MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကိုယ့် Laptop လေးတွေကို ထိန်းသိမ်းကြရအောင်....

edited February 2009 in Help Desk
အခုလိုဘန်းကျော်မှာ Laptop များ ခေတ်စားနေချိန် ကိုယ်ဝယ်ထားတဲ့ Laptop တစ်လုံးကို မပျက်ဆီးဘဲ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမှာလည်း ဆိုတာကိုဆွေးနွေးကြရအောင်:67:

မှတ်ချက်များ

  • edited February 2009 Registered Users
    [FONT=&quot]Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။[/FONT]
    [FONT=&quot]အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။ တချို့သော[/FONT]
    [FONT=&quot] Laptop တွေဟာ အထူနဲ့ ထုတ်လုပ်ပြီး တချို့ Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြ[/FONT]
    [FONT=&quot]ပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနား[/FONT]
    [FONT=&quot]မှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ထိန်းညှိမှုကိုတော့ အားလုံး လုပ်ထား[/FONT]
    [FONT=&quot]ပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ[/FONT]
    [FONT=&quot]တပ် ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။ ဒီ[/FONT]
    [FONT=&quot]function တွေဟာ power management တွေမှာ ပါ၀င်ပါတယ်။ အဓိက အပူချိန်ကို[/FONT]
    [FONT=&quot]ထိန်းဖို့ လုပ်ခြင်း ဖြစ်ပါတယ်။[/FONT]
  • edited February 2009 Registered Users
    [FONT=&quot]- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာ[/FONT]
    [FONT=&quot]တဲ့ နေရာတွေမှာ အသုံးပြုပါက အောက်ဘက်မှာရှိတဲ့ လေ၀င်လေထွက်ပေါက်တွေ[/FONT]
    [FONT=&quot]ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။[/FONT]
    [FONT=&quot]- Laptop ၀ယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့[/FONT]
    [FONT=&quot]Keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက်[/FONT]
    [FONT=&quot]အပေါ်ဘက်ကနေပြီး လေ၀င်၊ လေထွက်တွေကို ပိတ်ထားသလို ဖြစ်နေပါလိမ့်မယ်။[/FONT]
    [FONT=&quot]- Laptop fan တွေရဲ့ ဆူညံသံတွေကို နားထောင်ပါ။ Rpm မြင့်လာလေ အသံ ကျယ်လာ[/FONT]
    [FONT=&quot]လေပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန်တက်ပြီး fan တွေ ပိုအလုပ်လုပ်လို့[/FONT]
    [FONT=&quot]ဖြစ်ပါတယ်။[/FONT]
    [FONT=&quot]- Fan တွေမှာ ဖုန်တွေ အမှိုက်တွေကို ၆ လ တစ်ခါ၊ ၁ နှစ်တစ်ခါ maintain လုပ်ပေးပါ။[/FONT]
    [FONT=&quot]Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါ[/FONT]
    [FONT=&quot]လိမ့်မယ်။[/FONT]
  • edited February 2009 Registered Users
    [FONT=&quot]Laptop ၀ယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ်[/FONT]
    [FONT=&quot]ထည့်သွင်းထားမယ့် အိတ်ကို ၀ယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံး[/FONT]
