MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Hello Dolly 2 MM Greeting

edited April 2009 in Blog
၀က်ပရက်မှာ Hello Dolly ဆိုတဲ့ plugin ကို တစ်ချို့တွေက ဘာမှန်း သေချာမသိကြပါဘူး။ Hello Dolly ဆိုတာ အမှန်တော့ Louis Armstrong ရဲ့ စိတ်အားထက်သန်စေတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ Hello Dolly plugin လေးမှာ Hello Dolly သီချင်းရဲ့ စာသားလေးတွေ တစ်ကြောင်းစီ random ဖော်ပြနေမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်က Matt Mullenweg ရဲ့ ကုဒ်လေးကို သုံးပြီး မြန်မာ ဘလောဂါတွေအတွက် သင့်တော်မဲ့ နှုတ်ဆက်စာလုံးများနဲ့ ပြောင်းလဲ ပြင်ထားလိုက်ပါတယ်။ ဘာလို့ မင်းက လျှာရှည်ပြီး သူများရေးထားတာကို နှမ်းဖြူးတာလဲ မေးရင် ကျွန်တော့မှာ တစ်ခု ဖြေဖို့ စဉ်းစားထားတာ ရှိပါတယ်။ ကျွန်တော် wordpress plugin မှာ မြန်မာလိုလေး တွေ့ချင်လို့ပါ။ မြန်မာတွေထဲက ရေးတဲ့လူတွေလည်း ရေးကြပါတယ်။ ဒါပေမဲ့ သူတို့လည်း အင်္ဂလိပ်လိုပဲ ရေးထားကြတယ်။ အဲဒီအတွက် ကျွန်တော် ပေါ်စေချင်တဲ့ plugin က မြန်မာစာတမ်းလေးတွေ ပေါ်မလာဘူး။ ဒါနဲ့ ဒီနေ့ စာလုပ်ရမှာ ပျင်းတာနဲ့ အဲဒါလေး ကလိဖြစ်သွားတာပါ။ ဒါနဲ့ အသစ်အဆန်းဆို စမ်းသပ်ချင်တဲ့ မိတ်ဆွေတွေလည်း စမ်းသပ်လို့ ရအောင် ကျွန်တော် တင်ပေးလိုက်တာပါ။ ဒါလေးမြင်ပြီး အခြား plugin တွေ ရေးချင်တဲ့ စိတ်တွေ ပေါ်လာကြရင်လည်း ၀မ်းသာစရာပေါ့ဗျာ....

[URL]http://ifile.it/kqcb8iu[/URL]

အသုံးပြုနည်း လမ်းညွန်


ထုံးစံအတိုင်း winrar လေးကို ဖြေပြီး plugin ထဲမှာ ထည့်ပြီး activate လုပ်လိုက်ရင် ရပါပြီ ခင်ဗျာ..

**(Hello Dolly နဲ့က ကုဒ်တူတော့ Hello Dolly နဲ့ Greeting ကို အတူတွဲသုံးလို့ အဆင်မပြေနိုင်ပါဘူး ခင်ဗျာ...)**

မှတ်ချက်များ

Sign In or Register to comment.