကနေ ပိုက်ဆံရှာလို့ရတယ်။ တစ်ချို့ search engine တွေမှာ တွေ့ရလိမ့်မယ် 'powered by google' လို့ရေးထားတာတွေ။ အင်္ဂလိပ် လိုပါ ရှာလို့ ရသွားလိမ့်မယ်။
    လုပ်မယ်ဆိုရင်တော့ အများကြီးပဲ၊ တွေးလိုက်တိုင်း ကျနော်တို့ မလုပ်ရသေးတာတွေပဲ ထွက်လာလိမ့်မယ်။ :D
    ဘာလို့လဲ ဆိုတော့ ဘန်းကျော်က IT လောကမှာ မွေးကင်းစ အရွယ်ပဲရှိသေးတာကိုး။ :((
    ကျွန်တော်တစ်ခုတော့တွေ့ထားတယ်ဗျာ့
    သူက မြန်မာwebsite တွေပဲရှာပေးတာ သူလည်းgoogle နဲ့ချိတ်ထားတာပဲ
    ဒါပေမယ့် English လိုဗျာ ့mother language တော့မဟုတ်ဘူး
  • edited December 2008 Registered Users
    ကျွန်တော်တို့မှာ မြန်မာဆိုက်တွေတောင်စုံအောင်မသိသေးတာအမှန်ပါ။ မြန်မာဆိုက်တွေ ၀င်ကြည့်ချင်ပါတယ်။
    address လေးတွေပေးကြပါဦး။ My Web My Style 2008 မှာပြသွားတဲ့ site တွေကိုလဲ ကြည့်ချင်ပါတယ်။
    မမှတ်လိုက်မိလို့ address ပေးကြပါဦး။(မှတ်မိသူများ share ကြပါ။)
  • edited December 2008 Registered Users
    Ko Ko Win wrote: »

    @ ကို ကိုကိုဝင်း
    အဲဒီနေ့က ထုတ်တဲ့စီဒီထဲမှာပါပါတယ် မရလို့ရှိရင် Pm ပို့ပေးပါ ကျွန်တော်ပို့ပေးပါ့မယ်
  • edited December 2008 Registered Users
    မြန်မာsiteတွေရှာတဲ့siteပါhttp//:www.searchmyanmar.com
  • edited December 2008 Registered Users
    မြန်မာဆိုင်ရာ websites တွေများလာတဲ့အတွက် တစုတစည်းထဲ လင့်တွေရှိတဲ့ complete web portal သို့ directory တစ်ခုလောက် ရှိရင်ကောင်းမယ်လို့ ယူဆမိပါတယ်။ နောက်ပြီး MZ member တွေရဲ့ blogs အားလုံးကို တနေရာထဲမှာ updateလုပ်တဲ့ blog feed တခုရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးပေါ့။
    http://www.liveupdatemyanmarblog.blogspot.com
    
  • edited December 2008 Registered Users
    khmyt wrote: »
    မြန်မာဆိုင်ရာ websites တွေများလာတဲ့အတွက် တစုတစည်းထဲ လင့်တွေရှိတဲ့ complete web portal သို့ directory တစ်ခုလောက် ရှိရင်ကောင်းမယ်လို့ ယူဆမိပါတယ်။ နောက်ပြီး MZ member တွေရဲ့ blogs အားလုံးကို တနေရာထဲမှာ updateလုပ်တဲ့ blog feed တခုရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးပေါ့။
    http://www.liveupdatemyanmarblog.blogspot.com
    
    အခု ဟန်လင်း လုပ်နေပါတယ် Online Bookmarking ပါ ဝင်ကြည့်ပါ www.hanlinn.com ပါ
Sign In or Register to comment.