    [FONT=&quot]၀င်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊[/FONT]
    [FONT=&quot]ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (Electrostatic Discharge), EMI (Electromagnetic Interference) သို့မဟုတ် RFI (Radio Frequency Interference) စတဲ့ ဘေးပြင်ပ နှောင့်ယှက်မှုတွေကိုပါ ၀န်ဆောင်မှုတွေ ပေးပါတယ်။ မိမိ ၀ယ်လိုက်တဲ့[/FONT]
    [FONT=&quot]laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ laptop အိတ်ကို ၀ယ်တာ အကောင်းဆုံး[/FONT]
    [FONT=&quot]ဖြစ်ပါတယ်။[/FONT]
  • edited February 2009 Registered Users
    [FONT=&quot]၁။ Battery တွေကို အေးမြခြောက်သွေ့သော နေရာတွေမှာ ထားရပါမယ်။[/FONT]
    [FONT=&quot]၂။ လူတွေရဲ့ စားသောက်စရာတွေနဲ့ ေ၀းတဲ့နေရာတွေမှာ ထားရပါမယ်။[/FONT]
    [FONT=&quot]၃။ Ni-Cd နဲ့ Ni-MH battery တွေကို အမြဲ ကြံ့ခိုင်မှု ရှိနေစေရန် အမျိုးအစား[/FONT]
    [FONT=&quot]ကောင်းမွန်တဲ့ Battery charger ကို သုံးရပါမယ်။[/FONT]
    [FONT=&quot]၄။ Battery တွေကို သီးသန့် သိမ်းဆည်းတဲ့နေရာမှာ Battery အဖိုနဲ့ အမ ခေါင်းတွေ[/FONT]
    [FONT=&quot]ကို သန့်ရှင်းစေရန် အရက်ပြန်နဲ့ သုတ်ရပါမယ်။ ကြေးချိုး၊ ခဲချိုးများ မတက်အောင်[/FONT]
    [FONT=&quot]cover (အဖုံး) ပြားများ တပ်ဆင်ရပါမယ်။[/FONT]
    [FONT=&quot]၅။ Battery တွေကို ထုရိုက်ပြီး ခွဲမကြည့်ပါနဲ့။ Battery ထဲမှာပါတဲ့ ဓာတုပစ္စည်းများသည်[/FONT]
    [FONT=&quot]လူတွေအတွက် အန္တရာယ် များလွန်းပါတယ်။ စွန့်ပစ်တဲ့အခါမှာလည်း စနစ်တကျ[/FONT]
    [FONT=&quot]စွန့်ပစ်ဖို့ လိုအပ်ပါတယ်။[/FONT]
  • edited February 2009 Registered Users
    လေ၀င်လေထွက်နဲ့ ပတ်သက် တဲ့ fan က အဓိကဘဲဗျ။ fan ကိုတော့ ဘယ်လိုဖုန်ရှင်းရမလဲတော့ အနော်မသိဘူး။ ကို Orbs.7 ရေ ရှင်းပါအုံးဗျို့။ လုပ်ရဲ၀ူး။
    ကျွန်တော် ခေါင်းစဉ်တစ်ခုတင်ခဲ့မယ်ဗျာ။
    laptop ကို adapter နဲ့တွဲ သုံးတဲ့အချိန်မှာ battery pad ကို ဖြုတ်ထားရင် ကောင်းတာလား။ ဒါမှမဟုတ် မဖြုတ်ဘဲထားရင်ကောင်းမလား။ အူကြောင်ကြောင်အတွေးဘဲ လို့ထင်နဲ့နော်:68:။ ခဏခဏ ကြားနေရလို့ပါ။ ကျွန်တော်ကတော့ တွဲသုံးတာဘဲ။ အဲဒီပြဿနာကို ထုတ်လုပ်သူတွေက စဉ်းစားထားမှာဘဲလေ။ အင်္ဂလိပ် forum မှာလည်း အဲဒီအကြောင်းကို ငြင်းနေကြတာဘဲလို့ ညီလေးတစ်ယောက်ကပြောတာဘဲ။ သူက အနော်ကိုမနိုင်တော့ (အနော်က အကြီးကိုး:D) သက်သေထုတ်လာတယ်ဗျာ။ ကဲ အနော်တို့လည်း ငြင်းကြရအောင်။ အနော်ဘက်ပါတဲ့လူ လက်မထောင်နော်။
  • edited February 2009 Registered Users
    1. laptop များကို အေးမြစေရန် သုံးနေချိန်တွင် အောက်မှ cooling pad တွေခံပေးသင့်ပါတယ်။
    2. laptop ကို ပြုတ်မကျစေရန် ဂရုပြုရပါမယ်။ ဘယ်လိုအာမခံချက်တွေပေးပေး ပြုတ်ကျပါများရင် ပျက်မှာကျိန်းသေပါတယ်။

