MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ram ကို စောင့်ကြည့်ရအောင်.....

edited April 2009 in Freeware
RAMBooster 2
ဒီ Software လေးကလည်း အခမဲ့ ရယူသုံးစွဲနိုင်တဲ့ Freewareတစ်ခုဖြစ်ပြီး 372.82 K ပမာဏပဲ ရှိပါတယ်။ ဒီ Software ကို သုံးစွဲဖို့အတွက် Windows 98/ Me/ 2000/ XP နဲ့ Vista တို့ထဲက တစ်ခုခုရှိရင် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေ လုံးဝမရှိပါဘူး။
RAMBooster က ကွန်ပျူတာကသုံးနေတဲ့ RAM ရဲ့ ပမာဏနဲ့ ဘယ်လောက်နေရာလွတ်ရှိတယ်၊ ဘယ်လောက်သုံးထားတယ် စတာတွေကို စောင့်ကြည့်ဖို့ စီမံထားတဲ့ ပရိုဂရမ်လေးပါပဲ။ ဒီ Software လေးကို သုံးစွဲခြင်းအားဖြင့် PC ကို ချောမွေ့မြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် များစွာ အထောက်အကူပေးပါလိမ့်မယ်။ RAMBooster ဟာ CPU ရဲ့ သုံးစွဲမှုကိုလည်း စောင့်ကြည့်ပေးနိုင်ပါတယ်။ CPU နဲ့ RAM တို့ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုပြီးတော့ အသေးစိတ် သိရှိနိုင်တဲ့အတွက် ကွန်ပျူတာကိုအသုံးပြုရာမှာ ဘယ်အရာတွေကို ဖြုတ်သင့်တယ်၊ ဘယ်အရာတွေကိုတော့ ထားသင့်တယ်ဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
:) စိတ်ဝင်စားလို့ သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ down နိုင်ပါတယ် ခင်ဗျား......။ :)

မှတ်ချက်များ

  • edited April 2009 Registered Users
    တစ်ချို့သော .. RAM ကို test လုပ်ပေးတဲ့ .. free utilities များဟာ .. ထိခိုက်စေနိုင်ပါတယ် .. ကျွန်တော်ကတော့ memtest86 ဟာလေးဘဲ သုံးနေပါတယ် .. တစ်ခါတစ်လေမှ ပါ .. တန်ဆေး လွန်ဘေးပေါ့ခင်ဗျား..
  • edited April 2009 Moderators
    ကျွန်တော်တုံးကတော့အလားတူ utility လေးကိုသုံးနေတုံးစက်ကပိုလေးသလိုခံစားရလို ့
    မသုံးဖြစ်တော့ဘူးဘာပဲပြောပြောကျေးဇူးတင်ပါတယ်
Sign In or Register to comment.