MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Ipstar အသုံးပြုရတာနဲ့ပတ်သက်လို့မေးမြန်းနိƞ
IPSTAR အသုံးပြုရတာနဲ့ပတ်သက်လို့မေးမြန်းနိုင်ပါတယ်ဗျာ...
သိသလောက်ဖြေပေးပါ့မယ်.........
လေးစားလျက်..
လင်းလက်အောင်.
(IPSTAR Engineer)
Micro Peacock company
သိသလောက်ဖြေပေးပါ့မယ်.........
လေးစားလျက်..
လင်းလက်အောင်.
(IPSTAR Engineer)
Micro Peacock company
မှတ်ချက်များ
ဟုတ်ပါတယ်ဗျာ....သေချာတာပေါ့...:d
IPSTAR နဲ့ပတ်သက်လို့ ဘာမှသေသေချာချာမသိပါဘူးခင်ဗျား...
သူက ADSL မရတဲ့နေရာတွေမှာသုံးတယ်လို့တော့သိပါတယ်... ဟုတ်လားမသိ
connection ပိုမြန်လား... ကုန်ကျစရိတ်တွေကရောဘယ်လိုလဲ... ရန်ကုန်ကပဲ IPSTAR ချိတ်ချင်ရင်..အဆင်ပြေလား..ဖုန်းမရှိရင်ရောရလား.. ADSL ထက် ပိုကောင်းမလား...
အစရှိသဖြင့်ပေါ့ဗျာ...တခါမှလည်းအဲဒါမသုံးဖူးပါဘူး... အင်ဂျင်နီယာကြီးအနေနဲ့...အခြေခံကစပြီးအသေးစိတ်ရှင်းပြပေးရင်
အလွန်ပဲ..သင့်လျှော်ပါတယ်..ခင်ဗျ... :P
အင်ဂျင်နီယာ ကြီး က အစ အဆုံး Config တွေ ကို သုံးရမယ် ဆိုတာ
ညွှန်ပြပေးပါခင်ဗျာ.......:77::77::77:
ငါကိုယ်ငါပြန်ကြည့်တောမွေးစကလေးဆိုပါလား..အဟင့်
adsl မရတဲ့နေရာနဲ့တော့မဆိုင်ပါဘူး
မြန်မာတပြည်လုံးရပါတယ်
connection ပိုမြန်လားဆိုတော့ သူက wireless ဘဲလေ wireless သုံးတလိုဘဲပေါ့
ကုန်ကျစရိတ်တွေကရောဘယ်လိုလဲဆိုတော့ 50 ကျော်မယ်ထင်တယ်
iPstar ဖုန်းလိုင်း 4 လိုင်းရမယ်
iPstar မှာ outdoor unit ရယ် indoor unit ရယ်ဆိုပြီးနှစ်ပိုင်းပါပါတယ်
wimax လိုပေါ့
outdoor unit ရယ် indoor unit ချိတ်ပြီးပြီဆို ISP က gateway တောင်းပြီးရင် Ok သွားပါပြီ
အောက်ကပုံက outdoor unit အတွက်ဖြစ်ပါတယ်
အောက်ကပုံက Indoor unit အတွက်ဖြစ်ပါတယ်
http://www.ipstar.com/en မှာလဲသွားရောက်လေ့လာနိုင်ပါတယ်
ဖြီးကြည့်တာနော်:D
ကျောဆြာစိကျောတာမဟုတ်၀ူးး
ပဲများ နေတာ..... ခွိ....
အင်ဂျီနယာကြီး
နဲနဲလောက် လုပ်ပါအုံး(တမျိုးမတွေးနဲ.အုံးနော် :68:)
ipstar ကိုပြောတာ......
ကျတော်သိတာနဲနဲလေးကို နဲနဲလေးပြောချင်လိ်ု...ဟီးဟီး
ipstar ဆိုတာ satellite technology လဲပါသလားလို. (ဟုတ်လားတော.မသိဘူး)
နော်ပြီး thaicom 4 ဆိုတာကကော ipstar ကိုဘဲပြောတာလား
နဲနဲလောက်လုပ်ပါအုံး
အဲ........အစကဆိုပါလား..........သင်ပေးတာကရပါတယ်ဗျာ.......