    သိသလောက်၀င်ပြောပေးခြင်းဖြစ်ပါတယ်။ အမှားပါက ခွင့်လွှတ်ကြပါကုန်။ :D
  • edited February 2009 Registered Users
    sainon wrote: »
    လေ၀င်လေထွက်နဲ့ ပတ်သက် တဲ့ fan က အဓိကဘဲဗျ။ fan ကိုတော့ ဘယ်လိုဖုန်ရှင်းရမလဲတော့ အနော်မသိဘူး။ ကိုOrbs.7 ရေ ရှင်းပါအုံးဗျို့။ လုပ်ရဲ၀ူး။
    ကျွန်တော် ခေါင်းစဉ်တစ်ခုတင်ခဲ့မယ်ဗျာ။
    laptop ကို adapter နဲ့တွဲ သုံးတဲ့အချိန်မှာ battery pad ကို ဖြုတ်ထားရင် ကောင်းတာလား။ ဒါမှမဟုတ် မဖြုတ်ဘဲထားရင်ကောင်းမလား။ အူကြောင်ကြောင်အတွေးဘဲ လို့ထင်နဲ့နော်:68:။ ခဏခဏ ကြားနေရလို့ပါ။ ကျွန်တော်ကတော့ တွဲသုံးတာဘဲ။ အဲဒီပြဿနာကို ထုတ်လုပ်သူတွေက စဉ်းစားထားမှာဘဲလေ။ အင်္ဂလိပ် forum မှာလည်း အဲဒီအကြောင်းကို ငြင်းနေကြတာဘဲလို့ ညီလေးတစ်ယောက်ကပြောတာဘဲ။ သူက အနော်ကိုမနိုင်တော့ (အနော်က အကြီးကိုး:D) သက်သေထုတ်လာတယ်ဗျာ။ ကဲ အနော်တို့လည်း ငြင်းကြရအောင်။ အနော်ဘက်ပါတဲ့လူ လက်မထောင်နော်။
    ဘန်းကျော်မှာသုံးတယ် ဆိုရင် အမြဲတိုင်းတက်ထားလည်း ကိစ္စမရှိပါဘူး
    (battery အားကပြည့်ခါ နီးဆို မီးပျက်သွားတာကို:P)
    အကယ်၍ မီးအမြဲတိုင်းလာနေလို့ဆို အားပြည့်ပြီးတာနဲ့ ဖြုတ်ထားသင့်တယ်လို့ပြောကြတယ်
    over voltage ဖြစ်သွားတတ်လို့တဲ့ ဒီလိုခဏခဏဖြစ်ရင် battery က အားသိပ်မခံတော့ဘူး
    ကံဆိုးရင် battery ကမီးပါလောင်တတ်တယ်
    ကျွန်တော်ဆို battery တစ်လုံးပိုဝယ်ထားတယ် တစ်လုံးကမီးထွန်းဖို့ တစ်လုံးကကက်ဆက်ဖွင့်ဖို့:D
    အားမှားကုန်ပြီ :Pမီးလာရင် 6cell နဲ့သုံး မီးပျက်ရင် 12cellထုတ် အဆင်ကိုပြေလို့
    အားသွင်းချင်ရင် com ကိုပိတ်ထား ဒါမှမဟုတ် မသုံးတဲ့အချိန်မှ အားသွင်း:67:
  • edited February 2009 Registered Users
    Orbs.7 wrote: »
    အကယ်၍ မီးအမြဲတိုင်းလာနေလို့ဆို အားပြည့်ပြီးတာနဲ့ ဖြုတ်ထားသင့်တယ်လို့ပြောကြတယ်
    over voltage ဖြစ်သွားတတ်လို့တဲ့
    အားသွင်းချင်ရင် com ကိုပိတ်ထား ဒါမှမဟုတ် မသုံးတဲ့အချိန်မှ အားသွင်း:67:
    ဘက်ထရီရဲ့ သဘာ၀က သူ့အထဲမှာ သိမ်းထားတဲ့ Voltage က ပမာဏတစ်ခုအထိရောက်ပြီဆိုရင် နောက်၀င်လာတဲ့ energy တွေကို heat အဖြစ်ပြောင်းသွားစေနိုင်ပါတယ်။ ပြီးတော့ ဘက်ထရီအားပြည့်ပြီလို့ ပြတဲ့ signal ဟာ ဘက်ထရီရဲ့ capicity အပြင် +/- ရာခိုင်နှုန်းတစ်ခုအထိ အပြောင်းအလဲ ရှိနေတာပါ။ အဲဒီခံနိုင်ရည်ထက်ပိုပြီး အားသွင်းထားမယ်ဆိုရင် ပြောင်းထုတ်ပစ်မယ့် heat တွေကြောင့် ဘက်ထရီရဲ့ ဖွဲ့စည်းမှုကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။
    လျှပ်စစ်မီး (ac)နဲ့ အားပြန်သွင်းနေချိန်မှာလည်း တတ်နိုင်သ၍ တခြား function တွေ တပြိုင်တည်း မသုံးသင့်ပါဘူး။ ဒါဟာ hardware ရဲ့ ကျန်းမာရေးပါဗျား။ :)
    နောက်ပြီး တခြား ဘက်ထရီပြဿနာတွေကိုလည်း ဒီ Thread မှာ အများကြီးတွေ့ရမှာပါ။
  • edited February 2009 Registered Users
    Orbs.7 wrote: »
    ဘန်းကျော်မှာသုံးတယ် ဆိုရင် အမြဲတိုင်းတက်ထားလည်း ကိစ္စမရှိပါဘူး
    (battery အားကပြည့်ခါ နီးဆို မီးပျက်သွားတာကို:P)
    အကယ်၍ မီးအမြဲတိုင်းလာနေလို့ဆို အားပြည့်ပြီးတာနဲ့ ဖြုတ်ထားသင့်တယ်လို့ပြောကြတယ်
    over voltage ဖြစ်သွားတတ်လို့တဲ့ ဒီလိုခဏခဏဖြစ်ရင် battery က အားသိပ်မခံတော့ဘူး
    ကံဆိုးရင် battery ကမီးပါလောင်တတ်တယ်
    ကျွန်တော်ဆို battery တစ်လုံးပိုဝယ်ထားတယ် တစ်လုံးကမီးထွန်းဖို့ တစ်လုံးကကက်ဆက်ဖွင့်ဖို့:D
    အားမှားကုန်ပြီ :Pမီးလာရင် 6cell နဲ့သုံး မီးပျက်ရင် 12cellထုတ် အဆင်ကိုပြေလို့
    အားသွင်းချင်ရင် com ကိုပိတ်ထား ဒါမှမဟုတ် မသုံးတဲ့အချိန်မှ အားသွင်း:67:

    Dear Bro !!

    It would be highly appreciated if you explained more about battery and its useage.

    Thanks in advance.
Sign In or Register to comment.