MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

G-Lite သည်ပေါ့ပါးသည်ဆိုတိုင်သုံးသင့်လော...?

edited April 2009 in Project
G-Lite ကိုတော်တော်များများကconnectionကျနေချိန်တွင်သုံးရအဆင်ပြေသောကြောင့်နှစ်ချိုက်
စွာသုံးနေကြသည်ကိုတွေ့ရပါတယ်၊G-Lite သည်သာမညprogrammerတစ်ယောက်ပင်ရေးနိုင်သော
ကြောင့်မိမိတို့၏ username & password များကိုကြားမှဖြတ်ပြီးရယူနိုင်သည်ကိုသတိပြုကြပါ
:68::68::68::68::68::68:

မှတ်ချက်များ

  • edited April 2009 Registered Users
    ဟုတ်တယ်ဗျ ကြားဖြတ်ယူတယ်ဆိုတဲ ့အသံလေးတွေ တော ့သဲ ့သဲ ့လေးကြားနေရတယ်
    အကောင်းဆုံးကတော ့မ၀င်တာ အကောင်းဆုံးပါပဲဗျာ...
    Google Mail ရဲ ့ official site ကနေပဲ ၀င်ကြတော ့မကောင်းဘူးလား
    connection တော်တော်ကြရင်တော် Gmail က Basic View နဲ ့၀င်လို ့ရပါတယ် ....
    တစ်ချို ့တွေကရှိတယ် Standard View မှ Standard View ပဲ နောက်ဆိုရင် မသုံးဘူး လို ့ပြောတဲ ့လူတောင်ရှိတယ် .....
    ထိမှ သိကြတော ့မယ် :)
  • edited April 2009 Registered Users
    G-Lite ရဲ့အကျိုးယုတ်ပုံကို MZ ရဲ့ခေါင်းဆောင်တွေနည်းနည်းရှင်းပြစေချင်တယ်ဗျာ...ဖြစ်နိုင်ရင်ပေါ့..\:D/\:D/
  • edited April 2009 Administrators
    ဟုတ်တယ်... အရင်က မိတ်ဆွေတစ်ယောက် glite လုပ်ပြီး pwd တွေခိုးဘူးတယ်။ တစ်ယောက်မကဘူးဗျ။ အများကြီးပဲ။ လူတော်တော်များများက glite သုံးပြီးခိုးနေကြတာပဲ... အဲ.. mmglite မှာတော့ မလုပ်ထားဘူးနော်.. :D
  • edited April 2009 Registered Users
    Glite ကတော့ အပေါက်ပေါင်း သောင်းခြောက်ထောင်ရှိပါတယ်.. သုံးမယ်ဆိုရင်တော့ သတိလေးထားပြီးသုံးပေါ့နော်.. အကောင်းဆုံးကတော့ တစ်ခါသုံးအကောင့်အနေနဲ့သုံးမယ်ဆိုရင်တော့အကောင်းဆုံးပဲ..
  • edited April 2009 Administrators
    bluerays wrote: »
    G-Lite ရဲ့အကျိုးယုတ်ပုံကို MZ ရဲ့ခေါင်းဆောင်တွေနည်းနည်းရှင်းပြစေချင်တယ်ဗျာ...ဖြစ်နိုင်ရင်ပေါ့..\:D/\:D/

    [php] ပြောပြခဲ့ဖူးပါတယ်။ မဖတ်မိလို့ဖြစ်မယ်။ ထပ်တင်ပေးလိုက်တယ်။[/php](July 7th, 2008)
    ပျင်းပျင်းရှိတာနဲ့စဉ်းစားလိုက်တော့ … တစ်ခါက အတော်ခေတ်စားခဲ့တဲ့ gmail lite ကိုပြေးသတိရလိုက်တယ်။
    သတိရလိုက်တာကလဲ သူ့ရဲ့ attach ဖိုင်ပို့ပုံကိုပါပဲ။
    ဆိုပါစို့… ဖိုင်တစ်ခုတွဲပြီး ဂျီမေးလိုက်ကနေပို့မယ်ဆိုရင် သူက အဲဒီ ပို့မယ့်ဖိုင်ကို သူ့ရဲ့ ယာယီ ဖို(လ်)ဒါ တစ်ခုထဲကို အရင်ပို့လိုက်တယ်။
    ပြီးမှ အဲဒီ ယာယီဖို(လ်)ဒါထဲက ဖိုင်ကို google ရဲ့ မေး(လ်)ဆာဗာဆီကို ပို့တာ။ ပို့ပြီးသွားပြီ ဆိုတာနဲ့ ယာယီ ဖို(လ်)ဒါထဲက ဖိုင်ကို ဖျက်ပစ်လိုက်တယ်။
    PHP နားလည်သူတွေဆိုရင် သူ့ကုဒ်ကို ကြည့်ရင်သဘောပေါက်ကြလိမ့်မယ်။ ဒီမှာကြည့် …
    // file attachment, uploaded
    if (C_ATTACHMENT && $filename && $filetmp && $filesize > 0 && $filesize < (C_ATTACHMENT_LIMIT*1024))
    if (move_uploaded_file($filetmp, realpath(”./tmp”).”/”.$filename))
    $fname = array(”./tmp/”.$filename);

