MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Stacks & Queues

၀မ်းသာတယ်ဗျို ့ ဒီခေါင်းစဉ်လေးထည့်စေချင်တာကြာပေါ့ ..။ကိုစေတန်ကြီးလည်း နားပူနားဆာဒဏ်မခံနိုင်တော့ဘူးထင်ရဲ့ ဟဲဟဲ ...။programming သမားတိုင်းအတွက်လိုအပ်မယ်လို့
ယူဆမိလို့ပါ ..။ဘာပဲဖြစ်ဖြစ်လုပ်ပေးတဲ့သူကလုပ်ပေးမှတော့ကိုယ်က လည်း ဒီအတိုင်းထိုင်နေလို့ဘယ်ဖြစ်မ
တုန်း (ဟုတ်စ) .။ ကဲဗျာရှည်ရှည်ေ၀းေ၀း စကားပလ္လင်မခံတော့ဘူး ..။ ကျွန်တော်ကတော့ ဒီကဏ္ဍလေးကို
မိတ်ဆက်အနေနဲ့ programming သမားတိုင်း သင်ဖူးတဲ့ Stacks & Queues ဆိုတာလေးနဲ့ပဲစလိုက်ကြရအောင် .။

Stack ကို Last in first out (LIFO) လို့ လူသိများပါတယ် ..။

ိdata တွေ ကို List လုပ်တဲ့အခါနဲ့ ပြန်ထုတ်ယူတဲ့အခါမှာ သူက နောက်ဆုံးမှ၀င်လာတဲ့ data ကို အရင်ဆုံးပြန်ထုတ်ပေးတဲ့ နည်းပါ .။ ဥပမာအားဖြင့် စာအုပ်တွေကိုတစ်အုပ်ချင်းထပ်ပြီး အပေါ်ဆုံးကစာအုပ်ကနေပြန်ယူတဲ့ သဘောပေါ့ ..။(သူ့ရဲ့ example လေးတွေအချိန်ရတာနဲတင်ပေးပါ့မယ်) ..။

Queue ကိုတော့ First in First Out (FIFO) လို့သိကြပါတယ် ..။

သူကတော့ အရင်ရောက်လာတဲ့ Data ကို အရင်ဆုံးပြန်ထုတ်ပေးတဲ့သဘောပါ ..။ဘာနဲ့အလားသဏ္ဍန်
တူသလဲဆိုရင် ဦးပိုင် company ကပေးတဲ့စားသုံးဆီကို တန်းဆီထုတ်ယူသလိုပေါ့ ..။ ရှေ့ဆုံးက အရင်ရောက်တဲ့သူကအရင်ရမယ်ဆိုတဲ့သဘောပေါ့ .. (ကြားဖြတ်တန်းစီခြင်းများအားခြွင်းချက်အဖြစ်သတ်မှတ်ပါသည်) .။

ဆက်လက်ဆွေးနွေးပါဦးမည် ...။

မှတ်ချက်များ

Sign In or Register to comment.