MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ရပ်သွားလို့

edited February 2009 in Help Desk
ကျနော့် စက်က ဗစ်စတာသွင်းထားတယ်။ အခုပြဿနာက သုံးနေရင်း စက်ရပ်သွားတယ်ဗျ။ အဲ ပါဝါမီး အစိမ်းတော့ လင်းနေတယ်။ ကျန်တာတွေ အကုန်ရပ်သွားတယ်။ စက်ကို ပြန်စပြီး၊ ပြန်သုံးရင်လဲ hard disk LED ကအမြဲတမ်း မိတ်တုတ် လင်းနေတယ်။
hard disk နဲ့များ ဆိုင်မလား။ စီပီယူလား။ သိဘူး။

မှတ်ချက်များ

  • edited February 2009 Registered Users
    Desktop Computer တွင်ဖြစ်သည်..
    • မီးအစိမ်းရောင်လင်းနေခြင်း။
    • ဘုတ်တွင် စပီကာ တပ်ထားလျှင်လည်း ဘာသံမှ မအော်ခြင်း။
    • မော်နီတာတွင်လည်း စက်ပိတ်ထားသည့် အခြေအနေမျိုး ပြနေခြင်း။
    • ကီးဘုတ်မီးလည်း မလင်းခြင်း။
    • ဒါပေမယ့် မောက်စ်က မီးလင်းတဲ့မောက်စ် ဆိုရင် မီးလင်းနေခြင်း။
    • ဘုတ်ကလွဲ၍ အခြား ဟာ့ဒ်၀ဲ များအားလုံးကို အခြားစက်မှာ စမ်းသပ်သော် ကောင်းနေခြင်း။
    ၄င်းတို့အားလုံး တပြိုင်တည်းဖြစ်နေလျှင်......

    လူတွေကတော့ အဲ့ဒါကို ဘုတ်ကြောင်တာလို့ အမည်တပ်ကြတာပဲ။ ပထမဦးစွာ ဂရပ်ဖစ်ကတ် ကို ဖြုတ်ပြီး ပြန်တတ်ကြည့်ပါ။ မရသေးရင် ... အကယ်၍ မန်မိုရီ နှစ်ချောင်းစိုက်ထားလျှင် တစ်ချောင်း ဖြုတ်ပြီး တစ်ချောင်းချင်း စမ်းကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ချောင်းမှာ တစ်ချောင်းပျက်နေလျှင်လဲ အဲ့ဒီလိုပဲ ဖြစ်တတ်လို့ပါ။ ဒါမှ မရသေးရင် CPU FAN , CPU , RAM , GRAPHIC ..... အကုန်လုံး တစ်စစီ ဖြုတ်ပြီး ဖုန်သန့်ကာ ပြန်တပ်ကြည့်ပါ။ ကျွန်တော့်စက်ကတော့ ဒီအဆင့်မှာတင် ပြန်ကောင်းသွားတတ်ပါတယ်။ ကျွန်တော့်စက်လည်း အဲ့ဒါမျိုးဖြစ်တာ နှစ်ခါရှိပါပြီ။ အဓိကကတော့ ကွာလတီ ကြောင့်ပေါ့....
  • edited February 2009 Registered Users
    mmlegend wrote: »
    ကျနော့် စက်က ဗစ်စတာသွင်းထားတယ်။ အခုပြဿနာက သုံးနေရင်း စက်ရပ်သွားတယ်ဗျ။ အဲ ပါဝါမီး အစိမ်းတော့ လင်းနေတယ်။ ကျန်တာတွေ အကုန်ရပ်သွားတယ်။ စက်ကို ပြန်စပြီး၊ ပြန်သုံးရင်လဲ hard disk LED ကအမြဲတမ်း မိတ်တုတ် လင်းနေတယ်။
    hard disk နဲ့များ ဆိုင်မလား။ စီပီယူလား။ သိဘူး။
    you can change in power setting
    in the control panel >power option>put the computer to sleep >change never
Sign In or Register to comment.