    ဒါပေမယ့် ပြဿနာက ဂျီလိုက်ဟာ ဖိုင်နာမည်ကို ယာယီ သင်္ကေတ ဖိုင်နာမည် အဖြစ်ပြောင်းမပစ်ဘဲ၊
    မူရင်းဖိုင်နာမည်အတိုင်းပဲ သူ့ရဲ့ ယာယီ ဖို(လ်)ဒါ ထဲကို တင်တယ်ဆိုတဲ့အချက်ပဲ။ မရှင်းရင် အပေါ်က ကုဒ်တွေကိုပြန်ကြည့်။
    ဒီ့ထက်ပိုဆိုတာကတော့ သူ့ရဲ့ယာယီ ဖို(လ်)ဒါဖြစ်တဲ့ /tmp ဟာ chmod 777 ဖြစ်နေတဲ့အချက်ပဲ။
    ဒီလို မဖြစ်လိို့မရဘူး။ အဲဒီ ဖို(လ်)ဒါအတွက် chmod 777 မထားရင် ဂျီလိုက်ကို run လို့ကို မရဘူး။
    သူ့ရဲ့standard configuration ပဲ။
    အဲဒီ ပါမစ်ရှင်း ဂဏန်း ၇၇၇ ဟာ octal ကိန်းဖြစ်ပြီး၊ ဒီဖိုင်(သို့) ဖို(လ်)ဒါကို မည်သူမဆို read,write, execute
    လုပ်လို့ရတယ်ဆိုတာ နားလည်သူတွေသိကြပါလိမ့်မယ်။ linux သမားတွေဆို ပိုသိမယ်။
    windows သမားတွေအတွက်ပြောရရင်တော့ read only ဖြုတ်ထားတာနဲ့ နီးစပ်ပါတယ်။

    ဒီတော့ကာ… glite နဲ့ပို့လိုက်တဲ့ attach ဖိုင်ဟာ ကိုယ်ပို့ချင်တဲ့ဆီကို ရောက်မသွားသေးခင် glite ကိုတင်ထားတဲ့ ဆာဗာပေါ်ကglite ရဲ့ tmp folder ထဲမှာ run လို့ရတယ် ဆိုတာ ရှင်းရှင်းကြီးပေါ်လာပါတော့တယ်။

    ဆိုပါစို့ … shell programme တစ်ခုကို glite ကနေ attach လုပ်ပြီးတစ်နေရာကိုပို့မယ်။ အဲဒီလိုပို့နေတုန်းမှာပဲ နောက်ထပ် browser tab တစ်ခုဖွင့်ပြီး၊
    glite/tmp/ ထဲကိုရောက်နေပြီဖြစ်တဲ့ shell ကို လှမ်း run နေလို့ရပါတယ်။ ဒါဟာ shell uploading ပဲလေ…။
    အဲဒီ shell ကနေ နာက်ထပ် shell တစ်ခု၊ ဒါမှ မဟုတ် ဒီ shell ကိုပဲ နာမည်ပြောင်းပြီး၊ upload ထပ်လုပ်လို့ ရပါတယ်။

    ဒါဆိုပြီးပြီပေါ့ ….။ အဲဒီဆာဗာကို 0wn3d သွားပြီပေါ့ ….။ :)

    အဲဒီအတွေးကို လက်တွေ့ စမ်းကြည့်တဲ့အခါ ငါးမိနစ်တောင်မကြာခင်အတွင်းမှာ အောင်မြင်သွားပါတယ်။
    အဲဲဒီ အကြောင်းကို glite ရေးသူ Neerav ဆီကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ သူ့ဆီက ဒီစာကိုပြန်ရပါတယ်။
    ပထမကတော့ သူက မယုံပါဘူး။ သူ့ကို လှည့်စားတာဖြစ်မယ်လို့ထင်နေပါသေးတယ်။ ဒါကြောင့် အခုလိုရေးတာပါပဲ။
    Oh, that’s a really tricky one, but very real. How do you suggest
    that it be fixed. I can include an .htaccess file that disallows the
    tmp directory but everyone does not run the Apache web server. The
    other alternative is to use the system’s tmp/temp directory which is
    outside of the webspace. However, it’s been difficult to determine
    which one exists on which system and to set it. Any suggestions?

    Neerav

    ဒါပေမယ့် အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့သေသေချာချာ ရှင်းပြလိုက်တော့။သူလက်ခံသွားပြီး
    နောက်ထပ်စာတစ်စောင်ပြန်လာပါတယ်။ အောက်ကစာပါပဲ။
    I can add the instructions, but that doesn’t fix the hole itself. I
    will look into making the .htaccess and empty index file autogenerated
    by the script.
    Any other suggestions? If not, I will make the fixes, release a new
    version, and make the announcement this weekend. I don’t want to make
    an announcement before the fix is available.

    Neerav

    ပတ်သက်သူတွေ၊ မိတ်ဆွေတွေ အားလုံးကိုလဲ အကြောင်းကြားလိုက်ပါတယ်။
  • edited April 2009 Registered Users
    ကျွန်တော်ကိုgliteမှာရေးတဲ့Client site နဲ့ Database နဲ့ချိတ်တဲ့ php coding လေးရေးပြပါလား...အကူအညီတောင်းတာပါခင်ဗျာ....:77::77:
Sign In or Register to comment.