MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Gigabit Switch

ackack
edited January 2009 in Networking
Gigabit Switch နဲ့ CAT 6 ကြိုး သုံးပြီး ADSL အင်တာနက်သုံးရင် ပိုမြန်လာနိုင်မလား? :39:

မှတ်ချက်များ

  • edited January 2009 Administrators
    ကျွန်တော့်အထင်တော့ bandwidth က 512 KB ပဲသတ်မှတ်ထားရင် ဘယ်လောက်နှုန်းပဲပြေးပြေး 512 KB ထက်ပိုမရဘူး။ Gigabit တွေကတော့ file transfer တွေမှာ တော်တော်အဆင်ပြေသွားလိမ့်မယ်။ server ပေါ်မှာက 1 GB ကျော်တဲ့ installer တွေပဲဆိုရင် ခဏလေးနဲ့ ကိုယ့်စက်ထဲ ကူးလို့ရတယ်လေ။ Connection ကတော့ ပေးသလောက်ပဲရမှာပေါ့
  • ackack
    edited January 2009 Registered Users
    Net Game ဆိုင်အတွက်ဆိုရင်ကောဗျာ? :39:
  • edited January 2009 Administrators
    အဲဒါဆိုရင်တော့ မြန်နိုင်ပါတယ်... ဒါပေမယ့် လိုမှမလိုတာ.... :D 100 Mbs ဆိုရင် ကျွန်တော်တို့အတွက် လုံလောက်နေပါပြီ။ file transfer တွေ ခဏခဏ လုပ်ရတဲ့ file server တွေအတွက် နောက်ပြီး web server တွေအတွက်သာ လိုအပ်နေတာပါ။ game ဆိုင် အင်တာနက်ဆိုင်ကတော့ 100 Mbs နဲ့လုံလောက်တယ်။ File Server အနေနဲ့ သုံးမယ်ဆိုရင်တော့ ကောင်းတာပေါ့။
  • edited January 2009 Registered Users
    ကျွန်တော်အိမ်နားကလူတွေက အင်တာနက်ကို စျေးသက်သက်သာသာနဲ့ သုံးနေကတာကို
    တစ်ခါတစ်လေ နှေးလို့တဲ့ reply လာလာတက်တယ်...
    အဲဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ မြန်ချင်လို့လား... ပြန်ဖြေတာ ( အင်း ) တဲ့
    မြန်ချင်ရင် ထပြေးမှာရမယ်လို့ပြန်ပြောလိုက်တယ်:D
Sign In or Register to comment.