မေးချင်တာတွေမေးကြည့်ပါလား...အဲ့ဒါမှသင်ရတာအဆင်ပြေမှာပေါ့နော်...
သိချင်တာတွေအရင်မေးကြည့်လေ..
[/quote]အောက်ကပုံက Indoor unit အတွက်ဖြစ်ပါတယ်
http://www.ipstar.com/en မှာလဲသွားရောက်လေ့လာနိုင်ပါတယ်
ဖြီးကြည့်တာနော်:D[/quote]
ှုအင်ဒေါလေးက အဆင်ပြေမည့်ပုံပဲ
ဘယ်ဟာက ကော်နက်ရှင်ပိုကောင်းလဲမသိဘူး .. :39:
အခု လိပ်မလေးက Ip star သုံးနေတာပါ..
Ip star က ADSL ထက်ကို 2ဆလောက် လစဉ်ကြေးပိုများပါတယ်.. :18:
Ip star ကတော့ မိုးပေါ်ထောင်ထားတော့ လိုင်းကောင်းသင့်သလောက်ကောင်းတာပေါ့နော်..
ADSL ကလည်း Ip star နည်းတူလိုင်းကောင်းတယ်ဆိုရင်တော့ ပြောင်းသုံးဖို့ စဉ်းစားကြည့်တာပါ။ :29:
ADSL လိုင်းက သုံးတဲ့လူတွေများလာတဲ့အခါ လိုင်းဆွဲအားနှေးသွားတတ်လားမသိဘူးနော်..
အခု ချပေးခါစဆိုတော့ သုံးရတာမဆိုးဘူးလို့ ပြောကြတယ်.. (သုံးတဲ့လူလည်းနည်းသေးတာကိုးး)
နောက်ပိုင်းကြာလာတဲ့အခါ.. သူသုံး ငါသုံးဖြစ်လာရင်.. လိုင်းကျပ်တတ်မလားမသိဘူး.. :106:
Ip star ကြီးရောင်းပြီး ADSL လည်းချိတ်လိုက်ရော.. များမကြာခင်အချိန်လေးမှာ..
အပြောင်းအလဲဖြစ်သွားရင်တော့ ရင်ကျိုးရချည့်ရဲ့..
ဒါပေမဲ့.. ဘယ်အရာမှပုံသေမရှိတော့ခန့်မှန်းရတာခက်ပါတယ်လေ.. :46:
ကျနော်သိသလောက် ... ဒီမှာ IPStar သုံးတဲ့ အဖွဲ့တွေက FRC, MRCS, UNDP, UNICEF တွေရှိတယ်။ မော်ကျွန်းက Government Office တွေမှာလဲ ရှိမှာပေါ့။ Connection ကကောင်းပါတယ်။ Yangon က Internet Cafe တွေထက်တော့အများကြီးပိုကောင်းတာတော့သေချာတယ်။ Download ဆွဲရင် ရန်ကုန်မှာ 12 KB/sec ဆိုတော်တော်ကောင်းနေပြီ။( Cyber Cafe' တွေမှာ )။ ဒီမှာ IPStar နဲ့က 40 KB/sec လောက်ထိရတယ်။
Bandwidth ကတော့ 256 လောက်သုံးကြတာများပါတယ်။
Thread Owner အင်ဂျင်နီယာဂျီးတောင် ဒီမှာ IPStar လာဆင်ပေးဖူးချင် ဖူးနေမှာ .... :39:
http://www.mysteryzillion.org/forums/showthread.php?p=30679 ချပေးနေတာကြာပါပြီ
လိုင်းကျပ်လားမကျပ်လားတော့မသိ 10 နာရီက 4နာရီအတွင်းဆိုမနည်း၀င်ရတယ် မှန်လိုက်လေ လိပ်မလေးရယ်
တတ်နိုင်တယ်ဆိုရင်တော့ IPstar ဘဲဆက်သုံးစေချင်ပါတယ်
ADSL က Phone လိုင်းကိုအားကိုးနေရတော့
မြန်မာပြည်က phone လိုင်းဆိုလို့ exchange ကိုသွားကြည့်ရင် အားရှိသွားမယ်:D
jumper card တွေကစုတ်ပြတ်သတ်နေတာဘဲ
ဖုန်းဘဲပြောတာဆိုရင်တော့ပြဿနာမရှိဘူးပေါ့
ခုဟာက data ပါ ပါတာဆိုတော့
တခါတလေ လေတိုက်ရင်လွတ်လွတ်သွားသေး
line man တွေကိုလည်းအဖေခေါ်ရသေး
ဟူး:65: ...လိပ်မလေးသဘောနော်:D
ဟုတ်ပါတယ်ဗျာ.....IPSTAR ဆိုတာ stellite technology ပါတာပေါ့
အဓိကက ထိုင်းကလွှတ်ထားတဲ့ဂြိုလ်တုတွေကိုလှမ်းချိတ်ရတာပဲလေ...
