MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ie 8 ဟုတ်လား ဒါမျိုးရလို့လား

edited April 2009 in Sharing
IE 8 ထွက်လာပြီးတော့ လှုပ်လှုပ်ရှားရှားလေးတွေဖြစ်သွားတာမှတ်မိကြမယ်ထင်တယ်။
Plug in တွေဘာတွေရတယ်ဆိုတော့ မဆိုဘူးပေါ့။

FFox lover ဖြစ်တဲ့လူတွေအားမငယ်ရအောင် ကဲ...ကြည့်

IE 8 မှာ ဒါမျိုးရသလားလို့
http://www.getpersonas.com
:)

မှတ်ချက်များ

  • edited April 2009 Registered Users
    kotharthar wrote: »

    သုံးလိုက်ပြီကိုသာသာရေ...........ကျွန်တော်လည်း FF သမားပဲ၊ IE ဆိုတစ်ခါမှကိုမသုံးတာ :D။ ဒါနဲ့..
    အရမ်းကြီးကြွေးကြော်မနေနဲအုံး ကိုသာသာရ ၊ IE မှာကပြင်လိုက်ရင်ထိထက်တောင်မိုက်သေးတယ် ။
    ကိုယ်ထည့်ချင်တဲ့ background တောင်ရသေးတယ် ။ :D:D..........IE သမားတွေ Bro ကိုဝိုင်းတွယ်ကြ
    လိမ့်မယ် ....:D:D....ကျွန်တော်မပါတော့ဘူးနော် ....လစ်ပြီ ..:P:P
  • edited April 2009 Registered Users
    ကျွန်တော်ကတော ့FireFox ကိုပဲ ကြိုက်တယ်ဗျို ့ IE8 ကောင်းတယ်သာပြောတာ ကျွန်တော် သုံးကြည့်တော ့Firefox လို သိပ်မကောင်းသလိုပဲဗျ ။ ကျန်တဲ ့လူတွေလဲ ဆွေးနွေးပေးကြပါလား ခင်ဗျာ။

    kyawmin wrote: »
    IE သမားတွေ Bro ကိုဝိုင်းတွယ်ကြ
    လိမ့်မယ် ....:D:D....ကျွန်တော်မပါတော့ဘူးနော် ....လစ်ပြီ ..:P:P
    ဟုတ်ပါ့ဗျာ...စကားကျွံရင် နှုတ်မရတဲ့။
    နှုတ်မစောင့်တဲ့ ကျုပ် ဝိုင်းတွယ်ရင်လည်း ခံရမှာပဲ။
    ဒါပေမယ့် FireFox fan တစ်ယောက်အနေနဲ့ ကိုယ့်ဖက်ကိုယ် ဒီလောက်တော့ ယက်ရမှာပေါ့။
    :D
  • edited April 2009 Moderators
    ကျွန်တော်လည်း FFox Fan ပါပဲ.. ကိုသာသာအဖော်ရှိသွားပြီ :)
  • edited April 2009 Registered Users
    ကျွန်တော်လည်း FF Fun ပါပဲ။ Chrome ဘယ်လောက်ပဲ မြန်တယ်ပြောပြော၊ IE 8 ကဘယ်လောက်ကောင်းလာတယ်ပဲ ပြောပြော add-on တွေစုံလင်ပြီး develop လုပ်တဲ့ နေရာမှာ အသုံးဝင်တဲ့ FireFox ကတော့ ကျွန်တော် အကြိုက်ဆုံးပါ ခင်ဗျာ။ ကျွန်တော်လည်း down ပြီး သုံးကြည့်နေတယ်။ မိုက်တယ်ဗျာ။ 10 q ko thar thar
  • edited April 2009 Registered Users
    flock, safari, IE ,Apple တို့ကိုသုံးဘူးပါတယ်...ဒါပေမယ့်....firefox ကိုပဲ ကြိုက်တယ်....
  • edited April 2009 Registered Users
    လိပ်မလေးက Ie ပဲသုံးဖူးတယ်.. အခု FFox ကကောင်းတယ်ဆိုတော့.. စမ်းသုံးကြည့်ချင်ပါတယ်..
    Mozilla Firefox 3.0 ကို download ယူပြီးတော့ Run လိုက်ပြီးပါဘီ..
    ဒါပေမဲ့.. သုံးလိို့ရတေးဘူး..
    Ie ကိုပြန်ဖွင့်ကြည့်တော့ သုံးလို့ရပါတယ်..
    အဲ့ဒါဘယ်နားမှာပြင်ဖို့လိုတေးလို့လဲမသိဘူး. FFox user များသင်ပေးပါဦးနော်..
    လိပ်မလေးမေးတဲ့နေရာများမှားနေမလားမသိဘူး. ဘယ်မှာသွားမေးရမှန်းမသိလို့..
    အရင်မေးထားတာတွေရှိရင်လည်းလမ်းညွှန်ပေးပါဦး ရှဲ့ရှဲ့နီ.. :)
  • edited April 2009 Administrators
    latemalay wrote: »
    လိပ်မလေးက Ie ပဲသုံးဖူးတယ်.. အခု FFox ကကောင်းတယ်ဆိုတော့.. စမ်းသုံးကြည့်ချင်ပါတယ်..
    Mozilla Firefox 3.0 ကို download ယူပြီးတော့ Run လိုက်ပြီးပါဘီ..
    ဒါပေမဲ့.. သုံးလိို့ရတေးဘူး..
    Ie ကိုပြန်ဖွင့်ကြည့်တော့ သုံးလို့ရပါတယ်..
    အဲ့ဒါဘယ်နားမှာပြင်ဖို့လိုတေးလို့လဲမသိဘူး. FFox user များသင်ပေးပါဦးနော်..
    လိပ်မလေးမေးတဲ့နေရာများမှားနေမလားမသိဘူး. ဘယ်မှာသွားမေးရမှန်းမသိလို့..
    အရင်မေးထားတာတွေရှိရင်လည်းလမ်းညွှန်ပေးပါဦး ရှဲ့ရှဲ့နီ.. :)

