MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

e-Book Utility

edited April 2009 in Freeware
Calibre 0.5.2
ဒီ freeware လေးကတော့ 24.43 MB ပမာဏရှိပြီးတော့ Windows XP နဲ့ Windows Vista တို့မှာ အသုံးပြုနိုင်ပါတယ်။ ဘယ်လိုကန့်သတ်ချင်တွေ လိုအပ်ချက်တွေမှ ရှိမနေပါဘူး။ ဒီ software လေးက e-book ဖတ်ရှုသူတွေရဲ့ လိုအပ်ချက်တွေအားလုံးကို တစ်နေရာတည်းမှာ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
ဒီ software မှာ e-book ရဲ့ format များကို ပြောင်းလဲနိုင်ခြင်း၊ e-book reader device များကို တစ်ပြိုင်နက် အသုံးပြုနိုင်ခြင်း၊ Internet မှ သတင်းအချက်အလက်များ ရယူကာ e-book အသွင်သို့ ပြောင်းလဲနိုင်ခြင်း၊ စတာလုပ်ဆောင်ပေးနိုင်တဲ့ ကဏ္ဍတွေပါဝင်ပါတယ်။ ဒါ့အပြင် ဒီ version မှာ အရင် version အဟောင်းက HTML မှ EPUB သို့ ပြောင်းလဲရာတွင် ကြုံတွေ့ရတဲ့ error များကိုလည်း ဖြေရှင်းပေးထားပါတယ်။
လိုချင်တယ်ဆိုရင်တော့ ဒီမှာ ယူနိုင်ပါတယ်။

မှတ်ချက်များ

  • edited April 2009 Registered Users
    ထပ်မံ ဖြည့်စွက်ပေးချင်တာကတော့
    Calibre ကိုသုံးပြီး Amazon ရဲ့ Kindle2 ဟာ PDF တွေကို ဖတ်ရှုလို့ရနိုင်နေပါပြီ။

    အရင်က Kindle format မဟုတ်တဲ့ Ebook တွေကို Kindle ပေါ်မှာ ဖတ်လို့မရပါဘူး။
    ခုလို PDF တွေဖတ်လို့ရပြီဆိုတော့ စုထားတဲ့ PDF တွေကို နေရာတကာ သယ်ဖတ်လို့ရပြီဗျား။
    Calibre ရဲ့ ကျေးဇူးတွေပေါ့။

    Kindle ဆိုတာဘာလဲ မသိရင် ဒီမှာကြည့်။
  • edited April 2009 Registered Users
    kotharthar wrote: »
    ထပ်မံ ဖြည့်စွက်ပေးချင်တာကတော့
    calibre ကိုသုံးပြီး amazon ရဲ့ kindle2 ဟာ pdf တွေကို ဖတ်ရှုလို့ရနိုင်နေပါပြီ။

    အရင်က kindle format မဟုတ်တဲ့ ebook တွေကို kindle ပေါ်မှာ ဖတ်လို့မရပါဘူး။
    ခုလို pdf တွေဖတ်လို့ရပြီဆိုတော့ စုထားတဲ့ pdf တွေကို နေရာတကာ သယ်ဖတ်လို့ရပြီဗျား။
    calibre ရဲ့ ကျေးဇူးတွေပေါ့။

    kindle ဆိုတာဘာလဲ မသိရင် ဒီမှာကြည့်။

    အခုလို ဖြည့်စွက်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ လေးစားပါတယ်။ :5:
  • edited April 2009 Administrators
    Kindle နဲ့ Sony ဘယ်ဟာပိုကောင်းလဲ။ အခု Kindle က pdf ဖတ်လို့ရပြီဆိုတော့ စဉ်းစားရမယ့်အထဲမှာ ပါနေပြီ။ ၂၀၀၉ မကုန်ခင်တော့ ဝယ်နိုင်ဖို့ ကြိုးစားနေလို့... :D
  • edited April 2009 Registered Users
    အကြံတော့ တူနေပြီ။ :D
    ကျွန်တော်ကဝယ်ချင်တာ လက်ယားနေတာပဲ။ စျေး နည်းနည်းကြီးလို့။
    ဒါပေမယ့် PSP တို့ NitendoDS တို့ iPod တို့ထက်စာရင် ဒါမျိုးက သုံးသင့်ပါတယ်။
    (ဝယ်ဖြစ်အောင် အားပေးနေတာ ဟီဟိ)

    Sony ထက် Kindle ကပိုကောင်းပါတယ်။
    Kindle ထက် Fujitsu က ပိုကောင်းပါတယ်။ ဒီမှာကြည့်။
    Fujitsu က color ပါရတယ်။ စျေးကတော့ Kindle နှစ်လုံးဝယ်လို့ရတယ်။

    Kindle က Ebook download ကို ကိုယ်ပိုင် GSM လိုင်းတစ်မျိုးကိုသုံးတာဆိုတော့
    စလုံးမှာတောင် Ebook ကို on the spot မရနိုင်ဘူး။ ဆွဲချပြီးမှ ထည့်လို့ရမှာပဲ။

    ခင်ဗျားပြောမှာ ကျုပ်လက်တွေပိုယားလာပြီ။ ပိုက်ဆံတော့ ကုန်ဦးတော့မှာပဲ။

    Ebook reader တွေထဲမှာ Sony နဲ့ Kindle ပဲရှိတယ်မှတ်နေမယ်။
    http://wiki.mobileread.com မှာသွားသာ ကြည့်လိုက်တော့
Sign In or Register to comment.