thaicom 4 ဆိုတာလဲ...အိုင်ပီစတားဂြိုလ်တုပါပဲဗျာ...အိုင်ပီစတားနဲ့ချိတ်တဲ့ဂြိုလ်တုတွေကတော့
thaicom 4 thaicom 5 နဲ့ IPSTAR stallite (thaicom3)ထင်တယ်..အဲ့ဒါတွေပါပဲဗျာ..
လိပ်မလေး နယ်မှာက ADSLတွေအခုမှရတာပါ..
အခုတော့ သုံးရတာ အဆင်ပြေတယ်ပြောကြလို့..နောက်များဆိုရင်တော့ မသိဘူးပေါ့နော်..
ကိုမင်းသီဟ ပြောတဲ့အတိုင်းဆိုရင်တော့ Ip star ပဲကောင်းပါတယ် ။
မသိတာလေးမေးမယ်နော်.. jumper card ဆိုတာ ဘာများလဲလို့..
exchange မှာတောင်သွားကြည့်စရာမလိုတော့ပါဘူး..
ကိုမင်းသီဟပြောပြတာနဲ့တင်တော်တော်လေးအားရှိသွားပါပြီ..
ipstar ဆင်မယ်ဆိုရင်...lsp ယူထားတဲ့ကုမ္မဏီတွေဆီမှာသွားလျှောက်ရပါတယ်...
အစိုးရဆီမှာလဲ လျှောက်ထားနိုင်ပါတယ်....တစ်ခုတော့ကွာတယ်ပေါ့ဗျာ...
မြန်တာနဲ့ကြာတာပေါ့...ကုန်ကျငွေကတော့ အစိုးရစျေးက သိန်း၃၀ နဲ့ ၆သောင်းပါ..
တပ်ဆင်ခတွေဘာတွေမပါဘူးနော်..ပစ္စည်းဖို့နဲ့လိုင်းကြေးပဲသီးသန့်...
ကုမ္မဏီတွေဆီကတော့ အပြီးအစီးကို ၅၄ သိန်းကုန်ကျပါတယ်....
http://www.ipstar.com/en မှာလဲသွားရောက်လေ့လာနိုင်ပါတယ်
ဖြီးကြည့်တာနော်:D[/quote]
ှုအင်ဒေါလေးက အဆင်ပြေမည့်ပုံပဲ[/quote]
ဟုတ်ပါတယ်...အဲ့ဒါက Indoor unit ပုံပါပဲ....သူ့ကို Comsumer Box (CB)လို့ခေါ်သလို
Network Box လို့လဲခေါ်ပါတယ်....သူက အဓိက ပါ..သူနဲ့ Outdoor ကလာတဲ့ကြိုးလေး
နှစ်ချောင်းနဲ့ချိတ်ဆက်ရတာဖြစ်ပါတယ်...နောက်စက်လေးတစ်ခုရှိပါသေးတယ် Indoor ပါပဲ
သူကတော့ဖုန်းသုံးမယ်ဆိုရင်ချိတ်ရတဲ့စက်လေးဖြစ်ပါတယ်..(ATA)လို့ခေါ်ပါတယ်....
phone moderm ပေါ့ဗျာ.. CB နဲ့ ကွန်ပြူတာကိုတိုက်ရိုက်ချိတ်ဆက်လို့လဲရသလို.