    မရဘူးဆိုရင်တော့ ဗမာပြည်ထဲကဖြစ်ရမယ်။ အပြင်ကလူကတော့ Proxy မလိုတာများတယ် အားလုံး Direct Connection တွေကြည့်ပဲ။ ဒါဆိုရင်တော့ Proxy ချိန်လိုက်ပါဗျာ လွယ်လွယ်လေး။ ငှက်ပျောသီးကမှ အခွံတွေဘာတွေ ခွာနေရဦးမယ်။ ဒါကပိုလွယ်တယ်။

    Tools -> Options -> Advanced -> Network -> Settings ကိုသွားပါ။ ပြီးရင် Manual Proxy Configuration မှာ ကိုယ့်ရဲ့ Proxy Address ရယ် Port နံပါတ်ရယ်ကို ရိုက်ထည့်လိုက်။ နောက်ပြီးတော့ အောက်ကဟာတွေ ရိုက်ထည့်မနေနဲ့ အလုပ်ရှုပ်တယ်။ Use this proxy server all protocol ကိုသာ Check လုပ်လိုက်။ ဒါဆိုရင်သုံးလို့ရပြီ။

    Proxy ကိုမသိရင်တော့လည်း ကိစ္စမရှိဘူး။ IE ကသုံးလို့ရတယ်ဆိုတော့ သူ့အထဲကသွားကြည့်လိုက်ဗျာ။
    Tools -> Internet Options -> Connections -> LAN settings -> Proxy server ဆိုတဲ့အထဲမှာရေးထားတဲ့ IP ရယ် Port ရယ်ကိုသာ ကူးပြီးတော့ FireFox ထဲကို အပေါ်ကပြောသလိုထည့်လိုက်တော့။
  • edited April 2009 Registered Users
    IE က SP3 တင်ပြီးတဲ့အခါ Gmail ထဲက Compose Mail ကိုနိုပ်လိုက်ရင် Error တက်တတ်တယ်။ ဘာကြောင့် Error တက်တယ်မသိဘူ။ CNET ဆိုရင်ဖွင့်လိုတောင်ရဘူး။

    FireFox က တော့ ဂွတ်တယ်ဗျာ :P
  • edited April 2009 Registered Users, Moderators
    kotharthar wrote: »
    IE 8 မှာ ဒါမျိုးရသလားလို့
    http://www.getpersonas.com
    :)
    ကိုသာသာရေ ကျွန်တော့်ကို ပိန်းတယ်ပြောလဲခံရမှာ ပဲ အစ်ကိုပြောတဲ့ဟာကို add-on ထည့်ပြီးပါပြီ။ အဲတာက ဘယ်လိုသုံးရတာလဲဟင် ကျွန်တော်ပြောင်းကြည့်တာတော့ menu ဘား အရောင်ပြောင်းတာပဲတွေ့တယ်။ ဘာတွေလုပ်လို့ရတယ်ဆိုတာပြောပြပါဦး...
  • edited April 2009 Registered Users
    ကိုသာသာရေ ကျွန်တော့်ကို ပိန်းတယ်ပြောလဲခံရမှာ ပဲ အစ်ကိုပြောတဲ့ဟာကို add-on ထည့်ပြီးပါပြီ။ အဲတာက ဘယ်လိုသုံးရတာလဲဟင် ကျွန်တော်ပြောင်းကြည့်တာတော့ menu ဘား အရောင်ပြောင်းတာပဲတွေ့တယ်။ ဘာတွေလုပ်လို့ရတယ်ဆိုတာပြောပြပါဦး...
    :106: Menau Bar theme ပြောင်းတာ၊ အဲဒါ အဓိက ပဲလေ။
    ဘယ်အောက် အောက် က FFox status bar မှာ မြေခွေးပေါက်စလေး ခေါင်းကိုနှိပ်လိုက်ရင်
    Theme ပြောင်းလို့ရတယ်။

    ကျွန်တော်က ကတော့ ဖြစ်နိုင်ရင် website domain ကိုလိုက်ပြီး theme လေးတွေ
    assign လုပ်လို့ရရင် ပိုကောင်းမယ်ထင်တာပဲ။
    MZ ကို ဝင်ရင် MZ them, Google ကိုဝင်ရင် Google Theme.
Sign In or Register to comment.