ATA ကတစ်ဆင့်ချိတ်ဆက်လို့လဲရပါတယ်...ATA ကချိတ်ဆက်မယ်ဆိုရင်တော့...
Network cable က Normal cable ကိုသုံးရပါတယ်... CB နဲ့တိုက်ရိုက်ချိတ်ဆက်ချင်တယ်
ဆိုရင်တော့...Cross cable ကိုသုံးရတာဖြစ်ပါတယ်...CB ရဲ့အလုပ်လုပ်ပုံက....
ကွန်ပြူတာနဲ့ခပ်ဆင်ဆင်ပေါ့ဗျာ....ဘုတ်ပါတယ်....မက်မိုရီပါတယ်..ပါ၀ါဆပလိုင်းပါတယ်လေ..
သူက ရေစိုမခံဘူး....နောက်ပြီး...သူတို့ကိုပါ၀ါပေးရတာက....ဘက်ထရီကပေးရတာလေ...
လျှပ်စစ်မီးနဲ့ပေးချင်တယ်ဆိုရင်တော့...ပါ၀ါစပလိုင်းကိုလဲပစ်ရတယ်လေ....
သူက အပြင်က ယူနစ်နဲ့တိုက်ရိုက်ချိတ်ရတာဆိုတော့ အပြင်ကယူနစ်ကိုမိုးကြိုးတွေဘာတွေပစ်ရင်
စက်သာဖွင့်ထားတဲ့အချိန်ဖြစ်လို့ကတော့..သူ့ကိုဒါရိုက်ဟစ်ပေါ့ဗျာ...:D:D
ကွာခြားမှုရှိပါတယ်....ADSL ကလိုင်းဖုန်းရှိမှချိတ်လို့ရတာဖြစ်ပါတယ်....
နောက်ပြီးသူက DATA ကို Cable ကနေသွားတာဆိုတော့ကွန်နက်ရှင်ပိုမြန်တယ်လေ.....
IPSTAR ကတော့ ဖုန်းရှိဖို့လဲမလိုဘူး...မြန်မာနိုင်ငံဘယ်နေရာရောက်ရောက်တောထဲပဲရောက်နေပါစေ
သူ့ကိုချိတ်လိုက်တာနဲ့...ဖုန်းပြောလို့ရမယ်...အင်တာနက်သုံးလို့ရမယ်အဲ့လိုကွာတာပေါ့ဗျာ...:D
ဟုတ်ပါတယ်ဗျာ...adsl ရှိရင်စလောင်းကြီးမလိုပါဘူး...
Ipstar က အဓိကကတော့...အင်တာနက်တို့ဖုန်းတို့...ဘယ်လိုမှရနိုင်မှာမဟုတ်တဲ့နေရာတွေမှာ...
သုံးတာပေါ့ဗျာ..စျေးကလဲကြီးပါတယ်..
IPSTAR က ကွန်နက်ရှင်နှေးတာတော့သေချာတယ်ဗျ...
ဘာလို့လဲဆိုတော့....သူက...သူ့ကိုဆင်တဲ့အချိန်မှာရတဲ့ single stranght ပေါ်လဲမူတည်သေးတယ်လေ..ADSL လိုင်းကောင်းမှုမကောင်းမှုဆိုတာက...
ကိုယ်ယူထားတဲ့ လိုင်းပလန်နဲ့.. ကိုယ့်ရဲ့ဖုန်းလိုင်းပေါ်..နောက်ပြီး အိတ်ချိန်းပေါ်မှာပဲ.
မူတည်ပါတယ်ဗျာ....အိုင်ပီစတားကိုလဲဆင်တဲ့အချိန်မှာ...သူ့ရဲ့singel တွေကိုအကောင်းဆုံးရအောင်ချိန်ထားရင်...နောက်ကိုယ်ယူတဲ့ လိုင်းပလန်ကလဲကောင်းမယ်ဆိုရင်
သုံးရတာအဆင်ပြေမှာပါဗျာ.....(ဒါနဲ့အခုသုံးနေတဲ့အိုင်ပီစတားက ပုဂံကဟာလား၊MPT ကဟာလား)
သေချာတယ်အကိုရေ...ကျနော် မော်ကျွန်း undp မှာ ipstar လာဆင်ထားတယ်...
ယူထားတဲ့ပလန်ကောင်းရင်လိုင်းကတော့သေချာပေါက်ကောင်းပါတယ်ဗျာ...။:d
အလုပ်တွေများသွားလို့မဖြေလိုက်ဖြစ်တာတောင်းပန်ပါတယ်ဗျာ...
စိတ်မရှိပါနဲ့........အခုဖြေပေးပါ့မယ်......
Ip star က လိပ်မလေး ၀ယ်တုန်းက သိန်း 40 ပါ.. အခုတော့မသိဘူး..
လစဉ်ကြေးက Bagan connection နဲ့ယူရင်..
MB limitရှိပါတယ်.. တစ်လကို 400 MB or 2000 MB or 10000 MB ပါ..
400 MB အတွက်က လစဉ်ကြေးတစ်လကို 72000 Ks ပါ..
2000 MB ။ ။ 145000 KS ပါ..
10000 MB ။ ။ 280000 Ks ပါ..
နှစ်စဉ်ကြေးက ဖုန်းတစ်လုံးအတွက် ဒေါ်လာ 60 ။
အင်တာနက် ကော်နက်ရှင်အတွက် ဒေါ်လာ 60 ။
တစ်လကို MB 400 ယူထားတယ်ဆိုရင် ဒီတစ်လအတွင်းမှာ အင်တာနက်သုံးတဲ့အခါ..
MB 400 ထက်ကျော်ပြီးသုံးမိရင် ဒဏ်ကြေးထပ်ပေးရပါတယ်..
ဥပမာ ။ ကိုယ်က 400 MB နဲ့ လျှောက်ထားတယ်ဆိုပါတော့..
ကိုယ်သုံးတာ ဒီလက 500 MBဖြစ်သွားခဲ့ရင်..
လစဉ်ကြေးက 72000 + ဒဏ်ကြေးက 100 x 250 ks = အားလုံးပေါင်း 97000 ks .
ပေးသွင်းရပါတယ်..
ကိုယ်ကသုံးစရာများလို့ 10000 MBလျှောက်ထားတယ်ဆိုရင်.. လစဉ်ကြေးက 280000 ks ။
မီးမမှန်လို့ပဲဖြစ်ဖြစ်၊ ကော်နက်ရှင်မကောင်းလို့ပဲဖြစ်ဖြစ်..
ကိုယ်သုံးတာ 6000 MB ပဲကုန်တယ်ဆိုရင်.. ပုံမှန်လစဉ်ကြေးကို အပြည့်ပေးရပါတယ်..
အဲ့လိုအဲ့လို အခက်အခဲတွေရှိတာကြောင့် MB ကိုပြန်လျှော့ပြီး လျှောက်ထားချင်တယ်ဆိုရင်တော့..
FEC 30 ထပ်မံပေးသွင်းပြီး လျှော့ချနိုင်ပါတယ်..။
2000 MB ကနေ 10000 MB တိုးချင်တာဆိုရင်တော့ FEC 30ပေးသွင်းစရာမလိုပါဘူး။
ကိုယ်သုံးတာဘယ်လောက် MB ရှိနေပြီလဲဆိုတာကိုတော့.. သက်ဆိုင်ရာ ဌာနကိုဖုန်းဆက်ပြီး checking လုပ်ရပါတယ်..
ဟိုး လွန်ခဲ့တဲ့.. 3နှစ်လောက်ကတော့ www.bagan.net.mm ထဲက .
ip star service ထဲမှာ ၀င်ပြီး checking လုပ်လို့ရတယ်.. အခုတော့မရတော့ဘူး..
checking လုပ်လို့ရတယ်ဆိုကလည်း dailyဖော်ပြပေးနေခြင်းမျိုးတော့မဟုတ်ပါဘူး..
တခါတလေဆို 2ပတ်လောက်ကြာမှသိရတတ်ပါတယ်..
MPT connection နဲ့ယူရင်တော့ သူ့မှာ MB limit မရှိပါဘူး..။
ပုံမှန်လစဉ်ကြေးကတော့ တစ်လကို ဒေါ်လာ 120 ပါ. (ပေါက်စျေးနဲ့ပေးသွင်းရပါတယ်..)။
သူကနှစ်စဉ်ကြေးရှိလားမရှိလာတော့ မသိသေးဘူး.. စ သုံးတာ 1နှစ်မပြည့်သေးလို့.. ။
Bagan connection ယူသုံးခဲ့သောကာလ 3နှစ်လောက်မှာတော့ အလူးအလိမ့်ကိုခံခဲ့ရပါတယ်..
အချို့လများဆို လစဉ်ကြေး 6သိန်း ၊ 8သိန်း ထိပေးခဲ့ရဖူးပါတယ်. ထမင်းတောင်မစားနိုင်ဘူး.. ။
ကိုယ်ကလည်းဘာမှနားမလည်သေးပဲကိုး.. ဘာမှလည်းမသိဘူးလေ..
နယ်မှာလည်းဖြစ်တော့..ကော်နက်ရှင်မရလို့ဖုန်းဆက်မေးတဲ့အခါ.. Network Box & LMB ကို ပို့ပါဆိုရင်တော့..
သေဘီဆရာပဲ.. (ဒါကတော့ နောက်ဆုံးအဆင့်ပဲလေ..) ထိချက်လည်းပြင်းတယ်..
ရန်ကုန်မှာ ပြင် ၊ ပြင်ခက ဒေါ်လာ 400 ..ကောင်းပြီ ဆိုရင် ပြန်သယ်လာ..
ပြန်တပ်ကြည့်.. 1 လအကြာ ပြန်ပျက် တခါပြန်ပို့..ဒေါ်လာ 200 ထပ်ပေး ၊
ကောင်းပြီဆိုရင် ပြန်လာတပ်.. 3 လ လောက်ကြာတော့.. တခါထပ်ဖြစ်..
ရန်ကုန်ကို ပြန်ပို့...နောက်ဆုံး ရလဒ်ကတော့.. Network box အသစ်လဲရန်လိုအပ်..
ဒေါ်လာ 1200 ကုန်ကျမည် ။ ထိချက်က ပြင်းသလားဆိုတော့..... :77: (ဆလံ မာလီကွန်)
ဒါကတော့ တစ်ချိန်တုန်းက ဒုက္ခတွေပေါ့နော်.. အဲ့ဒီတုန်းကတော့ မရီနိုင်ခဲ့ဘူး..
အခုတော့ ပြီးတော့လည်းပြီးတာပါပဲ..
အခုသုံးနေတာက MPT connection နဲ့ပါ..
ADSL ချိတ်ချင်ရင် အိတ်ချိန်းနဲ့ပိုင်မှပဲ အဆင်ပြေမယ့်သဘောရှိတာပေါ့နော်.. :2:
အောင်မလေးဗျာ.. နားလည်ပါတယ်။ မလွယ်ပါလားဗျာ.. အင်တာနက် သုံးဖို့ အတွက်.. ဧဝရတ်တောင် တက်ရသလိုပါပဲလား း)
မလွယ်တာတော့ ဘယ်ဟာမှမလွယ်ပါဘူး.. အားလုံးက သူ့အခက်အခဲနဲ့သူပါပဲ..
ခုက ကိုယ်နားမလည်ပဲသွားလုပ်တော့ပိုဆိုးသွားတာလည်းပါတယ်..
MPT connection ကတော့ အခုထိတော့အဆင်ပြေပါတယ်..
ဒီနေ့ နေ့လည် 1နာရီ ကနေ ညနေ 4 နာရီလောက်ထိကတော ့ဘာဖြစ်တယ်မသိဘူး..
တော်တော်နှေးသွားတယ်.. အခုတော့ပြန်ကောင်းနေပြီ..
အခုကရွေးချယ်မှုလေးတွေရှိလာပါပြီ.. အဆင်ပြေဆုံးဖြစ်မယ့်ဟာကိုရွေးသုံးပေါ့..
လိပ်မလေးလိုမျိုးမဖြစ်ရအောင် ကိုယ့်ရဲ့အတွေ့အကြုံလေးချရေးပေးလိုက်တာ..
အော်... ဘ၀ ဘ၀ ရင်ဆိုင်စရာအခက်အခဲတွေအများကြီး ကျန်သေးပါလားနော်.. :18:
ပစ္စည်းပျက်လို့ပြင်တယ်ဆိုရင်....စျေးသက်သာတဲ့နေရာတွေရှိပါ့ဗျာ.........။
ဟုတ်ကဲ့.. ရှိမှာပါ.. ကိုလင်းလက်အောင်
ကိုယ်ကိုယ်တိုင်သေချာနားမလည်တဲ့ အလုပ်တစ်ခုကိုလုပ်မိရင် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေအများကြီးရင်ဆိုင်ရတတ်ပါတယ်..
လိပ်မလေးက ကိုယ်ဘာမှမသိ ဘာမှမလုပ်တတ် ဘာမှနားမလည်တုန်းက
ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခလေးကို ကိုယ့်လိုမဖြစ်ရအောင် ဖြန့်ေ၀ပေးတာပါ.. :5:
ဖြစ်နိုင်မယ်ဆိုရင် Ipstar အကြောင်းလေးကို ebook အနေနဲ့ရေးပါလား
ရေးမယ်ဆိုရင် repair အကြောင်းလေးပါထည့်ရေးပေးနော်:D
ထောက်ခံကြောင်းပါဗျာ။
နောင်လာနောက်သားတွေ အကျိုးရှိတာပေါ့ ...
မော်ကျွန်း UNDP မှာ IPStar ဆင်တုန်းက ကျနော်ရှိတယ် Bro. အဲဒီတုန်းကတော့ UNICEF မှာလုပ်နေတာ။ UNDP မှာ IT Technician မရှိသေးတော့ Computer တွေ problem တစ်ခုခုဖြစ်ရင် ကျနော်ကသွားပြီးကူပေးနေကျလေ။ အခုထိလဲ သွားနေရတုန်းပါပဲ ...
အဲဒီတုန်းက IPStar ဆင်တုန်းက ကျနော်သတိထားမိတာ ... ခပ်၀၀ အကိုကြီးတစ်ယောက်တော့သတိထားမိတယ် .... Bro ကဘယ်နားမှာပုန်းနေတာလဲ ..
အင်း...အဲ့ဒီခပ်၀၀အကိုကြီးဆိုတာက...UNDP က IT officer လေဗျာ...
သူရယ်နောက်တစ်ယောက်ရယ်....ကျနော်ရယ်..သုံးယောက်ပါလာတာလေ....:):)
ကျွန်တော်တို့သုံးနေတဲ့ bandwidth ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုသိနိုင်လဲဗျ။ နောက် ကျွန်တော် သိချင်တာက bandwidth တိုးဖို့ဘယ်လိုဆောင်ရွက်ရသလဲဆိုတာနဲ့ စျေးနှုန်းတွေ ဘယ်လိုရှိ လည်းဆိုတာပါခင်ဗျား။
ကိုရဲထက်ရေ......အရင်ဆုံးပြောချင်တာက ကိုယ်ယူထားတဲ့ bandwidth ပမာဏကိုသိချင်ရင်တော့..
ဆက်သွယ်ရေးကိုမေးရတာပဲဗျ....ကိုယ့်ရဲ့ဖုန်းနံပါတ်ပေးပြီးမေးလိုက်ရင်ရတယ်လေ...
653396,653397 ကိုဆက်မေးဗျ...bandwidth ကိုဘယ်လောက်ရှိလဲသိအောင်လုပ်တဲ့..
ဆော့၀ဲလဲရှိနိုင်ပါတယ်...ဒါပေမဲ့ကျနော်တော့မသိဘူးဗျ.....bandwidth တိုးမယ်ဆိုတာနဲ့ပတ်သက်လို့ကတော့...ကျနော်..အသေးစိတ်စုံစမ်းပြီးပြန်တင်ပေးပါ့မယ်ဗျာ...
ခဏလေးသည်းခံပေးပါနော်....ဒါမှမဟုတ်ကိုယ်တိုင်မေးချင်တယ်ဆိုလဲ...အပေါ်ကဖုန်းနံပါတ်နှစ်ခုကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ....အဲ့ဒီဖုန်းက ဆက်သွယ်ရေးက Call manager ရုံးခန်းကဖုန်းတွေပါ...IPSTAR နဲ့ပတ်သက်တာတွေကသူတို့ အဓိက ကိုင်တွယ်တာလေ....
IPSTAR Internet server တွေ VoIP server တွေကိုလဲ သူတို့အခန်းထဲမှာပဲထားတာလေ...
အဲဒါ SERVER မထိုင်ပဲ router တပ်ဖို့ porlink wireless router တစ်လုံး၀ယ်လိုက်ပါတယ်... အဲဒါတပ်တာအဆင်မပြေဘူးဖြစ်နေလို့ပါ...
1.CB ကနေ ဒါရိုက် ROUTER ဆီ ကိုချိတ်မှရတာလား.. ဘာနဲ့ချိတ်ရမလဲ(ဥပမာ CROSS CABLE OR STRAIGHT CABLE)
2.ATA ကကော ROUTER ကို JOIN လို့ရမလား.. ဘယ်လိုလုပ်ရမလဲခင်ဗျာ..
ကိုလင်းလက်အချိန်ရရင်ရှင်းပြပေးစေချင်ပါတယ်..
CB ကနေ router ကိုချိတ်လို့ရပါတယ်ဗျာ...cross cable နဲ့ချိတ်ရမယ်လေ...
Router က WAN မှာ ထည့်လိုက်ပေါ့ဗျာ....
နောက်...ATA ကနေချိတ်ချင်တယ်ဆိုရင်တော့.........
straight cable နဲ့ချိတ်ရင်ရပါတယ်.....WAN ထဲကိုထည့်လိုက်ပါဗျာ....
အဆင်ပြေသွားပါလိမ့်မယ်...အဲ့ဒါကိုမရဘူးဆိုရင်လဲ....ကြိုးပြောင်းချိတ်ပြီးစမ်းကြည့်ပေါ့ဗျာ...
ဒါပေမဲ့....Router ထဲကိုထည့်မယ်ဆိုရင်တော့... WAN ဆိုတဲ့အပေါက်ကိုပဲထိုးလိုက်ဗျ...
တစ်ခါတစ်လေ...Router ကလဲကြောင်နေတာမျိုးဖြစ်တတ်တယ်....
အဲ့ဒါကြောင့်.... Cross နဲ့လား straight နဲ့လားဆိုတာကိုအတိတကျမပြောရဲဘူးဗျာ....
ပုံမှန်အတိုင်းဆိုရင်တော့...ကျနော်အပေါ်ကပြောထားသလိုသာချိတ်လိုက်ရပါတယ်...
ဟုတ်ပါတယ်ဗျာ....Global Net က MPT IPSTAR ကိုပဲကိုင်တာပါ...
လာပြန်ဘီ နောက်တစ်မှတ်။ နှစ်မှတ်ရှိဘီနော်။ :d:d
ipstar ကမိုးတွင်ဆိုရင်ဒုတ်ခရောက်တယ်
audio ကြိုးတွေကရေ၀င်တော့
အဆင်မပြေဘူဗျာ
ဆီတိတ်မီးတိတ်တွေပတ်ထားတဲ့နေ၇ာကလဲလေးဒဏ်မိုးဒဏ်တွေကြောင့်အရေတွေပျော်ကုန်တယ်လေ
မိုးရွှာလိုက်နေပူလိုက်ဖြစ်တော့မခံနိုင်တော့ဘူလေး။
ipstar ရဲဘန်းရှေ့မှာ ရိုးရိုးစလောင်၄ပေးစလောင်တို့ရှိနေ၇င်လဲ connection နှေးတာတိုမရတာတိုဖြစ်တက်တယ်
ထိပ်ဖူးတွေ ကျည်ဆန်တွေ ပြောင်းတွေ စစ်ရမှာလား
တခါမှလဲ မကလိဖူးဘူး . .သူတပ်ပေးခဲ့တဲ့အတိုင်း သုံးတာ ၂လလားပဲ သုံးရတယ် . . ခု ပျက်တာ ၁လလောက်ရှိပြီ . . ဖြစ်နိုင်ရင်ကူညီပါဦး
Bro!
ဖွင်ထားပီဗျ နှစ်ဆိုင်တောင် ipstar ကြီးပဲ ............အဟဲ